Pathein Catholic Diocese Untitled Document
Untitled Document
၃၁ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ပညာပါရမီကျမ်း ၁၁း ၂၂-၁၂း၂

၂၂ ကိုယ်တော် တစ်ပါးတည်း ၌ သာ ကြီးမားသော အားတန်ခိုးတော် အစဉ်အမြဲ ရှိ တော်မူ ပါ ၏။ မည်သူသည် ကိုယ်တော် ၏ လက်ရုံးတော် မှ အား တန်ခိုးတော်ကို ဆန့်ကျင် ခုခံနိုင်ပါ မည်နည်း။

၂၃ အကြောင်း မူကား၊ ကိုယ်တော် ၏ မျက်မှောက်တော် ၌ ကမ္ဘာလောက တစ်ခု လုံး သည် ချိန်ခွင်လျှာကို တိမ်း စောင်း စေသော အစေ့ ငယ်လေး တစ်စေ့ မျှ နှင့် လည်း ကောင်း၊ နံနက် ချိန် မှာ မြေ ပေါ် သို့ ကျ သော နှင်းရည် တစ်စက် မျှနှင့် လည်းကောင်း တူညီပါ ၏။

၂၄ သို့ ရာ တွင် ကိုယ်တော် သည် အားလုံး ပေါ်မှာ သနား ကရုဏာ သက် တော်မူ ၏။ အကြောင်း မူကား၊ ကိုယ်တော် သည် အားလုံး စုံကို တတ်နိုင် တော်မူ ၏။ လူတို့ နောင်တရ ကြ ရန် အတွက် ကိုယ်တော် သည် သူတို့ ၏ အပြစ် များ ကို လျစ်လျူရှုထား တော်မူ ၏။

၂၅ ကိုယ်တော် သည် တည်ရှိ နေသမျှ အရာသတ္တဝါ အားလုံး ကို ချစ် တော်မူ ၍ မိမိဖန်ဆင်း ထား တော်မူ သည့် အရာ များ ကို မုန်းတီးခြင်း ရှိ တော်မမူ ။ ကိုယ်တော်သာ မုန်းတီး တော်မူ ပါ လျှင် ထိုအရာကို ဖန်ဆင်း တော်မူ ခဲ့ လိမ့်မည် မဟုတ်။

၂၆ ကိုယ် တော်သာ အလိုတော် မရှိခဲ့ လျှင် မည်သည့် အရာ သည် တည်ရှိနိုင် မည်နည်း။ ကိုယ်တော်သာ မခေါ်ခဲ့ပါ လျှင် မည်သည့် အရာ သည် ကြာရှည် ခံနိုင်ပါ မည်နည်း။

၂၇ ကိုယ်တော် သည် အရာ အားလုံး ကို ချမ်းသာပေး တော်မူ ၏။ အကြောင်း မူကား အရာ အားလုံး တို့ သည် ကိုယ် တော် ပိုင်ဆိုင်ရာ များ ဖြစ်ကြပါ ၏။ အသက် ဝိညာဉ် များ ကို ချစ် တော်မူ သော အို သခင်ဘုရား။

၁၂း၂

၁ ကိုယ်တော် ၏ မသေ မပျောက် မပျက်စီး နိုင်သော ဝိညာဉ်တော် သည် အရာ သတ္တဝါ အားလုံး ၌ တည်ရှိ တော်မူ ၏။

၂ ထို့ကြောင့် ကိုယ်တော် သည် ပြစ်မှား သူတို့ ကို တဖြည်းဖြည်း ဆုံးမ ပြုပြင် တော်မူ ၏။ သူ တို့ သည် အပြစ် ပြု နေကြ ကြောင်း ကိုယ်တော် က သတိပေး တော်မူ သဖြင့် သူ တို့ သည် အပြစ် မကောင်းမှု များ ကို စွန့်ပစ်ပြီး ကိုယ်တော် ၌ ယုံကြည် လာရန် သွန်သင် ပြုပြင် တော်မူ ပါ သခင် ဘုရား။

ဆာလံကျမ်း

၁၄၅း ၁-၂, ၈-၉, ၁၀-၁၁, ၁၃, ၁၄

အလိုက်- အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား နှင့် ဘုရင်ဖြစ် တော်မူ သော ကိုယ်တော့်ကိုချီးမြှောက် ၍ ကိုယ်တော် ၏ နာမတော်ကို ကာလအဆက်ဆက်ကောင်းချီးပေးပါမည်။

၁။ အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား နှင့် ဘုရင်ဖြစ် တော်မူ သော ကိုယ်တော့်ကိုချီးမြှောက် ၍ ကိုယ်တော် ၏ နာမတော်ကို ကာလအဆက်ဆက်ကောင်းချီးပေးပါမည်။ ၂ အကျွန်ုပ် သည် နေ့စဉ်နေ့ တိုင်းကိုယ်တော့်ကို ကောင်းချီးပေး ၍ ကာလအစဉ်အဆက် ကိုယ်တော် ၏ နာမတော်အား ချီးမွမ်း ထောမနာပြုပါမည်။

၈ ထာဝရ ဘုရားသခင် သည် ကျေးဇူး တော် နှင့် ပြည့်စုံ ၍ သနားကရုဏာရှင်ဖြစ် တော်မူ ၏။ ကိုယ်တော် သည် စိတ်ရှည် သည်းခံ ၍ ခိုင်မြဲသောကရုဏာမေတ္တာတော် နှင့် ကြွယ်ဝ တော်မူ ၏။ ၉ ကိုယ်တော် သည် လူ အားလုံး အပေါ်ကောင်းမြတ် ၍ မိမိဖန်ဆင်း ထား သော အရာသတ္တဝါတို့အပေါ် သနားကြင်နာ တော်မူ ၏။

၁၀ အို ထာဝရ ဘုရားသခင် ၊ ကိုယ်တော် ၏ လက်ရာရှိသမျှတို့ သည် ကိုယ်တော့်ကို ကျေးဇူး တင် ချီးမွမ်း ကြပါ လိမ့်မည်။ ကိုယ်တော် ၏ သူတော်သူမြတ် အပေါင်းတို့ သည် ကိုယ်တော့်ကို ကောင်းချီးမင်္ဂလာပေးကြပါ လိမ့်မည်။၁၁ သူတို့ သည် ကိုယ်တော့်နိုင်ငံတော် ၏ ဘုန်းဂုဏ်တော် နှင့် ကိုယ်တော် ၏ ဘုန်း တန်ခိုး တော်ကို ပြောကြားကြပါ လိမ့်မည်။

၁၃ ကိုယ်တော် ၏ နိုင်ငံတော် သည် အစဉ် ထာဝရ တည်ရှိသောနိုင်ငံတော်ဖြစ် ၍ ကိုယ်တော် ၏ ဘုန်း အာဏာ တော် သည် လည်း လူမျိုးအစဉ်အဆက်တည် တော်မူ ပါ ၏။ ထာဝရ ဘုရားသခင် သည် မိမိ ၏ ကတိတော် အားလုံး ၌ သစ္စာတည် ၍ မိမိပြုလုပ်သောအမှုတို့ ၌ ကရုဏာမေတ္တာတော်ကိုပြ တော်မူ ၏။ ၁၄ ထာဝရ ဘုရားသခင် သည် ဒုက္ခရောက်နေ သော သူ တို့ ကို ကူညီစောင်မ ၍ လဲကျနေ သော သူ တို့ ကို ထူမပေး တော်မူ ၏။

ဒုတိယကျမ်း

ဒုသက်ဆာလောနီကာ ၁း ၁၁-၂း၂

၁၁ ထို့ကြောင့် ဘုရားသခင် သည် သင် တို့ ကို မိမိ ၏ ခေါ် တော်မူ ခြင်း နှင့် ထိုက်တန် သော သူ များ ဖြစ်စေ လျက် ကောင်းမြတ်သောဆန္ဒရှိသမျှ နှင့် ယုံကြည် ခြင်း နှင့် ဆိုင်သောအကျင့် တို့ ကို မိမိ ၏ တန်ခိုး တော်အား ဖြင့် ဖြည့်ဆည်းပေး တော်မူ ရန် သင်တို့ အတွက် ငါတို့ အစဉ်အမြဲဆုတောင်းပါ ၏။

၁၂ ဤ သို့ ဖြင့် ငါတို့ သခင် ယေဇူး ၏ နာမတော် သည် သင်တို့ ၌ လည်းကောင်း ၊ သင်တို့ သည် လည်း ကိုယ်တော် ၌ လည်းကောင်း ဘုရားသခင် နှင့် ယေဇူး ခရစ်တော် သခင် ၏ ကျေးဇူး တော် အ တိုင်း ဘုန်းဂုဏ်တော် ထင်ရှား ပေ လိမ့်မည်။

၂း ၂

၁ ညီအစ်ကို တို့၊ ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ကြွလာ တော်မူ မည့် အကြောင်း နှင့် ကိုယ်တော် အားတွေ့ဆုံ ရန် ငါတို့ စုဝေးကြမည့် အကြောင်း တို့ နှင့် ပတ်သက် ၍ သင် တို့ ကို ငါတို့ တောင်းပန်လို သည် မှာ၊

၂ သခင်ဘုရား ၏ နေ့ရက်ကျရောက်ပြီဟူ ၍ စိတ်ဝိညာဉ်အား ဖြင့် ဖြစ်စေ ၊ စကား ဖြင့် ဖြစ်စေ ၊ ငါတို့ ထံမှ လာ သည် ဟု ဆို ထား သော စာအား ဖြင့် ဖြစ်စေ ပြောဆိုကြ လျှင် သင်တို့ သည် အလွယ်တကူ စိတ်ရှုပ်ထွေး ၍ မတည်မငြိမ်မ ဖြစ်စေ ကြ နှင့်။

အာလေလုယာ

၁၆ သားတော် ကို ယုံကြည် သော သူ ဟူသမျှ ကို ပျက်စီး ခြင်း သို့ မရောက်စေ ဘဲ ထာဝရ အသက်ကိုရစေ ခြင်း ငှာ ဘုရားသခင် သည် မိမိ ၏ တစ်ပါးတည်းသော သားတော် ကိုစွန့် သည့် တိုင်အောင် ကမ္ဘာလောကသား တို့ ကို ချစ် တော်မူ ၏။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၉း ၁-၁၀

၁ ကိုယ်တော် သည် ဂျေရီခိုမြို့ သို့ ဝင် ၍ မြို့ တွင်းမှဖြတ်သွား တော်မူ ၏။

၂ ထိုအရပ် တွင် ဇာခေးဦး အမည် ရှိ သော သူ တစ်ဦး ရှိလေ ၏။ သူ သည် အခွန်ခံ သော သူ တို့ ၏ အကြီးအကဲဖြစ် ၍ ကြွယ်ဝချမ်းသာ ၏။

၃ သူ သည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လို သော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကိုမမြင်နိုင်ချေ။ အကြောင်း မူကား သူ သည် အရပ်နိမ့် သော သူ ဖြစ် ၍ ပင်တည်း။

၄ ထို့ကြောင့်သူ သည် ကိုယ်တော့်ကိုမြင်နိုင် ရန် ရှေ့မှကြိုပြေး လျက် သဖန်းပင်တစ်ပင်ပေါ် သို့ တက်လေ ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော် သည် ထိုနေရာမှဖြတ်သွားမည်ဖြစ် သောကြောင့် တည်း။

၅ ယေဇူး သည် လည်း ထိုနေရာ သို့ ရောက် သော အခါ မော့ကြည့် ၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်း မူကား သင် ၏ အိမ် ၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့် တော်မူ ၏။

၆ သူ သည် လည်း လျင်မြန်စွာဆင်းခဲ့ ၍ ကိုယ်တော့်ကို ဝမ်းမြောက် ဝမ်းသာကြိုဆိုဧည့်ခံလေ ၏။

၇ ဤအ ခြင်း အရာကို လူ အပေါင်းတို့ မြင်ကြ သော အခါ သူ သည် အပြစ် ရှိသူ တစ်ဦး ၏ အိမ် ၌ ဝင် ၍ တည်းခိုလေပြီတကားဟု တီးတိုးပြစ်တင်ကြ ၏။

၈ ဇာခေးဦး သည် ကား ရပ် လျက် သခင်၊ အကျွန်ုပ် ၏ ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါ သည်။ အကယ် ၍ အကျွန်ုပ် သည် တစ်စုံ တစ်ယောက် ၏ ဥစ္စာပစ္စည်းကို လိမ်လည် ၍ ယူမိခဲ့ လျှင် လေးဆပြန်ပေးပါ သည် ဟု ကိုယ်တော် အားလျှောက်လေ ၏။

၉ ထိုအခါ ယေဇူး က သူ့အား ဤသူ သည် လည်း အာဘရာဟံ ၏ သားဖြစ် သောကြောင့် ကယ်တင် ခြင်း သည် ယနေ့ဤအိမ် သို့ ရောက်လာလေပြီ။

၁၀ အကြောင်း မူကား လူသား သည် ပျောက်ဆုံးနေ သော သူ တို့ ကို ရှာဖွေ ၍ ကယ်တင် ရန် ကြွလာ ခြင်း ဖြစ် သည် ဟု မိန့် တော်မူ ၏။

scriptures