Pathein Catholic Diocese Untitled Document
Untitled Document
၁၂ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့် ကျမ်းစာများ

ပထမကျမ်း

ပညာပါရမီကျမ်း ၉း ၁၃-၁၉

၁၃ အကြောင်း မူကား၊ ဘုရားသခင် ၏ အကြံအစည် တော်သည် မည် သို့ ရှိမည်ကို မည်သူသိနိုင် ပါမည်နည်း။ ဘုရားသခင် ၏ အလိုတော်ကို မည်သူ သဘော ပေါက် နားလည် နိုင် ပါမည်နည်း။

၁၄ အကြောင်း မူကား၊ သေမျိုးဖြစ်သော လူသားတို့ ၏ စဉ်းစားကြံ စည်ခြင်း များ သည် မဝံ့မရဲဖြစ် ၍ တပည့်တော် ၏ အစီ အစဉ် များ သည် သေချာရေရာခြင်း မရှိပါ။

၁၅ အကြောင်း မူကား၊ သေပျောက် ပျက်စီး နိုင်သော ခန္ဓာကိုယ်သည် ဝိညာဉ်ကို လေးလံစေ ၍ မြေမှုန့်နှင့် တဲအိမ်ပမာ တည် ဆောက် ထား သော ဤ ခန္ဓာကိုယ် က ပင် စဉ်းစားဆင် ခြင်စရာ များ စွာ ရှိသော စိတ်ကို ဖိစီးထားပါ ၏။

၁၆ ကမ္ဘာ ပေါ်ရှိ အကြောင်း အရာ များ ကို ငါတို့ ခန့်မှန်း ချင့်ချိန် ရန် အလွန် ခက်ခဲလှပေ ၏။ ငါတို့ နှင့် လက်တစ်ကမ်း မှာရှိသော အရာ တို့ ကို ပင် ရှာဖွေ တွေ့ရှိရန် ပင်ပန်းစွာ ကြိုးစားကြရ ၏။ သို့ သော် ကောင်းကင် နိုင်ငံမှာရှိ သော အရာ တို့ ကို မည်သူ ရှာဖွေ နိုင်ပါမည်နည်း။

၁၇ ကိုယ်တော် ကသာ ဉာဏ် ပညာ ကို ပေးတော် မမူ လျှင် ၊ ကိုယ်တော် ကသာ အမြင့်ဆုံး အရပ်မှ သန့်ရှင်းသော ဝိညာဉ်တော် ကို စေလွှတ်တော် မမူ လျှင် မည်သူ သည် ကိုယ်တော် ၏ အကြံအစည် တော်ကို သိနိုင်ပါမည် နည်း။

၁၈ ဤ နည်း ဖြင့် ကမ္ဘာပေါ် မှာရှိ သော သူတို့အား ကိုယ်တော် သည် ဖြောင့်မှန် သော လမ်းကို ပြထား တော်မူ ၍

၁၉ မည်သည့် အရာကို ကိုယ်တော် နှစ်သက် တော်မူ ကြောင်း လူတို့ လေ့လာ ဆည်းပူး ကြပြီး သူ တို့ သည် ဉာဏ် ပညာ အားဖြင့် ကယ်တင်ခြင်း ခံကြရ ၏။

ဆာလံကျမ်း

၉၀း ၃-၄, ၅-၆, ၁၂-၁၃, ၁၄ နှင့် ၁၇

 အလိုက်- အို ထာဝရ ဘုရားသခင် ၊ ကိုယ်တော် သည် လူမျိုးအစဉ်အဆက်တို့ ၌ အကျွန်ုပ် တို့ ၏ ခိုလှုံရာဖြစ် တော်မူ ပါ ၏။

၃ ကိုယ်တော် သည် အကျွန်ုပ် တို့အား မြေမှုန့် အဖြစ် သို့ ပြန်သွားစေ လျက် မိန့် တော်မူ သည် မှာ သေမျိုးဖြစ်သောသင်တို့၊ မြေမှုန့် သို့ ပြန်သွားလော့ဟူ ၍ ဖြစ် ၏။

၄ နှစ်ပေါင်းတစ်ထောင် သည် ကိုယ်တော် ၏ ရှေ့မျက်မှောက် တွင် ကုန်လွန်ပြီးသောယမန်နေ့ကဲ့ သို့ လည်းကောင်း ၊ ညဉ့်ယံတစ်ယံကဲ့ သို့ လည်းကောင်း ဖြစ်ပါ ၏။

၅ ကိုယ်တော် သည် လူတို့အား လျင်မြန်စွာပျောက်ကွယ်သွားစေ တော်မူ ၏။ သူတို့ သည် အိမ်မက်ပမာဖြစ်ကြရပါ ၏။ နံနက်အချိန် တွင် အသစ်တစ်ဖန်ပေါ်ထွက်လာ သည့် မြက်ပင်ပမာသာဖြစ်ပါ ၏။

၆ နံနက်အချိန် တွင် မြက်ပင် သည် ပွင့်လန်း ၍ အသစ်ပြန်ဖြစ်လာပြီး ညဉ့်ဦးယံ ၌ မူကား ညှိုးခြောက်သွားပါ ၏။

၁၂ အကျွန်ုပ် ၏ နေ့ရက် များ ကို ရေတွက် ရန် အတွက် သွန်သင်ပေး တော်မူ ပါ။ သို့ မှသာ လျှင် အကျွန်ုပ် သည် ပညာအမြော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်ရပါ လိမ့်မည်။

၁၃ အို ထာဝရ ဘုရားသခင် ၊ ပြန်ကြွလာ တော်မူ ပါ။ အကျွန်ုပ် တို့ သည် မည်မျှကြာအောင်စောင့်ရမည်နည်း။ ကိုယ်တော် ၏ အစေခံ များ အပေါ် သနားကရုဏာထား တော်မူ ပါ။

၁၄ နံနက်အချိန် ၌ အကျွန်ုပ် တို့အား ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာ ဖြင့် ကျေနပ်အားရစေ တော်မူ ပါ။ သို့ မှသာ လျှင် အကျွန်ုပ် တို့ သည် တစ်သက်လုံး ဝမ်းမြောက် ရွှင်လန်းနိုင်ကြပေ လိမ့်မည်။

၁၇ အကျွန်ုပ် ၏ အရှင် ထာဝရ ဘုရားသခင် ၏ ကျေးဇူး တော် သည် အကျွန်ုပ် တို့အပေါ်သက်ရောက်ပါစေသော်။ အကျွန်ုပ် တို့ ၏ လက် များ ဖြင့် ပြုလုပ်သမျှကို ကျွန်ုပ်တို့အဖို့ အောင်မြင်စေ တော်မူ ပါ။ မှန်ပါ ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့ ၏ လက် များ ဖြင့် ပြုလုပ်သမျှကို အောင်မြင်စေ တော်မူ ပါ။

ဒုတိယကျမ်း

ဖိလေမွန် ၁း ၉-၁၀, ၁၂-၁၇

၉ ချစ် ခြင်း မေတ္တာကိုထောက် ၍ ခရစ်တော် ယေဇူး ၏ သံတမန် နှင့် ကိုယ်တော့် အတွက် ယခုအခါ အကျဉ်းချခံနေရသူ ငါပေါလု သည် သင့်ကို မေတ္တာရပ်ခံလိုပါ ၏။

၁၀ ငါအကျဉ်းကျခံ လျက် နေရစဉ် ခရစ်တော် ၌ ငါ ၏ သားဖြစ်လာသောအိုနေးစိမု အတွက် ငါ သည် သင့်အားအသနားခံပါ ၏။

၁၂ ငါ သည် သူ့ ကို သင့်ထံ သို့ ပြန်လည် စေလွှတ် လိုက်လေပြီ။ ဤ သည် ကား ငါ ၏ စိတ်နှလုံးကို စေလွှတ် လိုက် ခြင်း ပင်ဖြစ် ၏။

၁၃ ငါ သည် ဧဝံဂေလိတရားတော် အတွက် ကြောင့် အကျဉ်းကျခံ လျက် နေရစဉ် သင် ၏ ကိုယ်စား ငါ့ကိုပြုစု ရန် သူ့ ကို ငါ နှင့် အတူ ခေါ် ထားလိုပါ ၏။

၁၄ သို့ ရာ တွင် သင် ၏ သဘောတူညီချက်မရရှိ ဘဲ အဘယ် အမှုကို မျှ ငါမပြုလို။ ဤ သို့ ဖြင့် သင်ပြုလုပ်သောကောင်းမှု သည် အနိုင်အထက်ပြု ခြင်း ကြောင့်ဖြစ်ပေါ်လာ ခြင်း မဟုတ် ဘဲ သင် ၏ အလိုဆန္ဒအလျောက်ဖြစ်ပေါ်လာ ခြင်း ဖြစ်ပေ လိမ့်မည်။

၁၅ သင် သည် အိုနေးစိမုအား အစဉ်ပိုင်ဆိုင်နိုင် ခြင်း ငှာ သူ သည် သင့် ထံမှ ခေတ္တခဏမျှခွဲခွဲခဲ့ ခြင်း ဖြစ်တန်ရာ ၏။

၁၆ သူ့အား သင် ပြန်လည် ပိုင်ဆိုင် သော အခါ တွင် သူ သည် ကျွန် တစ်ဦး မျှသာ မဟုတ် တော့ ဘဲ ယင်းထက်ပိုလာလေပြီ။ အထူးသ ဖြင့် သူ သည် ငါ့ အတွက် ခရစ်တော် ၌ ချစ်သောညီတော်ဖြစ်လာလေပြီ။ သင့် အတွက် မှာမူ ကျွန် အဖြစ် နှင့် လည်းကောင်း ၊ သခင်ဘုရား ၌ ရရှိသောညီတော် အဖြစ် နှင့် လည်းကောင်း ပိုင်ဆိုင် ခြင်း ဖြစ် သောကြောင့် ပို ၍ ပင်တန်ဖိုးရှိပေ လိမ့်မည်။

၁၇ သို့ ဖြစ် ၍ ငါ့အား သင် ၏ လုပ်ဖော်ကိုင်ဖက် အဖြစ် မှတ်ယူ လျှင် ငါ့ကိုကြိုဆိုလက်ခံသကဲ့ သို့ သူ့ ကို ကြိုဆိုလက်ခံပါလော့။

အာလေလုယာ (ဆာလံ ၁၁၉း ၁၃၅)

ကိုယ်တော် ၏ မျက်နှာတော်ကို ကိုယ်တော် ၏ အစေခံအပေါ် တွင် ထွန်းလင်းစေ ၍ ကိုယ်တော် ၏ ပညတ်ဥပဒေ များ ကို အကျွန်ုပ် အားသွန်သင် တော်မူ ပါ။ အာလေလုယာ

ဧဝံလေိကျမ်း

ရှင်လုကာ ၁၄း ၂၅-၃၃

၂၅ များ စွာသောလူအစုအဝေးတို့ သည် ကိုယ်တော် နှင့် အတူလိုက်ပါလာကြ ၏။ ကိုယ်တော် သည် လည်း လှည့် ၍ သူတို့အား မိန့် တော်မူ သည် ကား ၊

၂၆ ငါ့ထံ သို့ လာ သော သူ သည် မိမိ ၏ မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကို မောင်နှမစ သည် တို့ ကို ဖြစ်စေ ၊ မိမိအသက်ကိုပင် ဖြစ်စေ မမုန်း လျှင် ငါ ၏ တပည့်မဖြစ်နိုင်ရာ၊

၂၇ မိမိလက်ဝါးကပ်တိုင်ကိုမထမ်း ဘဲ ငါ့နောက် သို့ လိုက် သော သူ သည် လည်း ငါ ၏ တပည့်မဖြစ်နိုင်ရာ။

၂၈ အကြောင်း မူကား သင်တို့ တွင် မည်သူ သည် ရဲတိုက်ကိုဆောက်လုပ်မည်ဟု ဆန္ဒရှိ လျှင် မိမိ ၌ ပြီးစီးအောင် ဆောက်လုပ် ရန် ကုန်ကျစရိတ်အလုံအလောက်ရှိ၊ မရှိကို ရှေး ဦးစွာထိုင် ၍ မတွက်ချက် ဘဲ နေမည်နည်း။

၂၉ ထို သို့ မဟုတ် ဘဲ အုတ်မြစ်ချပြီးမှပြီးစီးအောင်မဆောက်လုပ်နိုင်ပါက မြင်ရသူအပေါင်း သည် သူ့ ကို စတင် ၍ ကဲ့ရဲ့ကြကုန် လျက် ၊

၃၀ ဤသူ သည် စတင်တည်ဆောက်ခဲ့ သော်လည်း ပြီးစီးအောင်မလုပ်နိုင်ဟု ဆိုကြ လိမ့်မည်။

၃၁ တစ်နည်းဆိုရသော် မည် သည့် ရှင်ဘုရင် သည် အခြားရှင်ဘုရင်တစ်ပါး နှင့် စစ်ပြိုင်မည်ရှိသော် စစ် သည် နှစ်သောင်း နှင့် မိမိထံ သို့ ချီတက်လာ သော သူ ကို မိမိ ၏ စစ် သည် တစ်သောင်း ဖြင့် ခုခံနိုင်ပါမည်လောဟု ရှေး ဦးစွာ ထိုင် ၍ မစဉ်းစားမဆင်ခြင် ဘဲ နေမည်နည်း။

၃၂ အကယ် ၍ သူ သည် မခုခံနိုင်ပါ လျှင် ထိုဘုရင်အဝေး ၌ ရှိနေစဉ် တွင် သံတမန် များ စေလွှတ် ၍ စစ်ပြေငြိမ်းမည့် အကြောင်း တောင်းပန် လိမ့်မည်။

၃၃ ထိုနည်းတူပင် သင်တို့ တွင် လည်း မည်သူမဆို မိမိ ၌ ရှိသမျှကို မစွန့်လွှတ် လျှင် ထိုသူ သည် ငါ ၏ တပည့်မဖြစ်နိုင်ရာ။

 

scriptures