Pathein Catholic Diocese Untitled Document
Untitled Document
၂၈ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

2Kings 5:14-17

Naaman went down and plunged into the Jordan seven times at the word of Elisha, the man of God. His flesh became again like the flesh of a little child, and he was clean of his leprosy. Naaman returned with his whole retinue to the man of God. On his arrival he stood before Elisha and said, Now I know that there is no God in all the earth, except in Israel. Please accept a gift from your servant."

Elisha replied, "As the LORD lives whom I serve, I will not take it;" and despite Naaman's urging, he still refused. Naaman said: "If you will not accept, please let me, your servant, have two mule-loads of earth, for I will no longer offer holocaust or sacrifice to any other god except to the LORD."

ဆာလံကျမ်း

အလိုက်- ထာဝရ ဘုရားသခင် သည် မိမိ ၏ ကယ်တင် တော်မူ ခြင်း ကို ထင်ရှား စေ ၍ မိမိ ၏ ဖြောင့်မတ် မှန်ကန် ခြင်း ကို လူမျိုးတကာတို့အား ဖော်ပြ တော်မူ ၏။

၁ ထာဝရ ဘုရားသခင် အား သီချင်းသစ်ကို သီဆို ကြလော့။ အကြောင်း မူကား ကိုယ်တော် သည် အံ့ဖွယ်အမှု များ ကို လုပ်ဆောင် တော်မူ ပြီ။ ကိုယ်တော် ၏ လက်ယာလက်တော် နှင့် သန့်ရှင်း သောလက်ရုံးတော် သည် ကိုယ်တော့် အတွက် အောင်ပွဲကို ရစေ တော်မူ ၏။

၂ ထာဝရ ဘုရားသခင် သည် မိမိ ၏ ကယ်တင် တော်မူ ခြင်း ကို ထင်ရှား စေ ၍ မိမိ ၏ ဖြောင့်မတ် မှန်ကန် ခြင်း ကို လူမျိုးတကာတို့အား ဖော်ပြ တော်မူ ၏။

၃ ကိုယ်တော် သည် အစ္စရာအဲလ်အမျိုးသားတို့အပေါ် ၌ မိမိ ၏ မေတ္တာတော် နှင့် သစ္စာတော် တို့ ကို အောက်မေ့ တော်မူ ၏။ မြေကြီးစွန်း အပေါင်းတို့ သည် လည်း ငါတို့ ဘုရားသခင် ၏ ကယ်တင် တော်မူ ခြင်း ကို မြင်ကြရလေပြီ။

၄ မြေကြီးသား အပေါင်းတို့ ၊ ထာဝရ ဘုရားသခင် ထံတော် သို့ ရွှင်လန်းစွာဟစ်အော် ကြလော့။ ကျယ်လောင်စွာအော်ဟစ် ၍ ဝမ်းမြောက် ဖွယ်သီချင်းကို တစ်ခဲနက်သီဆို ကြလော့။

ဒုတိယကျမ်း

ဒုတီမောသီ ၂း ၈-၁၃

၈ ငါဟောပြောသောဧဝံဂေလိတရားတော် ၌ ဆိုထားသကဲ့ သို့ သေ ခြင်း မှ ရှင်ပြန်ထမြောက်သော ယေဇူး ခရစ်တော် သည် ဒါဝိဒ် မင်းကြီး ထံမှ ဆင်းသက်လာ တော်မူ ခဲ့ကြောင်းကို သတိရပါလော့။

၉ ငါ သည် ဤဧဝံဂေလိတရားတော် အတွက် ကြောင့် ရာဇဝတ်သားကဲ့ သို့ ဒုက္ခဝေဒနာ ခံစား ရ ၍ သံကြိုး ဖြင့် ချည်နှောင် ခြင်း ခံရ ၏။ သို့ ရာ တွင် ဘုရားသခင် ၏ နှုတ်တော်ထွက်စကား သည် ချည်နှောင် ခြင်း မခံရပေ။

၁၀ ထို့ကြောင့် ငါ သည် ရွေးကောက် ခြင်း ခံရ သော သူ တို့ အတွက် အရာရာကို တည်ကြည်စွာခံထမ်း ခြင်း ဖြစ် ၏။ ဤ သို့ ဖြင့် ထိုသူတို့ သည် ခရစ်တော် ယေဇူး ၌ တည်ရှိသော ကယ်တင် ခြင်း ကျေးဇူး တော်ကို ထာဝရ ဘုန်းဂုဏ်တော် နှင့် အတူ ခံစား ကြရပေ လိမ့်မည်။

၁၁ ဤ သည် ကား သေချာမှန်ကန်သောစကားဖြစ် ၏။ ငါတို့ သည် ကိုယ်တော် နှင့် အတူ သေခဲ့ကြ လျှင် ကိုယ်တော် နှင့် အတူအသက်ရှင်ကြ လိမ့်မည်။

၁၂ ငါတို့ သည် တည်ကြည်စွာခံထမ်း လျှင် ကိုယ်တော် နှင့် အတူ စိုးစံကြ လိမ့်မည်။ ငါတို့ သည် ကိုယ်တော့်ကို စွန့်ပယ်ကြ လျှင် ကိုယ်တော် သည် လည်း ငါ တို့ ကို စွန့်ပယ် တော်မူ လိမ့်မည်။

၁၃ ငါတို့ သည် သစ္စာမရှိ သော်လည်း ကိုယ်တော် သည် သစ္စာတည် တော်မူ ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော် သည် မိမိကိုယ်ကို မငြင်းပယ်နိုင် သောကြောင့် ဖြစ် ၏။

အာလေလုယာ

၁၈ အခြေအနေအမျိုးမျိုး ၌ ကျေးဇူး တော်ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား ဘုရားသခင် သည် ခရစ်တော် ယေဇူး ၌ ရှိသောသင်တို့အား ဤ သို့ ပြုလုပ်စေ ခြင်း ငှာ အလိုရှိ တော်မူ ၏။

အာလေလုယာ

ဧဝံဂေလိကျမ်းစာ

လုကာ ၁၇း ၁၁-၁၉

၁၁ ကိုယ်တော် သည် ဂျေရုဆလင်မြို့ သို့ ကြွသွား တော်မူ စဉ် ဆမာရိယ နှင့် ဂါလေလေးယနယ်စပ်တစ်လျှောက်ကိုဖြတ်သွား တော်မူ ၏။

၁၂ ရွာတစ်ရွာ သို့ ကိုယ်တော် ဝင် တော်မူ သော အခါ အနာကြီးရောဂါ သည် ဆယ်ဦး နှင့် တွေ့ဆုံ ၍ သူတို့ သည် အဝေး တွင် ရပ်နေကြ လျက် ၊

၁၃ ဆရာသခင် ယေဇူး ၊ အကျွန်ုပ် တို့ ကို သနား တော်မူ ပါဟု ကျယ်လောင်သောအသံ ဖြင့် တောင်းလျှောက် ကြ ၏။

၁၄ ကိုယ်တော် သည် သူ တို့ ကို မြင် တော်မူ သော အခါ သင်တို့သွားကြ ၍ သင် တို့ ကို ယ်ကို ရဟန်းတို့အား ပြ ကြလော့ဟု သူတို့အား မိန့် တော်မူ ၏။ သူတို့ သည် လည်း ရဟန်းထံ သို့ သွားကြစဉ်စင်ကြယ် ခြင်း သို့ ရောက်ကြလေ ၏။

၁၅ ထိုသူတို့ တွင် တစ်ယောက် သည် မိမိပျောက်ကင်းချမ်းသာရကြောင်းကိုမြင် သော အခါ ဘုရားသခင် ၏ ဘုန်းဂုဏ်တော်ကို ကျယ်လောင်စွာအော်ဟစ် ချီးမွမ်း လျက် ပြန်လှည့်လာ ၏။

၁၆ ထို့နောက်သူ သည် ယေဇူး ၏ ခြေတော်ရင်း ၌ ပျပ်ဝပ် လျက် ကိုယ်တော် အား ကျေးဇူး တင်လေ ၏။ ဤသူ သည် ကား ဆမာရိယလူမျိုးဖြစ် ၏။

၁၇ ယေဇူး က လည်း ဆယ်ယောက် သော သူ တို့ သည် ပျောက်ကင်းစင်ကြယ် ခြင်း သို့ ရောက်ကြ သည် မဟုတ် လော။ ကျန်သောကိုးယောက်တို့ သည် အဘယ်မှာရှိကြသနည်း။

၁၈ ဘုရားသခင် ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်း ရန် ဤလူမျိုးခြား တစ်ဦး မှတစ်ပါး ပြန်လာသူ တစ်ယောက် မျှမရှိသလောဟု မိန့် တော်မူ ၏။

၁၉ ထို့နောက် ကိုယ်တော် က ထိုသူအား သင်ထ ၍ သွားလော့။ သင် ၏ ယုံကြည် ခြင်း သည် သင့်ကိုကယ်တင်လေပြီဟု မိန့် တော်မူ ၏။

scriptures