Pathein Catholic Diocese Untitled Document
Untitled Document
ဝါတွင်းကာလ ဒုတိယတနင်္ဂနွေနေ့အတွက်ကျမ်းစာများ

ပထမကျမ်း

ကမ္ဘာဦးကျမ်း ၁၂း၁-၄

၁ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင် ၏ တိုင်း ပြည် ၊ သင် ၏ ဆွေ​မျိုး​သား​ချင်း နှင့် သင် ၏ ဖ​ခင် အိမ်​ကို​စွန့်​ခွာ ၍ ငါ​ညွှန်​ပြ​မည့် ပြည် သို့ သွား လော့။

၂ ငါ သည် သင် ၏ သား​မြေး​တို့​ကို များ ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည် သင့်​ကို​ကောင်း​ချီး​ပေး ၍ သင် ၏ နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့ သည် သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

၃ သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သည် သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်မူ ၏။

၄ အာ​ဗြံ သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ တိုင်း ခါ ရန် မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ ၏။ လော​တ သည် သူ နှင့် အ​တူ လိုက်​ပါ​ခဲ့ ၏။ -

ဆာလံကျမ်း

၃၃း ၄-၅, ၁၈-၂၀၊ ၂၂

အလိုက်- အို ထာဝရ ဘုရားသခင် ၊ အကျွန်ုပ် တို့ သည် ကိုယ်တော့်ကို မျှော်လင့်ကိုးစားကြ သည် နှင့် အညီ ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာတော်ကို အကျွန်ုပ် တို့အပေါ် သက်ရောက်စေ တော်မူ ပါ။

၄ အကြောင်း မူကား ထာဝရ ဘုရားသခင် ၏ နှုတ်တော်ထွက်စကား သည် မှန်ကန် ဖြောင့်မတ် ပေ ၏။ ကိုယ်တော် လုပ်ဆောင် တော်မူ သမျှတို့ သည် သစ္စာတရား နှင့် လျော်ညီကြ ၏။၅ ထာဝရ ဘုရားသခင် သည် တရားမျှတ ခြင်း နှင့် ဖြောင့်မတ် မှန်ကန် ခြင်း တို့ ကို နှစ်သက်မြတ်နိုး တော်မူ ၏။ ကမ္ဘာမြေကြီး သည် ထာဝရ ဘုရားသခင် ၏ ခိုင်မြဲသောမေတ္တာတော် နှင့် ပြည့်ဝ လျက် ရှိ ၏။

၁၈ သို့ သော်လည်း ထာဝရ ဘုရားသခင် သည် မိမိအားကြောက်ရွံ့ကြ သော သူ အပေါင်းတို့ နှင့် မိမိ ၏ ခိုင်မြဲသောမေတ္တာတော်ကိုမျှော်လင့်ကိုးစားကြ သော သူ အပေါင်းတို့ အား၊ ၁၉ သေဘေးမှ ကင်းလွတ်စေပြီး အစာခေါင်းပါး သည့် ကာလ ၌ အသက်ရှင်စေ ရန် ကြည့်ရှု လျက် ရှိ တော်မူ ၏။ ၂၀ ငါတို့ သည် ထာဝရ ဘုရားသခင် ကိုစောင့်ငံ့ လျက် ရှိပါ ၏။ ကိုယ်တော် သည် ငါတို့ အား ကူညီမစသူ နှင့် အကာအကွယ်ပေးသူဖြစ် တော်မူ ၏။

ဒုတိယကျမ်း

ဒုတီမောသီ ၁း ၈-၁၀

ထို့ကြောင့် ငါတို့ ၏ သခင်ဘုရားကို သက်သေခံ ရန် အတွက် လည်းကောင်း ၊ အကျဉ်းကျခံနေရသူငါ့ အတွက် ကြောင့် လည်းကောင်း ရှက်ရွံ့ ခြင်း မရှိ ဘဲ လျက် ဘုရားသခင် ၏ တန်ခိုး တော်ကို အမှီပြု ၍ ဧဝံဂေလိ ၏ တရားတော် အတွက် ဆင်းရဲဒုက္ခကို မျှဝေခံထမ်းပါလော့။

၉ ဘုရားသခင် သည် ငါ တို့ ကို ကယ်တင် ၍ သန့်ရှင်း သော ခေါ် တော်မူ ခြင်း ဖြင့် ခေါ် ဆောင် သည် မှာ ငါတို့ ၏ ကုသိုလ်ကောင်းမှု များ ကြောင့် မဟုတ် ဘဲ ကိုယ်တော် ၏ အကြံအစည်တော် နှင့် ကျေးဇူး တော်တို့ကြောင့်ဖြစ် ၏။ ကိုယ်တော် သည် ထို ကျေးဇူး တော်ကို ရှေး ကာလကပင် ခရစ်တော် ယေဇူး အား ဖြင့် ငါတို့ အားပေးသနား တော်မူ ခဲ့ ၏။

၁၀ ယခုမူကား ငါတို့ ကယ်တင်ရှင် ခရစ်တော် ယေဇူး ၏ ကြွလာ တော်မူ ခြင်း အား ဖြင့် ထို ကျေးဇူး တော် သည် ပေါ်လွင် ထင်ရှား လာလေပြီ။ ထိုအရှင် သည် သေ ခြင်း ကိုဖယ်ရှား ၍ ဧဝံဂေလိတရားတော်အား ဖြင့် အသက်ရှင် ခြင်း နှင့် မပုပ်ပျက်နိုင် ခြင်း တို့ ကို ပေါ်လွင် ထင်ရှား စေ တော်မူ ၏။

အာလေလုယာ

ဤ သို့ လျှောက်ထားစဉ် တွင် တောက်ပသောတိမ်တိုက် တစ်ခု သည် သူ တို့ ကို ဖုံးလွှမ်း ၍ တိမ်တိုက်ထဲမှ အသံထွက်ပေါ်လာ သည် ကား ဤသူ သည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ ၏ ချစ်သားပေတည်း၊ သူ့ ကို နာခံ ကြလော့ဟူ ၍ ဖြစ် ၏။

အာလေလုယာ

 ဧဝံဂေလိကျမ်း

မာတေဦး ၁၇း ၁-၉

၁ ထိုမှခြောက်ရက်လွန်မြောက် သော အခါ ယေဇူး သည် ပေတရု၊ ယာကုပ် နှင့် သူ ၏ ညီယောဟန် တို့ ကို မိမိ တို့ နှင့် အတူ ခေါ် ၍ ဆုတောင်း ရန် မြင့်မားသောတောင်ပေါ်ရှိ ဆိတ်ကွယ်ရာအရပ် သို့ တက် တော်မူ ၏။

၂ ကိုယ်တော် သည် သူတို့ရှေ့ တွင် အဆင်းသဏ္ဌန်ပြောင်းလဲ တော်မူ သ ဖြင့် မျက်နှာတော် သည် နေကဲ့ သို့ ထွန်းလင်းတောက်ပ ၍ အဝတ်တော်တို့ သည် စူးရှသောအလင်းကဲ့ သို့ ဖြူဖွေးနေ ၏။

၃ ထို့နောက် မိုးဇက် နှင့် ဧလိယတို့ သည် သူတို့ရှေ့ တွင် ပေါ်လာ ၍ ကိုယ်တော် နှင့် စကားပြောနေကြ ၏။

၄ ထိုအခါပေတရုက ယေဇူး အား သခင်ဘုရား၊ ဤအရပ် သည် တပည့်တော်တို့အဖို့အလွန်နေစရာကောင်းပါ ၏။ ကိုယ်တော် အလိုတော်ရှိ လျှင် ကိုယ်တော် အတွက် တဲတစ်ဆောင်၊ မိုးဇက် အတွက် တဲတစ်ဆောင်၊ ဧလိယ အတွက် တဲတစ်ဆောင်ကို တပည့်တော်ဆောက်လုပ်ပါမည်ဟုလျှောက်လေ ၏။

၅ ဤ သို့ လျှောက်ထားစဉ် တွင် တောက်ပသောတိမ်တိုက် တစ်ခု သည် သူ တို့ ကို ဖုံးလွှမ်း ၍ တိမ်တိုက်ထဲမှ အသံထွက်ပေါ်လာ သည် ကား ဤသူ သည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ ၏ ချစ်သားပေတည်း၊ သူ့ ကို နာခံ ကြလော့ဟူ ၍ ဖြစ် ၏။

၆ တပည့်တော်တို့ သည် လည်း ထိုအသံကိုကြား သော အခါ လွန်စွာ ကြောက်ရွံ့သ ဖြင့် မြေပေါ် တွင် ပျပ်ဝပ်နေကြ ၏။

၇ သို့ ရာ တွင် ယေဇူး သည် ချဉ်းကပ် ၍ သူတို့အား တို့ထိ လျက် ထ ကြလော့၊ မကြောက်ကြ နှင့် ဟု မိန့် တော်မူ ၏။

၈ သူတို့ သည် မော် ၍ ကြည့်ကြ သော အခါ ယေဇူး မှတစ်ပါး မည် သူ့ ကို မှမမြင်ကြချေ။

၉ သူတို့ သည် တောင်ပေါ်မှဆင်းလာကြ သော အခါ ယေဇူး ကလူသား သည် သေ ခြင်း မှထမြောက် သည့် တိုင်အောင် ဤအချင်းအရာကိုမည် သူ့အား မျှမပြောကြ နှင့် ဟု တပည့်တော်တို့အား မိန့်မှာ တော်မူ ၏။

 

scriptures