Pathein Catholic Diocese Untitled Document
Untitled Document
ခရစ်‌တော်၏အသားတော်နှင့်အသွေးတော်ပွဲတနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ကမ္ဘာဦးကျမ်း ၁၄း ၁၈-၂၀

အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား ၏ ယဇ်​ပု​ရော ဟိတ်​ဖြစ် ၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက် သည် အာ​ဗြံ​ထံ သို့ မုန့် နှင့် စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး လျှင် ၊ -

၁၉ သူ့​အား​ကောင်း​ချီး​ပေး လျက် ``ကောင်း​ကင် နှင့် မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား သည် အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။ -

၂၀ သင် ၏ ရန် သူ များ ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား ၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ ၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ ၏။

ဆာလံကျမ်း

၁၁၀း ၁-၄

ထာဝရ ဘုရားသခင် က သင် ၏ ရန် သူ များ ကို သင် ၏ ခြေတင်ခုံ အဖြစ် ငါပြုလုပ် တော်မူ သည့် တိုင်အောင် ငါ ၏ လက်ယာဘက် တွင် ထိုင်လော့ဟု ငါ ၏ သခင်အားမိန့် တော်မူ ၏။

၂ ထာဝရ ဘုရားသခင် သည် ကိုယ်တော် ၏ တန်ခိုး ကြီးသောရာဇလှံတံကို ဇီအွန်မြို့မှ စေလွှတ် တော်မူ ၍ သင် သည် ရန် သူ များ အလယ် တွင် အုပ်စိုးရ လိမ့်မည်။

၃ သင် သည် သင် ၏ တပ် များ ကို သန့်ရှင်း သောတောင် များ ပေါ် တွင် ဦးဆောင်ချီတက်သောနေ့ ၌ သင် ၏ လူမျိုး သည် မိမိ တို့ ကို ယ်ကို လွတ်လပ်စွာဆက်ကပ်အပ်နှံကြ လိမ့်မည်။ ကိုယ်တော် ၏ လူငယ်လူရွယ်တို့ သည် နံနက်အချိန် ၌ ကျ သည့် ဆီးနှင်းကဲ့ သို့ သန့်ရှင်း သောဂုဏ်ကျက်သရေ ဖြင့် တန်ဆာဆင် လျက် ကိုယ်တော့်ထံ သို့ လာရောက်ကြ လိမ့်မည်။

၄ ထာဝရ ဘုရားသခင် က သင် သည် မေလ်ခိဇေဒက် ၏ ရဟန်းမျိုးနွယ်နည်းတူ ထာဝရ ရဟန်းမျိုးဖြစ် သည် ဟု ကျိန်ဆို တော်မူ ပြီးနောက် ကိုယ်တော် သည် တစ်ဖန်စိတ်ပြောင်းလဲ တော်မူ လိမ့်မည် မဟုတ်။

ဒုတိယကျမ်း

၁ကောရိန္တု ၁၁း ၂၃-၂၆

၂၃ အကြောင်း မူကား သခင်ဘုရား ထံမှ ငါရရှိခဲ့ ၍ သင်တို့အား ငါပေးခဲ့သောသွန်သင်ချက် သည် ကား ယေဇူး သခင် သည် ရန် သူ ၏ လက် သို့ အပ်နှံ ခြင်း ခံရ သည့် ညဉ့်မုန့်ကိုယူ ၍ ၊

၂၄ ကျေးဇူး တင် ချီးမွမ်း ပြီးနောက် မုန့်ကိုဖဲ့ ၍ ဤအရာ သည် သင်တို့အဖို့ဖြစ်သော ငါ ၏ ခန္ဓာကိုယ် ဖြစ် ၏။ ငါ့ကိုအောက်မေ့သတိရ ခြင်း ငှာဤ အမှုကို ပြု ကြလော့ဟု မိန့် တော်မူ ၏။

၂၅ ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော် ကိုလည်း ယူ တော်မူ လျက် ဤခွက် သည် ငါ ၏ သွေး ၌ တည်သော ပဋိညာဉ်အသစ်ဖြစ် ၏။ ဤခွက်ကိုသင်တို့သောက်ကြ သည့် အခါ တိုင်း ငါ့ကိုအောက်မေ့သတိရ ခြင်း ငှာ ဤ အမှုကို ပြု ကြလော့ဟု မိန့် တော်မူ ၏။

၂၆ အကြောင်း မူကား သင်တို့ သည် ဤမုန့်ကိုစား ၍ ဤခွက်ကိုသောက်ကြ သည့် အခါ တိုင်း သခင်ဘုရား ၏ အသေခံ ခြင်း ကို ကိုယ်တော် ကြွလာ တော်မူ သည့် တိုင်အောင် ကြေညာဟောပြော လျက် ရှိ သောကြောင့် တည်း။

အာလေလုယာ

ငါ သည် ကောင်းကင် မှဆင်းသက်လာ သည့် အသက်ရှိသောမုန့်ဖြစ် ၏။ ဤမုန့်ကိုစား သော သူ သည် အစဉ် ထာဝရ အသက်ရှင် လိမ့်မည်။ ဤလောက ၏ အသက်အဖို့ ငါပေးမည်ဖြစ်သောမုန့် သည် ငါ ၏ အသားပေတည်းဟု မိန့် တော်မူ ၏။ (ယောဟန် ၆း ၅၁)

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကား ၉း ၁၁-၁၇

လူအစုအဝေးတို့ သည် ဤ အကြောင်း ကိုကြားသိ သော အခါ ကိုယ်တော် ၏ နောက် သို့ လိုက်ကြ ၏။ ကိုယ်တော် သည် လည်းသူ တို့ ကို လက်ခံ ၍ ဘုရားသခင် ၏ နိုင်ငံတော် အကြောင်း ကို ဟောပြောသွန်သင် လျက် ကုသ ခြင်း ကို လိုအပ် သော သူ တို့ အားကုသပျောက်ကင်းစေ တော်မူ ၏။

၁၂ ထိုအချိန် တွင် ညနေစောင်းပြီဖြစ် သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့ သည် ကိုယ်တော့်ထံ သို့ ချဉ်းကပ်ကြ လျက် လူအစုအဝေးတို့အား အနီးအနားရှိကျေးရွာ များ သို့ သွား ၍ တည်းခို ရန် အစားအစာ များ ကို ရှာဖွေနိုင် ရန် စေလွှတ် တော်မူ ပါ။ အကြောင်း မူကား တပည့်တော်တို့ရောက်ရှိနေသောဤနေရာ သည် လူသူကင်းဝေး သည့် အရပ်ဖြစ်ပါ သည် ဟု လျှောက်ကြ ၏။

၁၃ သို့ သော် ကိုယ်တော် ကသင်တို့ သည် သူတို့အား စားစရာကိုပေး ကြလော့ဟု တပည့်တော် တို့ ကို မိန့် တော်မူ ၏။ သူတို့ က လည်း ဤလူ အားလုံး အတွက် စားစရာကို တပည့်တော်တို့သွား ၍ မဝယ်ပါက တပည့်တော်တို့ ၌ ပေါင်မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်ထက်ပို ၍ မရှိ ပါဟု လျှောက်ကြ ၏။

၁၄ အကြောင်း မူကား ထိုနေရာ ၌ ယောက်ျား ဦးရေငါးထောင်ခန့်ရှိ သောကြောင့် ဖြစ် ၏။ ကိုယ်တော် က လည်း ဤသူ တို့ ကို တစ်စု လျှင် လူငါးဆယ်စီစု ၍ ထိုင်စေလော့ဟု တပည့်တော်တို့အား မိန့် တော်မူ ၏။

၁၅ တပည့်တော်တို့ သည် လည်း အမိန့်တော် အ တိုင်း ဆောင်ရွက်ကြ ၍ လူ အားလုံး တို့ ကို ထိုင်စေကြ ၏။

၁၆ ထို့နောက် ကိုယ်တော် သည် ပေါင်မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်ကိုယူ ၍ ကောင်းကင် သို့ မျှော်ကြည့် လျက် ကောင်းချီးပေး ပြီးမှဖဲ့ ၍ ၎င်းကို လူအ များ ရှေ့ တွင် တည်ခင်းစေ ခြင်း ငှာ တပည့်တော်တို့အား ပေး တော်မူ ၏။

၁၇ လူ အပေါင်းတို့ သည် လည်း စား ၍ ဝကြပြီးမှ တပည့်တော်တို့ သည် ကြွင်းကျန်သောမုန့် အကျိုး အပဲ့ များ ကို ကောက်သိမ်း ကြရာ တစ်ဆယ့်နှစ်တောင်းအ ပြည့်ရကြလေ ၏။

 

scriptures