Pathein Catholic Diocese Untitled Document
Untitled Document
၁၉ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ပညာအလိမ္မာကျမ်း ၁၈း ၆-၉

၆ ငါတို့ ဘိုးဘေး များ သည် ထိုညကို ကြိုတင် သိရှိခဲ့ကြပြီး သူတို့ ယုံကြည် သော ကတိ များ ကို လည်း သေချာစွာ သိနားလည် လျက် ရဲဝံ့စွာ ခွန်အား ယူ နိုင် ခဲ့ကြ ၏။

၇ ကိုယ်တော် ၏ လူမျိုးတော်သည် ဖြောင့်မတ် သော သူ တို့ ၏ ကယ်တင်ခြင်း နှင့် ဆိုးမိုက်သော သူတို့ ၏ ပျက်စီး ခြင်း ကို စောင့်မျှော်ခဲ့ကြ ၏။

၈ အကြောင်း မူကား၊ ကိုယ် တော်သည် တပည့်တော်တို့ ၏ ရန်သူ များ ကို အပြစ် ဒဏ် ခတ် သော အခါ ကိုယ်တော် ရွေးကောက် တော်မူ ပြီး တပည့်တော်တို့အား ဤ လုပ်ရပ်ဖြင့် ဘုန်း ဂုဏ်တော် ၌ ချီးမြောက် တော်မူ ၏။

၉ ဖြောင့်မတ်သော သူတို့ ၏ သန့် ရှင်းသူ သားသမီး တို့ သည် ယဇ်ပူဇော်ခြင်း များ ကို လျှို့ ဝှက် ၍ ဘုရားသခင် ၏ ဥပဒေ တော်ကို တစ်ညီတစ် ညွှတ်တည်း လိုက်နာ ကျင့် သုံး ကြ လျက် သန့်ရှင်းသူတို့ သည် ကောင်း ကြီး မင်္ဂလာ တော် များ နှင့် ဘေးအန္တရာယ် များ ကို တူညီစွာ ဝေမျှကြ မည်ဟု ခံယူကြကာ ဘိုးဘေး တို့ ၏ မြင့်မြတ်သော ချီးမွမ်း ထောမနာ ပြု ခြင်း ကို ကျူး ရင့်ကြ ၏။

ဆာလံကျမ်း

၃၃း ၁,၁၂, ၁၈-၁၉, ၂၀-၂၂

အလိုက်-ကိုယ်တော် သည် ထိုလူမျိုးကို မိမိ ၏ အမွေခံ အဖြစ် ရွေးချယ် တော်မူ ၏။

၁ ဖြောင့်မတ် သောသင်တို့၊ ထာဝရ ဘုရားသခင် ၌ ရွှင်လန်း ဝမ်းမြောက် ကြလော့။ ထောမနာပြု ခြင်း သည် ဖြောင့်မတ် သူတို့ အတွက် သင့်လျော်လှပေ ၏။

၁၂ ထာဝရ ဘုရားသခင် ကို မိမိ တို့ ၏ ဘုရား အဖြစ် ခံယူသောလူမျိုး သည် မင်္ဂလာရှိ ၏။ ကိုယ်တော် သည် ထိုလူမျိုးကို မိမိ ၏ အမွေခံ အဖြစ် ရွေးချယ် တော်မူ ၏။

၁၈ သို့ သော်လည်း ထာဝရ ဘုရားသခင် သည် မိမိအားကြောက်ရွံ့ကြ သော သူ အပေါင်းတို့ နှင့် မိမိ ၏ ခိုင်မြဲသောမေတ္တာတော်ကိုမျှော်လင့်ကိုးစားကြ သော သူ အပေါင်းတို့ အား၊

၁၉ သေဘေးမှကင်းလွတ်စေပြီး အစာခေါင်းပါး သည့် ကာလ ၌ အသက်ရှင်စေ ရန် ကြည့်ရှု လျက် ရှိ တော်မူ ၏။

၂၀ ငါတို့ သည် ထာဝရ ဘုရားသခင် ကိုစောင့်ငံ့ လျက် ရှိပါ ၏။ ကိုယ်တော် သည် ငါတို့ အား ကူညီမစသူ နှင့် အကာအကွယ်ပေးသူဖြစ် တော်မူ ၏။

၂၂ အို ထာဝရ ဘုရားသခင် ၊ အကျွန်ုပ် တို့ သည် ကိုယ်တော့်ကို မျှော်လင့်ကိုးစားကြ သည် နှင့် အညီ ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာတော်ကို အကျွန်ုပ် တို့အပေါ် သက်ရောက်စေ တော်မူ ပါ။

ဒုတိယကျမ်း

ဟေဗြဲ ၁၁း ၁-၂, ၈-၁၉

၁ ယုံကြည် ခြင်း ဆို သည် မှာ မိမိမျှော်လင့်ထား သည့် အရာ နှင့် ပတ်သက် ၍ အာမခံချက်ရရှိ ခြင်း နှင့် မမြင်နိုင်သောအရာတို့အမှန်ပင်တည်ရှိကြောင်းအခိုင်အမာသိရှိ ခြင်း ပင်ဖြစ် ၏။

၂ အကြောင်း မူကား ငါတို့ ၏ ဘိုးဘေးတို့ သည် သူတို့ ၏ ယုံကြည် ခြင်း အား ဖြင့် ဘုရားသခင် ၏ သဘောကျထောက်ခံမှုကို ရရှိခဲ့ကြ ၏။

၈ အာဘရာဟံ သည် မိမိအမွေခံရမည့် ပြည် သို့ သွား ရန် ခေါ် တော်မူ ခြင်း ခံရ သော အခါ သူ သည် မည် သည့် နေရာ သို့ မိမိသွားနေ သည် ကိုမသိ ဘဲ လျက် ပင်ယုံကြည် ခြင်း အား ဖြင့် ဘုရားသခင် ၏ စကားကိုနာခံ ၍ ထွက်ခွာလာခဲ့ ၏။

၉ ယုံကြည် ခြင်း အား ဖြင့် သူ သည် ကတိထား တော်မူ ရာ ပြည် ၌ တိုင်း တစ်ပါးသားကဲ့ သို့ နေထိုင်ခဲ့လေ ၏။ သူ သည် မိမိနည်းတူ ကတိတော်ကို ခံစား ရသော အီဇတ်၊ ယာကုပ် တို့ နှင့် အတူ တဲထိုး ၍ နေထိုင်ခဲ့လေ ၏။

၁၀ အကြောင်း မှာ သူ သည် ဘုရားသခင် စီမံတည်ဆောက် ထား သည့် အုတ်မြစ်ချ ထား သော မြို့တော်ကိုမျှော်လင့်စောင့်စား လျက် နေ ခြင်း ကြောင့်ဖြစ် ၏။

၁၁ ဆာရာကိုယ်တိုင်ပင် အရွယ်လွန်ပြီဖြစ် သော်လည်း ယုံကြည် ခြင်း အား ဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိခဲ့ ၏။ အကြောင်း မူကား သူမအား ကတိထား တော်မူ သော ဘုရားသခင် မှာ သစ္စာတည် တော်မူ သည် ကို သူမယုံကြည် သောကြောင့် ဖြစ် ၏။

၁၂ သို့ ဖြစ် ၍ သေသူကဲ့ သို့ ပင် ဖြစ်သောအဘရာဟံ ထံမှ ဆင်းသက်လာသောသားစဉ်မြေးဆက် သည် ကား မြောက်မြားလှစွာသော ကောင်းကင် ရှိကြယ် များ ကဲ့ သို့ လည်းကောင်း ၊ ပင်လယ်ကမ်းခြေရှိမရေမတွက်နိုင်သောသဲပွင့် များ ကဲ့ သို့ လည်းကောင်း များ ပြားလှပေ သည် တကား။

၁၃ ဤသူ အပေါင်းတို့ သည် ကတိထား တော်မူ သောအရာကို မ ခံစား ရမီ ဘုရားသခင် ကိုယုံကြည် လျက် သေဆုံးခဲ့ကြ ၏။ သို့ သော် သူတို့ သည် ထိုအရာကို ကြိုတင် သိမြင် ၍ ရှေး အခါကပင် ဝမ်းသာစွာကြိုဆိုခဲ့ကြလေပြီ။ ထို့ပြင် သူတို့ သည် ကမ္ဘာမြေပေါ် တွင် ဧည့် သည် သူစိမ်း များ ဖြစ်ကြ သည် ကိုလည်း သိမှတ်ဝန်ခံခဲ့ကြ ၏။

၁၄ အကြောင်း မူကား ထိုကဲ့ သို့ သိမှတ်ဝန်ခံ သော သူ တို့က မိမိ တို့ သည် ကိုယ်ပိုင် တိုင်း ပြည် တစ်ခု ကိုရှာ လျက် ရှိကြောင်းသိသာ ထင်ရှား စေကြ ၏။

၁၅ ထိုသူတို့ သည် မိမိ တို့ ထွက်ခွာလာခဲ့သော ပြည် ကို တမ်းတကြ သည် မှန် လျှင် ထို ပြည် သို့ ပြန် ရန် သူတို့ ၌ အခွင့်အလမ်းရှိကြ ၏။

၁၆ သို့ သော် အမှန်တကယ် တွင် မူ သူတို့ သည် ပို ၍ ကောင်းသော ပြည် ကို တမ်းတကြ ခြင်း ဖြစ် ၏။ ထို ပြည် ကား ကောင်းကင် ရွှေ ပြည် တော်ပင်ဖြစ် ၏။ ထို့ကြောင့် ဘုရားသခင် သည် သူတို့ ၏ ဘုရားဟု အ ခေါ် ခံရ ခြင်း ကို ရှက် တော်မမူ ပေ။ အကြောင်း မူကား ကိုယ်တော် သည် သူတို့နေထိုင် ရန် မြို့တော်ကို တည်ဆောက် တော်မူ ခဲ့လေပြီ။

၁၇ အာဘရာဟံ သည် ဘုရားသခင် ၏ စမ်းသပ် ခြင်း ကိုခံရ သော အခါ ယုံကြည် ခြင်း အား ဖြင့် အီဇတ်ကို ပူဇော်လေ ၏။ ကတိတော် များ ကိုရရှိထား သော သူ သည် မိမိ ၏ တစ်ဦး တည်းသောသားကို ပူဇော် ရန် အသင့်ရှိခဲ့ ၏။

၁၈ အီဇတ်မှတစ်ဆင့် သင် ၏ အမျိုးအနွယ်ဆင်းသက် လိမ့်မည် ဟူသော ဗျာဒိတ်တော် ကို သူရရှိခဲ့ ခြင်း ပင်ဖြစ် ၏။

၁၉ ဘုရားသခင် သည် သေ သော သူ တို့ ကို ပင် ပြန်လည် ၍ အသက်ရှင်စေနိုင်ကြောင်းကို သူယုံကြည်ခဲ့ ၏။ သို့ ဖြစ် ၍ သူ သည် မိမိ ၏ သားကို ပြန်လည် ရရှိခဲ့ ၏။ ဤ သည် ကား သေ ခြင်း မှ ပြန်ရှင် ခြင်း ၏ အမှတ်လက္ခဏာပင်တည်း။

အလေလုယာ

ထို့ကြောင့်သတိ နှင့် စောင့်နေ ကြလော့။ ထို့ကြောင့် သင်တို့ သည် လည်း အသင့်ရှိ ကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ ၌ လူသား သည် ကြွလာ လိမ့်မည်။

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၂း ၃၂-၄၈

၃၂ သိုးစုငယ်၊ မကြောက်ရွံ့လေ နှင့်။ အကြောင်း မူကား သင်တို့ ၏ အဖ သည် နိုင်ငံတော်ကိုသင်တို့အား ပေး ရန် နှစ်သက် တော်မူ ၏။

၃၃ သင်တို့ပိုင်ဆိုင်သောအရာ များ ကို ရောင်းချ ၍ ပေးကမ်းစွန့်ကြဲ ကြလော့။ မဟောင်းမဆွေးနိုင်သောပိုက်ဆံအိတ် များ ကို လည်းကောင်း ၊ သူခိုးလည်းမခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်း ခြင်း လည်းမရှိနိုင်သော ကောင်းကင် ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်း ကြလော့။

၃၄ အကြောင်း မူကား သင် ၏ ဥစ္စာဘဏ္ဍာရှိသောအရပ် ၌ သင် ၏ စိတ်နှလုံးလည်းရှိ ၏။

၃၅ သင်တို့ သည် ခါးပန်းစည်း လျက် ဆီမီးခွက် များ ကိုထွန်းညှိထား ကြလော့။

၃၆ မိမိ တို့ ၏ သခင် သည် မင်္ဂလာဧည့်ခံပွဲမှပြန်လာ ၍ တံခါး ခေါက် သော အခါ ချက်ချင်း တံခါး ဖွင့်ပေးနိုင် ရန် အလို့ငှာသူလာမည့်အချိန်ကို စောင့်မျှော်နေ ကြသော အစေခံ များ ကဲ့ သို့ အသင့်ရှိ ကြလော့။

၃၇ သခင်ပြန်လာ သော အခါ နိုးကြားစွာ စောင့်နေကြ သည် ကို တွေ့ရသောအစေခံတို့ သည် မင်္ဂလာရှိကြ ၏။ သင်တို့အား ငါအမှန်ဆို သည် ကား သခင် သည် မိမိ ၏ ခါးကိုစည်း လျက် ထိုအစေခံ တို့ ကို စားပွဲ ၌ ထိုင်စေပြီးမှ ကိုယ်တိုင် ကျွေးမွေး လိမ့်မည်။

၃၈ သခင် သည် ဒုတိယ ညဉ့်ယံ ၌ ဖြစ်စေ ၊ တတိယညဉ့်ယံ ၌ ဖြစ်စေ ပြန်လာ သော အခါ ၎င်းတို့အား ထိုကဲ့ သို့ တွေ့ရ လျှင် ထိုအစေခံတို့ သည် မင်္ဂလာရှိကြ ၏။

၃၉ သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါ လျှင် မိမိအိမ်ကို မဖောက်ထွင်းစေ ရန် သူ သည် မအိပ် ဘဲ စောင့်နေ လိမ့်မည်ဆို သည် ကိုမူ သိမှတ် ကြလော့။

၄၀ သင်တို့ သည် လည်း အဆင်သင့်ရှိ ကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန် ၌ လူသား သည် ကြွလာ လိမ့်မည်ဟု မိန့် တော်မူ ၏။

၄၁ ထိုအခါပေတရုက သခင်ဘုရား၊ ကိုယ်တော် သည် ဤပုံဥပမာကို တပည့်တော်တို့ အတွက် မိန့် တော်မူ ပါသလော၊ သို့ မ ဟုတ်လူ အားလုံး တို့ အတွက် လောဟု မေးလေ ၏။

၄၂ ကိုယ်တော် က လည်း အချိန်တန် လျှင် အိမ်သူအိမ်သား တို့ ကို စားစရာ များ တည်ခင်းကျွေးမွေး ခြင်း ငှာ ၎င်းတို့အပေါ် အုပ်ချုပ် ရန် အရှင်သခင်က ခန့်ထား သည့် သစ္စာရှိ ၍ ပညာ နှင့် ပြည့်စုံသောအစေခံ သည် မည်သူနည်း။

၄၃ အရှင်သခင်ပြန်လာ သော အခါ ဤ သို့ ဆောင်ရွက်နေ သည် ကို တွေ့ရသော ထိုအစေခံ သည် မင်္ဂလာရှိ ၏။

၄၄ သင်တို့အား ငါအမှန်ဆို သည် ကား သူ သည် ထိုအစေခံအား မိမိဥစ္စာပစ္စည်း အားလုံး ကို စီမံကွပ်ကဲ ရန် အပ်နှင်း လိမ့်မည်။

၄၅ သို့ သော် ထိုအစေခံက ငါ ၏ အရှင်သခင်ပြန်လာ ရန် ကြန့်ကြာ လိမ့်မည်ဟု မိမိကိုယ်မိမိပြောဆို ၍ အစေခံ ယောက်ျား ၊ မိန်းမ တို့ ကို ရိုက်နှက် လျက် သောက်စားမူးယစ်နေလေ ၏။

၄၆ သူမျှော်လင့်မ ထား သော နေ့ရက် နှင့် သူမသိသောအချိန်နာရီ ၌ သူ ၏ အရှင်သခင်ပြန်ရောက်လာ သော အခါ သူ့ ကို ဒဏ်ခတ် ၍ သစ္စာမဲ့သူတို့ နှင့် အတူ နေရာချထား လိမ့်မည်။

၄၇ မိမိသခင် ၏ အလိုဆန္ဒကိုသိ သော်လည်း သူ ၏ အလို အ တိုင်း ပြင်ဆင်ဆောင်ရွက်မ ထား သော အစေခံ သည် ပြင်းထန် စွာ ရိုက်နှက်ဒဏ်ပေး ခြင်း ခံရ လိမ့်မည်။

၄၈ သို့ သော် ရိုက်နှက် ခြင်း ပြစ်ဒဏ်ခံရမည့် အမှုကို မသိ ဘဲ ပြုမိသောအစေခံ သည် အနည်းငယ်ရိုက်နှက် ခြင်း ခံရလိမ့် မည်။ ကျေးဇူး များ စွာ ခံစား နေရသော သူ တိုင်း သည် များ စွာ ပေးဆပ်ရ လိမ့်မည်။ ထို့အတူ များ စွာအပ်နှံထား ခြင်း ခံရ သော သူ ထံမှ သူတို့ သည် များ စွာတောင်းခံကြ လိမ့်မည်။

scriptures