Pathein Catholic Diocese Untitled Document
Untitled Document
၁၅ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ထွက်မြောက်ရာကျမ်း ၃၀း ၁၀-၁၄

အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာ ယဇ်ကောင် အသွေးကိုယူ၍၊ ထိုပလ္လင်၏ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့သားစဉ်မြေးဆက် တို့သည် တနှစ်တခါ ထိုသို့ ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သတည်း။ (Exo 30:10)

 ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသော အခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှတို့သည် အသီးအသီးမိမိအသက် ရွေးရန်အဘို့ကို ထာဝရ ဘုရားအား ဆက်ကပ်ရမည်။ (Exo 30:12)

 တဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ (Exo 30:11)

 ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ် တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။ (Exo 30:13)

 အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူအပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရားအား ပြုရမည်။ (Exo 30:14)

ဒုတိယကျမ်း

ကော်လေဆေ ၁း ၁၅-၂၀

ကိုယ်တော် သည် မျက်စိ ဖြင့် မမြင်နိုင်သော ဘုရားသခင် ၏ ပုံသဏ္ဌန်တော် နှင့် ဖန်ဆင်း ခြင်း အားလုံး ၏ သားဦးဖြစ် တော်မူ ၏။

ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။

၁၆ အကြောင်း မူကား ကောင်းကင် နှင့် ကမ္ဘာမြေကြီးပေါ် တွင် ရှိသမျှသော မြင်နိုင်ရာ၊ မမြင်နိုင်ရာ အားလုံး တို့ ကို ကိုယ်တော် ၌ ဖန်ဆင်းခဲ့ ခြင်း ဖြစ် ၏။ ရာဇပလ္လင် များ ဖြစ်စေ ၊ အုပ်ချုပ်သောနိုင်ငံ များ ဖြစ်စေ ၊ အုပ်ချုပ်သူ များ ဖြစ်စေ ၊ တန်ခိုး အာဏာ များ ဖြစ်စေ ခပ်သိမ်းသောအရာ အားလုံး ကို ထိုသခင်အား ဖြင့် လည်းကောင်း ၊ ထိုသခင် အတွက် လည်းကောင်း ဖန်ဆင်းခဲ့ ခြင်း ဖြစ် ၏။

အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။

၁၇ ကိုယ်တော် သည် ခပ်သိမ်းသောအရာ များ မတည်ရှိမီကပင်တည်ရှိ တော်မူ ၍ ခပ်သိမ်းသောအရာတို့ သည် ကိုယ်တော်

သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။

၁၈ ကိုယ်တော် သည် အသင်းတော်တည်း ဟူသော ကိုယ်ခန္ဓာ ၏ ဦးခေါင်းဖြစ် တော်မူ ၏။ ကိုယ်တော် သည် အရာရာ ၌ အမြင့်

အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။

၁၉ အကြောင်း မူကား ဘုရားသခင် ၏ ပြည့်စုံ ခြင်း အလုံးစုံတို့ သည် ကိုယ်တော် ၌ တည်နေ ၍ ၊

အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊

၂၀ ဘုရားသခင် သည် မြေကြီးပေါ် ၌ ဖြစ်စေ ၊ ကောင်းကင် ၌ ဖြစ်စေ ရှိသမျှသောအရာ အားလုံး ကို ကိုယ်တော် အား ဖြင့် မိမိ

လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။

ဧဝံဂေလိကျမ်း

လုကာ ၁၀း ၂၅-၃၇

၂၅ ထိုအခါ ကျမ်းတတ်ဆရာ တစ်ဦး သည် ကိုယ်တော့်ကိုစုံစမ်းလိုသ ဖြင့် ထ ၍ ဆရာသခင်၊ ထာဝရ အသက်ကို ပိုင်ဆိုင် ရန် မည် သည့် အရာကို အကျွန်ုပ် ပြုရပါမည်နည်းဟု မေးလျှောက်လေ ၏။

၂၆ ကိုယ်တော် က လည်း ပညတ်တရားကျမ်း ၌ မည်ကဲ့ သို့ ရေးသားထားသနည်း၊ သင်မည် သို့ ဖတ်ရသနည်းဟု သူ့အား မေး တော်မူ ၏။

၂၇ သူ သည် လည်းသင် ၏ အရှင်၊ ထာဝရ ဘုရားသခင် ကိုသင် ၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အစွမ်းရှိသမျှချစ်လော့။ သင် နှင့် နီးစပ် သော သူ ကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့ သို့ ချစ်လော့ဟု ရေးထားကြောင်းဖြေကြားလေ ၏။

၂၈ ထိုအခါ ကိုယ်တော် က သင် သည် မှန်ကန်စွာဖြေကြားလေပြီ။ ဤကဲ့ သို့ ပြု လျှင် သင် သည် အသက်ရှင်ရ လိမ့်မည်ဟု မိန့် တော်မူ ၏။

၂၉ သို့ သော် ထိုသူ သည် မိမိကိုယ်မိမိဖြောင့်မတ် သူဖြစ်ကြောင်း ဖော်ပြလိုသ ဖြင့် အကျွန်ုပ် နှင့် နီးစပ် သော သူ ကား မည်သူ နည်းဟု ယေဇူး အားမေးလေ ၏။

၃၀ ထိုအခါ ယေဇူး က ပြန်ဖြေ တော်မူ သည် မှာ လူ တစ်ဦး သည် ဂျေရုဆလင်မြို့မှဂျေရီခိုမြို့ သို့ သွားစဉ်လမ်းခရီး ၌ ဓားပြ များ ၏ လက် တွင်း သို့ ကျရောက်ခဲ့ ၏။ ထိုသူတို့ သည် လည်း သူ ၏ အဝတ် များ ကို ချွတ်ယူ ၍ သူ့ ကို ရိုက်နှက်ကြပြီး သေလုမြောပါး အခြေအနေ ၌ ထားခဲ့ လျက် ထွက်သွားကြ ၏။

၃၁ ထိုအချိန် ၌ ရဟန်းတစ်ပါး သည် ထိုလမ်း အ တိုင်း ဆင်းလာ ၍ သူ့ ကို မြင် သော အခါ လမ်း ၏ အခြားတစ်ဖက်မှရှောင် ၍ သွားလေ ၏။

၃၂ ထိုနည်းတူပင် လေဝိအမျိုးအနွယ်ဝင် တစ်ဦး သည် လည်း ထိုနေရာ သို့ ရောက်လာ လျှင် သူ့ ကို မြင် သည် နှင့် လမ်း ၏ အခြားတစ်ဖက်မှရှောင်သွားလေ ၏။

၃၃ သို့ သော် ဆမာရိယ လူမျိုး တစ်ဦး သည် ခရီးထွက်လာစဉ်ထိုသူရှိသောနေရာ သို့ ရောက်လာပြီး သူ့ ကို မြင် သော အခါ ကရုဏာသက်သ ဖြင့် ၊

၃၄ သူ့ထံ သို့ ချဉ်းကပ် ၍ ဒဏ်ရာ များ ပေါ် သို့ ဆီ နှင့် စပျစ်ရည်လောင်းပြီးမှအဝတ် ဖြင့် စည်းထား ပေး လေ ၏။

၃၅ နောက်တစ်နေ့ ၌ သူ သည် ဒေနာရီနှစ်ပြားကို ထုတ် ၍ တည်းခိုခန်းပိုင်ရှင်အား ပေး လျက် သူ့ ကို ပြောစုစောင့်ရှောက်ပါ လော့။ နောက်ထပ်ကုန်ကျသမျှကို အကျွန်ုပ် ပြန်လာ သော အခါ ပေးပါမည်ဟု မှာထားခဲ့ ၏။

၃၆ ဤသုံးဦး တွင် မည်သူ သည် ဓားပြတို့ ၏ လက် တွင်းကျရောက် သော သူ နှင့် နီးစပ် သော သူ ဖြစ် သည် ဟုသင်ထင်သနည်းဟူ ၍ မေးလေ ၏။

၃၇ ကျမ်းတတ်ဆရာ က လည်း လူနာအပေါ်သနားကရုဏာစိတ်ပြ သော သူ ဖြစ်ပါ ၏ ဟု လျှောက်လေ ၏။ ထိုအခါ ယေဇူး က သွား ၍ ထိုနည်းတူပြုလော့ဟု သူ့အား မိန့် တော်မူ ၏။

scriptures