Pathein Catholic Diocese Untitled Document
Untitled Document
မေတ္တာပန်းဝေပွဲတနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဟေရှာယ ၅၀း၄-၇

ငိုကြွေး မြည်တမ်းသော နေ့ရက် လွန်သော အခါ၊ ယောသပ်သည် နန်းတော်သားအချို့တို့ကို ခေါ်၍၊ သင်တို့သည် ကျွန်ုပ်ကို စေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင်ထံသို့ သွား၍၊ (Gen 50:4)

ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်း တွင်း၌ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်ရှောက်ကြပါလော့ဟု ဆို၏။ (Gen 50:5)

ယောသပ်သည် အဘကို သင်္ဂြိုဟ်ခြင်းငှါ ထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ၊ အဲဂုတ္တုပြည်အရာရှိ အပေါင်းတို့နှင့်၊ (Gen 50:7)

ဖာရောမင်းကလည်း၊ သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း သွား၍၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ၏။ (Gen 50:6)

 ဆာလံကျမ်း

၂၂း ၇-၈၊၁၆-၁၇က၊၁၈-၁၉၊၂၂-၂၃

အလိုက်- အကျွန်ုပ် ၏ ဘုရား၊ အကျွန်ုပ် ၏ ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ် ကိုစွန့်ပစ်ထား တော်မူ ပါသနည်း။

၇ အကျွန်ုပ် ကိုမြင်ကြသူ တိုင်း က ပြက်ရယ်ပြုကြပါ ၏။ သူတို့ သည် မဲ့ရွဲ့ကာခေါင်းကိုယမ်း လျက် ၊ ၈ ဤသူ သည် ထာဝရ ဘုရားသခင် ကို ခိုလှုံကိုးစား သော သူ ဖြစ် ၏။ သူ ၏ ဘုရား သည် သူ့ ကို ကယ်တင်ပါစေ၊ သူ့ ကို ရွေးနုတ်ပါစေ၊ အကြောင်း မူကား သူ ၏ ဘုရား သည် သူ့ ကို နှစ်သက်မြတ်နိုး ၏ ဟုဆိုကြပါ ၏။

၁၆ မှန်ပါ ၏။ ခွေး များ သည် အကျွန်ုပ် ၏ ပတ်လည် တွင် ရှိနေကြပါ ၏။ မကောင်းမှုကို ကျူးလွန် သော သူ တစု သည် လည်း အကျွန်ုပ် ကိုဝန်းရံထားပါ ၏။ သူတို့ သည် အကျွန်ုပ် ၏ လက် များ နှင့် ခြေ များ ကိုထိုးဖောက်ကြလေပြီ။ ၁၇ အကျွန်ုပ် သည် အကျွန်ုပ် တို့ ၏ အရိုးရှိသမျှ တို့ ကို ရေတွက်နိုင်ပါပြီ။ သူတို့ သည် အကျွန်ုပ် ကိုစိုက်ကြည့် ၍ အားရဝမ်းသာဖြစ်နေကြပါပြီ။

၁၈ သူတို့ သည် အကျွန်ုပ် ၏ အဝတ် များ ကိုအချင်းချင်းခွဲဝေယူကြ လျက် အကျွန်ုပ် ၏ ဝတ်ရုံကို မဲချယူကြလေပြီ။ ၁၉ သို့ သော် အို ထာဝရ ဘုရားသခင် ၊ အကျွန်ုပ် ထံမှ ဝေးလံစွာနေ တော်မမူ ပါ နှင့်။ အကျွန်ုပ် ၏ ခွန်အား ဖြစ် တော်မူ သော ကိုယ်တော် ဘုရား၊ အကျွန်ုပ် ကိုကူညီစောင်မ ရန် အလျင်အမြန်ကြွလာ တော်မူ ပါ။

၂၂ ကိုယ်တော် ၏ နာမတော် အကြောင်း ကို အကျွန်ုပ် ၏ ညီအစ်ကို မောင်နှမတို့အား အကျွန်ုပ် ပြောကြားပါမည်။ လူတို့ ၏ အစည်းအဝေး ၌ အကျွန်ုပ် သည် ကိုယ်တော့်ကို ချီးမွမ်း ထောမနာပြုပါမည်။ ၂၃ ထာဝရ ဘုရားသခင် ကို ကြောက်ရွံ့ သော သူ တို့၊ ကိုယ်တော့်ကို ချီးမွမ်း ထောမနာပြု ကြလော့။ ယာကုပ် ၏ သားမြေးတို့၊ ကိုယ်တော် အားဂုဏ်ပြု ချီးမွမ်း ကြလော့။ အစ္စရာအဲလ်လူမျိုး အပေါင်းတို့ ၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေ ကြလော့။

ဒုတိယကျမ်း

ဖိလိပိ၂း ၆-၁၁

၆ ကိုယ်တော် သည် ဘုရား အဖြစ် တော် ၌ ရှိ သော်လည်း ဘုရားသခင် နှင့် တန်းတူညီတူ အဖြစ် ကိုရယူအပ် သည် ဟု ထင်မှတ် ခြင်း မရှိ ဘဲ ၊

၇ မိမိ ၌ ရှိသမျှကိုစွန့်လွှတ်ပြီး လျှင် အစေခံဘဝကို ယူ ၍ လူတို့ ၏ ပုံသဏ္ဌန် အ တိုင်း မွေးဖွား ခြင်း ကိုခံ တော်မူ ၏။

၈ ကိုယ်တော် သည် လူ့ အဖြစ် ကိုယူပြီး လျှင် သာမညသေ ခြင်း မျိုး မဟုတ် ဘဲ လက်ဝါးကပ်တိုင်ပေါ် တွင် အသေခံ တော်မူ သည့် တိုင်အောင် နာခံ လျက် မိမိကိုယ်ကိုနှိမ့်ချ တော်မူ ၏။

၉ ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် အားထူးကဲစွာ ချီးမြှောက် ၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ်သောဘွဲ့နာမတော်ကို အပ်နှင်း တော်မူ ၏။

၁၀ ဤ သို့ ဖြင့် ကောင်းကင် ၊ မြေကြီး နှင့် မြေကြီးအောက် ၌ ရှိ ကြသော သတ္တဝါ အပေါင်းတို့ သည် ယေဇူး ၏ နာမတော် ၌ ရိုသေပျပ်ဝပ်ကြ လျက် ၊

၁၁ ယေဇူး ခရစ်တော် သည် အရှင်သခင်ဖြစ် တော်မူ သည် ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသ ဖြင့် အဖ ဘုရားသခင် ၏ ဘုန်းဂုဏ်တော်ကို ထင်ရှား စေကြ လိမ့်မည်။

ကြွေးကြော်သံ

၈ ကိုယ်တော် သည် လူ့ အဖြစ် ကိုယူပြီး လျှင် သာမညသေ ခြင်း မျိုး မဟုတ် ဘဲ လက်ဝါးကပ်တိုင်ပေါ် တွင် အသေခံ တော်မူ သည့် တိုင်အောင် နာခံ လျက် မိမိကိုယ်ကိုနှိမ့်ချ တော်မူ ၏။ ၉ ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် အားထူးကဲစွာ ချီးမြှောက် ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမတော်ကို အပ်နှင်း တော်မူ ၏။

ဧဝံဂေလိကျမ်း

မာတေဦး ၂၇း ၁၁-၅၄

၁၁ ယေဇူး သည် ဘုရင်ခံ ၏ ရှေ့မှောက် ၌ ရပ်နေ တော်မူ သော အခါ ဘုရင်ခံက သင် သည် ဂျူးလူမျိုးတို့ ၏ ဘုရင်ဖြစ်သလောဟုမေး လျှင် ယေဇူး ကသင်ဆိုလေပြီဟု သူ့အား မိန့် တော်မူ ၏။

၁၂ သို့ သော်ရဟန်းအကြီးအကဲတို့ နှင့် သက်ကြီးဝါကြီးတို့ သည် ကိုယ်တော် အား စွပ်စွဲပြောဆိုကြ သော အခါ ကိုယ်တော် သည် မည် သို့ မျှပြန်ဖြေ တော်မမူ ။

၁၃ ထိုအခါပီလာတုမင်းက သင့်အပေါ်စွပ်စွဲ ထား သော ထွက်ဆိုချက် များ မည်မျှ များ ပြား သည် ကို သင်မကြားသလောဟုမေးလေ ၏။

၁၄ သို့ သော် ကိုယ်တော် သည် စွပ်စွဲချက် တစ်ခု ကိုမျှ ပြန်လည် ဖြေကြား ခြင်း မပြု သောကြောင့် ဘုရင်ခံ သည် အလွန်အံ့ဩလေ ၏။

၁၅ ဘုရင်ခံ သည် ပွဲတော်အချိန်အခါ တွင် လူအ များ တောင်းဆို သည့် အကျဉ်းသား တစ်ဦး ကို လွှတ်မြဲထုံးစံရှိ ၏။

၁၆ ထိုအချိန် တွင် ဆိုးသွမ်း ခြင်း ၌ ကျော်ကြားသောဘာရဘဟု အမည် တွင် သည့် အကျဉ်းသား တစ်ယောက် ရှိ ၏။

၁၇ လူအ များ စုရုံးလာကြ သော အခါ ပီလာတုမင်းက သင်တို့အဖို့ မည် သူ့ ကို ငါလွှတ်ပေး ရန် သင်တို့အလိုရှိကြသနည်း။ ဘာရဘကိုလော၊ ခရစ်တော် ဟု ခေါ် သော ယေဇူး ကိုလောဟု သူတို့အား မေးလေ ၏။

၁၈ အကြောင်း မူကား သူတို့ သည် မနာလိုသောစိတ် ဖြင့် ကိုယ်တော့်ကိုအပ်နှံခဲ့ကြကြောင်းသူသိ ၏။

၁၉ ထို့ပြင် သူ သည် တရားပလ္လင် တွင် ထိုင်နေစဉ် သူ ၏ ဇနီးကသတင်းပို့ သည် မှာ ထို ဖြောင့်မတ် သော သူ ၏ အမှု ၌ မည် သို့ မျှမပတ်သက်ပါ နှင့်။ အဘယ်ကြောင့် ဆိုသော် ယနေ့ကျွန်မ သည် ထိုသူကြောင့်အိပ်မက် တွင် စိတ်ဒုက္ခ များ စွာ ခံစား ခဲ့ရပြီဟု မှာကြားထားလေ ၏။

၂၀ ရဟန်းအကြီးအကဲတို့ နှင့် သက်ကြီးဝါကြီးတို့ကမူ ဘာရဘကိုလွှတ် ၍ ယေဇူး ကိုသတ်စေမည့် အကြောင်း တောင်းဆို ရန် လူအစုအဝေးကို သွေးဆောင်စည်းရုံးကြ ၏။

၂၁ ဘုရင်ခံကသူတို့အား ဤသူနှစ်ယောက်တို့ တွင် မည် သူ့ ကို သင်တို့အဖို့ လွှတ်စေလိုကြသနည်းဟုမေး သော အခါ သူတို့ကဘာရဘဟုဆိုကြ ၏။

၂၂ ပီလာတုမင်း က လည်း သို့ ဖြစ် လျှင် ခရစ်တော် ဟု ခေါ် သော ယေဇူး ကို ငါမည် သို့ ပြုရမည်နည်းဟု သူတို့အား မေးသော် သူတို့ အားလုံး က သူ့ ကို လက်ဝါးကပ်တိုင်တင် ၍ သတ်ပါဟုဆိုကြ ၏။

၂၃ ထိုအခါ ဘုရင်ခံက အဘယ်ကြောင့် နည်း၊ သူ သည် မည် သည့် မကောင်းမှုကို ပြုခဲ့မိသနည်းဟုမေးလေ ၏။ သို့ သော်သူတို့က သူ့ ကို လက်ဝါးကပ်တိုင်တင် ၍ သတ်ပါဟု ပိုမိုကျယ်လောင်စွာအော်ဟစ်ကြ ၏။

၂၄ ပီလာတုမင်း သည် ကား မိမိ ၏ စကား အကျိုး သက်ရောက်မှု မရှိ သည် သာမက စတင် ၍ ရုန်းရင်းဆန်ခတ်ဖြစ်လာ သည် ကိုပင်မြင် သော အခါ ရေကိုယူ ၍ လူအ များ ရှေ့ တွင် မိမိ ၏ လက် များ ကိုဆေး လျက် ဤ ဖြောင့်မတ် သော သူ ၏ သွေး နှင့် ငါကင်းရှင်း ၏။ သင်တို့ ၏ အမှုကိစ္စကို သင်တို့သာ လျှင် လုပ်ဆောင် ကြလော့ဟုဆို ၏။

၂၅ လူ အပေါင်းတို့ က လည်း သူ ၏ သွေး သည် ငါတို့ နှင့် ငါတို့ ၏ သားသမီး များ အပေါ်ကျရောက်ပါစေဟု ပြန်ပြောကြ ၏။

၂၆ ထို့နောက် သူ သည် သူတို့ အတွက် ဘာရဘကိုလွှတ် ၍ ယေဇူး ကိုမူကား ကြိမ် နှင့် ရိုက်စေပြီးမှ လက်ဝါးကပ်တိုင်တင်စေ ခြင်း ငှာ အပ်လိုက်လေ ၏။

၂၇ ထိုအခါ ဘုရင်ခံ ၏ စစ်သူရဲ များ သည် ယေဇူး ကို ဘုရင်ခံ ၏ အိမ်တော်အ တွင်း သို့ ခေါ် ဆောင် သွားကြ လျက် စစ်သူရဲတစ်တပ်လုံး ကိုလည်း အထံတော် ၌ စုရုံးစေကြ ၏။

၂၈ ထို့နောက် သူတို့ သည် ကိုယ်တော် ၏ အဝတ် များ ကိုချွတ် ၍ ကိုယ်တော့်အပေါ် ၌ နီသောဝတ်ရုံကိုခြုံပေးကြ ၏။

၂၉ သူတို့ သည် ဆူးခက် နှင့် ခွေ ထား သော ဦးရစ် ကိုလည်း ပြုလုပ်ကြ ၍ ၎င်းကို ကိုယ်တော် ၏ ဦးခေါင်းတော်ပေါ် ၌ တင်ကြကာ ကျူရိုးတစ်ချောင်း ကိုလည်း ကိုယ်တော် ၏ လက်ယာလက်တော် ၌ ကိုင်စေပြီး လျှင် ရှေ့တော် ၌ ဒူးထောက်ကြ လျက် ဂျူးလူမျိုးတို့ ၏ ဘုရင်အား မင်္ဂလာရှိစေသတည်းဟု ပြက်ရယ်ပြုကြ ၏။

၃၀ ထို့နောက် သူတို့ သည် ကိုယ်တော့်ကို တံတွေး နှင့် ထွေးကြ ၍ ကျူရိုးကိုယူပြီး လျှင် ဦးခေါင်းတော်ကိုရိုက်ကြ ၏။

၃၁ သူတို့ သည် ကိုယ်တော့်ကို ထို သို့ ပြက်ရယ်ပြုကြပြီးနောက် နီသောဝတ်ရုံကိုချွတ် ၍ ကိုယ်တော် ၏ အဝတ် များ ကိုပြန်ဝတ်စေပြီး လျှင် ကိုယ်တော့်ကိုလက်ဝါးကပ်တိုင်တင် ခြင်း ငှာ ခေါ် ဆောင် သွားကြ ၏။

၃၂ သူတို့ သည် ရုံးတော်မှထွက်ခွာလာကြစဉ် စီမွန် အမည် ရှိသော ဆီရီနေမြို့သား တစ်ဦး ကို တွေ့ကြ သော အခါ ထို သူ့ ကို အနိုင်အထက်ပြု ၍ ကိုယ်တော် ၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ ၏။

၃၃ ထို့နောက် ဦးခေါင်းခွံအရပ်ဟု အဓိပ္ပာယ်ရသော ဂေါလ်ဂေါသအရပ် သို့ ရောက်ကြ သော အခါ ၊

၃၄ သူတို့ သည် ကိုယ်တော် အား သည်းခြေ နှင့် ရောသော စပျစ်ရည်ကိုသောက် ရန် ပေးကြ ၏။ သို့ သော် ကိုယ်တော် သည် ၎င်းကိုမြည်းကြည့်ပြီး လျှင် မသောက် ဘဲ နေ တော်မူ ၏။

၃၅ သူတို့ သည် လည်း ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ပြီး သော အခါ ကိုယ်တော် ၏ အဝတ် များ ကို မိမိ တို့ အချင်းချင်းမဲချ ၍ ခွဲဝေယူကြ ၏။

၃၆ ထို့နောက် သူတို့ သည် ထိုင် ၍ ကိုယ်တော့်ကိုထိုအရပ်မှစောင့်ကြည့်နေကြလေ ၏။

၃၇ ကိုယ်တော် ၏ ဦးခေါင်းတော်ပေါ် ၌ လည်း ဤသူ သည် ကား ဂျူးလူမျိုးတို့ ၏ ဘုရင်၊ ယေဇူး ဖြစ်သတည်း ဟူသော ကိုယ်တော့်အပေါ်စွဲချက်တင်ထား သည့် စာတမ်းကိုတပ်ထားကြ ၏။

၃၈ ထိုအချိန် ၌ ဓားပြနှစ်ယောက်တို့ သည် ကိုယ်တော် နှင့် အတူ လက်ယာဘက် ၌ တစ်ယောက် ၊ လက်ဝဲဘက် ၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ထား ခြင်း ခံကြရ ၏ ၊ ။

၃၉ လမ်းသွားလမ်းလာတို့ သည် လည်း မိမိ တို့ ဦးခေါင်း များ ကိုယမ်းကြ လျက် လှောင်ပြောင်ကာ၊

၄၀ ဗိမာန်တော်ကိုဖြိုဖျက် ၍ သုံးရက်အ တွင်းတည်ဆောက် မည့်သူ ၊ သင့်ကိုယ်သင်ကယ်တင်ပါလော့။ သင် သည် ဘုရားသခင် ၏ သားတော် ဖြစ် လျှင် လက်ဝါးကပ်တိုင်မှဆင်းပါလော့ဟုဆိုကြ ၏။

၄၁ ထိုနည်းတူပင် ရဟန်းအကြီးအကဲတို့ သည် လည်း ကျမ်းတတ်ဆရာ များ ၊ သက်ကြီးဝါကြီး များ နှင့် အတူ ကိုယ်တော် အားလှောင်ပြောင် လျက် ၊

၄၂ ဤသူ သည် တခြား သော သူ တို့ ကို ကယ်တင်ခဲ့ ၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူ သည် အစ္စရာအဲလ်လူမျိုး ၏ ဘုရင်ဖြစ် လျှင် လက်ဝါးကပ်တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့ သည် သူ့ ကို ယုံကြည်ပါတော့မည်။

၄၃ သူ သည် ဘုရားသခင် ကိုယုံကြည်အားထား သော သူ ဖြစ် ၏။ ဘုရားသခင် သည် သူ့ ကို အလိုရှိ တော်မူ လျှင် ယခုပင် သူ့ ကို ကယ်တင် တော်မူ ပါစေ။ အကြောင်း မူကား သူက ငါ သည် ဘုရားသခင် ၏ သားတော် ဖြစ် ၏ ဟု ဆိုခဲ့ သည် ဟူ ၍ ပြောဆိုကြလေ ၏။

၄၄ ကိုယ်တော် နှင့် အတူ လက်ဝါးကပ်တိုင်တင်ခံကြရသော ဓားပြတို့ သည် လည်း ကိုယ်တော့်ကို ထိုနည်းတူ ပုတ်ခတ်ပြောဆိုကြ ၏။

၄၅ မွန်းတည့်အချိန်မှစ ၍ မွန်းလွဲသုံးနာရီအချိန် တိုင်အောင် မြေတစ်ပြင်လုံးမှောင်မိုက်အတိကျရောက်လေ ၏။

၄၆ သုံးနာရီအချိန်ခန့် တွင် ယေဇူး သည် ကျယ်လောင်သောအသံ နှင့် ဧလိ၊ ဧလိ၊ လာမားဆဘတ္တာနီဟု ဟစ်အော် တော်မူ ၏။ အဓိပ္ပာယ်ကား အကျွန်ုပ် ၏ ဘုရား၊ အကျွန်ုပ် ၏ ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ် ကိုစွန့်ပစ်ထား တော်မူ ပါသနည်းဟု ဆိုလိုသတည်း။

၄၇ ထိုနေရာ ၌ ရပ်နေ သော သူ အချို့တို့ သည် ထိုစကားကိုကြားကြ လျှင် ဤသူ သည် ဧလိယကို ခေါ် နေ သည် ဟု ဆိုကြ ၏။

၄၈ ထိုသူတို့ တွင် တစ်ယောက် သည် ချက်ချင်းပြေးကာ ရေမြှုပ် တစ်ခု ကိုယူ ၍ ပုန်းရည် ဖြင့် ပြည့်စေပြီး လျှင် ၎င်းကို ကျူရိုး တွင် တပ် လျက် ကိုယ်တော် အား သောက်စေ ခြင်း ငှာ ပေးလေ ၏။

၄၉ သို့ သော် အခြား သော သူ တို့က ခေတ္တစောင့်ပါဦး၊ သူ့အား ကယ်တင် ရန် ဧလိယလာ၊ မလာကိုကြည့်ကြစို့ဟု ဆိုကြ ၏။

၅၀ ယေဇူး မူကား ကျယ်သောအသံ ဖြင့် တစ်ဖန်ဟစ်အော် တော်မူ ၍ အသက်တော်ကိုစွန့်လိုက် တော်မူ ၏။

၅၁ ထိုအချိန် တွင် ဗိမာန်တော် ၏ ကန့်လာကာ သည် အထက်စွန်းမှ အောက်စွန်း တိုင်အောင် စုတ် ၍ နှစ်ခြမ်းကွဲသွားလေ ၏။ မြေငလျင်ကြီးစွာလှုပ် ၍ ကျောက်ဆောင် များ လည်း ကွဲအက်လေ ၏။

၅၂ သင်္ချိုင်းဂူ များ သည် လည်း ပွင့်သ ဖြင့် သေလွန်ပြီး သော သူ တော်ကောင်းတို့ ၏ ခန္ဓာကိုယ် များ သည် ပြန်ရှင်ကြ ၏။

၅၃ ထိုသူတို့ သည် ကိုယ်တော် ရှင်ပြန်ထမြောက် တော်မူ ပြီး သည့် နောက် တွင် သင်္ချိုင်းဂူ များ မှထွက်လာကြ ၍ သန့်ရှင်း သောမြို့ တွင်း သို့ ဝင်ရောက်ကြကာ လူ များ စွာတို့အား ထင်ရှား ပြကြလေ ၏။

၅၄ ယေဇူး ကို စောင့်ကြည့် လျက် ရှိ ကြသော လူတစ်ရာတပ်မှူး နှင့် သူ နှင့် အတူရှိ သော သူ တို့ သည် ငလျင်လှုပ် ခြင်း နှင့် ဖြစ်ပျက်သမျှအ ခြင်း အရာ တို့ ကို တွေ့မြင်ကြရ သော အခါ လွန်စွာ ထိတ်လန့်အံ့ဩကြ ၍ ဤသူ သည် ဘုရားသခင် ၏ သားတော် ဧကန်အမှန်ဖြစ်ပေ သည် ဟု ဆိုကြ ၏။

scriptures