Pathein Catholic Diocese Untitled Document
Untitled Document
၁၂ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဇာခရိ ၁၂း ၁၀-၁၁, ၁၃း၁

ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်းပဌနာပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့ သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ သားဦ အတွက် အဘသည်နာကြဉ်းသကဲ့သို့ နာကြဉ်းရကြလိမ့်မည်။ (Zec 12:10)

 မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့ မှာ ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့ မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။ (Zec 12:11)

ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြောစရာဘို့၊ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။ (Zec 13:1)

ဆာလံကျမ်း

၆၂း ၂-၆, ၈-၉

ကိုယ်တော် တစ်ပါးတည်းသာ လျှင် ငါ ၏ ကျောက်ဆောင် နှင့် ငါ ၏ ကယ်တင် ခြင်း ဖြစ် တော်မူ ၏။ ကိုယ်တော် သည် ငါ ၏ ရဲတိုက်ဖြစ် ၍ ငါ သည် လွန်စွာ တုန်လှုပ် လိမ့်မည် မဟုတ်။

အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။

၃ သင်တို့ အားလုံး သည် တိမ်းစောင်းနေသောနံရံ နှင့် ယိမ်းယိုင်နေသောခြံစည်းရိုးကဲ့ သို့ ဖြစ်နေ သည့် လူ တစ်ဦး ကို အစိတ်စိတ်အမြွာမြွာ ဖြစ်စေ ရန် မည်မျှကြာအောင်တိုက်ခိုက်ကြမည်နည်း။

သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။

၄ သူတို့ သည် ထို သူ့ ကို အလွန်မြင့်သောနေရာမှ ဇောက်ထိုးကျစေ ရန် ကြံစည်ကြ ၏။ သူတို့ သည် နှုတ် များ ဖြင့် ကောင်းချီးပေး ကြသော် လည်း သူတို့ ၏ စိတ်နှလုံးအ တွင်း ၌ မူ ကျိန်ဆဲကြ ၏။

ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ၏။ မုသာကို နှစ်သက်ကြ၏။ နှုတ်ဖြင့်ကား၊ ကောင်းကြီးကို ပေးလျက်၊ နှစ်လုံး၌ကြား၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ၏။

၅ ငါ ၏ ဝိညာဉ် သည် ဘုရားသခင် တစ်ပါးတည်းကိုသာ လျှင် ငြိမ်သက်စွာစောင့်ငံ့ လျက် ရှိ ၏။ အကြောင်း မူကား ငါ ၏ မျှော်လင့် ခြင်း သည် ကိုယ်တော့်ထံတော်မှလာ ၏။

အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။

၆ ကိုယ်တော် တစ်ပါးတည်းသာ လျှင် ငါ ၏ ကျောက်ဆောင်၊ ငါ ၏ ကယ်တင် ခြင်း နှင့် ငါ ၏ ရဲတိုက်ဖြစ် ၍ ငါ သည် တုန်လှုပ် လိမ့်မည် မဟုတ်။

အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါခိုလှုံရာဖြစ်တော် မူ၍၊ ငါသည် လှုပ်ရှားခြင်းမရှိရာ။

အိုလူ အပေါင်းတို့ ၊ ကိုယ်တော့်ကို အချိန် ကာလ တိုင်း ၌ ယုံကြည်အားထား ကြလော့။ ကိုယ်တော့်အထံတော် သို့ သင်တို့ ၏ စိတ်နှလုံး များ ကို ဖွင့်လှစ်ထား ကြလော့။ အကြောင်း မူကား ထာဝရ ဘုရားသခင် သည် ငါတို့ ၏ ခိုလှုံရာဖြစ် တော်မူ ၏။

အိုလူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ် ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။

၉ နိမ့်ကျ သော သူ တို့ သည် ထွက်သက်ဝင်သက်မျှသာဖြစ် ၍ ဂုဏ်သရေရှိ သော သူ တို့ သည် လှည့်ဖြားမှု တစ်ခု သာဖြစ် ၏။ ချိန်ခွင် တွင် ချိန်စက်ကြည့် လျှင် သူတို့ သည် အချည်းနှီးပင်ဖြစ်ကြ ၏။ သူတို့နှစ်ဦးပေါင်း လျှင် ထွက်သက်ဝင်သက်ထက်ပို ၍ ပေါ့ လျက် ပင်ရှိသေး ၏။

အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။

ဒုတိယကျမ်း

ဂလာတိ ၃း ၂၆-၂၉

၂၆ အဘယ်ကြောင့် ဆိုသော် သင်တို့ အားလုံး သည် ယေဇူး ခရစ်တော် ၌ ယုံကြည် ခြင်း အား ဖြင့် ဘုရားသခင် ၏ သားသမီး များ ဖြစ်ကြ ၏။

အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။

၂၇ အကြောင်း မူကား ခရစ်တော် ၌ ဆေးကြော ခြင်း မင်္ဂလာကိုခံယူ သော သူ မှန်သမျှ သည် ခရစ်တော် ကို အဝတ်တန်ဆာကဲ့ သို့ ဝတ်ဆင်ကြ သောကြောင့် ဖြစ် ၏။

ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။

၂၈ ခရစ်တော် ၌ ဂျူးလူမျိုး နှင့် ဂရိလူမျိုးဟူ ၍ မရှိ။ ကျေးကျွန် နှင့် လွတ်လပ်သူဟူ ၍ လည်းမရှိ။ ယောက်ျား နှင့် မိန်းမဟူ ၍ လည်းမရှိတော့ပေ။ အကြောင်း မူကား သင်တို့ အားလုံး သည် ယေဇူး ခရစ်တော် ၌ တစ်လုံးတစ်ဝတည်းဖြစ်ကြ ၏။

ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။

၂၉ သင်တို့ သည် ခရစ်တော် နှင့် သက်ဆိုင်ကြပါ လျှင် အာဘရာဟံ ၏ အမျိုးအနွယ်ဖြစ်ကြ ၍ ကတိတော် အ တိုင်း အမွေစားအမွေခံ များ ဖြစ်ကြ ၏။

ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။

ဧဝံဂေလိကျမ်း

လုကား ၉း ၁၈-၂၄

တစ်နေ့သ ၌ ကိုယ်တော် သည် မိမိတစ်ပါးတည်းဆုတောင်းနေ တော်မူ စဉ် တပည့်တော်တို့ သည် ကိုယ်တော် နှင့် အတူ ရှိကြ ၏။ ထိုအခါ ကိုယ်တော် က လူအစုအဝေးတို့ သည် ငါမည်သူဖြစ်ကြောင်းပြောဆိုကြသနည်းဟု သူတို့အား မေး တော်မူ ၏။

၁၉ သူတို့ က လည်း အချို့က ယောဟန်ဘတ္တိဇံ၊ အချို့ကဧလိယ၊ အခြားသူတို့က ရှေး ပရောဖက် တစ်ပါးပါးပြန်ရှင်လာ သည် ဟူ ၍ ပြောဆိုကြပါ သည် ဟု ပြန်ဖြေကြ ၏။

၂၀ ကိုယ်တော် က လည်း သင်တို့မူကား ငါမည်သူဖြစ် သည် ဟူ ၍ ပြောဆိုကြသနည်းဟုမေး တော်မူ လျှင် ပေတရုက ကိုယ် တော် သည် ဘုရားသခင် ၏ ခရစ်တော် ဖြစ်ပါ သည် ဟု လျှောက်လေ ၏။

၂၁ သို့ သော် ကိုယ်တော် က ဤ အကြောင်း ကို မည် သူ့ ကို မျှ မပြော ရန် သူတို့အား ကြပ်တည်းစွာတားမြစ် တော်မူ လျက် ၊

၂၂ လူသား သည် ဒုက္ခ များ စွာခံရပြီးသက်ကြီးဝါကြီး များ ၊ ရဟန်းအကြီးအကဲ များ နှင့် ကျမ်းတတ်ဆရာ တို့ ၏ ငြင်းပယ် ခြင်း နှင့် အသေသတ် ခြင်း ကိုခံရ လိမ့်မည်။ သူ သည် သုံးရက်မြောက်သောနေ့ တွင် ရှင်ပြန်ထမြောက် လိမ့်မည်ဟု မိန့် တော်မူ ၏။

၂၃ ထို့နောက် ကိုယ်တော် က မည်သူမဆိုငါ့နောက် သို့ လိုက်လို လျှင် မိမိကိုယ်ကို ငြင်းပယ်စေ။ မိမိလက်ဝါးကပ်တိုင်ကို လည်းနေ့စဉ်ထမ်းယူ ၍ ငါ့နောက် သို့ လိုက်စေ။

၂၄ အကြောင်း မူကား မိမိအသက်ကို ကယ်ဆယ်လို သော သူ သည် အသက်ဆုံးရှုံးရ လိမ့်မည်။ ငါ့ အတွက် အသက်ဆုံးရှုံး သော သူ သည် အသက်ကိုရ လိမ့်မည်။

 

scriptures