Pathein Catholic Diocese Untitled Document
Untitled Document
ဝါတွင်းကာလ တတိယ တနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ထွက်မြောက်ကျမ်း ၁၇း ၃-၇

လူများတို့သည် ရေငတ်၍ မောရှေကိုအပြစ်တင်မြည်တမ်းလျက်၊ ငါတိို့မှစ၍ သားသမီးတိရစာ္ဆန်တို့ကို အဝတ်ထား၍ သတ်ခြင်း အလို့ငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။ (Exo 17:3)

 ထိုအခါမောရှေ သည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။ (Exo 17:4)

 ထာဝရဘုရားကလည်း၊ လူများရှေ့သို့ သွား၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏ လှံတံကိုကိုင် လျက်၊ ဟောရပ်အရပ်သို့ သွားလော့။ (Exo 17:5)

 ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲကရေထွက်လိမ်မည် ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုးအသက်ကြီးသူတို့ရှေ့မှာ ထိုသို့ ပြုလေ၏။ (Exo 17:6)

 ဣသရေလအမျိုးသားတို့က၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလောမရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သော အကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။ (Exo 17:7)

ဆာလံကျမ်း

၉၅း၁-၂၊၆-၇၊၈-၉၊

အလိုက်- ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

လာကြ၊ ထာဝရ ဘုရားသခင် အား ရွှင်လန်းစွာသီဆိုကျူးအေးကြကုန်စို့။ ကယ်တင် ခြင်း ၏ ကျောက်ဆောင်ထံ သို့ ကျယ်လောင်စွာအော်ဟစ်ကြစို့။၂ ကျေးဇူး တော်ကို ချီးမွမ်း ကာ ကိုယ်တော် ၏ ရှေ့တော် သို့ ဝင်ရောက် လျက် ကိုယ်တော် အားတူရိယာသံ၊ တေးသီချင်းသံတို့ ဖြင့် ပျော်ရွှင်စွာချီးမြှောက်ကြကုန်စို့။

လာကြ၊ ဦးညွှတ် ၍ ရှိခိုး ကိုးကွယ် ကြကုန်စို့။ ငါတို့ ၏ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် ၏ ရှေ့တော်မှောက် ၌ ဒူးထောက်ကြကုန်စို့။ ၇ အကြောင်း မူကား ကိုယ်တော် သည် ငါတို့ ၏ ဘုရားသခင် ဖြစ် တော်မူ ၏။ ငါတို့ သည် လည်း ကိုယ်တော် ၏ စားကျက် တွင် ကျက်စား သော သူ များ နှင့် ကိုယ်တော် ၏ ထိန်းသိမ်း မှုအောက်ရှိ သိုးစုဖြစ်ကြ ၏။

၈ မေရိဘအရပ် တွင် လည်းကောင်း ၊ တောကန္တာရရှိမက်ဆာ ၌ လည်းကောင်း ကျင်လည်ခဲ့ချိန် ၌ ပြုမူခဲ့ သည့် အ တိုင်း သင်တို့ ၏ စိတ်နှလုံး များ ကို တင်းမာ ၍ မထားကြလေ နှင့်။ ၉ ထိုအရပ် ၌ သင်တို့ ၏ ဘိုးဘေးတို့ သည် ငါပြုလုပ် တော်မူ သောအမှု တို့ ကို မြင်ခဲ့ရပြီးဖြစ် သော်လည်း ငါ့ကို စုံစမ်းခဲ့ကြ ၏။

ဒုတိယကျမ်း

ရောမ ၅း ၁-၂၊၅-၈

ယေဇူး ခရစ်တော် ၏ အစေခံ တစ်ဦး ဖြစ် ၍ ထာဝရ ဘုရားသခင် ၏ ဧဝံဂေလိ သတင်းကောင်း ကိုကြေညာ ရန် အတွက် တမန်တော် အဖြစ် ရွေးချယ်ခန့်ထား ခြင်း ခံရသော ငါပေါလု သည် သင်တို့ထံ သို့ စာရေးလိုက်ပါ သည်။

၂ ကျမ်းစာတော်မြတ် တွင် ဘုရားသခင် သည် ထို သတင်းကောင်း ကို ရှေး  အခါကပင်မိမိ ၏ ပရောဖက် များ အား ဖြင့် ကြိုတင် ကတိထား တော်မူ ခဲ့ ၏။

၆ သင်တို့ သည် လည်း ယေဇူး ခရစ်တော် ၏ တပည့် များ ဖြစ် ရန် အတွက် ရွေးကောက် ခြင်း ခံရသူတို့ တွင် အပါအဝင်ဖြစ်ကြ ၏။

၇ ဘုရားသခင် ချစ်မြတ်နိုး တော်မူ ၍ သန့်ရှင်း သူ များ အဖြစ် ရွေးကောက် ခြင်း ခံရသော ရောမမြို့သူမြို့သား အပေါင်းတို့ ၊ ငါတို့ ၏ အဖ ဘုရားသခင် နှင့် ယေဇူး ခရစ်တော် သခင် ထံမှ ကျေးဇူး တော် နှင့် ငြိမ်းချမ်းသာယာ ခြင်း သည် သင်တို့အပေါ် သို့ သက်ရောက်ပါစေ သော်။

၈ သင်တို့ ၏ ယုံကြည် ခြင်း သည် ကမ္ဘာတစ်ဝန်းလုံး တွင် ကြေညာဟောပြော ခြင်း ခံရ သောကြောင့် ငါ သည် ယေဇူး ခရစ်တော် ကိုအမှီပြု ၍ သင်တို့ အားလုံး အတွက် ဘုရားသခင် ကို ပထမဦး စွာ ကျေးဇူး တင် ချီးမွမ်း ပါ ၏။

ကြွေးကြွော်သံ

၄၂ ကိုယ်တော် သည် ဤလောက ၏ ကယ်တင်ရှင်အမှန်စင်စစ်ဖြစ် တော်မူ ကြောင်း ငါတို့ သိကြလေပြီဟု ဆိုကြ ၏။ ၁၅ ကျွန်မ သည် ရေမငတ်စေ ရန် နှင့် ဤနေရာ သို့ ရေလာမခပ်ရစေ ရန် ကျွန်မအားထိုရေကိုပေး တော်မူ ပါဟု တောင်းလျှောက် လေ ၏။

ဧဝံဂေလိကျမ်း

ယောဟန် ၄း ၅-၄၂

၅ ယာကုပ် က မိမိ ၏ သား ဂျိုးဇက် အားပေးခဲ့သောမြေကွက်ကို အနီးရှိ ဆီခါ အမည် ရှိသော ဆမာရိယမြို့တစ်မြို့ သို့ ရောက် တော်မူ ၏။

၆ ထိုနေရာ ၌ ယာကုပ် ၏ ရေ တွင်းရှိ ၏။ ယေဇူး သည် လည်း ခရီးပန်းလာ သောကြောင့် ထိုရေ တွင်း ၏ ဘေး တွင် ထိုင် တော်မူ ၏။ ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ် ၏။

၇ ဆမာရိယအမျိုးသမီး တစ်ဦး သည် ရေခပ် ရန် လာ သော အခါ ယေဇူး ကငါ့အား သောက် ရန် ရေပေးပါဟု သူမကိုမိန့် တော်မူ ၏။

၈ အကြောင်း မူကား ကိုယ်တော် ၏ တပည့်တော်တို့ သည် စားစရာဝယ်အံ့သောငှာ မြို့ထဲ သို့ သွားနေကြ သောကြောင့် ဖြစ် ၏။

၉ ဆမာရိယအမျိုးသမီး က လည်း ဂျူးလူမျိုး တစ်ဦး ဖြစ်သော သင် သည် အဘယ်ကြောင့် ဆမာရိယအမျိုးသမီး တစ်ဦး ဖြစ်သော ကျွန်မ ထံမှ သောက်ရေကိုတောင်းပါသနည်းဟု ကိုယ်တော် အားပြောလေ ၏။ အကြောင်း မူကား ဂျူးလူမျိုးတို့ သည် ဆမာရိယလူမျိုးတို့ နှင့် ဆက်ဆံ ခြင်း လုံးဝမပြုကြ သောကြောင့် တည်း။

၁၀ ယေဇူး က သင် သည် ဘုရားသခင် ၏ ဆု ကျေးဇူး တော်ကို လည်းကောင်း ၊ ငါ့အား သောက် ရန် ရေပေးပါဟု သင့်ကိုပြောဆို သော သူ သည် မည်သူဖြစ်ကြောင်းကို လည်းကောင်း သိခဲ့ပါ လျှင် သူ့ ထံမှ သင်တောင်းခံ ၍ သူ သည် လည်း သင့်အား အသက်ရေကိုပေး လိမ့်မည်ဟု မိန့် တော်မူ ၏။

၁၁ အမျိုးသမီး က လည်း သခင်၊ သင် ၌ ရေခပ်စရာလည်းမပါ။ ရေ တွင်း သည် လည်းနက်ပါ ၏။ သို့ ဖြစ် လျှင် သင် သည် အသက်ရေကိုမည် သည့် နေရာမှရနိုင်ပါမည်နည်း။

၁၂ သင် သည် အကျွန်ုပ် တို့ ၏ အဖ ယာကုပ် ထက်ကြီးမြတ်ပါသလော။ သူ သည် ဤရေ တွင်းကို အကျွန်ုပ် တို့အား ပေးခဲ့ ၍ သူကိုယ်တိုင် နှင့် သူ ၏ သားသမီး များ ၊ တိရစ္ဆာန် များ သည် ဤရေ တွင်းမှ ရေကိုသောက်ခဲ့ကြပါပြီဟု ကိုယ်တော် အားပြန်ပြောလေ ၏။

၁၃ ယေဇူး က လည်း ဤရေကိုသောက် သော သူ သည် နောက်တစ်ဖန်ရေငတ်လိမ့်ဦးမည်။

၁၄ ငါပေးမည့်ရေကိုသောက် သော သူ သည် ကား မည် သည့် အခါမျှ ရေငတ် လိမ့်မည် မဟုတ်။ ငါပေးမည့်ရေ သည် ထိုသူ ၌ ထာဝရ အသက်ရှင် ခြင်း အဖို့ စီးထွက်လာသောစမ်းရေဖြစ် လိမ့်မည်ဟု သူမအားမိန့် တော်မူ ၏။

၁၅ အမျိုးသမီး က လည်း သခင်၊ ကျွန်မ သည် ရေမငတ်စေ ရန် နှင့် ဤနေရာ သို့ ရေလာမခပ်ရစေ ရန် ကျွန်မအားထိုရေကိုပေး တော်မူ ပါဟု တောင်းလျှောက် လေ ၏။

၁၆ ယေဇူး က လည်း သွားလော့။ သင် ၏ ခင်ပွန်းကို ခေါ် ၍ ဤနေရာ သို့ ပြန်လာလော့ဟု သူမအား မိန့် တော်မူ ၏။

၁၇ အမျိုးသမီး က လည်း ကျွန်မ ၌ ခင်ပွန်းမရှိပါဟု ပြန်လျှောက် လျှင် ယေဇူး က ခင်ပွန်းမရှိပါဟု သင်ဆိုသောစကား သည် မှန် ၏။

၁၈ အကြောင်း မူကား သင် ၌ ခင်ပွန်းငါးယောက်ရှိခဲ့လေပြီ။ ယခုသင် နှင့် နေ သော သူ သည် လည်း သင် ၏ ခင်ပွန်း မဟုတ် သောကြောင့် သင်ပြောသောဤစကား သည် မှန်ပေ သည် ဟု သူမအားမိန့် တော်မူ ၏။

၁၉ အမျိုးသမီးက၊ သခင်၊ ကိုယ်တော် သည် ပရောဖက် ဖြစ်ကြောင်း ကျွန်မသိပါပြီ။

၂၀ အကျွန်ုပ် တို့ ၏ ဘိုးဘေးတို့ သည် ဤတောင်ပေါ် ၌ ဝတ်ပြု ကိုးကွယ် ခဲ့ကြပါ သည်။ သို့ သော် သင်တို့ဂျူးလူမျိုး များ က ဂျေရုဆလင်မြို့ သည် သာ ဘုရားသခင် ကို ဝတ်ပြု ကိုးကွယ် ရာနေရာဖြစ် သည် ဟူ ၍ ဆိုကြပါ ၏ ဟု လျှောက်လေ ၏။

၂၁ ယေဇူး ကအချင်းအမျိုးသမီး၊ ငါ့ကိုယုံကြည်လော့။ ခမည်းတော်ကို ဤတောင်ပေါ် ၌ လည်း မဟုတ် ၊ ဂျေရုဆလင်မြို့ ၌ လည်း မဟုတ် ဘဲ သင် တို့ ကို းကွယ်ဝတ်ပြုကြရမည့် အချိန် ကာလ ရောက်လာ လိမ့်မည်။

၂၂ သင်တို့ သည် ကိုယ်မသိသောအရာကို ကိုးကွယ် ဝတ်ပြုကြ ၏။ ငါတို့ သည် ကိုယ်သိသောအရာကို ကိုးကွယ် ဝတ်ပြုကြ ၏။ အကြောင်း မူကား ကယ်တင် ခြင်း သည် ဂျူးလူမျိုး များ အား ဖြင့် ရောက်လာ ၏။

၂၃ သို့ သော် ဟုတ်မှန်စွာ ကိုးကွယ် သူတို့ သည် ခမည်းတော်ကိုဝိညာဉ်အား ဖြင့် လည်းကောင်း ၊ သမ္မာတရားအား ဖြင့် လည်းကောင်း ကိုးကွယ် ဝတ်ပြုရမည့် အချိန် ကာလ ယခုပင်ရောက်လာလေပြီ။

၂၄ ဘုရားသခင် သည် ဝိညာဉ်တော် ဖြစ် တော်မူ ၍ ကိုယ်တော့်ကို ကိုးကွယ် ဝတ်ပြု သော သူ တို့ သည် လည်း ဝိညာဉ်အား ဖြင့် လည်းကောင်း ၊ သမ္မာတရားအား ဖြင့် လည်းကောင်း ကိုးကွယ် ဝတ်ပြုရမည်ဟု မိန့် တော်မူ ၏။

၂၅ ထိုအမျိုးသမီး က လည်း ခရစ်တော် ဟု ခေါ် သော မေဆိယကြွလာမည်ကို ကျွန်မသိပါ ၏။ ကိုယ်တော် ကြွလာ တော်မူ သော အခါ အရာခပ်သိမ်း တို့ ကို အကျွန်ုပ် တို့အား ဖော်ပြ တော်မူ လိမ့်မည်ဟု ကိုယ်တော် အားလျှောက်လေ ၏။

၂၆ ယေဇူး က လည်း သင် နှင့် စကားပြောနေသောငါ သည် ထိုသူပေတည်းဟုမိန့် တော်မူ ၏။

၂၇ ထိုအချိန် တွင် ပင် တပည့်တော်တို့ပြန်ရောက်လာကြ ၍ ကိုယ်တော် သည် ဆမာရိအမျိုးသမီး နှင့် စကားပြောဆိုနေ သည် ကို အံ့ဩ လျက် ရှိကြ ၏။ သို့ သော် မည်သူကမျှ ကိုယ်တော် မည် သည့် အရာကို အလိုရှိ တော်မူ သနည်း၊ သူမ နှင့် အဘယ် အကြောင်း အရာကို ပြောဆိုနေ တော်မူ သနည်းဟူ ၍ မမေးကြချေ။

၂၈ ထိုအမျိုးသမီး သည် လည်း မိမိ ၏ ရေအိုးကိုထားခဲ့ ၍ မြို့ တွင်း သို့ သွားပြီး လျှင် လူတို့အား ၊

၂၉ ကျွန်မပြုခဲ့သမျှသောအမှုအရာ တို့ ကို ကျွန်မအား ပြန်လည် ပြောပြ သော သူ ကို လာ ၍ ကြည့် ကြလော့။ ဤသူ သည် ခရစ်တော် ပင်ဖြစ်မည်လောဟု ဆို လျှင် ၊

၃၀ သူတို့ သည် မြို့ တွင်းမှ ထွက်လာကြ ၍ အထံတော် သို့ လာကြ ၏။

၃၁ ထိုအချိန် ၌ တပည့်တော်တို့က ရာဘီ၊ အစားအစာသုံးဆောင် တော်မူ ပါဟု လျှောက်ကြ ၏။

၃၂ သို့ သော် ကိုယ်တော် က ငါ ၌ သင်တို့မသိသောအစားအစာရှိ ၏ ဟု သူတို့အား မိန့် တော်မူ ၏။

၃၃ တပည့်တော်တို့ က လည်း တစ်စုံ တစ်ယောက် သည် ကိုယ်တော့် အတွက် စားစရာပို့ထားပြီလောဟု အချင်းချင်း မေးမြန်း ကြ ၏။

၃၄ ယေဇူး က ငါ့ကို စေလွှတ် တော်မူ သောအရှင် ၏ အလိုတော်ကို ဆောင်ရွက် ခြင်း နှင့် ထိုအရှင် ၏ အမှုတော်ကို ပြီးမြောက်စေ ခြင်း သည် ငါ ၏ အစာပင်ဖြစ်သတည်း။

၃၅ ယခုအချိန်မှစ ၍ လေးလလွန်မှသာ စပါးရိတ်သိမ်းချိန်ရောက် လိမ့်မည်ဟု သင်တို့ဆိုကြ သည် မဟုတ် လော။ သင်တို့အား ငါဆို သည် ကား စပါးရိတ်သိမ်း ရန် အတွက် လယ်ကွင်း များ သည် ယခုပင် ဝင်းမှည့်နေ သည် ကို သင်တို့လှမ်းမျှော် ၍ ကြည့် ကြလော့။

၃၆ စပါးရိတ် သော သူ သည် လုပ်အားခကိုရရှိ ၍ ထာဝရ အသက်အဖို့ အသီး အနှံကိုစုသိမ်းလေ ၏။ သို့ မှသာ မျိုးကြဲ သော သူ နှင့် စပါးရိတ် သော သူ တို့ သည် အတူတကွ ဝမ်းမြောက် နိုင်ကြမည်ဖြစ် ၏။

၃၇ အကြောင်း မူကား တစ်ဦး က မျိုးစေ့ကြဲ ၍ အခြား တစ်ဦး ကရိတ်သိမ်း ၏ ဟူသော ဆိုရိုးစကား သည် ဤနေရာ ၌ မှန်ကန်သင့်မြတ်ပေ ၏။

၃၈ သင်တို့မလုပ်ဆောင်ခဲ့ရသောအရပ် ၌ ရိတ်သိမ်းစေ ခြင်း ငှာ သင် တို့ ကို ငါ စေလွှတ် ၏။ အခြား သော သူ တို့ သည် လုပ်ဆောင်ခဲ့ကြပြီး သင်တို့ သည် သူတို့ ၏ အလုပ် တွင် ပါဝင်ကြရလေပြီဟု မိန့် တော်မူ ၏။

၃၉ သူ သည် ကျွန်မပြုခဲ့သမျှအရာ တို့ ကို ကျွန်မအား ပြန်လည် ပြောပြခဲ့ သည် ဟု သက်သေခံသောအမျိုးသမီး ၏ စကားကြောင့် ထိုမြို့မှ ဆမာရိယလူမျိုး များ စွာတို့ သည် ကိုယ်တော့်ကိုယုံကြည်ကြ ၏။

၄၀ ထို့ကြောင့် ဆမာရိယလူမျိုးတို့ သည် အထံတော် သို့ ရောက်လာကြ သော အခါ မိမိ တို့ နှင့် အတူ ခေတ္တနေ တော်မူ ပါမည့် အကြောင်း ကိုယ်တော့်ကိုတောင်းပန်ကြ ၏။ ကိုယ်တော် သည် လည်း ထိုအရပ် ၌ နှစ်ရက်နေ တော်မူ ၏။

၄၁ ကိုယ်တော် ၏ နှုတ်တော်ထွက်စကားကြောင့် ပိုမို များ ပြား သော သူ တို့ သည် လည်း ကိုယ်တော့်ကိုယုံကြည်လာကြ သည် ဖြစ် ၍ ၊

၄၂ သူတို့ကအမျိုးသမီးအား ယခုငါတို့ သည် သင် ၏ စကားကြောင့် ယုံကြည်ကြ ခြင်း မဟုတ် တော့ပေ။ အကြောင်း မူကား ငါ တို့ ကို ယ်တိုင် ကြားနာ ကြရပြီဖြစ် ၍ ကိုယ်တော် သည် ဤလောက ၏ ကယ်တင်ရှင်အမှန်စင်စစ်ဖြစ် တော်မူ ကြောင်း ငါတို့ သိကြလေပြီဟု ဆိုကြ ၏။

scriptures