Pathein Catholic Diocese Untitled Document
Untitled Document
၂၁ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဟေရှာယ ၆၆း ၁၈-၂၁

အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။ (Isa 66:18)

 ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည် လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏ နာမကိုမကြား၊ ငါ၏ ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြော ကြလိမ့်မည်။ (Isa 66:19)

 ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရော ဟိတ်အရာနှင့် လေဝိလူအရာ၌ ခန့်ထားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ (Isa 66:21)

ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလားစသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဘို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏ သန့်ရှင်းသော တောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (Isa 66:20)

ဆာလံကျမ်း

အလိုက်- ကမ္ဘာအရပ်ရပ် သို့ သွားကြ ၍ ဝေနေယျသတ္တဝါ အပေါင်းတို့ အား ဧဝံဂေလိတရားတော်ကိုဟောပြော ကြလော့။

၁ လူမျိုး အပေါင်းတို့ ၊ ထာဝရ ဘုရားသခင် ကို ချီးမွမ်း ထောမနာပြု ကြလော့။ လူ အပေါင်းတို့ ၊ ကိုယ်တော့်ကို ချီးမွမ်း ဂုဏ်ပြု ကြလော့။

၂ အကြောင်း မူကား ကိုယ်တော် ၏ သနားကရုဏာတော် သည် ငါတို့ အပေါ် တွင် ကြီးမား လှပေ ၏။ ထာဝရ ဘုရားသခင် ၏ သစ္စာတော် သည် လည်း အစဉ် ထာဝရ တည် တော်မူ ၏။ ထာဝရ ဘုရားသခင် အား ချီးမွမ်း ထောမနာပြု ကြလော့။

ဒုတိယကျမ်း

ဟေဗြဲ ၁၂း ၅-၇, ၁၁-၁၃

၅ သင် တို့ ကို သားသမီး များ ဟူ ၍ ခေါ် ဝေါ် သည့် အားတက်ဖွယ်ရာ ကျမ်းချက်ကိုသင်တို့မေ့လျော့ကြပြီလော။ ကျမ်းချက်ဟူမူကား ငါ့သား၊ ထာဝရ ဘုရားသခင် ၏ ပဲ့ပြင် တော်မူ ချက် တို့ ကို ဂရုတစိုက်နာခံလော့။ အပြစ် တင်ဆုံးမ တော်မူ သော အခါ ၌ လည်း စိတ်ပျက်ငြိုငြင် ခြင်း မရှိလေ နှင့်။

၆ အဘယ်ကြောင့် ဆိုသော် ထာဝရ ဘုရားသခင် သည် မိမိချစ်ခင် တော်မူ သော သူ တို့ ကို သွန်သင်ပဲ့ပြင်ပြီး လျှင် သား အဖြစ် လက်ခံ သော သူ တိုင်း ကိုဆုံးမ တော်မူ တတ် သောကြောင့် ဖြစ် ၏။

၇ စည်းကမ်းသေဝပ်မှုရှိ ရန် ထိုအရာ များ ကိုသင်တို့ခံထမ်းကြရမည်သာဖြစ် ၏။ ဘုရားသခင် သည် သင် တို့ ကို သားသမီး အဖြစ် ဆက်ဆံပြုမူ လျက် ရှိ ၏။ ဖခင်မဆုံးမ သည့် သားဟူ ၍ ရှိသလော။

၁၁ ဆုံးမပဲ့ပြင် ခြင်း ဟူသမျှ သည် ခံရစဉ်ခဏတာအချိန် ၌ နှစ်လိုဖွယ်ရာမဖြစ် ဘဲ စိတ်မချမ်းမြေ့သယောင်ထင်ရ ၏။ သို့ သော် နောင်အခါ တွင် ဆုံးမပဲ့ပြင်ခံရ သော သူ တို့ သည် ဖြောင့်မတ် ခြင်း ၏ ကောင်းကျိုးဖြစ်သော ငြိမ်းချမ်းသာယာ ခြင်း ကျေးဇူး ကို ရရှိကြလေ သည်။

၁၂ ထို့ကြောင့် သင်တို့ ၏ နွမ်းနယ် သည့် လက် များ ကို ပင့်မြှောက် ၍ တုန်ရီနေ သည့် ဒူး များ ကို သန်မာစေ ကြလော့။

၁၃ သင်တို့သွားရာလမ်းကိုဖြောင့်ဖြူးစေ ကြလော့။ သို့ မှသာ လျှင် ထိခိုက် ထား သော ခြေလက်တို့မှာ ကိုယ်အင်္ဂါချို့တဲ့ သည့် အဖြစ် သို့ မရောက် ဘဲ ပျောက်ကင်းချမ်းသာလာကြ လိမ့်မည်။

အာလေလုယာ

ယေဇူး ကငါ သည် လမ်းခရီးဖြစ် ၏။ သမ္မာတရားလည်းဖြစ် ၏။ အသက်လည်းဖြစ် ၏။ ငါ့ကိုအမှီမပြု ဘဲ မည်သူမျှခမည်းတော်ထံ သို့ မလာနိုင်။

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၃း ၂၂-၃၀

၂၂ ကိုယ်တော် သည် ဂျေရုဆလင်မြို့ သို့ ခရီးဆက်စဉ်လမ်း ၌ မြို့ရွာ များ ကို ဖြတ်သွား လျက် ဟောပြောသွန်သင် တော်မူ ၏။

၂၃ ထိုအချိန် တွင် တစ်စုံ တစ်ယောက် က သခင်ဘုရား၊ ကယ်တင် ခြင်း ခံရ မည့်သူ တို့ သည် နည်းကြပါသလောဟု မေးလျှောက် လျှင် ကိုယ်တော် က သူတို့အား မိန့် တော်မူ သည် ကား ၊

၂၄ ကျဉ်းမြောင်းသော တံခါး မှဝင် ရန် ကြိုးစား ကြလော့။ အကြောင်း မူကားသင်တို့အား ငါဆို သည် မှာ များ စွာသောလူတို့ သည် ဝင် ရန် ကြိုးစား ကြသော် လည်း မဝင်နိုင်ကြ။

၂၅ အိမ်ရှင် သည် ထ ၍ တံခါး ကိုပိတ်လိုက်ပြီး သော အခါ သင်တို့ သည် အပြင် ၌ ရပ်ကြ လျက် တံခါး ကိုခေါက် ၍ သခင်၊ အကျွန်ုပ် တို့အား တံခါး ဖွင့်ပေးပါဟု တောင်းလျှောက် ကြသော် လည်း သူက သင်တို့မည် သည့် အရပ်က လာ သည် ကို ငါမသိဟုပြန်ဖြေ လိမ့်မည်။

၂၆ ထိုအခါ သင်တို့က အကျွန်ုပ် တို့ သည် ကိုယ်တော် နှင့် အတူစားသောက်ခဲ့ကြပါပြီ။ ကိုယ်တော် သည် အကျွန်ုပ် ၏ လမ်း များ ပေါ် တွင် သွန်သင်ခဲ့ပါ သည် ဟု ဆိုကြ လိမ့်မည်။

၂၇ သို့ သော် သူက သင်တို့မည် သည့် အရပ်မှလာ သည် ကို ငါမသိ။ မကောင်းမှုကိုပြု သော သူ အပေါင်းတို့ ၊ ငါ့ ထံမှ ထွက်သွား ကြလော့ဟု ပြော လိမ့်မည်။

၂၈ ထိုအခါ သင်တို့ သည် အာဘရာဟံ၊ အီဇတ်၊ ယာကုပ် မှစ ၍ ပရောဖက် အပေါင်း တို့ ကို ဘုရားသခင် ၏ နိုင်ငံတော် တွင် မြင်ကြရပြီး သင်တို့မူကား အပြင် သို့ နှင်ထုတ် ခြင်း ခံကြရသ ဖြင့် ထိုနေရာ ၌ ငိုကြွေး ၍ အံကြိတ်ကြရ လိမ့်မည်။

၂၉ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရပ်တို့မှ လူတို့ သည် လည်းလာကြ ၍ ဘုရားသခင် ၏ နိုင်ငံတော် ၌ စားပွဲ တွင် ထိုင်ကြ လိမ့်မည်။

၃၀ ထိုအခါ နောက်ဆုံး သော သူ တို့ သည် ပထမဦး ဆုံးဖြစ်ကြ လိမ့်မည်။ ပထမဦး ဆုံးသူတို့ သည် လည်း နောက်ဆုံးဖြစ်ကြ လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures