Pathein Catholic Diocese Untitled Document
Untitled Document
၁၄ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဟေရှာယ ၆၆း ၁၀-၁၄

ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူဝမ်းမြောက်ကြလော့။ ယေရုရှလင်မြို့အတွက် စိတ်မသာ ညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။ (Isa 66:10)

 သို့ ပြုလျှင်၊ သူ၏ချမ်းသာခြင်း သားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ် ကြွယ်ဝခြင်း အထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။ (Isa 66:11)

 ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသော ရေကဲ့သို့ တပါးအမျိုးသားတို့၏ စည်းစိမ်ကိုင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည်သားမြတ်ကို စို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြူခြင်းကို ခံစားရကြလိမ့်မည်။ (Isa 66:12)

 အမိသည်သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကိုငါနှစ်သိမ့်မည်။ ယေရုရှလင်မြို့ ၌ ချမ်းသာ ရကြ လိမ့်မည်။ (Isa 66:13)

 ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့သည် စိမ်းလန်းသော အပင်ကဲ့သို့  သန်ကြလိမ့်မည်။ ထာဝရဘုရား လက်တော်သည် လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူတို့အား၎င်း ထင်ရှားလိမ့်မည်။ (Isa 66:14)

ဆာလံကျမ်း

၆၆း ၁-၃, ၄-၅, ၆-၇, ၁၆, ၂၀

ကမ္ဘာမြေတစ်ပြင်လုံး၊ ဘုရားသခင် ထံ သို့ ရွှင်လန်း ဝမ်းမြောက် ခြင်း နှင့် ကြွေးကြော် လော့။

၂ နာမတော် ၏ ဘုန်းဂုဏ်တော်ကို သီဆိုကျူးအေးလော့။ ကိုယ်တော် ရှင်အား ဘုန်းဂုဏ်တော် နှင့် ချီးမွမ်း ထောမနာပြု ခြင်း ကို ဆက်ကပ်ပူဇော်လော့။

၃ ဘုရားသခင် အား လျှောက်ထားရမည်မှာ ကိုယ်တော် ၏ အမှုတော်တို့ သည် မည်မျှဆန်းကြယ်လှပါသနည်း။ ကိုယ်တော် ၏ ဘုန်း တန်ခိုး တော် သည် အလွန်ကြီးမြတ် သည် ဖြစ် ၍ ရန် သူတို့ သည် ကိုယ်တော် ၏ ရှေ့တော်မှောက် တွင် ကြောက်ရွံ့ဝပ်တွားကြပါ ၏။

ကမ္ဘာတစ်ဝန်းလုံး သည် ကိုယ်တော့်ထံတော် တွင် ဦးညွှတ်ဝပ်တွား ၍ ကိုယ်တော် နှင့် ကိုယ်တော် ၏ နာမတော် တို့ ကို ချီးမွမ်း ဧကျူးကြ ၏ ဟူ ၍ ဖြစ်သတည်း။

၅ ဘုရားသခင် လုပ်ဆောင် တော်မူ သောအမှုတော်ကို လာ ၍ ကြည့် ကြလော့။ လူတို့ အတွက် ကိုယ်တော် ၏ ဆောင်ရွက်ချက် များ သည် ဆန်းကြယ်လှပေ ၏။

၁၆ ဘုရားသခင် ကို ကြောက်ရွံ့ရိုသေသူ အပေါင်းတို့ ၊ လာကြ ၍ နားထောင် ကြလော့။ ကိုယ်တော် သည် ငါ့ အတွက် မည် သို့ ပြု တော်မူ ခဲ့ကြောင်းကို သင်တို့အား ငါပြောပြမည်။

၂၀ ကိုယ်တော် သည် ငါ ၏ ဆုတောင်းပတ္ထနာကို ငြင်းပယ် တော်မမူ ပေ။ ထို့အတူ ကိုယ်တော် သည် မိမိ ၏ ခိုင်မြဲသောမေတ္တာတော်ကို ငါ့ ထံမှ ရုပ်သိမ်း တော်မမူ ခဲ့ပေ။ ဘုရားသခင် အား ကောင်းချီးမင်္ဂလာရှိပါစေသော်။

ဒုတိယကျမ်း

ဂလတိ ၆း ၁၄-၁၈

သို့ သော် ငါတို့ ၏ ယေဇူး သခင် ခရစ်တော် ၏ လက်ဝါးကပ်တိုင်မှ လွဲ ၍ ငါ ၌ အခြားဝါကြွားစရာ အကြောင်း မရှိပါစေ နှင့်။ ထိုလက်ဝါးကပ်တိုင် တော်အား ဖြင့် ကမ္ဘာလောက သည် ငါ ၌ လက်ဝါးကပ်တိုင်တင်ခံရသကဲ့ သို့ ငါ သည် လည်း ကမ္ဘာလောက ၌ လက်ဝါးကပ်တိုင်တင် ခြင်း ကိုခံရလေပြီ။

၁၅ အကြောင်း မူကား အရေဖျားလှီး ခြင်း ခံ သည် ၊ မခံ သည် မှာ အရေးမကြီးပေ။ အသစ်တစ်ဖန် ဖန်ဆင်းခံရ ခြင်း သာ လျှင် အရေးကြီးပေ ၏။

၁၆ ဤလမ်းစဉ်ကိုလျှောက်လှမ်း သော သူ အပေါင်းတို့ နှင့် ဘုရားသခင် ၏ အစ္စရာအဲလ်လူမျိုးအပေါ် သို့ ငြိမ်းချမ်းသာယာ ခြင်း နှင့် ကရုဏာတော်သက်ရောက်ပါစေ။

၁၇ ယခုမှစ ၍ မည်သူမျှ ငါ့ကိုဒုက္ခမပေးပါစေ နှင့်။ အကြောင်း မူကား ငါ သည် ယေဇူး ၏ ဒဏ်ရာဒဏ်ချက် များ ကို ငါ ၏ ခန္ဓာကိုယ် ပေါ် တွင် ခံယူထား သောကြောင့် ဖြစ် ၏။

၁၈ ညီအစ်ကို တို့၊ ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ၏ ကျေးဇူး တော် သည် သင်တို့ ၏ စိတ်နှလုံး ၌ တည်ရှိ တော်မူ ပါစေသော်။ အာမင်။

အာလေလုယာ

ကော် ၃း ၁၅, ၁၆

ခရစ်တော် ပေးသောငြိမ်းချမ်းသာယာ ခြင်း သည် လည်း သင်တို့ ၏ စိတ်နှလုံး များ ၌ အုပ်စိုး လျက် ရှိပါစေ။ သင်တို့ သည် အချင်းချင်း ပညာဉာဏ်ရှိသမျှ သွန်သင်ဆုံးမကြရာ တွင် လည်းကောင်း ၊ ဘုရားသခင် အားရည်စူး ၍ သင်တို့ ၏ စိတ်နှလုံးထဲ ၌ ကျေးဇူး တင်လိုသောစိတ် ဖြင့် ဆာလံသီချင်း များ ၊ ဓမ္မသီချင်း များ နှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်း များ ကိုသီဆိုကြရာ တွင် လည်းကောင်း ခရစ်တော် ၏ နှုတ်တော်ထွက်စကား သည် သင်တို့ ၌ ကြွယ်ဝစွာ တည်နေ တော်မူ ပါစေ။ အာလေလုယာ။

ဧဝံဂေလိကျမ်း

လုကာ ၁၀◌း ၁--၁၂, ၁၇-၂၀

ထို့နောက် ကိုယ်တော် သည် အခြားသော တပည့်တော်အပါးခုနစ်ဆယ် တို့ ကို ရွေးကောက်ပြီး လျှင် ကိုယ်တော် တိုင်ကြွ ရောက်မည့်မြို့ရွာ အသီး သီးတို့နှစ်ပါးစီ ကြိုတင် စေလွှတ် တော်မူ ၏။

၂ ထိုအခါ ကိုယ်တော် က သူတို့အား မိန့် တော်မူ သည် မှာ ရိတ်သိမ်းစရာ အသီး အနှံ များ စွာရှိ ၏။ လုပ်ဆောင် သော သူ တို့မူကား နည်းကြ ၏။ ထို့ကြောင့် မိမိ ၏ လယ်ကွင်းထဲ သို့ လုပ်သား များ ကို စေလွှတ် မည့် အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက် ကြလော့။

၃ သွား ကြလော့။ ဝံပုလွေတို့အလယ် ၌ သိုးငယ် များ ကဲ့ သို့ သင် တို့ ကို ငါ စေလွှတ် ၏။

၄ ပိုက်ဆံအိတ်ကို လည်းကောင်း ၊ လွယ်အိတ်ကို လည်းကောင်း ၊ ဖိနပ်ကို လည်းကောင်း သင်တို့ယူဆောင်မသွားကြ နှင့်။ လမ်း ၌ လည်း မည် သူ့ ကို မျှနှုတ်မဆက်ကြ နှင့်။

၅ မည် သည့် အိမ် သို့ မဆို သင်တို့ဝင်ကြ သော အခါ ဤအိမ် ၌ ငြိမ်းချမ်းသာယာ ခြင်း ရှိပါစေဟု ဦးစွာနှုတ်ဆက် ကြလော့။

၆ ငြိမ်းချမ်းသာယာ ခြင်း ကိုလိုလား သော သူ သည် ထိုနေရာ ၌ ရှိ လျှင် သင်တို့ ၏ ငြိမ်းချမ်းသာယာ ခြင်း သည် သူ့အပေါ် သို့ သက်ရောက် လိမ့်မည်။ သို့ မဟုတ် လျှင် ၎င်း သည် သင်တို့ထံ သို့ ပြန်လာ လိမ့်မည်။

၇ သင်တို့ သည် ထိုအိမ် တွင် နေပြီး လျှင် သူတို့တည်ခင်းကျွေးမွေးသမျှကိုစားသောက် ကြလော့။ အကြောင်း မူကားအလုပ်လုပ် သော သူ သည် မိမိ ၏ လုပ်အားခကိုရထိုက် ၏။ တစ်အိမ်မှ တစ်အိမ် သို့ မရွှေ့ပြောင်းကြ နှင့်။

၈ မည် သည့် မြို့ သို့ မဆို သင်တို့ဝင်ကြ ၍ လူတို့ သည် သင် တို့ ကို လက်ခံကြ လျှင် သင်တို့ရှေ့ တွင် တည်ခင်းကျွေးမွေးသမျှကိုသင်တို့စား ကြလော့။

၉ ထိုအရပ် ၌ ရှိသောလူနာ များ ကို ရောဂါပျောက်ကင်းစေကြ ၍ ဘုရားသခင် ၏ နိုင်ငံတော် သည် သင်တို့ နှင့် နီးလာပြီဟု သူတို့အား ဆို ကြလော့။

၁၀ မည် သည့် မြို့ သို့ မဆို သင်တို့ဝင်ကြ ၍ လူတို့ သည် သင် တို့ ကို လက်မခံကြ လျှင် လမ်း များ ပေါ် သို့ ထွက်ပြီးဆိုရမည်မှာ၊

၁၁ သင် တို့ ကို ဆန့်ကျင် သည့် အနေ ဖြင့် ငါတို့ ၏ ခြေ တွင် ကပ်ပါလာသောသင်တို့မြို့မှ မြေမှုန့်ကို ငါတို့ ခါချလေပြီ၊ သို့ သော် ဘုရားသခင် ၏ နိုင်ငံတော် သည် နီးလာပြီကိုသိမှတ် ကြလော့ဟူ ၍ ဖြစ် ၏။

၁၂ သင်တို့အား ငါဆို သည် မှာ တရား စီရင် သောနေ့ ၌ ဆောဒိုမာမြို့ သည် ထိုမြို့ထက်ပို ၍ ခံသာ လိမ့်မည်။

၁၇ တပည့်တော်အပါးခုနစ်ဆယ်တို့ သည် ဝမ်းမြောက် ဝမ်းသာပြန်လာကြ ၍ သခင်ဘုရား၊ ကိုယ်တော် ၏ နာမတော်ကြောင့် နတ်ဆိုးတို့ပင် လျှင် တပည့်တော် တို့ ကို နာခံကြပါ သည် ဟု လျှောက်ကြ ၏။

၁၈ ထိုအခါ ကိုယ်တော် က စာတန် သည် လျှပ်ပြက်သကဲ့ သို့ ကောင်းကင် မှကျလာ သည် ကို ငါမြင်ခဲ့ပြီ။

၁၉ ကြည့်လော့၊ မြွေဆိုး များ ၊ ကင်းမြီးကောက် များ နှင့် ရန် သူ ၏ အစွမ်းရှိသမျှ တို့ ကို နင်းခြေနိုင် သည့် အခွင့် အာဏာ ကိုသင်တို့အား ငါပေးအပ်ထား သောကြောင့် မည် သည့် အရာကမျှ သင် တို့ ကို ထိခိုက်စေ လိမ့်မည် မဟုတ်။

၂၀ သို့ သော် နတ်ဆိုးတို့ သည် သင် တို့ ကို နာခံသ ဖြင့် ဝမ်းမြောက် ဝမ်းသာမဖြစ်ကြလေ နှင့်။ သင်တို့ ၏ အမည် နာမ များ ကို ကောင်းကင် ၌ ရေးမှတ်ထား လျက် ရှိ သောကြောင့် ဝမ်းမြောက် ကြလော့ဟုမိန့် တော်မူ ၏။

scriptures