Pathein Catholic Diocese Untitled Document
Untitled Document
ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောသခင်မပွဲနေ့အတွက်ကျမ်းစာများ

ပထမကျမ်း

ဗျာဒိတ်ကျမ်း

၁၁း ၁၉က, ၁၂း ၁-၆က, ၁၀ကခ

၁၉ ထို့နောက် ကောင်းကင် ဘုံရှိ ဘုရားသခင် ၏ ဗိမာန်တော် သည် ပွင့်လာ ၍ ဗိမာန်တော်အ တွင်း ၌ ကိုယ်တော် ၏ ပဋိညာဉ်သေတ္တာတော်ကိုမြင်နိုင် ၏။

ထိုအခါ ကောင်းကင် ယံ ၌ ကြီးမား သောနိမိတ်လက္ခဏာ တစ်ခု ပေါ်ထွန်း လေ ၏။ အမျိုးသမီး တစ်ဦး သည် နေကိုဝတ်ဆင်ထားပြီး လကို ခြေ ဖြင့် နင်း လျက် ဦးခေါင်းပေါ် တွင် လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါ သည့် သရဖူကို ဆောင်းထားလေ ၏။

၂ သူမ ၌ ပဋိသန္ဓေရှိပြီး သားဖွားအံ့ဆဲဆဲဖြစ် ၍ သူမ သည် သားဖွား ခြင်း ဝေဒနာ ဖြင့် အော်ဟစ်နေ ၏။

၃ ထိုအခါ ကောင်းကင် ယံ တွင် အခြားသော နိမိတ်လက္ခဏာ တစ်ခု ပေါ်လာပြန် ၏။ ထိုအရာ သည် ကား နီရဲသောနဂါးကြီးဖြစ်ပြီး ၎င်း ၌ ဦးခေါင်းခုနစ်လုံး နှင့် ဦးချိုဆယ်ချောင်းရှိ ၍ သူ ၏ ဦးခေါင်း များ ပေါ် တွင် သရဖူခုနစ်ခုကို ဆောင်းထား ၏။

၄ သူ ၏ အမြီး သည် ကောင်းကင် မှ ကြယ်သုံးပုံတစ်ပုံကို ဆွဲယူပြီး လျှင် ကမ္ဘာမြေပေါ် သို့ ပစ်ချလိုက်လေ ၏။ ထို့နောက် နဂါးကြီး သည် သားဖွားအံ့ဆဲဆဲဖြစ်သော အမျိုးသမီးရှေ့ တွင် ရပ် လျက် သူမ ထံမှ ဖွားမြင် လတ္တံ့သောသားငယ်ကို ဝါးမျို ရန် စောင့်နေလေ ၏။

၅ ထိုအခါသူမ သည် လူမျိုးအပေါင်းတိုးအား သံတောင်ဝှေး ဖြင့် အုပ်စိုးမည့်သား ယောက်ျား ကို ဖွားမြင် လေ ၏။ သူမ ၏ သားငယ် သည် ဘုရားသခင် နှင့် သူ ၏ ပလ္လင်တော်ထံ သို့ ယူဆောင်သွား ခြင်း ခံရပြီး၊

၆ ထိုအမျိုးသမီး သည် လည်း သူမ အတွက် ဘုရားသခင် ပြင်ဆင်ထား တော်မူ ရာအရပ်ဖြစ်သောတောကန္တာရ သို့ ထွက်ပြေးသွားလေ ၏။

၁၀ ထို့နောက် ကောင်းကင် မှကျယ်သောအသံကို ငါကြားရ ၍ ၎င်းကဆို သည် ကား ကယ်တင် တော်မူ ခြင်း ၊ ဘုန်း တန်ခိုး တော်၊ ငါတို့ ဘုရားသခင် ၏ နိုင်ငံတော် နှင့် အတူ ကိုယ်တော့် ခရစ်တော် ၏ အာဏာ တော် သည် ယခုရောက်ရှိလာလေပြီ။ အကြောင်း မူကား ငါတို့ ၏ ညီအစ်ကို များ ကို နေ့ညမပြတ် ဘုရားသခင် ၏ ရှေ့တော် ၌ စွပ်စွဲ သော သူ သည် ပစ်ချ ခြင်း ခံရလေပြီ။

ဆာလံကျမ်း

၄၅း ၁၀, ၁၁, ၁၂, ၁၆

အလိုက်-အရှင် ၏ လက်ယာဘက် တွင် ဩဖိ ပြည် မှ ရွှေ ဖြင့် တန်ဆာဆင် ထား သော မိဖုရားကြီးရှိပါ ၏။

၁၀ အိုသမီးတော်၊ ကြားနာ ပါလော့။ ဆင်ခြင်သုံးသပ် ၍ နားထောင်ပါလော့။ သင် ၏ လူမျိုးတို့ နှင့် သင့်ဖခင် ၏ အိမ်ကိုမေ့ပစ်ပါလော့။

၁၁ အရှင် မင်းကြီး သည် သင် ၏ လှပတင့်တယ်မှုကို စွဲလမ်းငြိတွယ်လေပြီ။ သူ့ ကို ရိုသေလေးစားပါလော့။ အကြောင်း မူကား သူ သည် သင် ၏ အရှင်သခင်ဖြစ် ၏။

၁၂ တီရာမြို့သူမြို့သားတို့ သည် လက်ဆောင်ပဏ္ဏာ များ ယူဆောင် ၍ လာကြ လိမ့်မည်။ ချမ်းသာကြွယ်ဝ သော သူ တို့ သည် သင့်ထံ ၌ မျက်နှာရ ရန် ကြိုးစားကြ လိမ့်မည်။

၁၆ အရှင် မင်းကြီး ၏ သားရတနာတို့ သည် ဘိုးဘေးတို့ ၏ အရိုက်အရာကို ဆက်ခံကြပါ လိမ့်မည်။ အရှင် မင်းကြီး သည် လည်း သူ တို့ ကို ကမ္ဘာတစ်ဝန်းလုံး တွင် အုပ်ချုပ်သူမင်းညီမင်းသား များ ဖြစ်စေ တော်မူ လိမ့်မည်။

ဒုတိယကျမ်း

၁ကော် ၁၅း ၂၀-၂၇

၂၀ သို့ သော် ခရစ်တော် သည် အမှန်ပင်သေ ခြင်း မှ ရှင်ပြန်ထမြောက် တော်မူ သ ဖြင့် အိပ်ပျော်ခဲ့ သော သူ တို့ တွင် အဦးဆုံးသီးသော အသီး ဖြစ် ၏။

၂၁ အကြောင်း မူကား သေ ခြင်း တရား သည် လူ တစ်ယောက် အား ဖြင့် ဖြစ်ပေါ်လာသကဲ့ သို့ သေ ခြင်း မှ ရှင်ပြန်ထမြောက် ခြင်း တရား သည် လည်း လူ တစ်ယောက် အား ဖြင့် ပင် ဖြစ်ပေါ်လာလေပြီ။

၂၂ လူ အပေါင်းတို့ သည် အာဒံ ၌ သေကြရသကဲ့ သို့ ထိုသူ အားလုံး တို့ သည် ခရစ်တော် ၌ အသက်ရှင်ကြရ လိမ့်မည်။

၂၃ သို့ သော် လူ အသီး သီးတို့ သည် မိမိ တို့ အလှည့်ကျရှင်ပြန်ထမြောက်ကြရမည်။ ခရစ်တော် သည် ပထမဦး စွာရှင်ပြန်ထမြောက် တော်မူ ၏။ ထို့နောက် ကိုယ်တော် ကြွလာ တော်မူ သော အခါ ကိုယ်တော် ၏ နောက်လိုက်အဖွဲ့ဝင်တို့ သည် ရှင်ပြန်ထမြောက်ကြ လိမ့်မည်။

၂၄ ထို့နောက် ကမ္ဘာကုန်ဆုံးချိန်ရောက်လာပြီး လျှင် ကိုယ်တော် သည် ရှိသမျှသောမင်း များ ၊ အုပ်ချုပ်သူ များ နှင့် အာဏာ ပိုင် များ ကိုဖျက်ဆီး ၍ နိုင်ငံတော်ကို ခမည်းတော်ဘုရား ၏ လက်တော် သို့ ပေးအပ် တော်မူ လိမ့်မည်။

၂၅ အကြောင်း မူကား ကိုယ်တော် သည် ရန် သူ အပေါင်းတို့ အား မိမိ ၏ ခြေဖဝါးအောက် သို့ ရောက် သည့် တိုင်အောင် အုပ်စိုးရ လိမ့်မည်။

၂၆ နောက်ဆုံးနှိမ်နင်းရမည့် ရန် သူကား သေ ခြင်း ပင်ဖြစ် ၏။

၂၇ အကြောင်း မူကား ဘုရားသခင် သည် အရာခပ်သိမ်း တို့ ကို ကိုယ်တော် ၏ ခြေဖဝါးအောက် ၌ ချထား တော်မူ လေပြီဟု ကျမ်းစာတော်မြတ် တွင် ရေးထား သောကြောင့် ဖြစ် ၏။ အရာခပ်သိမ်း တို့ ကို ကိုယ်တော် ၏ ခြေဖဝါးအောက် ၌ ချထား တော်မူ ၏ ဟု ဆိုရာ တွင် ခပ်သိမ်းသောအရာ တို့ ကို ကိုယ်တော် ၏ ခြေဖဝါး အောက် တွင် ချထား တော်မူ သော အရှင် သည် ထိုအရာ များ ထဲ တွင် မပါဝင်ကြောင်း ထင်ရှား ၏။

အာလေလုယာ

မာရိယားသည် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရ၍ ကောင်းကင်တမန်များချီးမြောက်တော်မူ၏။

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁း ၃၉-၅၆

၃၉ ထိုနေ့ရက်တို့ ၌ မာရိယာ သည် ထ ၍ တောင်ကုန်းအရပ်ရှိ ဂျုဒမြို့တစ်မြို့ သို့ အလျင်အမြန် သွားပြီး လျှင် ၊

၄၀ ဇခါရိယ ၏ အိမ် သို့ ဝင်ကာ ဧလိဇဘက်ကိုနှုတ်ဆက်လေ ၏။

၄၁ ဧလိဇဘက် သည် လည်း မာရိယာ ၏ နှုတ် ဆက်သ ံကိုကြား သော အခါ သူမ ၏ သားငယ် သည် ဝမ်း တွင်း ၌ ခုန်မြူးလေ ၏။ ထိုအခါ ဧလိဇဘက် သည် ဝိညာဉ်တော် မြတ် နှင့် ပြည့်ဝ လျက် ၊

၄၂ ကျယ်သောအသံ ဖြင့် ကြွေးကြော် သည် ကား သင် သည် မိန်းမတကာတို့ တွင် မြတ်သောမင်္ဂလာရှိသူဖြစ် ၏။ သင် ၏ ဝမ်း တွင်းမှ အသီး တော် သည် လည်း မင်္ဂလာရှိ တော်မူ ၏။

၄၃ ကျွန်မသခင် ၏ မယ်တော် သည် ကျွန်မထံ သို့ ကြွလာသော ကျေးဇူး တော်ကို ကျွန်မ သည် အဘယ်ကြောင့် ခံထိုက်ပါ သနည်း။

၄၄ အကြောင်း မူကားသင် ၏ နှုတ်ဆက်စကားသံ သည် ကျွန်မ ၏ နား သို့ ရောက် သည် နှင့် ကျွန်မ ၏ ဝမ်း တွင်းမှသားငယ် သည် ဝမ်းမြောက် ခြင်း ဖြင့် ခုန်မြူးလေပြီ။

၄၅ မိမိအား ထာဝရ ဘုရားသခင် မိန့် တော်မူ သောစကား သည် ပြည့်စုံ လိမ့်မည်ဟု ယုံကြည်သောမိန်းမ သည် မင်္ဂလာရှိ ၏ ဟုဆိုလေ ၏။

၄၆ ထိုအခါ မာရိယာက မြွက်ဆို သည် ကား ငါ ၏ ဝိညာဉ် သည် ထာဝရ ဘုရားသခင် ကို ချီးမွမ်း ၏။

၄၇ ငါ ၏ စိတ်နှလုံး သည် လည်း ငါ ၏ ကယ်တင်ရှင် ဘုရားသခင် ၌ ရွှင်လန်း ဝမ်းမြောက် ခြင်း ရှိ ၏။

၄၈ အကြောင်း မူကား ကိုယ်တော် သည် မိမိကျွန်မ ၏ နှိမ့်ချသော အဖြစ် ကို ကြည့်ရှု တော်မူ လေပြီ။ ယခုမှစ ၍ ခပ်သိမ်းသော လူမျိုးအစဉ်အဆက်တို့ သည် ငါ့ကိုမင်္ဂလာရှိ သော သူ ဟု ခေါ် ဝေါ်ကြ လိမ့်မည်။

၄၉ အကြောင်း မူကား တန်ခိုး ကြီး တော်မူ သောသခင် သည် ငါ့အဖို့ကြီးမြတ်သောအမှုအရာ တို့ ကို ပြု တော်မူ ပြီ။ ကိုယ်တော် ၏ နာမတော် သည် သန့်ရှင်း မြင့်မြတ် တော်မူ ၏။

၅၀ ကိုယ်တော် ၏ ကရုဏာတော် သည် လည်းမိမိကိုကြောက်ရွံ့ရိုသေ သော သူ တို့အပေါ် သို့ သားစဉ်မြေး ဆက်သ က်ရောက်လေ ၏။

၅၁ ကိုယ်တော် သည် လက်ရုံးတော်အား ဖြင့် ခွန်အား တန်ခိုး ကိုပြ တော်မူ ၍ စိတ် ၌ မာနထောင်လွှား သော သူ တို့ ကို ကွဲလွင့် စေ တော်မူ ပြီ။

၅၂ ကိုယ်တော် သည် အင်အားကြီး သော သူ တို့ ကို အရိုက်အရာမှချ တော်မူ ၍ နှိမ့်ချ သော သူ တို့ ကို ချီးမြှောက် တော်မူ ပြီ။

၅၃ ကိုယ်တော် သည် ငတ်မွတ် သော သူ တို့ ကို ကောင်းသောအရာတို့ နှင့် ပြည့်ဝစေ ၍ ကြွယ်ဝ သော သူ တို့ ကို လက်ချည်း သက်သက်လွှတ်လိုက် တော်မူ ပြီ။

၅၄ ကိုယ်တော် သည် မိမိ ၏ ကရုဏာ တော်ကို အောက်မေ့ တော်မူ သ ဖြင့် မိမိ ၏ အစေခံ အစ္စရာအဲလ် ကို ကူညီ စောင်မ တော်မူ ပြီ။

၅၅ ငါတို့ ၏ ဘိုးဘေး များ ဖြစ်သော အာဘရာဟံ မှစ ၍ သူ ၏ မျိုးနွယ် အစဉ်အဆက်တို့ ၌ ထားခဲ့သော ကတိတော် အ တိုင်း ကိုယ်တော် သည် အစဉ် ထာဝရ ကူညီစောင်မ တော်မူ လေပြီဟု မြွက်ဆိုလေ ၏။

၅၆ ထို့နောက် မာရိယာ သည် ဧလိဇဘက် နှင့် အတူသုံးလခန့်နေပြီးမှမိမိအိမ် သို့ ပြန်လေ ၏။

scriptures