Pathein Catholic Diocese Untitled Document
Untitled Document
သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတနင်္ဂနွေနေ့အတွက်ဖတ်ရှုရန်ကျမ်းစာများ

ပထမကျမ်း

တမန်တော်ဝတ္ထု  ၂း ၁-၁၁

ပင်တေကော့စတေပွဲနေ့ကျရောက် သော အခါ သူတို့ အားလုံး သည် တစ်နေရာတည်း ၌ အတူစုဝေး လျက် ရှိကြ ၏။

ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏

၂ ထိုအခါ ပြင်းထန်သော လေမုန် တိုင်း တိုက်ခတ်သံ နှင့် တူသောအသံ သည် ကောင်းကင် မှ ရုတ်တရက်ပေါ်ထွက်လာ ၍ သူတို့ထိုင်နေ ကြသော အိမ် ၌ ထိုအသံဖုံးလွှမ်းသွားလေ ၏။

ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။

၃ ထို့နောက် သူတို့ရှေ့ တွင် လျှာပုံသဏ္ဌန်ရှိသော မီးလျှံငယ် များ ထွက်ပေါ်လာ ၍ သူတို့ အသီး သီး ၏ အပေါ် ၌ တည်နေလေ ၏။

ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။

၄ သူတို့ အားလုံး သည် လည်း ဝိညာဉ်တော် မြတ် နှင့် ပြည့်ဝကြ လျက် ဝိညာဉ်တော် သည် ဟောပြောနိုင်သော တန်ခိုး အစွမ်းကိုသူတို့အား ပေး တော်မူ သည့် အ တိုင်း သူတို့ သည် အခြားဘာသာစကား များ ဖြင့် စတင်ပြုဆိုကြလေ ၏။

ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။

၅ ထိုအချိန် တွင် ကမ္ဘာပေါ်ရှိ တိုင်း နိုင်ငံ အသီး သီးတို့မှ ဘုရားတရားကြည်ညိုသူ ဂျူးလူမျိုးတို့ သည် ဂျေရုဆလင်မြို့ ၌ တည်းခို လျက် ရှိကြ ၏။

ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။

၆ ထိုအသံကိုကြားကြ သော အခါ များ စွာသောလူတို့ သည် စုရုံးရောက်ရှိလာကြပြီးနောက် တမန်တော်တို့ ပြောဆိုနေကြ သည် ကို မိမိ တို့ ၏ ဘာသာစကား အသီး သီး ဖြင့် ကြားကြရ သောကြောင့် အလွန်အံ့ဩကြ ၏။

ထိုအသံကိုကြားရသာအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။

၇ ထိုလူ အပေါင်းတို့ သည် လည်းအံ့ဩတွေဝေ လျက် ဆိုကြ သည် မှာ စကားပြောဆိုနေ ကြသော ဤသူ အားလုံး တို့ သည် ဂါလေလေးယနယ်သား များ မဟုတ် ပါသလော။

ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။

၈ သူတို့ပြောဆိုနေကြ သည် ကို ငါတို့ သည် မိမိ တို့ ၏ ဘာသာစကား အသီး သီး ဖြင့် ကြားနေကြရ သည် မှာ အဘယ် သို့ ဖြစ်သနည်း။

သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။

၉ ပါသိယလူမျိုး၊ မေဒေလူမျိုး နှင့် ဧလာမိလူမျိုး၊ မေဆိုပိုတမိယ၊ ဂျူဒေးယ၊ ကပ္ပါဒိုစိယ ပြည် ၊ ပုန္တု ပြည် ၊ အာရှ၊

ပါသိပြည်မှစ၍မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကုပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊

၁၀ ဖရိဂျီယ နှင့် ပမ်ဖိလိယ ပြည် ၊ အီဂျစ် ပြည် ၊ ဆီရီနေမြို့လက်အောက်ရှိလစ်ဗျား ပြည် မှ နယ်ပယ်တို့ တွင် နေထိုင်သူ များ ၊ ရောမမြို့မှလာ ကြသော ဂျူးလူမျိုး များ နှင့် ဂျူးဘာသာ သို့ ကူးပြောင်းလာသူ များ ၊

ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊

၁၁ ခရိကျွန်းသူကျွန်းသား များ နှင့် အာရေးဘိယ ပြည် သား များ ဖြစ် ကြသော ငါတို့ သည် ဤသူတို့ပြောဆိုနေ ကြသော ဘုရားသခင် ၏ အံ့ဩဖွယ်ရာအမှုတော် များ ကို ငါတို့ ၏ ဘာသာစကား အသီး သီး ဖြင့် ကြားနေရပါ သည် တကားဟု ဆိုကြလေ ၏။

ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင်၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။

ဒုတိယကျမ်း

၁ ကော်ရိန္တု ၁၂း ၃-၇၊၁၂-၁၃

ထို့ကြောင့် ဘုရားသခင် ၏ ဝိညာဉ်တော် အား ဖြင့် လှုံ့ဆော်မှုခံရသူတို့ တွင် မည်သူကမျှ ယေဇူး အား ကျိန်စာသင့်ပါစေဟူ ၍ မပြောဆိုနိုင်ကြောင်းကို လည်းကောင်း ၊ မည်သူကမျှလည်း ဝိညာဉ်တော် မြတ် ၏ လှုံ့ဆော် ခြင်း မှလွဲ ၍ ယေဇူး သည် အရှင်သခင်ဖြစ်ပါ သည် ဟူ ၍ ဝန်မခံနိုင်ကြောင်းကို လည်းကောင်း သင်တို့အား သိနားလည်စေလို ၏။

ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။

၄ ဆု ကျေးဇူး တော်အမျိုးမျိုးရှိ သော်လည်း ၎င်း တို့ ကို ဝိညာဉ်တော် တစ်ပါးတည်းက ပေး တော်မူ ခြင်း ဖြစ် ၏။

ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ၏။

၅ ထို့အတူ အစေခံ ခြင်း အမှုအမျိုးမျိုးရှိ သော်လည်း ငါတို့ အစေခံနေ သည့် သခင်မှာ တစ်ပါးတည်းသာဖြစ် ၏။

ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။

၆ အမှုတော်ဆောင် ရန် တာဝန်အမျိုးမျိုးရှိ သော်လည်း ၎င်း တို့ ကို လုပ်ဆောင် ရန် လူ တိုင်း အား တာဝန် အသီး သီးပေးသနားသော သခင် သည် တစ်ပါးတည်းသာဖြစ် တော်မူ ၏။

ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။

၇ အ များ ကောင်းကျိုး အတွက် လူ အသီး သီး ၌ ဝိညာဉ်တော် ဘုရားအား ပေါ်လွင် ထင်ရှား စေနိုင် သည့် အခွင့်ကိုပေးထား လျက် ရှိ ၏။

ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။

အကြောင်း မူကား ကိုယ်ခန္ဓာ တစ်ခု တည်း ၌ ကိုယ်အင်္ဂါအစိတ်အပိုင်း များ စွာရှိပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံး သည် အရေ အတွက် အား ဖြင့် များ သော်လည်း ကိုယ်ခန္ဓာ တစ်ခု တည်း အဖြစ် တည်ရှိကြသကဲ့ သို့ ခရစ်တော် ၌ လည်း ထိုနည်းတူပင်ဖြစ် ၏။

ဥပမာကား၊ ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။

၁၃ အဘယ်ကြောင့် ဆိုသော် ငါတို့ အားလုံး သည် ဂျူးလူမျိုး ဖြစ်စေ ၊ လူမျိုးခြား ဖြစ်စေ ၊ ကျွန် ဖြစ်စေ ၊ လွတ်လပ်သူ ဖြစ်စေ ဝိညာဉ်တော် တစ်ပါးတည်းအား ဖြင့် ကိုယ်ခန္ဓာ တစ်ခု တည်း အဖြစ် ဆေးကြော ခြင်း ခံယူခဲ့ကြ ၏။ ငါတို့ အားလုံး သည် ဝိညာဉ်တော် တစ်ပါးတည်း ထံမှ သောက်သုံးခဲ့ကြရ ၏။

အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။

ဧဝံဂေလိကျမ်း

ယောဟန် ၂၀: ၁၉-၂၃

ရက်သတ္တပတ် ၏ ပထမနေ့ဖြစ်သောထိုနေ့ တွင် ညနေအချိန်ရောက် သော အခါ တပည့်တော်တို့ သည် ဂျူးလူမျိုး တို့ ကို ကြောက် သောကြောင့် မိမိ တို့ စုဝေး ကြသော နေရာ တွင် တံခါး များ ကို ပိတ်ထား လျက် နေကြ ၏။ ထိုအချိန် ၌ ယေဇူး သည် ကြွလာ ၍ သူတို့အလယ် တွင် ရပ် လျက် သင်တို့ ၌ ငြိမ်းချမ်းသာယာ ခြင်း ရှိပါစေဟု သူတို့အား မိန့် တော်မူ ၏။

၂၀ ဤကဲ့ သို့ မိန့် တော်မူ ပြီးနောက် ကိုယ်တော် သည် သူတို့အား မိမိ ၏ လက်တော်တို့ နှင့် နံဘေးတော်ကိုပြ တော်မူ ၏။ ထိုအခါတပည့်တို့ သည် သခင်ဘုရားကိုဖူးမြင်ရသ ဖြင့် ဝမ်းမြောက် ကြလေ ၏။

၂၁ တစ်ဖန် ကိုယ်တော် က သင်တို့ ၌ ငြိမ်းချမ်းသာယာ ခြင်း ရှိစေသတည်း။ ခမည်းတော် သည် ငါ့ကို စေလွှတ် တော်မူ သကဲ့ သို့ ငါ သည် လည်း သင် တို့ ကို စေလွှတ် ၏ ဟု မိန့် တော်မူ ၏။

၂၂ ထို့နောက် ကိုယ်တော် သည် သူတို့အပေါ် သို့ မှုတ် တော်မူ လျက် ဝိညာဉ်တော် မြတ်ကို ခံယူ ကြလော့။

၂၃ အကြင်သူ ၏ အပြစ် များ ကို သင်တို့ ခွင့်လွှတ် လျှင် ထို အပြစ် များ သည် ခွင့်လွှတ် ခြင်း ခံရ ၏။ အကြင်သူ သည် အပြစ် များ ကိုသင်တို့တည်စေ လျှင် ထို အပြစ် များ သည် တည် လျက် ရှိ ၏ ဟု သူတို့အား မိန့် တော်မူ ၏။

 

scriptures