Pathein Catholic Diocese Untitled Document
Untitled Document
စိန့်ပီတယ်နှင့်စိန့်ပေါလ်ပွဲနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

တမန်တော်ဝတ္ထု ၁၂း ၁-၁၁

ထိုအချိန် ၌ ဟေရုဒ်ဘုရင် သည် အသင်းတော် တွင် ပါဝင်သူအချို့ကို ရက်စက် ကြမ်းကြုတ်စွာညှဉ်းဆဲလေ ၏။

၂ သူ သည် ယောဟန် ၏ အစ်ကိုဖြစ်သော ယာကုပ် ကို ဓား ဖြင့် ကွပ်မျက်လေ ၏။

၃ ဤ သို့ ပြု ခြင်း ကို ဂျူးလူမျိုးတို့နှစ်သက်သဘောကျကြောင်းသူတွေ့မြင် သော အခါ ပေတရု ကိုလည်း ဆက်လက်ဖမ်းဆီးလေ ၏။ ထိုအချိန် သည် တဆေးမပါသောပေါင်မုန့်ပွဲတော်အချိန်ဖြစ် ၏။

၄ သူ သည် ပေတရုကိုဖမ်းဆီးပြီးနောက် ထောင်ထဲ ၌ အကျဉ်းချထားပြီး တစ်ဖွဲ့ လျှင် စစ်သူရဲလေးဦးပါဝင်သောအဖွဲ့လေးဖွဲ့ ဖြင့် ပေတရုကိုစောင့်ကြပ် ရန် အပ်ထားလေ ၏။ သူ သည် ပါစကားပွဲပြီး သော အခါ ပေတရုအား လူတို့ထံ သို့ ထုတ်ဆောင် ရန် ကြံရွယ်ထားလေ ၏။

၅ သို့ ဖြစ် ၍ ပေတရု သည် ထောင်ထဲ တွင် အကျဉ်းခံနေရလေ ၏။ သို့ ရာ တွင် အသင်းတော် သည် သူ့ အတွက် ဘုရားသခင် ထံစိတ်အားထက်သန်စွာ ဆုတောင်း လျက် ရှိ ၏။

၆ ဟေရုဒ်ဘုရင် သည် ပေတရုကို အပြင် သို့ ထုတ် ၍ စစ်ဆေးမည့်နေ့မတိုင်မီည တွင် ပေတရု သည် သံကြိုးနှစ်ချောင်း ဖြင့် ချည်နှောင်ထား ခြင်း ခံရ လျက် စစ်သူရဲနှစ်ဦး ၏ အလယ် တွင် အိပ်ပျော်နေလေ ၏။ အစောင့်တို့ သည် လည်း ထောင် တံခါး ရှေ့ ၌ အကျဉ်းထောင်ကို စောင့်ကြပ် လျက် ရှိကြ ၏။

၇ ထိုအခိုက် သခင်ဘုရား ၏ ကောင်းကင် တမန်တော် သည် ရုတ်တရက်ပေါ်လာ ၍ အကျဉ်းထောင်အခန်းထဲ ၌ အလင်းရောင် တစ်ခု ထွန်းတောက်လေ ၏။ ထို့နောက် သူ သည် ပေတရု ၏ နံဘေးကိုပုတ် ၍ နှိုး လျက် အလျင်အမြန်ထလော့ဟုဆိုလေ ၏။ ထိုအခါ သံကြိုး များ သည် ပေတရု ၏ လက်မှကျွတ်ကျသွားကြ ၏။

၈ ကောင်းကင် တမန်တော်က ပေတရုအား သင် ၏ အဝတ် များ ကို ဝတ်ဆင် ၍ ဖိနပ်ကိုစီးလော့ဟု ဆိုသ ဖြင့် သူ သည် လည်း ထို အ တိုင်း ပြုလေ ၏။ ထို့နောက် သူက သင် ၏ ဝတ်ရုံကိုခြုံ ၍ ငါ့နောက် သို့ လိုက်ခဲ့လော့ဟု သူ့အား ဆို ၏။

၉ ပေတရု သည် လည်း အပြင် သို့ ထွက် ၍ ကောင်းကင် တမန်တော် ၏ နောက် သို့ လိုက်လေ ၏။ သူ သည် ကောင်းကင် တမန်တော်ပြုလုပ်သမျှကို အမှန်တကယ်ဖြစ်ပျက်နေ သည် ဟု မသိ ဘဲ ရူပါရုံကိုမြင်နေရ သည် ဟုသာထင်မှတ်လေ ၏။

၁၀ သူတို့ သည် ပထမ နှင့် ဒုတိယကင်းစောင့် များ ကို ကျော်ဖြတ်ပြီး သော အခါ မြို့ဘက် သို့ သွား သည့် သံ တံခါး ဆီ သို့ ရောက်လာကြ ၏။ သံ တံခါး သည် အလိုအလျောက်ပွင့်လာသ ဖြင့် သူတို့ သည် ထွက်လာကြ ၍ လမ်း အ တိုင်း ဆက်သ ွားကြ ၏။ ထိုစဉ် ကောင်းကင် တမန်တော် သည် သူ့ ထံမှ ရုတ်တရက်ထွက်ခွာသွားလေ ၏။

၁၁ ထိုအခါ ပေတရု သည် သတိပြန်ရလာ ၍ သခင်ဘုရား သည် မိမိ ၏ ကောင်းကင် တမန်တော်ကို စေလွှတ် ၍ ငါ့အားဟေရုဒ်ဘုရင် ၏ လက်မှ လည်းကောင်း ၊ ဂျူးလူမျိုးတို့မျှော်လင့် ထား သော ဘေး ရန် အပေါင်းတို့ မှ လည်းကောင်း ကယ် တော်မူ ခဲ့ သည် ကို ယခုငါအသေအချာသိလေပြီဟုဆို၏။

ဆာလံကျမ်း

၃၃း ၂-၉

စောင်းတီး ၍ ထာဝရ ဘုရားသခင် အား ချီးမွမ်း ကြလော့။ ကြိုးဆယ်ပင်ရှိသောစောင်းကိုတီး ၍ ထာဝရ ဘုရားသခင် ကို သီဆိုကျူးအေး ကြလော့။

၃ ကိုယ်တော် ၏ ရှေ့တော် ၌ သီချင်းအသစ်ကို သီဆို ကြလော့။ ကြိုးတပ်တူရိယာ တို့ ကို ကျွမ်းကျင်စွာတီးခတ် ၍ ဝမ်းမြောက် စွာ ကြွေးကြော် ကြလော့။

၄ အကြောင်း မူကား ထာဝရ ဘုရားသခင် ၏ နှုတ်တော်ထွက်စကား သည် မှန်ကန် ဖြောင့်မတ် ပေ ၏။ ကိုယ်တော် လုပ်ဆောင် တော်မူ သမျှတို့ သည် သစ္စာတရား နှင့် လျော်ညီကြ ၏။

၅ ထာဝရ ဘုရားသခင် သည် တရားမျှတ ခြင်း နှင့် ဖြောင့်မတ် မှန်ကန် ခြင်း တို့ ကို နှစ်သက်မြတ်နိုး တော်မူ ၏။ ကမ္ဘာမြေကြီး သည် ထာဝရ ဘုရားသခင် ၏ ခိုင်မြဲသောမေတ္တာတော် နှင့် ပြည့်ဝ လျက် ရှိ ၏။

၆ ထာဝရ ဘုရားသခင် ၏ နှုတ်တော်ထွက်စကားအား ဖြင့် မိုး ကောင်းကင် ကို လည်းကောင်း ၊ နှုတ်တော်မှ ဝင်သက်ထွက်သက်အား ဖြင့် များ ပြားလှသော ကောင်းကင် တန်ဆာ များ ကို လည်းကောင်း ဖန်ဆင်း တော်မူ ၏။

၇ ကိုယ်တော် သည် သမုဒ္ဒရာရေရှိသမျှ တို့ ကို တစ်နေရာတည်း တွင် စုဝေးစေ ၍ နက်ရှိုင်းသောသမုဒ္ဒရာ များ ကိုလည်း လုံခြုံသောအရပ် တွင် သိုလှောင်ထား တော်မူ ၏။

၈ ကမ္ဘာတစ်ဝန်းလုံး သည် ထာဝရ ဘုရားသခင် ကိုကြောက်ရွံ့ရိုသေကြပါစေ။ ကမ္ဘာပေါ် တွင် နေထိုင်ကြသူ အပေါင်းတို့ သည် ထာဝရ ဘုရားသခင် အားကြောက်ရွံ့ရိုသေကြပါစေ။

၉ အကြောင်း မူကား ထာဝရ ဘုရားသခင် မိန့်မြွက် တော်မူ သော အခါ ကမ္ဘာလောက သည် ဖြစ်ပေါ်လာ ၏။ ကိုယ်တော် အမိန့်ပေး တော်မူ သော အခါ ခပ်သိမ်းသောအရာတို့ သည် ခိုင်ခံ့စွာပေါ်ပေါက်လာကြ ၏။

ဒုတိယကျမ်း

ဒုတီမောသီ ၄း ၆-၈, ၁၇-၁၈

အကြောင်း မူကား ငါ သည် မိမိအသက်ကို စွန့်လွှတ်ရမည့်အချိန် သို့ ရောက်လေပြီ။ ဤလောကမှ ငါထွက်ခွာရမည့်အချိန်ရောက်လာလေပြီ။

၇ ငါ သည် စစ်ပွဲကိုကောင်းစွာတိုက်ခဲ့ ၏။ ငါ သည် ပြေးပွဲကိုပြီးအောင်ယှဉ်ပြိုင်ခဲ့ ၏။ ငါ သည် ယုံကြည် ခြင်း ကို ထိန်းသိမ်း ခဲ့ ၏။

၈ ယခုအခါ တွင် ဖြောင့်မတ် ခြင်း သရဖူ သည် ငါ့ အတွက် အသင့်ရှိနေလေပြီ။ ဖြောင့်မတ် သောတရားသူကြီးဖြစ် သည့် သခင်ဘုရား သည် နောက်ဆုံးသောနေ့ ၌ ထိုသရဖူကို ငါ့အားပေး တော်မူ လိမ့်မည်။ ကိုယ်တော် သည် ငါ့ကိုသာမက မိမိ ၏ ကြွလာ တော်မူ ခြင်း ကို မျှော်လင့်တောင့်တနေသူ အပေါင်းတို့ အားလည်း ထိုသရဖူကို ပေး တော်မူ လိမ့်မည်။

၁၈ သခင်ဘုရား သည် ငါ့ကို ဘေးအန္တရာယ် အပေါင်းတို့ မှ ကယ်နုတ်ပြီး လျှင် မိမိ ၏ ကောင်းကင် နိုင်ငံ သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင် တော်မူ လိမ့်မည်။ ကိုယ်တော် အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။ အာမင်။

အာလေလုယာ

သူတို့ သည် မြွေဆိုး များ ကို ကိုင်ဖမ်းကြ လိမ့်မည်။ သေစေနိုင်သောအရာကိုသောက်မိ လျှင် လည်း ၎င်း သည် သူ တို့ ကို ဘေး ဖြစ်စေ လိမ့်မည် မဟုတ်။ သူတို့ သည် လူနာ များ အပေါ် ၌ မိမိ တို့ လက်ကိုတင် ၍ ထိုသူတို့ သည် လည်း ပြန်လည် ကျန်းမာလာကြ လိမ့်မည်ဟု မိန့် တော်မူ ၏။ (မာကု ၁၆း ၁၈) အာလေလုယာ

ဧဝံဂေလိကျမ်း

မာတေဦး ၁၆း ၁၃-၁၉

၁၃ ယေဇူး သည် ဆီဇားရိယ ဖိလိပိနယ် သို့ ရောက် သော အခါ လူ အပေါင်းတို့ သည် လူသားကို မည်သူဖြစ် သည် ဟူ ၍ ဆိုကြသနည်းဟု သူ ၏ တပည့်တော်တို့အား မေး တော်မူ ၏။

၁၄ သူတို့ က လည်း လူအချို့က ကိုယ်တော် သည် ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အချို့ကဂျေရေမိယ ၊ သို့ မဟုတ် ပရောဖက် တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြပါ သည် ဟုလျှောက်ကြ ၏။

၁၅ ကိုယ်တော် က လည်း သင်တို့မူကား ငါမည်သူဖြစ် သည် ဟူ ၍ ဆိုကြသနည်းဟုသူတို့အား မေး တော်မူ လျှင် ။

၁၆ စီမွန်ပေတရုက ကိုယ်တော် သည် အသက်ရှင် တော်မူ သည့် ဘုရားသခင် ၏ သားတော် တည်း ဟူသော ခရစ်တော် ဖြစ်ပါ သည် ဟု လျှောက်လေ ၏။

၁၇ ယေဇူး က လည်း ယောန ၏ သားစီမွန်၊ သင် သည် မင်္ဂလာရှိ ၏။ အကြောင်း မူကားဤအရာကိုသင့်အားအသွေးအသားက ဖော်ပြ ခြင်း မဟုတ် ဘဲ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သော ငါ ၏ ခမည်းတော်က ဖော်ပြ တော်မူ ခြင်း သာဖြစ် ၏။

၁၈ သင့်အားငါဆို သည် မှာ သင် သည် ပေတရုဖြစ် ၏။ ဤကျောက်ပေါ် တွင် ငါ ၏ အသင်းတော်ကိုငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငရဲ ၏ တံခါး တို့ သည် မအောင်နိုင်ရာ။

၁၉ ကောင်းကင် နိုင်ငံတော် ၏ သော့ ကိုလည်း သင့်အား ငါပေးမည်။ ကမ္ဘာမြေပေါ် တွင် သင်ချည်နှောင်သမျှ သည် ကောင်း ကင်ဘုံ ၌ ချည်နှောင် လျက် ရှိ လိမ့်မည်။ ကမ္ဘာမြေပေါ် တွင် သင်ဖြေလွှတ်သမျှ သည် လည်း ကောင်းကင် ဘုံ ၌ ဖြေလွှတ် လျက် ရှိ လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures