Pathein Catholic Diocese Untitled Document
Untitled Document
၂၅ ကြိမ်မြောက်သာမန်တနင်္ဂေနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

အာမုတ် ၈း ၆-၇

ငါတို့သည် စပါးကိုရောင်းအံ့သောငှါ လဆန်းနေ့လွန်ပါစေ။ ဂျုံကိုရောင်း အံ့ငှါ ဥပုသ်နေ့လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါ၎င်းလုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်င်းဝယ်၍၊ ညံ့သော ဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကိုဖြတ်ခြင်းငှါ အလွန်အလို့ကြီးသောသူတို့၊ ဤစကားကိုနား ထောင်ကြလော့။  ထာဝရဘုရားသည် ယာကုပ်၏ ဘုန်းကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့် ကြံပြုမူသမျှတို့ကို ငါသည်အစဉ်မပြတ်မမေ့လျော့။

ဆာလံကျမ်း

၁၁၃း ၁-၂, ၄-၆, ၇-၈

အလိုက်။  ထာဝရ ဘုရားသခင် အား ချီးမွမ်း ထောမနာပြု ကြလော့။ ကိုယ်တော် သည် ဆင်းရဲသား တို့ ကို မြေမှုန့်ထဲမှ ပင့်မြှောက် ၍ နွမ်းပါးသူ တို့ ကို ပြာပုံထဲမှဆွဲထုတ် တော်မူ ၏။

ထာဝရ ဘုရားသခင် အား ချီးမွမ်း ထောမနာပြု ကြလော့။ ထာဝရ ဘုရားသခင် ၏ အစေခံတို့၊ ချီးမွမ်း ထောမနာပြု ကြလော့။ ထာဝရ ဘုရားသခင် ၏ နာမတော်ကို ချီးမွမ်း ထောမနာပြု ကြလော့။

၂။ ထာဝရ ဘုရားသခင် ၏ နာမတော် သည် ယခုမှစ ၍ ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော်။

ထာဝရ ဘုရားသခင် သည် လူမျိုး အပေါင်းတို့ ထက် မြင့်မြတ် တော်မူ ၏။ ကိုယ်တော် ၏ ဘုန်းဂုဏ်တော် သည် မိုး ကောင်းကင် အထက် ၌ ရှိ တော်မူ ၏။

ငါတို့ ၏ အရှင် ထာဝရ ဘုရားသခင် နှင့် မည်သူတူနိုင်ပါမည်နည်း။ ကိုယ်တော် သည် အမြင့်ဆုံးအရပ် ၌ စံနေ တော်မူ ၏။

မည်သူ သည် ကောင်းကင် နှင့် မြေကြီးကို ငုံ့ ၍ ကြည့်ပါသနည်း။

ဒုတိယကျမ်း

၁ တီမောသီ ၂း ၁-၈

၁။ သင်တို့ သည် ဘုရားသခင် ထံ အသနားခံ ခြင်း ၊ ဆုတောင်း ခြင်း ၊ ကြားဝင် တောင်းလျှောက် ပေး ခြင်း ၊ ကျေးဇူး တင် ခြင်း တို့ ကို လူ အားလုံး တို့ အတွက် ပြုလုပ်ပေးကြ ရန် ပထမဦး စွာ ငါတိုက်တွန်းနှိုးဆော်ပါ ၏။

၂ ငါတို့ သည် တည်ငြိမ် ၍ ငြိမ်းချမ်းသာယာသောအသက်တာကို လျှောက်လှမ်း လျက် ဘုရားတရားကြည်ညိုပြီး သင့်တင့်လျောက်ပတ်စွာ အသက်ရှင်နိုင်ကြစေ ခြင်း ငှာ ဘုရင် များ နှင့် ကြီးမြတ်သောနေရာကိုယူထားကြ သော သူ တို့ အတွက် ဆုတောင်းပေး ကြလော့။

၃ ဤအမှု သည် ကောင်းမြတ် ၍ ငါတို့ ၏ ကယ်တင်ရှင် ဘုရားသခင် ၏ ရှေ့တော်မှောက် တွင် လက်ခံဖွယ်ရာဖြစ် ၏။

၄ ကိုယ်တော် သည် လူ အပေါင်းတို့ အား ကယ်တင် ခြင်း ခံရစေ ရန် နှင့် သမ္မာတရားတော်ကို သိနားလည်လာကြစေ ရန် အလိုရှိ တော်မူ ၏။

၅ အကြောင်း မူကား ဘုရားတစ်ဆူတည်းရှိ တော်မူ ၍ ဘုရားသခင် နှင့် လူတို့ အကြား တွင် ကြားဝင်ဖျန်ဖြေပေးသူမှာလည်း တစ်ဦး တည်းသာရှိ ၏။ ထိုသူကား လူစင်စစ်ဖြစ် တော်မူ သော ခရစ်တော် ယေဇူး ပင်ဖြစ် ၏။

၆ ကိုယ်တော် သည် လူ အားလုံး တို့ ကို ရွေးနုတ်ကယ်တင် ရန် အဖိုးအခ အဖြစ် မိမိကိုယ်ကို စွန့် တော်မူ ကြောင်းကို သင့်လျော်သောအချိန် ၌ သက်သေခံခဲ့လေပြီ။

၇ ဤအမှုတော် အတွက် ငါ သည် ဟောပြောသွန်သင်သူအရာ ၌ လည်းကောင်း ၊ တမန်တော်အရာ ၌ လည်းကောင်း ၊ ယုံကြည် ခြင်း နှင့် သမ္မာတရားတို့ နှင့် ပတ်သက် ၍ လူမျိုးခြား တို့ ကို သင်ကြားသောဆရာအရာ ၌ လည်းကောင်း ခန့်အပ်ထား ခြင်း ခံရလေပြီ။ ငါ သည် မုသားပြော ခြင်း မဟုတ် ၊ မှန်သောစကားကိုသာပြော ၏။

၈ သို့ ဖြစ် ၍ နေရာ တိုင်း တွင် ယောက်ျား တို့ သည် အမျက်ဒေါသထွက် ခြင်း နှင့် ခိုက် ရန် ဖြစ်ပွား ခြင်း တို့မရှိ ဘဲ သန့်ရှင်း သောလက် များ ကို ပင့်မြှောက် ၍ ဆုတောင်းကြ ရန် ငါအလိုရှိ ၏။

အာလေလုယာ

အကြောင်း မူကား ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ၏ ကျေးဇူး တော်ကို သင်တို့သိကြပြီးဖြစ် ၏။ ကိုယ်တော် သည် ပြည့်စုံကြွယ်ဝသူဖြစ် သော်လည်း မိမိ ၏ ဆင်းရဲချို့တဲ့ ခြင်း အား ဖြင့် သင်တို့ သည် ပြည် စုံကြွယ်ဝသူ များ ဖြစ်လာစေ ရန် သင်တို့ အတွက် ဆင်းရဲ ခြင်း ကို ခံယူ တော်မူ ခဲ့ ၏။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၆း ၁-၁၃

၁၆၁ တစ်ဖန် ကိုယ်တော် သည် တပည့်တော်တို့အား မိန့် တော်မူ သည် မှာ တစ်ခါက သူဌေး တစ်ဦး တွင် ဘဏ္ဍာစိုး တစ်ယောက် ရှိ ၍ ထိုဘဏ္ဍာစိုး သည် သူဌေး ၏ ဥစ္စာပစ္စည်း တို့ ကို ဖြုန်းတီး သည့် အကြောင်း စွပ်စွဲတိုင်ကြားချက် များ သူ့ထံရောက်လာလေ ၏။

၂ ထိုအခါ သူ သည် ဘဏ္ဍာစိုးကို ခေါ် ၍ သင် ၏ အကြောင်း ကိုငါကြားရ သည် မှာ မည် သို့ နည်း။ သင် ၏ အလုပ် နှင့် သက်ဆိုင်သောငွေစာရင်းကိုပေးလော့။ အကြောင်း မူကား ယခုမှစ ၍ သင် သည် ဘဏ္ဍာစိုးမလုပ်ရဟုဆို ၏။

၃ ထိုအခါ ဘဏ္ဍာစိုးက ငါ့သခင် သည် ငါ့ကိုဘဏ္ဍာစိုးအရာမှ ဖယ်ရှားလေပြီ။ ငါမည်ကဲ့ သို့ ပြုရမည်နည်း။ မြေတူး ခြင်း ငှာ ငါမတတ်နိုင်။ တောင်းစား ရန် လည်းငါရှက် ၏။

၄ ငါ သည် ဘဏ္ဍာစိုးအရာမှဖယ်ရှားခံရပြီးနောက် လူတို့ သည် သူတို့ ၏ အိမ် များ တွင် ငါ့ကိုလက်ခံကြစေ ရန် မည် သို့ ပြုရမည်ကိုငါသိ ၏ ဟု မိမိစိတ်ထဲ ၌ ဆိုလေ ၏။

၅ ထို့ကြောင့် သူ သည် မိမိ ၏ သခင်အပေါ်အကြွေးတင်နေ သော သူ များ ကို တစ်ဦး စီ ခေါ် ၍ ပထမ တစ်ဦး အားသင် သည် ငါ့သခင်ကို မည်မျှပေးဆပ်ရမည်နည်းဟုဆို လျှင် ၊

၆ ထိုသူက ဆီအချိန်တစ်ရာရှိပါ သည် ဟုဆိုလေ ၏။ ဘဏ္ဍာစိုး က လည်း သင် ၏ စာရင်းကိုယူ ၍ အလျင်အမြန်ထိုင်ပြီး လျှင် ငါးဆယ်ဟူ ၍ ရေးမှတ်လော့ဟုဆို ၏။

၇ ထို့နောက်သူ သည် အခြားသူ တစ်ယောက် အား သင် သည် မည်မျှပေးဆပ်ရမည်နည်းဟု မေး လျှင် ထိုသူက ဂျုံစပါးတင်းတစ်ရာရှိပါ သည် ဟုဆို ၏။ ဘဏ္ဍာစိုး က လည်း သင် ၏ စာရင်းကိုယူ ၍ ရှစ်ဆယ်ဟူ ၍ ရေးမှတ်လော့ဟုဆို ၏။

၈ သူ ၏ သခင်ကား မရိုးသားသောထိုဘဏ္ဍာစိုး ၏ ဆင်ခြင်မြော်မြင်ဉာဏ်ကိုချီးကျူးလေ ၏။ အကြောင်း မူကား လောကီသားတို့ သည် လောကီအမှုကိစ္စ တို့ ကို ဆောင်ရွက်ကြရာ ၌ အလင်း ၏ သား များ ထက်ပို ၍ ကျွမ်းကျင်ပါးနပ်ကြ ၏။

၉ ငါ သည် လည်း သင်တို့အား ဆို သည် မှာ မတရားသောလောကီစည်းစိမ်အား ဖြင့် မိတ်ဆွေ များ ရအောင် ပြု ကြလော့။ သို့ မှသာ စည်းစိမ်ချမ်းသာတို့ကုန်ဆုံး သည့် အခါ ၌ ထိုမိတ်ဆွေတို့ သည် သင်တို့အား ထာဝရ တည်သောအိမ်တော် တွင် ကြိုဆိုလက်ခံကြ လိမ့်မည်။

၁၀ ငယ်သောအမှုကိစ္စ ၌ သစ္စာရှိ သော သူ သည် ကြီးသောအမှုကိစ္စ ၌ လည်း သစ္စာရှိ ၏။ ငယ်သောအမှုကိစ္စ ၌ မရိုးသား သော သူ သည် ကြီးသောအမှုကိစ္စ ၌ လည်း ရိုးသား ဖြောင့်မတ် လိမ့်မည် မဟုတ်။

၁၁ သို့ ဖြစ် ၍ သင်တို့ သည် မစင်ကြယ်သောဥစ္စာစည်းစိမ် ၌ သစ္စာမရှိကြ လျှင် မည်သူ သည် စစ်မှန်သောဥစ္စာစည်းစိမ်ကိုသင်တို့ ၌ အပ်နှံထားမည်နည်း။

၁၂ သင်တို့ သည် သူတစ်ပါး ၏ ဥစ္စာပစ္စည်းအပေါ် ၌ သစ္စာမရှိကြ လျှင် မည်သူ သည် သင်တို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းကို သင်တို့အား ပေးအပ်မည်နည်း။

၁၃ မည် သည့် အစေခံမျှ သင်ခင်နှစ်ပါး ၏ အစေကိုမခံနိုင်ပေ။ အကြောင်း မူကား သူ သည် တစ်ပါးကိုမုန်း ၍ တစ်ပါးကိုချစ် လိမ့်မည်။ တစ်ပါးကိုသစ္စာခံ ၍ တစ်ပါးကိုမထီမဲ့မြင်ပြု လိမ့်မည်။ သင်တို့ သည် ဘုရားသခင် နှင့် လောကီစည်းစိမ်နှစ်ဘက်စလုံးကို အစေမခံနိုင်ဟု မိန့် တော်မူ ၏။

scriptures