Pathein Catholic Diocese Untitled Document
Untitled Document
၁၆ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက် ကျမ်းစာများ

ပထမကျမ်း

ကမ္ဘာဦးကျမ်း ၁၈း ၁-၁၀

ထာ​ဝ​ရ​ဘု​ရား သည် မံ​ရေ​ပိုင်​သော​သစ်​ပင် များ ရှိ​ရာ​အ​ရပ် တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ ၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန် ၌ အာ​ဗြ​ဟံ သည် မိ​မိ ၏ တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊ -

၂ မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ သည် ကို​တွေ့​မြင်​ရ​လေ သည်။ အာ​ဗြ​ဟံ သည် သူ​တို့​ကို မြင် လျှင် ခ​ရီး​ဦး​ကြို​ဆို ခြင်း ငှာ​ပြေး​သွား​လေ ၏။ သူ သည် ဦး​ညွှတ်​ပျပ်​ဝပ် လျက် ၊ -- ၁၈:၂။ *ဟေဗြဲ၊ ၁၃:၂။ *

``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ် ၏ အိမ် သို့ မ​ဝင် ဘဲ မ​နေ ပါ နှင့် ။ -

၄ ခြေ​ဆေး ရန် ရေ​ယူ​ခဲ့​ပါ​ရ​စေ။ ဤ​သစ်​ပင် အောက် တွင် အ​ပန်း​ဖြေ​နိုင်​ပါ သည်။ -

၅ အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့ မှ​သာ လျှင် အား​ပြည့်​လာ ၍ ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့ သည် အ​ကျွန်ုပ်​အိမ် သို့ ကြွ​ရောက်​လာ​ကြ ခြင်း ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့ ဖြစ် ၍ အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ ၏။

၆ အာ​ဗြ​ဟံ သည် တဲ​ထဲ​ရှိ​စာ​ရာ​ထံ သို့ အ​လျင် အ​မြန်​ဝင်​သွား​ပြီး လျှင် ``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ ၍ မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။ -

၇ အာ​ဗြ​ဟံ သည် နွား​အုပ်​ရှိ​ရာ သို့ ပြေး​ပြီး လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး လျက် ကျွန်​တစ်​ဦး ၏ လက် သို့ အပ် ၍ ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ ၏။ -

၈ ထို​နောက်​မ​လိုင်၊ နို့ နှင့် အ​မဲ​ဟင်း​တို့​ကို​ဧည့် သည် များ ရှေ့ ၌ တည်​ခင်း သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက် တွင် ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့ သည် စား​သုံး​ကြ ၏။

၉ သူ​တို့​က``သင် ၏ မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး ၏။

ပြီး သော အခါ၊ သင်၏ မ ယား စာ ရာ သည် အဘယ် မှာ ရှိ သ နည်း ဟု မေး ကြ လျှင်၊ တဲ အတွင်း၌ ရှိ ပါ သည် ဟု ပြန် ပြော၏။

၁၀ တစ်​ယောက်​သော​ဧည့် သည် က``ယ​ခု​မှ​စ ၍ ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန် ၌ သင် ၏ မ​ယား​စာ​ရာ ၌ သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ ၏။

ဆာလံကျမ်း

၁၅း ၂-၅

အပြစ် တင်ခွင့်ကင်းစွာ လျှောက်လမ်း သော သူ ၊ ဖြောင့်မှန်ရာကို ပြုကျင့် သော သူ ၊ မိမိ ၏ နှလုံးသားမှ အမှန်တရားကိုပြောဆို သော သူ ၊

၃ မိမိ ၏ နှုတ် ဖြင့် သူတစ်ပါး ၏ အသရေကိုမဖျက်တတ် သော သူ ၊ မိမိ ၏ မိတ်ဆွေတို့အား မပြစ်မှား သော သူ ၊ မိမိနှင့် နီးစပ်သူအား ကဲ့ရဲ့ရှုတ်ချ ခြင်း မပြု သော သူ ၊

၄ ဆိုးယုတ် သော သူ ကို မိမိ ၏ မျက်စိထဲ တွင် ယုတ်မာ သော သူ ဟုမြင် လျက် ဘုရားသခင် ကိုကြောက်ရွံ့ရိုသေ သော သူ တို့ ကို မူ ဂုဏ်ပြုချီးမြောက် သော သူ ၊ မိမိ ၏ အကျိုး ကို ထိခိုက်နစ်နာ သည် အထိ ကတိတည်ကြည် သော သူ ၊ အတိုးမယူ ဘဲ မိမိ ၏ ငွေကို ချေးငှား သော သူ ၊

၅ အပြစ် မဲ့သူကို ဆန့်ကျင်ဘက်ပြု ၍ သက်သေခံ ရန် တံစိုးလက်ဆောင်ကို လက်မခံ သော သူ သည် ထိုအရပ် တွင် နေထိုင်ရ လိမ့်မည်။ ဤအရာ များ ကို ပြုကျင့် သော သူ သည် မည် သည့် အခါမျှ တုန်လှုပ် ချောက်ချားရ လိမ့်မည် မဟုတ်။

ဒုတိယကျမ်း

ကော် ၁း ၂၄-၂၈

၂၄ ယခုငါ သည် သင်တို့ အတွက် ဒုက္ခဆင်းရဲခံထမ်းရ သောကြောင့် လည်းကောင်း ၊ အသင်းတော်တည်း ဟူသော ခရစ်တော် ၏ ကိုယ်ခန္ဓာ အတွက် ခံထမ်း ရန် လိုအပ်နေသော ကိုယ်တော် ၏ ဒုက္ခဆင်းရဲ များ ကိုငါ ၏ ကိုယ်ခန္ဓာ ၌ ဖြည့်ဆည်းနိုင် သောကြောင့် လည်းကောင်း ဝမ်းမြောက် ပါ ၏။

၂၅ ဘုရားသခင် ၏ နှုတ်တော်ထွက်စကားကို အ ပြည့်အဝဟောပြောနိုင် ရန် ကိုယ်တော် သည် ငါ့ကို သင်တို့ အတွက် အမှုတော်ဆောင် အဖြစ် ခန့်ထား တော်မူ ခြင်း ဖြင့် ငါ သည် အသင်းတော် ၏ အမှုတော်ဆောင်ဖြစ်လာခဲ့ ၏။

၂၆ ထိုနှုတ်တော်ထွက်စကားမှာ ကာလပေါင်း များ စွာလူမျိုးအစဉ်အဆက်ဖုံးကွယ်ထားခဲ့သောနက်နဲရာဖြစ်ပြီး ယခုအခါ တွင် မူ မိမိ ၏ သူတော်သူမြတ်တို့အား ၎င်းကိုထုတ်ဖော်ပြ တော်မူ လေပြီ။

၂၇ ဤနက်နဲရာအချက် သည် ကား သင်တို့ ၌ ရှိ သည့် မျှော်လင့် ခြင်း ၏ ဘုန်းဂုဏ်တော်တည်း ဟူသော ခရစ်တော် ပင်ဖြစ်သတည်း။ ဤနက်နဲရာဘုန်းဂုဏ်တော် သည် လူမျိုးခြားတို့အလယ် တွင် မည်မျှကြီးမြတ် ပြည့်စုံ တော်မူ သည် ကို ထုတ်ဖော်ပြ ရန် ဘုရားသခင် သည် ထိုသူတော်သူမြတ်တို့အား ရွေးကောက် တော်မူ ခဲ့ ၏။

၂၈ လူ တိုင်း သည် ခရစ်တော် ၌ စုံလင်ရင့်ကျက်လာကြစေ ရန် ငါတို့ သည် ခရစ်တော် အကြောင်း ကို ဟောပြောကြ ၍ လူ တိုင်း အား ငါတို့ သိရှိသမျှ အ တိုင်း သွန်သင်ဆုံးမ လျက် သတိပေးနှိုးဆော်ကြ ၏။

အာလေလုယာ

ကောင်းသောမြေပေါ် ၌ ကျသောမျိုးစေ့တို့ သည် ကား နှုတ်တော်ထွက်စကားကို ကြားနာ ၍ ဖြောင့်မတ် စင်ကြယ်သောနှ လုံး ဖြင့် စွဲမြဲစွာခံယူ သောကြောင့် အဆုံး တိုင်အောင် တည်တံ့ လျက် အသီး သီး သော သူ များ ကို ဆိုလို ခြင်း ဖြစ် ၏။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၀း ၃၈-၄၂

၃၈ သူတို့ သည် ခရီးဆက်ကြစဉ် ကိုယ်တော် သည် ရွာတစ်ရွာ သို့ ဝင်သ ဖြင့် မာဿ အမည် ရှိသော အမျိုးသမီး တစ်ဦး သည် ကိုယ်တော့်ကို မိမိ ၏ အိမ် ၌ လက်ခံကြိုဆိုလေ ၏။

၃၉ မာဿ တွင် မာရိယာ အမည် ရှိသောညီမ တစ်ဦး ရှိ ၍ သူမ သည် သခင်ဘုရား ၏ ခြေတော်ရင်း ၌ ထိုင် လျက် ကိုယ်တော် ၏ သွန်သင်ချက် များ ကိုနားထောင်နေလေ ၏။

၄၀ မာဿမူကား ဧည့်ခံ ခြင်း အမှု ၌ အလုပ် များ လျက် ရှိသ ဖြင့် ကိုယ်တော် ၏ အထံတော် သို့ ချဉ်းကပ် ၍ သခင်ဘုရား၊ ကျွန်မ ၏ ညီမဖြစ်သူ သည် ကျွန်မ တစ်ဦး တည်းဧည့်ခံ ခြင်း အမှုဆောက်ရွက် ရန် ပစ်ထား သည် ကို သတိမမူပါသလော။ သို့ ဖြစ် ၍ ကျွန်မကိုကူညီစေ ရန် သူမအားအမိန့်ရှိ တော်မူ ပါဟု လျှောက်လေ ၏။

၄၁ သို့ သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင် သည် များ စွာသောအမှုကိစ္စတို့ အတွက် စိုးရိမ်ပူပန် ခြင်း ရှိ ၏။

၄၂ လိုအပ်သောအရာ တစ်ခု တည်းသာရှိ ၏။ မာရိယာ သည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်လေပြီး။ ထိုအရာကို သူမ ထံမှ ဖယ်ရှား ၍ ရ လိမ့်မည် မဟုတ် ဟု မိန့် တော်မူ ၏။

 

 

 

scriptures