Pathein Catholic Diocese Untitled Document
Untitled Document
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားပွဲတနင်္ဂနွေနေ့အတွက်ဖတ်ရှုရသောကျမ်းစာများ

ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားပွဲနေ့

ပထမကျမ်း

သုတ္တံကျမ်း ၈း ၂၂-၃၁

ထာဝရ ဘုရားသခင် သည် မည် သည့် အရာကိုမျှမဖန်ဆင်းမီငါ့အား အစဦးကတည်းက ဖန်ဆင်း တော်မူ ၏။ ငါ သည် ကိုယ်တော် ၏ ပထမဦး ဆုံးသောလက်ရာတော်ဖြစ် ၏။

ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။

၂၃ ငါ သည် ကမ္ဘာမတည်မီအစဦးကာလ ၌ ပထမဆုံးဖန်ဆင်း တော်မူ ခြင်း ကို ခံခဲ့ရ ၏။

မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။

၂၄ နက်သောပင်လယ်သမုဒ္ဒရာ များ မရှိမီ၊ ရေအလွန်ပေါ များ သောစမ်းရေ တွင်း များ မဖြစ်ပေါ်မီငါ့ကိုရှိ နှင့် စေ တော်မူ ခဲ့ ၏။

နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။

၂၅ တောင်တန်း များ မဖြစ်ပေါ်မီ၊ တောင်ကုန်း များ မတည်ရှိမီငါ့ကို ပေါ်ထွန်း စေ တော်မူ ခဲ့ ၏။

တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊

၂၆ ကမ္ဘာမြေကြီး နှင့် လယ်ကွင်း များ မဖြစ်ပေါ်မီ၊ ပထမဦး ဆုံးသောမြေမှုန့်ကိုပင် ကိုယ်တော် မဖန်ဆင်းမီငါ့ကိုတည်ရှိစေ တော်မူ ခဲ့ ၏။

မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။

၂၇ မိုး ကောင်းကင် ကို ကိုယ်တော် နေရာတကျတည်ရှိစေသောအချိန် ၌ လည်းကောင်း ၊ မိုးကုတ်စက်ဝိုင်းကို မိုးမျက်နှာကြက် တွင် မှတ်သားသောအချိန် ၌ လည်းကောင်း ၊

မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊

၂၈ ကောင်းကင် ပြင် ၌ တိမ်တိုက် များ ကိုနေရာချ ထား သော အချိန် ၌ လည်းကောင်း ၊ သမုဒ္ဒရာစမ်းရေ တွင်း များ ဖြစ်ပေါ်ချိန် ၌ လည်းကောင်း ၊

အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊

၂၉ ပင်လယ်ရေလွှမ်းမိုး ခြင်း မရှိစေ ရန် အမိန့်ပေး တော်မူ သောအချိန် ၌ လည်းကောင်း ၊ ကမ္ဘာမြေကြီး ၏ အောက်ခြေအုတ်မြစ် များ ကို ချမှတ်သောအချိန် ၌ လည်းကောင်း ငါတည်ရှိခဲ့ ၏။

သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊

၃၀ ထိုအခါ ငါ သည် အတူပါဝင်တည်ဆောက်သူ တစ်ဦး ကဲ့ သို့ ကိုယ်တော် ၏ ထံတော်ပါး ၌ ရှိနေခဲ့ ၏။ ငါ သည် နေ့စဉ်နေ့ တိုင်း ကိုယ်တော် ၏ မျက်မှောက်တော် ၌ ဝမ်းမြောက် ပျော်ရွှင် လျက် ကိုယ်တော် နှစ်သက်မြတ်နိုးရာ အဖြစ် ရှိနေခဲ့ပြီး၊

ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊

၃၁ ကိုယ်တော် ၏ ကမ္ဘာတစ်ဝန်းလုံး ၌ ဝမ်းမြောက် လျက် လူသားတို့ ၌ အားရကျေနပ် လျက် ရှိ ၏။

ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။

ဆာလံကျမ်း ၈း ၄-၉

အလိုက်- အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏နာမသည် မြေကြီးတပြင်လုံး၌ အလွန်ကြီး မြတ်တော်မူသတည်း။

၄။ လူ သည် မည်ကဲ့ သို့ သော သူ ဖြစ် ၍ ကိုယ်တော် သည် အောက်မေ့ တော်မူ ရပါသနည်း။ လူသားသက်သက်မျှသာဖြစ် သော သူ ကို ကိုယ်တော် သည် အဘယ်ကြောင့် စောင့်ရှောက် တော်မူ ရပါသနည်း။

လူသည် အဘယ်သို့သော သူဖြစ်၍၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရ သနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်း ငယ်နှိမ့်တော်မူပြီ။

သို့ ရာ တွင် ကိုယ်တော် သည် သူ့ ကို ဘုရားသခင် ထက်အနည်းငယ်သာနိမ့်ကျစေ လျက် ဂုဏ်ကျက်သရေ ဖြင့် သရဖူဆောင်းပေး တော်မူ ၏။

သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။

သူ့အား ကိုယ်တော် ၏ ရွှေလက်တော် ဖြင့် ဖန်ဆင်း ထား သော အရာတို့အပေါ်အုပ်ချုပ်သူအဖြစ် ကိုယ်တော် ခန့်အပ်ထား တော်မူ ၏။ ကိုယ်တော် သည် အရာ အားလုံး တို့ ကို သူ ၏ ခြေဖဝါးအောက် သို့ ရောက်စေ တော်မူ ၏။

ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက်၊

ထိုအရာခပ်သိမ်းတို့ သည် ကား သိုး၊ နွား နှင့် တောတိရစ္ဆာန် များ ၊

ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌ သွားတတ်သောတိရစ္ဆာန် မှစ၍၊

လေ တွင် ပျံသန်းသောငှက် များ ၊ ပင်လယ်ထဲမှ ငါး များ နှင့် ပင်လယ်ရေ တွင် ဖြတ်သန်းသွား ကြသော သတ္တဝါတို့ဖြစ်ကြ ၏။

ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။

အို အကျွန်ုပ် တို့ ၏ အရှင် ထာဝရ ဘုရားသခင် ၊ ကိုယ်တော် ၏ နာမတော် သည် ကမ္ဘာတစ်ဝန်းလုံး ၌ ကြီးမြတ် တော်မူ ၍ ချီးမွမ်း ဖွယ်ဖြစ်ပါ ၏။

ဒုတိယကျမ်း

ရောမဩဝါဒစာဆောင် ၅း ၁-၅

ထို့ကြောင့် ငါတို့ သည် ယုံကြည် ခြင်း အား ဖြင့် ဖြောင့်မတ် ရာ သို့ ရောက်ကြ သောကြောင့် ငါတို့ သည် ယေဇူး ခရစ်တော် အား ဖြင့် ဘုရားသခင် နှင့် ပြန်လည် သင့်မြတ်လာကြ ၏။

ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။

၂ ထိုသခင်မှတဆင့်ငါတို့ သည် ယုံကြည် ခြင်း အား ဖြင့် ယခု ခံစား နေရသော ကျေးဇူး တော်ကိုရရှိကြ ၏။ ထို့အတူ ငါတို့ သည် ဘုရားသခင် ၏ ဘုန်းတော်ကို ခံစား ရမည် ဟူသော မျှော်လင့် ခြင်း နှင့် ဝမ်းမြောက် ကြ ၏။

ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ကို မြော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

၃ ထိုမျှမကသေး။ ငါတို့ သည် မိမိ တို့ ခံရသောဆင်းရဲဒုက္ခ များ ၌ ဝမ်းမြောက် ကြရ ၏။ အကြောင်း မူကား ဆင်းရဲဒုက္ခ သည် သည်းခံနိုင်စွမ်းကို ဖြစ်ပေါ်စေကြောင်းငါတို့ သိကြ ၏။

ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

၄ သည်းခံနိုင်စွမ်း သည် အစမ်းသပ်ခံသောစရိုက်လက္ခဏာကို ဖြစ်ပေါ်စေပြီး ထိုစရိုက်လက္ခဏာ သည် မျှော်လင့် ခြင်း ကို ဖန်တီးပေး ၏။

သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။

၅ ထိုမျှော်လင့် ခြင်း သည် ငါတို့ အား စိတ်ပျက်စေ လိမ့်မည် မဟုတ်။ အကြောင်း မူကား ဘုရားသခင် သည် ငါတို့ အားပေး ထား သည့် ဝိညာဉ်တော် မြတ်အား ဖြင့် မိမိ ၏ မေတ္တာတော်ကို ငါတို့ ၏ စိတ်နှလုံး များ အ တွင်း သို့ သွန်းလောင်း တော်မူ သောကြောင့် ဖြစ် ၏။

ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။

ဧဝံဂေလိကျမ်းစာ

ရှင်ယောဟန် ၁၆း ၁၂-၁၅

ငါ သည် သင်တို့အား ပြောစရာ အကြောင်း အရာ များ စွာရှိသေး သော်လည်း သင်တို့ သည် ယခုခံယူနိုင်ကြမည် မဟုတ်။

သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

၁၃ သမ္မာတရား ၏ ဝိညာဉ်တော် ကြွလာ တော်မူ သော အခါ သူ သည် သမ္မာတရား အကြောင်း အလုံးစုံ တို့ ကို သင်တို့အား သွန်သင် တော်မူ လိမ့်မည်။ အကြောင်း မူကား ထိုအရှင် သည် မိမိ ၏ အခွင့် အာဏာ အလျောက် ဟောပြော လိမ့်မည် မဟုတ်။ သို့ သော် ထိုအရှင် သည် မိမိကြားသိရသော အကြောင်း အရာ များ ကို ဟောပြော တော်မူ လိမ့်မည်။ ထို့ပြင်ထိုအရှင် သည် နောင်ဖြစ်လတ္တံ့သော အကြောင်း အရာ တို့ ကို သင်တို့အား ပြောကြား တော်မူ လိမ့်မည်။

သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

၁၄ ထိုအရှင် သည် ငါ ၏ ဘုန်းဂုဏ်တော်ကို ထင်ရှား စေ လိမ့်မည်။ အကြောင်း မူကား ထိုအရှင် သည် ငါ ၏ တရားကိုယူ ၍ သင်တို့အား ကြားသိစေမည်ဖြစ် သောကြောင့် တည်း။

ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

၁၅ ခမည်းတော် ၌ ရှိသမျှ သည် ငါ နှင့် သက်ဆိုင် ၏။ ထို့ကြောင့်ထိုအရှင် သည် ငါ နှင့် သက်ဆိုင်သောတရားကိုယူ ၍ သင်တို့အား ကြားသိစေ လိမ့်မည်ဟု ငါဆို ခြင်း ၏။

ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။

scriptures