Pathein Catholic Diocese Untitled Document
Untitled Document
၂၉ ကြိမ်မြောက်တနင်္ဂနွေနေ့ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ထွက်မြောက်ရာကျမ်း ၁၇း ၈-၁၃

မောရှေ ကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှါ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏ လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။ (Exo 17:9)

မောရှေမှာ လိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။ (Exo 17:10)

 မောရှေသည် လက်ကို ချီသော အခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသော အခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။ (Exo 17:11)

 သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကို ယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏ လက်တို့သည် အမြဲနေလေ၏။ (Exo 17:12)

 ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော် မူ၏။ (Exo 17:14)

ဆာလံကျမ်း

၁၂၁း ၁-၂, ၃-၄, ၅-၆

အလိုက်- အလိုက်- ကျွန်ုပ်တို့၏ ကူညီစောင်မ ခြင်း သည် ကောင်းကင် နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်း တော်မူ သော ထာဝရ ဘုရားသခင် ထံမှ လာ ၏။

ငါ သည် တောင် များ ပေါ် သို့ မျှော်ကြည့်ပါ ၏။ ငါ့ အတွက် အကူအညီ သည် မည် သည့် နေရာမှရောက်လာမည်နည်း။ ငါ့ အတွက် ကူညီစောင်မ ခြင်း သည် ကောင်းကင် နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်း တော်မူ သော ထာဝရ ဘုရားသခင် ထံမှ လာ ၏။

ကိုယ်တော် သည် သင့်ကိုခြေချော်လဲကျစေမည် မဟုတ်။ သင့်ကို စောင့်ရှောက် တော်မူ သော ကိုယ်တော် သည် အိပ်စက် တော်မမူ ချေ။ အစ္စရာအဲလ်လူမျိုးကိုစောင့်ရှောက် တော်မူ သော ကိုယ်တော် သည် ငိုက်မျဉ်းအိပ်စက် လိမ့်မည် မဟုတ်။

ထာဝရ ဘုရားသခင် သည် သင့်ကိုစောင့်ရှောက် တော်မူ ၏။ ထာဝရ ဘုရားသခင် သည် သင် ၏ လက်ယာဘက် တွင် အရိပ်သဖွယ်ဖြစ် တော်မူ ၏။ နေ သည် နေ့အချိန် ၌ လည်းကောင်း ၊ လ သည် လည်း ညအချိန် ၌ လည်း သင့်ကိုဘေးအန္တရာယ်ပြု လိမ့်မည် မဟုတ်။

ထာဝရ ဘုရားသခင် သည် သင့်ကိုဘေးအန္တရာယ် အပေါင်းတို့ မှ ကာကွယ် စောင့်ရှောက် တော်မူ လိမ့်မည်။ ကိုယ်တော် သည် သင် ၏ အသက်ကို ကာကွယ် စောင့်ရှောက် တော်မူ လိမ့်မည်။ ထာဝရ ဘုရားသခင် သည် သင် ၏ သွားလာလှုပ်ရှားမှု တို့ ကို ယခုအချိန်မှစ ၍ အစဉ် ထာဝရ ကာကွယ် စောင့်ရှောက် တော်မူ လိမ့်မည်။

ဒုတိယကျမ်း

ဒုတီမောသီ ၃း ၁၄-၄း၂

သင်မူကား သင်ကိုယ်တိုင်သင်ယူ ၍ စွဲမြဲစွာယုံကြည်ခဲ့ သည့် အရာကို ဆက်လက်လိုက်နာစောင့်ထိန်းပါလော့။ ၎င်းအားမည်သူ့ ထံမှ သင်ယူခဲ့ သည် ကို လည်းကောင်း ၊

ခရစ်တော် ယေဇူး ၌ ယုံကြည် ခြင်း အား ဖြင့် ကယ်တင် ခြင်း ရ ရန် သင့်ကို သွန်သင်လမ်းညွှန်ပေးနိုင်ခဲ့သော ကျမ်းစာတော်မြတ်ကို သင် သည် ငယ်ရွယ်စဉ်ကပင် မည်ကဲ့ သို့ သိရှိနားလည်ခဲ့ သည် ကို လည်းကောင်း သတိပြုလော့။

ကျမ်းရှိသမျှတို့ သည် ဘုရားသခင် ၏ နှိုးဆော် ခြင်း ခံခဲ့ရ ၍ သွန်သင် ခြင်း ၊ ဆုံးမပြစ်တင် ခြင်း ၊ အမှားကိုပြုပြင်ပေး ခြင်း နှင့် ဖြောင့်မတ် ခြင်း ၌ လမ်းညွှန် ခြင်း စ သည် တို့ ကို ပြုလုပ် ရန် အသုံးဝင် ၏။

 ဤ သို့ ဖြင့် ဘုရားသခင် ၏ အမှုတော်ဆောင်သူ သည် ကောင်းမြတ် ပြည့်စုံ ၍ ကောင်းသောအမှုအရာ အားလုံး အတွက် အသင့်ပြင်ဆင်ပြီးဖြစ် လိမ့်မည်။

နှုတ်တော်ထွက်စကားကို ဟောပြောကြေညာလော့။ အချိန်အခါ သင့် သည် ဖြစ်စေ ၊ မသင့် သည် ဖြစ်စေ အဆက်မပြတ်ဟောပြောလော့။ လူတို့အား နားလည်သဘောပေါက်စေလော့။ ပြစ်တင်ဆုံးမလော့။ တိုက်တွန်းနှိုးဆော်လော့။ အမြဲမပြတ် သည်းခံ ၍ ဂရုတစိုက်သွန်သင်လော့။

အာလေလုယာ

အကြောင်း မူကား ဘုရားသခင် ၏ နှုတ်တော်ထွက်စကား သည် အသက်ရှင်လှုပ်ရှား လျက် ရှိပြီး အသွားနှစ်ဖက်ရှိသော ဓားတကာတို့ထက် ပို ၍ ထက်မြက်လေ ၏။ ၎င်း သည် ဝိညာဉ် နှင့် စိတ်နှလုံးကို လည်းကောင်း ၊ အရိုးအဆစ် နှင့် ရိုး တွင်းခြင်ဆီကို လည်းကောင်း ပိုင်းခြား ၍ ထိုးဖောက်ပြီး စိတ်နှလုံး ၏ အကြံအစည် နှင့် ရည်ရွယ်ချက် များ ကိုလည်း ဝေဖန်ချင့်ချိန်နိုင် ၏။ အာလေလုယာ

ဧဝဂေလိကျမ်း

လုကာ ၁၈း ၁-၈

၁ ထို့နောက် စိတ်အားမလျှော့ ဘဲ လျက် အစဉ်ဆုတောင်းရမည့် အကြောင်း ကိုယ်တော် သည် ပုံဥပမာဆောင် ၍ သူတို့အား မိန့် တော်မူ ၏။

၂ ကိုယ်တော် က သူတို့အား ဆို သည် ကား မြို့တစ်မြို့ ၌ ဘုရားသခင် ကိုလည်း မကြောက်၊ လူ့မျက်နှာ ကိုလည်း မထောက် ထား သော တရားသူကြီး တစ်ယောက် ရှိ ၏။

၃ ထိုမြို့ ၌ မုဆိုးမ တစ်ယောက် ရှိ ၍ သူမ သည် တရားသူကြီးထံ သို့ အကြိမ်ကြိမ်လာပြီး လျှင် ကျွန်မ ၏ တရားပြိုင်ဘက် နှင့် ပတ်သက် ၍ ကျွန်မ အတွက် မျှတစွာတရား စီရင် ပါဟု တောင်းဆိုလေ ၏။

၄ တရားသူကြီး သည် သူမ ၏ တောင်းဆိုချက်ကို ကြာမြင့်စွာငြင်းဆန်နေခဲ့ ၏။ နောက်ဆုံး တွင် သူက မိမိကိုယ်မိမိပြော သည် မှာ ငါ သည် ဘုရားကိုမကြောက်၊ လူ ၏ မျက်နှာကိုမထောက် ထား သော် လည်း၊

၅ ဤမုဆိုးမ သည် ငါ့ကိုစိတ်အနှောင့်အယှက် ဖြစ်စေ သောကြောင့် သူမ ၏ ရပိုင်ခွင့်ကိုငါ စီရင် ပေးမည်။ ထို သို့ မဟုတ် လျှင် သူမ သည် ငါ့ထံ သို့ အဆက်မပြတ်လာ ၍ ငါ့ကို ပင်ပန်းစေ လိမ့်မည်ဟု ဆိုလေ ၏။

၆ ကိုယ်တော် မတရားသောတရားသူကြီးမည် သို့ ပြောဆို သည် ကို ကြားနာ မှတ်သား ကြလော့။

၇ ဘုရားသခင် သည် လည်း မိမိရွေးကောက် တော်မူ သော သူတို့က နေ့ညမပြတ်မိမိထံဟစ်အော် တောင်းလျှောက် ကြ လျှင် သူတို့ဘက်မှ တရားမျှတစွာ မပြုမူ ဘဲ နေမည်လော။ ကိုယ်တော် သည် သူ တို့ ကို ကူညီမစ ရန် နှောင့်နှေး တော်မူ မည်လော။

၈ သင်တို့အား ငါဆို သည် ကား ဘုရားသခင် သည် သူတို့ အတွက် အလျင်အမြန်ပင် တရားမျှတစွာပြု တော်မူ လိမ့်မည်။ သို့ သော် လူသားကြွလာ တော်မူ သော အခါ သူ သည် ကမ္ဘာမြေပေါ် တွင် ယုံကြည် ခြင်း ကို တွေ့ရပါမည်လောဟု မိန့် တော်မူ ၏။

scriptures