Pathein Catholic Diocese Untitled Document
Untitled Document
ယေဇူး၏ရွှေနှလုံးတော်ပွဲနှင့်သက်ဆိုင်သောကျမ်းချက်များ

The Most sacred Heart of Jesus

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အားဖြည့်ပေးမည်။ (Mat 11:28) ငါ့ထမ်းပိုးကိုယူ၍ ထမ်းလျက် ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် သိမ်မွေ့၍ နှိမ့်ချသော စိတ်နှလုံးရှိ၏။ (Mat 11:29)

*** ယေဇူး၏ အလွန်မွန်မြတ်တော်မူသော နှလုံးသားသည် သူ၏ ချွင်းချက်မရှိသော ချစ်ခြင်းမေတ္တာနှင့် အဆုံးမရှိသော သနားကြင်နာခြင်း၏ သင်္ဂေတ အမှတ်အသား ဖြစ်သည်။

၁။ သမ္မာကျမ်းစာက ဖော်ပြပေးသည့် ယေဇူးခရစ်တော်၏ ချစ်ခြင်းမေတ္တာ။

ငါသည် သင်တို့အား ပညတ်အသစ်ကို ပေးသည်ကား သင်တို့အချင်းချင်း ချစ်ကြလော့။ သင်တို့ကို ငါချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။ (Joh 13:34)

ငါ၏ ပညတ်တော်များကို ခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကိုချစ်၏။ ငါ့ကိုချစ်သောသူကို ငါ၏ ခမည်းတော်သည်လည်း ချစ်တော်မူလိမ့်မည်။ ငါသည်လည်း သူ့ကိုချစ်၍ မိမိကိုယ္ကို သူ့အား ထင်ရှားပြတော်မူမည်။ (Joh 14:21)

ခမည်းတော်သည် ငါ့ကို ချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ ချစ်ခြင်းမေတ္တာတော်၌ တည်နေကြလော့။ (Joh 15:9) ငါသည် ခမည်းတော်၏ ပညတ်တော်များကို စောင့်ထိန်း၍ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ၏ ပညတ်တော်များကို စောင့်ထိန်းကြပါလျှင် ငါ၏ ချစ်ခြင်းမေတ္တာတော်၌ တည်နေကြလိမ့်မည်။ (Joh 15:10)

ငါ၏ ပညတ်သည်ကား ငါသည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။ (Joh 15:12)

ထို့ကြောင့် သင်တို့သည် အချင်းချင်း ချစ်ကြရန် သင်တို့အား ငါပညတ်၏။ (Joh 15:17)

၂။ သမ္မာကျမ်းစာက ဖော်ပြပေးသည့် ယေဇူးခရစ်တော်၏ သနားကြင်နာခြင်း။

ထိုအခါ အနာကြီးရောဂါ စွဲကပ်နေသူ တစ်ယောက်သည် လာ၍ ကိုယ်တော့်ရှေ့မှောက်၌ ဒူးထောက်လျက် သခင်၊ ကိုယ်တော် အလိုရှိတော်မူလျှင် အကျွနု်ပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု လျှောက်ထား၏။ (Mat 8:2) ထိုအခါ ကိုယ်တော်သည် မိမိ၏ လက်တော်ကိုဆန့်၍ သူ့အား တို့ထိကာ ငါအလိုရွိ၏။ သန့်ရှင်းစင်ကြယ်ခြင်းသို့ ရောက်စေဟု မိန့်တော်မူလျှင် သူ၏ အနာကြီးရောဂါသည် ချက်ခြင်း ပျောက်ကင်းသွားလေ၏။ (Mat 8:3) (Mar 1:40-41) (Luk 5:12-13)

ထိုအကြောင်းအရာသည်ကား သူသည် ငါတို့၏ ဖျားနာခြင်းများကို ယူဆောင်တော်မူ၍ ငါတို့၏ ရောဂါဝေဒနာများကို ခံထမ်းတော်မူ၏ ဟူသော ပရောဖက်အီဇာယ၏ ဟောထားချက် ပြည့်စုံစေမည့်အကြောင်း ဖြစ်သတည်း။ (Mat 8:17) (Isa 53:4)

ငါအလိုရှိသည်ကား ယဇ်ပူဇော်ခြင်း မဟုတ်၊ ဂရုဏာသနားခြင်းသာ ဖြစ်၏ ဟူသော ကျမ်းစကားသည် မည်သည့်အရာကို ဆိုလိုကြောင်း သြား၍ သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သော သူတို့ကို ခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်ရှိသော သူတို့ကို ခေါ်ရန်သာ ငါလာသည်ဟု မိန့်တော်မူ၏။ (Mat 9:13)

(Mar 2:17) (Luk 5:31-32)

ကိုယ်တော်သည် လူအစုအဝေးတို့ကို မြင်တော်မူသောအခါ သူတို့အပေါ် ကရုဏာသက်တော်မူလေ၏။ အကြောင်းမူကား ထိုသူတို့သည် သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့၍ ပူပင်သောက ရောက်နေကြသောကြောင့် ဖြစ်၏။ (Mat 9:36)

(Mar 6:34)

ကိုယ်တော်သည် ကမ်းပေါ်သို့ တက်တော်မူသောအခါ များပြားသော လူအစုအေဝးကို မြင်သဖြင့် သူတို့အပေါ် ကရုဏာသက်၍ အနာရောဂါရှိသော သူမ်ားကို ပျောက်ကင်းစေတော်မူ၏။ (Mat 14:14) (Luk 9:11)

ယေဇူးသည်လည်း တပည့်တော်တို့ကို အထံတော်သို့ခေါ်၍ မိန့်တော်မူသည်ကား ငါသည် ဤလူပရိတ်သတ်တို့ကို သနား၏။ အကြောင်းမူကား သူတို့သည် ငါနှင့်အတူ သုံးရက်ပတ်လုံး နေခဲ့ကြပြီး စားစရာလည်း မရှိကြ။ သူတို့အား ဆာလောင်မွတ်သိပ့်လျက် ပြန်စေခြင်းငှာ ငါအလိုမရှိ။ အကြောင်းမူကား သူတို့သည် လမ်းခရီး၌ အားပြတ်ကြမည်ကို စိုးရိမ်ရ၏ဟု မိန့်တော်မူ၏။ (Mat 15:32) (Mar 8:1-3)

ယေဇူးသည်လည်း ကရုဏာသက်၍ ထိုသူတို့၏ မ်က္စိမ်ားကို တို့ထိတော်မူ၏။ ထိုခဏခြင်းတွင် သူတို့၏ မ်က္စိမ်ား မြင်ကြ၍ သူတို့သည် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြလေ၏။ (Mat 20:34)

ကိုယ်တော်သည်လည်း သူမကိုမြင်လျှင် သူမအပေါ် သနားခြင်းစိတ် ဖြစ်ပေါ်သဖြင့် မငိုကြွေးလေနှင့်ဟု သူမအား မိန့်တော်မူ၏။ (Luk 7:13) နာအိမ်မြို့မှ မုဆိုးမ

ကိုယ်တော်က ငါ့အား သင့်အတွက် မည်သည့်အရာကို ပြုစေလိုသနည်းဟု သူ့အား မေးတော်မူလျှင် သူက သခင်၊ အကျွနု်ပ်မျက်စိ ပြန်မြင်လိုပါသည်ဟု လျှောက်လေ၏။ (Luk 18:41) ထိုအခါ ယေဇူးက သင်၏မျက်စိအလင်းကို ခံယူလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု သူ့အား မိန့်တော်မူ၏။ (Luk 18:42) (Mar 10:52)

ကိုယ်တော်သည် မော်ကြည့်၍ အချင်းအမျိုးသမီး၊ ထိုသူတို့ အဘယ်မှာနည်း။ မည်သူမျှ သင့်ကို အပြစ်ဒဏ် မေပးသေလာဟု မေးတော်မူ၏။ (Joh 8:10) သူမက မည်သူမျှ အျပစ္ဒဏ္မေပးပါ၊ သခင်ဟု လျှောက်ထားလေ၏။ ယေဇူးက ငါသည်လည်း သင်အား အပြစ်ဒဏ် မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့်ဟု မိန့်တော်မူ၏။ (Joh 8:11)

၃။ ဆုံးမစာများက ဖော်ပြပေးသည့် ယေဇူးခရစ်တော်၏ ချစ်ခြင်းမေတ္တာ။

အကြောင်းမူကား ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အုပ်စိုးလေပြီ။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံခဲ့သောကြောင့် လူအပေါင်းတို့သည် သေခဲ့ကြပြီး ဖြစ်သည်ကို ငါတို့ လက်ခံယုံကြည်ကြသောကြောင့် ဖြစ်၏။ (2Co 5:14)

ယခု အသက်ရှင်လျက် ရှိသည်မှာ ငါမဟုတ်တော့ဘဲ ငါ့၌ ကိန်းဝပ်တော်မူသော ခရစ်တော်ဖြစ်၏။ ငါ၏ ကိုယ်ခန္ဓာ၌ ယခု ရှင်သန်နေသော အသက်သည် ဘုရားသခင်၏ သားတော်၌ ယုံကြည်ခြင်းအားဖြင့် ရှင်သန်နေခြင်း ဖြစ်၏။ ထိုသားတော်သည် ငါ့အားချစ်သဖြင့် ငါ့အတွက် မိမိကိုယ္ကို စွန့်လွှတ်တော်မူခဲ့၏။ (Gal 2:20)

ခရစ်တော်သည် ငါတို့ကို ချစ်မြတ်နိုး၍ ငါတို့အတွက် မိမိကိုယ္ကို မွှေးကြိုင်သော ပူဇော်သကာနှင့် ယဇ်ကောင်အဖြစ် ဘုရားသခင်အား ဆက်ကပ်ပူဇော်တော်မူသကဲ့သို့ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာတော်၌ လျှောက်လှမ်းကြလော့။ (Eph 5:2)

မည်သူသည် ငါတို့ကို ခရစ်တော်၏ မေတ္တာတော်နှင့် ကင်းကွာစေနိုင်မည်နည်း။ ဒုက္ခအခက်အခဲများ၊ ဆင်းရဲနွမ်းပါးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ အစာခေါင်းပါးခြင်း၊ အဝတ်အစား ကင်းမဲ့ခြင်း၊ ဘေးအန္တရယ်နှင့် ကြုံတွေ့ခြင်း၊ ကွတ်မျက်ခံရခြင်း စသည်တို့သည် ငါတို့ကို ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်လော။ (Rom 8:35)

ကိုယ်တော်သည် ငါတို့အတွက် မိမိ၏ အသက်တော်ကို စွန့်တော်မူခြင်းကြောင့် ငါတို့သည် ချစ်ခြင်းမေတ္တာတော်ကို သိကြရ၏။ ငါတို့သည်လည်း ညီအစ်ကိုတို့အတွက် ငါတို့၏ အသက္ကို စွန့်သင့်၏။ (1Jo 3:16)

ကမ္ဘာပေါ်ရှိ ဘုရင်တို့၏ ဘုရင်ဖြစ်ပြီး သေခြင်းမှ ထမြောက်သော သူတို့တွင် သားဦးဖြစ်၍ သစ္စာရှိသော သက်သေခံ ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ထံတော်မှ လည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏ အသွေးတော်နှင့် ငါတို့ကို အျပစ္မ်ားမွ ဖြေလွှတ်ပြီး (Rev 1:5) ငါတို့အတွက် နိုင်ငံတော် တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ရန် ငါတို့ကို ရဟန်းအမျိုးအနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာဏာတော် ရှိပါစေသော။ အာမင်။ (Rev 1:6)

၄။ ဆုံးမစာများက ဖော်ပြပေးသည့် ယေဇူးခရစ်တော်၏ သနားကြင်နာခြင်း။

အကြောင်းမူကား ငါတို့သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့ သိကြပြီးဖြစ်၏။ ကိုယ်တော်သည် ပြည့်စုံကြွယ်ဝသူ ဖြစ်သော်လည်း မိမိ၏ ဆင်းရဲချို့တဲ့ခြင်းအားဖြင့် သင်တို့သည် ပြည့်စုံကြွယ်ဝသူများ ဖြစ်လာစေရန် သင်တို့အတွက် ဆင်းရဲခြင်းကို ခံတော်မူခဲ့၏။ (2Co 8:9)

ထိုကြောင့် ကိုယ်တော်သည် လူတို့၏ အပြစ်များအတွက် အပြစ်ဖြေလွှတ်ခြင်းပေးရန် ဘုရားသခင်၏ အမှုတော်၌ ကရုဏာ၊ သစ္စာနှင့် ပြည့်စုံတော်မူသော ရဟန်းချုပ် ဖြစ်အံ့သောငှါ အရာရာ၌ မိမိ၏ ညီအစ်ကိုများနှင့် တူနေရခြင်း ဖြစ်၏။ (Heb 2:17)

အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲဒုက္ခနှင့် စုံးစမ်းနှောင့်ယှက်ခြင်းတို့ကို ကိုယ်တော်တိုင် ခံခဲ့ရသဖြင့် စုံးစမ်းနှောင့်ယှက်ခြင်း ခံရေသာ သူတို့အား ကူညီနိုင်စွမ်း ရှိတော်မူ၏။ (Heb 2:18)

အကြောင်းမူကား ငါတို့၏ ရဟန်းချုပ်သည် ငါတို့၏ အားနည်းချက်များအပေါ် စာနာထောက်ထားခြင်း မရှိသောသူ မဟုတ်ပေ။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်း  အမျိုးမျိုးကို ခံခဲ့ရေသာသူ ဖြစ်တော်မူ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။ (Heb 4:15)

မိမိတို့ကိုယ်ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ တည်ရှိစေကြလော့။ ထာဝရအသက္ကို ရအံ့သောငှာ ငါတို့၏သခင် ယေဇူးခရစ်တော်၏ သနားကရုဏာတော်ကို စောင့်မျှော်ကြလော့။ (Jud 1:21)

၅။ ဆုတောင်း။

သူတော်သူမြတ် အပေါင်းတို့နှင့်အတူ ခရစ်တော်၏ ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း၊ ကျယ်ဝန်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မားကြောင်း စသည်တို့ကို သိရှိနားလည်နိုင်သောစွမ်းအား ရရှိမည့်အကြောင်း ငါဆုတောင်း၏။ (Eph 3:19) ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ ပေါင်းစပ်ကြမည့်အကြောင်း ငါဆုတောင်းပါ၏။ (Eph 3:19)

ဖာသာရ်ခင်မောင်အေး

 

scriptures