Pathein Catholic Diocese Untitled Document
Untitled Document
ယေဇူး၏ရွှေနှလုံးတော်ပွဲအတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ယေဇကျေလ ၃၄း ၁၁-၁၆

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။ (Eze 34:11)

 ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်းရောက်သော အခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုဃ်းအုံ့၍ မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။ (Eze 34:12)

 အတိုင်းတိုင်းအပြည်ပြည် တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်ပြည်သို့ ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနားအစရှိသော နေစရာအရပ်တို့၌ ကျွေးမွေးမည်။ (Eze 34:13)

 ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သော ဣသရေလ တောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေတောင်ပေါ်မှာ ကောင်းသော ခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားရကြလိမ့်မည်၊ (Eze 34:14)

 ပျောက်သော သိုးများကို ငါရှာမည်။ သူတပါးနှင်သော သိုးကို လိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကို မစမည်။ ဆူဖြိုး၍ အားရှိသော သိုးကိုကား တရားအတိုင်း ကျွေးမွေး၍ ကွက်မျက်မည်ဟု အရှင်ထာဝရဘုရား မိန်တော်မူ၏။ (Eze 34:16)

 ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်းငါပေးမည်။ (Eze 34:15)

ဆာလံကျမ်း

၂၃း ၁-၃, ၃ခ-၄, ၅, ၆

အလိုက်-ထာဝရ ဘုရားသခင် သည် ငါ ၏ သိုးထိန်းဖြစ် တော်မူ ၏။ ငါ ၌ မည် သည့် အရာမျှလိုလေသေးရှိမည် မဟုတ်။

ထာဝရ ဘုရားသခင် သည် ငါ ၏ သိုးထိန်းဖြစ် တော်မူ ၏။ ငါ ၌ မည် သည့် အရာမျှလိုလေသေးရှိမည် မဟုတ်။ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။

၂ ကိုယ်တော် သည် ငါ့အားစိမ်းလန်းသောစားကျက် များ ၌ နားစေ တော်မူ ၍ ငြိမ်သက်သာယာသော မြစ်ချောင်း များ အနီး သို့ လမ်းပြ ခေါ် ဆောင် တော်မူ ၏။

စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ၏။

၃ ကိုယ်တော် သည် ငါ ၏ ဝိညာဉ်ကို အားသစ်လောင်း တော်မူ ၍ ကိုယ်တော် ၏ နာမတော် အတွက် ငါ့အား ဖြောင့်မတ် သောလမ်း အ တိုင်း ခေါ် ဆောင် တော်မူ ၏။

ထာဝရ ဘုရားသခင် ၏ အသံတော် သည် ဘုန်း တန်ခိုး တော် နှင့် ပြည့်စုံ တော်မူ ၏။ ထာဝရ ဘုရားသခင် ၏ အသံတော် သည် ဂုဏ်ကျက်သရေ နှင့် ပြည့်ဝ လျက် ရှိ ၏။

ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

၅ ထာဝရ ဘုရားသခင် ၏ အသံတော် သည် ထင်းရှူးမွှေးပင် တို့ ကို ကျိုးစေ တော်မူ ၏။ ထာဝရ ဘုရားသခင် သည် လေဘနွန်မှ ထင်းရှူးမွှေးပင် တို့ ကို ချိုးဖဲ့ တော်မူ ၏။

ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။

၆ ကိုယ်တော် သည် လေဘနွန်ကိုနွား သူငယ် ကဲ့ သို့ လည်းကောင်း ၊ ဆီရီအုံ ကိုလည်း ပျိုရွယ်သောနွား သို့ ကဲ့ သို့ လည်းကောင်း ခုန်ပေါက်စေ တော်မူ ၏။

ဒုတိယကျမ်း

ရောမ ၅း ၅-၁၁

ထိုမျှော်လင့် ခြင်း သည် ငါတို့ အား စိတ်ပျက်စေ လိမ့်မည် မဟုတ်။ အကြောင်း မူကား ဘုရားသခင် သည် ငါတို့ အားပေး ထား သည့် ဝိညာဉ်တော် မြတ်အား ဖြင့် မိမိ ၏ မေတ္တာတော်ကို ငါတို့ ၏ စိတ်နှလုံး များ အ တွင်း သို့ သွန်းလောင်း တော်မူ သောကြောင့် ဖြစ် ၏။

ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူ ကား၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။

၆ ငါတို့ သည် အားကိုးရာမဲ့ဖြစ်နေစဉ် တွင် ခရစ်တော် သည် ဘုရားတရားမဲ့သောငါတို့ အတွက် သတ်မှတ်ထား သည့် အချိန် ၌ အသေခံ တော်မူ ၏။

ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။

၇ ဖြောင့်မတ် သော သူ တစ်ယောက် အတွက် အသေခံ မည့်သူ မရှိသလောက်ဖြစ် ၏။ သို့ သော်ကောင်း သော သူ တစ်ယောက် အတွက် အသေခံဝံ့သူရှိကောင်းရှိ လိမ့်မည်။

ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့။

၈ သို့ ရာ တွင် ငါတို့ သည် အပြစ် သား များ ဖြစ်နေ သော အခါ ၌ ပင် ခရစ်တော် သည် ငါတို့ အတွက် အသေခံ တော်မူ ခြင်း ဖြင့် ဘုရားသခင် သည် ငါတို့ အပေါ်ထားရှိသော သူ ၏ ချစ်မေတ္တာကို ပြသ တော်မူ ၏။

ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။

၉ ထို့ကြောင့် ယခုငါတို့ သည် ကိုယ်တော် ၏ အသွေးတော်အား ဖြင့် ဖြောင့်မတ် ရာ သို့ ရောက်ခဲ့ကြ သောကြောင့် ထိုသခင် အား ဖြင့် ဘုရားသခင် ၏ အမျက်တော်မှ ပို ၍ ပင်ကယ်ချွတ် တော်မူ ခြင်း ခံရပေ လိမ့်မည်။

သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

၁၀ အဘယ်ကြောင့် ဆိုသော် ငါတို့ သည် ဘုရားသခင် ၏ ရန် သူ များ ဖြစ်ခဲ့ကြစဉ် ကိုယ်တော့် သားတော် ၏ အသေခံ တော်မူ ခြင်း အား ဖြင့် ဘုရားသခင် နှင့် ပြန်လည် သင့်မြတ်ခဲ့ကြပါ လျှင် ယခု ငါတို့ သည် ပြန်လည် သင့်မြတ်ကြပြီဖြစ်သ ဖြင့် သားတော် ၏ အသက်တော် အား ဖြင့် ကယ်တင် ခြင်း ကိုပိုမိုရရှိကြပေ လိမ့်မည်။

အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

၁၁ ထိုမျှသာမက။ ငါတို့ သည် ငါတို့ ၏ သခင် ယေဇူး ခရစ်တော် အား ဖြင့် ဘုရားသခင် နှင့် ပြန်လည် သင့်မြတ် ခြင်း ကို ယခုခံ စားကြရ သောကြောင့် ထိုသခင်အား ဖြင့် ဘုရားသခင် ၌ ဝမ်းမြောက် ကြ ၏။

ထိုမျှမက၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံပြီးလျှင်၊ ထိုသခင်အား ဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

အာလေလူးယာ

ငါ ၏ ထမ်းပိုးကိုယူ ၍ ထမ်း လျက် ငါ့ ထံမှ သင်ယူ ကြလော့။ အကြောင်း မူကား ငါ သည် သိမ်မွေ့ ၍ နှိမ့်ချသောစိတ်နှလုံးရှိ ၏။ သင်တို့ ၏ စိတ်ဝိညာဉ် သည် လည်း သက်သာရာရ လိမ့်မည်။ (ရှင်မာတေဦး ၁၁း ၂၉)

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကား ၁၅း ၃-၇

ကိုယ်တော် က လည်း သူတို့အား ဤပုံဥပမာကိုမိန့် တော်မူ ၏။

ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊

၄ သင်တို့ တွင် မည်သူ သည် သိုးအကောင်တစ်ရာရှိ ၍ ၎င်းတို့ထဲမှသိုးတစ်ကောင် ပျောက်ဆုံးသွား လျှင် ကိုးဆယ့်ကိုးကောင်ကို တော ၌ ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို တွေ့ သည့် တိုင်အောင် သွား ၍ မရှာ ဘဲ နေမည်နည်း။

သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။

၅ သူ သည် ထိုသိုးကိုတွေ့ သော အခါ ဝမ်းမြောက် ဝမ်းသာ ဖြင့် ၎င်းကိုပခုံးထက် တွင် တင်လေ ၏။

တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊

၆ ထို့နောက် သူ သည် အိမ် သို့ ပြန်ရောက် လျှင် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် ၍ ငါ နှင့် အတူ ဝမ်းမြောက် ကြလော့။ အကြောင်း မူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆို လိမ့်မည်။

မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။

၇ ထိုနည်းတူသင်တို့အား ငါဆို သည် ကား နောင်တရ ရန် မလိုအပ်သော ဖြောင့်မတ် သူကိုးဆယ်ကိုးယောက်တို့ထက် နောင်တရလာသော အပြစ် သား တစ်ယောက် အတွက် ကြောင့် ကောင်းကင် ဘုံ ၌ ပို ၍ ဝမ်းမြောက် ခြင်း ရှိ လိမ့်မည်။

ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။

scriptures