Pathein Catholic Diocese Untitled Document
Untitled Document
မိဘများပွဲနေ့နှင့်သက်ဆိုင်သောကျမ်းပိုဒ်များ

၁။ မိဘတို့၏ တာဝန်ဝတ္တရား။

သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ်မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို လည်းကောင်း ယနေ့သိမှတ်၍ နှလုံး၌ သွင်းမိကြလော့။ (Deu 4:39) သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှါ လည်းကောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ အသက်တာ ရှည်စေခြင်းငှါ လည်းကောင်း၊ ယနေ့ ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။ (Deu 4:40)

သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ (Deu 6:5) ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ (Deu 6:6)

ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ (Deu 6:7) တရားဟောရာ  (Deu 11:19)

အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တုလူတို့တွင် ငါပြသော နိမိတ်တို့ကို သင်၏သားမြေတို့အား ကြားပြောသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ လည်းကောင်း၊ သူ၏နှလုံး၊ သူ၏ကျွန်တို့နှလုံးကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။ (Exo 10:2)

ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သော အခြားသူတို့အား ပြောကြစေ။ (Joe 1:3) ယောလ

သူတော်ကောင်းတစ်ဦးသည် မိမိ၏သားမြေးများအတွက် အမွေကို ချန်ထား၏။ (သုတ္တံကျမ်း 13:22)

ကြိမ်လုံးဖြင့် ရိုက်နှက်ဆုံးမခြင်း မပြုသောသူသည် မိမိ၏ သားသမီးကို ချစ်ရာမရောက်ပေ။ မိမိ၏သားကို ချစ်သောသူမူကား သူ့ကို ဂရုတစိုက် ပဲ့ပြင်ဆုံးမလေ၏။ (သုတ္တံကျမ်း 13:24)

မျှော်လင့်ချက်ရှိစဉ်အခိုက် သင်၏သားကို ဆုံးမပဲ့ပြင်လော့။ ပျက်စီးဆုံးရှုံးရသည်အထိ သူ့ကို အလိုမလိုက်မိပါစေနှင့်။ (သုတ္တံကျမ်း 19:18)

ကလေးသူငယ်ကို လမ်းမှန်သို့ရောက်အောင် ဆုံးမသွန်သင်ပါလော့။ သို့မှသာ သူသည် ကြီးပြင်းလာသောအခါ လမ်းမှားသို့ မရောက်ဘဲ နေလိမ့်မည်။ (သုတ္တံကျမ်း 22:6)

မိုက်မဲခြင်းသည် ကလေးသူငယ်၏ စိတ်နှလုံး၌ နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် စည်းကမ်းဥပဒေ၏ ကြိမ်လုံးသည် ယင်းကို သူ့ထံမှ ဝေးရာသို့ နှင်ထုတ်လိမ့်မည်။ (သုတ္တံကျမ်း 22:15)

ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ရန် မနှောင့်နှေးလေနှင့်။ သူငယ်ကို ကြိမ်ဖြင့် ရိုက်နှက်ဆုံးမသော်လည်း သူမသေနိုင်ပေ။- ကြိမ်ဖြင့် ရိုက်နှက်ဆုံးမ၍ သူ့ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်ဆယ်လော့။ (သုတ္တံကျမ်း 23:13-14)

ကြိမ်နှင့် လည်းကောင်း၊ ဆုံးမသွန်သင်ခြင်းဖြင့် လည်းကောင်း ဉာဏ်ပညာကိုပေးနိုင်၏။ သို့သော် မိမိ၏ ကလေးငယ်ကို ဆုံးမသွန်သင်ခြင်း မရှိသော မိခင်သည် အရှက်ရတတ်၏။ (သုတ္တံကျမ်း 29:15)

သင်၏သားကို ဆုံးမသွန်သင်လော့။ သူသည် သင့်ကို စိတ်အေးစေလိမ့်မည်။ သူသည် သင်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေလိမ့်မည်။ (သုတ္တံကျမ်း 29:17)

ဖခင်တို့၊ သင်တို့၏ သားသမီးများကို အမျက်မထွက်စေကြနှင့်။ သို့သော် သူတို့ကို သခင်ဘုရား၏ ဆုံးမသွန်သင်ချက်အတိုင်း ပြုစုပျိုးထောင်ကြလော့။ (ဧဖက်ဩဝါဒစာ 6:4)

ဖခင်များတို့၊ သင်တို့၏ သားသမီးများကို စိတ်မသာမယာ မဖြစ်စေကြနှင့်။ ဤသို့ပြုလျှင် သူတို့သည် စိတ်ပျက်အား ငယ်ကြလိမ့်မည်။ (ကောလောသဲဩဝါဒစာ 3:21)

သူတို့သည် ငယ်ရွယ်သူ အမျိုးသမီးများအား ၎င်းတို့၏ခင်ပွန်းနှင့် သားသမီးများကို ချစ်မြတ်နိုးကြရန် လည်းကောင်း၊- စဉ်းစားချင့်ချိန်တတ်ရန်၊ သန့်ရှင်းဖြူစင်ရန်၊ အိမ်မှုကိစ္စများကို ကောင်းစွာဆောင်ရွက်ရန်၊ သနားကြင်နာခြင်းရှိရန်နှင့် မိမိတို့၏ ခင်ပွန်းများကို နာခံကြစေရန် လည်းကောင်း လေ့ကျင့်သင်ကြားပေးကြရမည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် ထိခိုက်စော်ကားခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူပင် ငယ်ရွယ်သော ယောက်ျားတို့ကိုလည်း မိမိတို့ကိုယ်ကို ချုပ်တီးကြရန် တိုက်တွန်းနှိုးဆော်လော့။ (တိတုဩဝါဒစာ 2:4-6)

သားသမီးများသည် ထာ၀ရဘုရားသခင်၏ အမွေတော်ဖြစ်၏။ သူတို့သည် ကိုယ်တော်ပေးသနားတော်မူသော ဆုလာဘ်များဖြစ်ကြ၏။- မိဘတို့ အသက်ပျိုရွယ်စဉ် မွေးဖွားသော သားသမီးတို့သည် စစ်သူရဲ၏လက်ထဲမှ မြားတို့နှင့်တူကြ၏။- မိမိ၏ မြားကျည်တောက်တွင် မြားအပြည့်ရှိသောသူသည် မင်္ဂလာရှိ၏။ သူသည် ရန်သူများနှင့် တံခါး၀တွင် ရင်ဆိုင်ရသောအခါ မည်သည့်အခါမျှ အရှက်တကွဲ ဖြစ်ရလိမ့်မည်မဟုတ်။ (ဆာလံကျမ်း 127:3-5)

အကယ်၍ မုဆိုးမတစ်ဦး၌ သားသမီးများနှင့် မြေးများရှိလျှင် ထိုသားမြေးတို့အား ၎င်းတို့၏ မိသားစုအတွက် ဆောင်ရွက်ရမည့် ဘာသာရေးဝတ္တရားကို သင်ယူကြစေလျက် ၎င်းတို့၏ မိဘများကို ကျေးဇူးဆပ်ကြပါစေ။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင်၏ မျက်မှောက်တော်၌ လက်ခံဖွယ်ဖြစ်၏။ (တိမောသေဩဝါဒစာ ပထမစောင် 5:4)

အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဖော်ပြရပါလိမ့်မည်။ (Isa 38:19)

၂။ သားသမီးတို့၏ တာဝန်ဝတ္တရား။

သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည့်အကြောင်း၊ သင်၏မိဘကို ရိုသေစွာ ပြုလော့။ (Exo 20:12)

သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏ မိဘများကို နာခံကြလော့။ အကြောင်းမူကား ဤကဲ့သို့ ပြုမူခြင်းသည် မှန်ကန်သင့်မြတ်သောကြောင့် ဖြစ်၏။ သင်၏မိဘတို့အား ရိုသေခြင်းကိုပြုလော့။ ဤသည်ကား ကတိတော်နှင့်ယှဉ်သော ပထမ ပညတ်တော်ဖြစ်၏။- ကတိတော်သည်ကား သင်သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းစားလျက် အသက်ရှည်လိမ့်မည်ဟူ၍ ဖြစ်၏။ (ဧဖက်ဩဝါဒစာ 6:1-3)

ချစ်သားသမီးတို့၊ အရာရာ၌ သင်တို့မိဘများ၏ စကားကို နားထောင်ကြလော့။ အကြောင်းမူကား ဤသို့ပြုလုပ်ခြင်းကို သခင်ဘုရား နှစ်သက်တော်မူ၏။ (ကောလောသဲဩဝါဒစာ 3:20)

ငါ့သား၊ သင့်ဖခင်၏ ဆုံးမပြောဆိုချက်များကို နားထောင်၍ သင့်မိခင်၏ သွန်သင်ချက်များကိုလည်း မပစ်ပယ်လေနှင့်။- ထိုဆုံးမသွန်သင်ချက်တို့သည် သင်၏ဦးခေါင်းအတွက် လှပသော ဦးရစ်နှင့် လည်ပင်းအတွက် တင့်တယ်သော လည်ဆွဲတန်ဆာ ဖြစ်ကြလိမ့်မည်။ (သုတ္တံကျမ်း 1:8-9)

သင့်ဖခင်၏ စကားကို နားထောင်လော့။ သင်သည် သူ့ကြောင့် လူဖြစ်လာရ၏။ သင်၏မိခင် အသက်ကြီးလာချိန်တွင် သူမကို မထီမဲ့မြင် မပြုနှင့်။ (သုတ္တံကျမ်း 23:22)

၃။ သားသမီးများ သတိထားရန်။

မိဘကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ (Exo 21:15)

မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ (Exo 21:17)

မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။ (Lev 20:9) ဝတ်ပြုရာကျမ်း

အကြောင်းမူကား သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့၊ မိဘတို့အား ကျိန်ဆိုသူသည် အသေသတ်ခြင်းကိုခံစေဟု ဘုရား သခင်ပညတ်ထားတော်မူခဲ့၏။ (ရှင်မဿဲခရစ်ဝင် 15:4)

အကြောင်းမူကား မိုးဇက်က သင်၏မိဘတို့အား ရိုသေခြင်းကို ပြုလော့။ မိမိ၏မိဘကို ကျိန်ဆိုသောသူသည် ဧကန်မုချ သေထိုက်၏ဟု စီရင်ထားခဲ့၏။ (ရှင်မာကုခရစ်ဝင်  7:10)

ပညာရှိသောသားသည် မိမိ၏ဖခင်အား ကြည်နူးဝမ်းမြောက်ဖွယ်ရာအကြောင်း ဖြစ်စေတတ်၏။ သို့သော် မိုက်မဲသောသားသည် မိမိ၏မိခင်အား ပူဆွေးသောက ရောက်စေတတ်၏။ (သုတ္တံကျမ်း 10:1)

ဆိုးမိုက်သောသားသည် ဖခင်ကို ဝမ်းနည်းစေ၏။ ရူးမိုက်သူ၏ ဖခင်သည်လည်း ရွှင်လန်းချမ်းမြေ့မှု မရှိနိုင်။ (သုတ္တံကျမ်း 17:21)

သားမိုက်သည် သူ၏ဖခင်အား ပူဆွေးသောက ရောက်စေသကဲ့သို့ မွေးထုတ်ပေးသော မိခင်အားလည်း ရင်နာစေတတ်၏။ (သုတ္တံကျမ်း 17:25)

“သားမိုက်တစ်ဦးသည် သူ့ဖခင်၏ ပျက်စီးရာအကြောင်းဖြစ်၏။ (သုတ္တံကျမ်း 19:13)

မိမိ၏ဖခင်ကို ရိုင်းပျစော်ကား၍ မိမိ၏မိခင်ကို နှင်ထုတ်သောသားသည် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ယူဆောင်လာသောသားဖြစ်၏။ (သုတ္တံကျမ်း 19:26)

လူတစ်ဦးသည် မိမိ၏အမိ၊ သို့မဟုတ် အဖအား ကျိန်ဆဲလျှင် ထိုသူ၏ မီးခွက်သည် ထူထပ်သော အမှောင်ထုတွင် ငြိမ်းသွား ရလိမ့်မည်။ (သုတ္တံကျမ်း 20:20)

ပညတ်တရားကို စောင့်ထိန်းသောသားသည် ပညာသတိရှိ၍၊ အစားကြူးသော သူတို့နှင့် ပေါင်းဖော်သောသူသည်ကား မိမိ၏ ဖခင်ကို အရှက်ရစေ၏။ (သုတ္တံကျမ်း 28:7)

ဖခင်ကို ပြက်ရယ်ပြုသော မျက်စိ၊ မိခင်ကို မနာခံဘဲ မထီမဲ့မြင်ပြုသော မျက်စိကို ချိုင့်ဝှမ်းအတွင်းရှိ ကျီးကန်းတို့ ထိုးဆိတ်ကြ၍ လင်းတတို့က စားကြလိမ့်မည်။ (သုတ္တံကျမ်း 30:17)

Fr. Sylvester Khin Mg Aye

 

scriptures