Pathein Catholic Diocese Untitled Document
Untitled Document
၁၈ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့အတွက် ကျမ်းစာများ

ပထမကျမ်း

ဒေသနာကျမ်း ၁း ၂, ၂း ၂၁-၂၃

အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသော အရာတို့သည် အနတ္တဖြစ်ကြ၏။ (Ecc 1:2)

အကြောင်းမူကား ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှု ကို စွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသော အမှုဖြစ်၏။ (Ecc 2:21)

 လူသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလန်းသော အမှု အလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း။ (Ecc 2:22)

 သူ၏ နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်း ဖြစ်၏။ ညဉ့်အခါ၌ပင် သူ၏ စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ (Ecc 2:23)

ဆာလံကျမ်း

၉၀း ၃-၄,၅-၆, ၁၂-၁၂, ၁၄ နှင့် ၁၇

အလိုက်- ယနေ့တွင် သင်တို့သည် ကိုယ်တော်၏အသံကို ကြားကြလျှင် စိတ်နှလုံးမာကြောခြင်းမရှိကြလေနှင့်။

ကိုယ်တော် သည် အကျွန်ုပ် တို့အား မြေမှုန့် အဖြစ် သို့ ပြန်သွားစေ လျက် မိန့် တော်မူ သည် မှာ သေမျိုးဖြစ်သောသင်တို့၊ မြေမှုန့် သို့ ပြန်သွားလော့ဟူ ၍ ဖြစ် ၏။

၄ နှစ်ပေါင်းတစ်ထောင် သည် ကိုယ်တော် ၏ ရှေ့မျက်မှောက် တွင် ကုန်လွန်ပြီးသောယမန်နေ့ကဲ့ သို့ လည်းကောင်း ၊ ညဉ့်ယံတစ်ယံကဲ့ သို့ လည်းကောင်း ဖြစ်ပါ ၏။

၅ ကိုယ်တော် သည် လူတို့အား လျင်မြန်စွာပျောက်ကွယ်သွားစေ တော်မူ ၏။ သူတို့ သည် အိမ်မက်ပမာဖြစ်ကြရပါ ၏။ နံနက်အချိန် တွင် အသစ်တစ်ဖန်ပေါ်ထွက်လာ သည့် မြက်ပင်ပမာသာဖြစ်ပါ ၏။

၆ နံနက်အချိန် တွင် မြက်ပင် သည် ပွင့်လန်း ၍ အသစ်ပြန်ဖြစ်လာပြီး ညဉ့်ဦးယံ ၌ မူကား ညှိုးခြောက်သွားပါ ၏။

၁၂ အကျွန်ုပ် ၏ နေ့ရက် များ ကို ရေတွက် ရန် အတွက် သွန်သင်ပေး တော်မူ ပါ။ သို့ မှသာ လျှင် အကျွန်ုပ် သည် ပညာအမြော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်ရပါ လိမ့်မည်။

၁၃ အို ထာဝရ ဘုရားသခင် ၊ ပြန်ကြွလာ တော်မူ ပါ။ အကျွန်ုပ် တို့ သည် မည်မျှကြာအောင်စောင့်ရမည်နည်း။ ကိုယ်တော် ၏ အစေခံ များ အပေါ် သနားကရုဏာထား တော်မူ ပါ။

၁၄ နံနက်အချိန် ၌ အကျွန်ုပ် တို့အား ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာ ဖြင့် ကျေနပ်အားရစေ တော်မူ ပါ။ သို့ မှသာ လျှင် အကျွန်ုပ် တို့ သည် တစ်သက်လုံး ဝမ်းမြောက် ရွှင်လန်းနိုင်ကြပေ လိမ့်မည်။

၁၇ အကျွန်ုပ် ၏ အရှင် ထာဝရ ဘုရားသခင် ၏ ကျေးဇူး တော် သည် အကျွန်ုပ် တို့အပေါ်သက်ရောက်ပါစေသော်။ အကျွန်ုပ် တို့ ၏ လက် များ ဖြင့် ပြုလုပ်သမျှကို ကျွန်ုပ်တို့အဖို့ အောင်မြင်စေ တော်မူ ပါ။ မှန်ပါ ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့ ၏ လက် များ ဖြင့် ပြုလုပ်သမျှကို အောင်မြင်စေ တော်မူ ပါ။

ဒုတိယကျမ်း

ကော်လောဆေ ၃း ၁-၅, ၉-၁၁

သင်တို့ သည် ခရစ်တော် နှင့် အတူ ရှင်ပြန်ထမြောက်ခဲ့ကြ သည် ဖြစ် ၍ ဘုရားသခင် ၏ လက်ယာတော်ဘက် ၌ ထိုင်နေ တော်မူ သော ခရစ်တော် ရှိရာအထက်အရပ် နှင့် ဆိုင် သည့် အရာ များ ကို ရှာဖွေရယူ ကြလော့။

၂ သင်တို့ သည် မြေကြီးပေါ် ၌ ရှိသောအရာ တို့ ကို စွဲလမ်း ခြင်း မရှိ ဘဲ အထက်အရပ် ၌ ရှိသောအရာ တို့ ကို သာစွဲလမ်း ကြလော့။

၃ အကြောင်း မူကား သင်တို့ သည် သေဆုံးခဲ့ကြပြီဖြစ် ၍ သင်တို့ ၏ အသက်တာ သည် ခရစ်တော် နှင့် အတူ ဘုရားသခင် ၌ ဝှက်ကွယ် လျက် ရှိ သောကြောင့် တည်း။

၄ သင်တို့ ၏ အသက်တာတည်း ဟူသော ခရစ်တော် ထင်ရှား ပြ တော်မူ သော အခါ သင်တို့ သည် လည်း ကိုယ်တော် နှင့် အတူ ဘုန်းဂုဏ်တော် ၌ ထင်ရှား ကြ လိမ့်မည်။

၅ ထို့ကြောင့် ကာမဂုဏ်လိုက်စား ခြင်း ၊ ညစ်ညမ်းစွာပြုကျင့် ခြင်း ၊ အာရုံ ခံစား မှုကိုတပ်မက် ခြင်း ၊ မကောင်းမှုပြု ရန် တမ်းတ ခြင်း ၊ ရုပ်တု ကိုးကွယ် ခြင်း နှင့် မခြား သည့် လောဘလွန်ကြူး ခြင်း စသောသင်တို့ ၌ ရှိ သည့် လောက နှင့် ဆိုင်သောအရာ များ ကိုချုပ်ငြိမ်းစေ ကြလော့။

သင်တို့ တစ်ဦး နှင့် တစ်ဦး မုသားစကားမပြောဆိုကြ နှင့်။ အကြောင်း မူကား သင်တို့ သည် လူဟောင်းဘဝ ၏ အကျင့်ဆိုး ကိုယင်း ၏ အပြုအမူ များ နှင့် အတူတကွ ချွတ်ခွာပစ်ခဲ့ကြပြီး၊

၁၀ ဖန်ဆင်း တော်မူ သောအရှင် ၏ ပုံသဏ္ဌန်တော် အ တိုင်း အသိပညာ ၌ အသစ်ပြုပြင် ထား သော လူသစ်ဘဝကို သင်တို့ဆင်မြန်းထားကြလေပြီ။

၁၁ သို့ ဖြစ် ၍ ဂရိလူမျိုး နှင့် ဂျူးလူမျိုး၊ အရေဖျားလှီး ခြင်း ခံရသူ နှင့် မခံရသူ၊ ယဉ်ကျေးသူ နှင့် ရိုင်းစိုင်းသူ၊ ကျေးကျွန် နှင့် လွတ်လပ်သူဟူ ၍ မရှိနိုင်တော့ချေ။ ခရစ်တော် သည် ထိုသူ အားလုံး တို့ နှင့် သက်ဆိုင်ပြီးထိုသူ အားလုံး တို့ ၌ လည်း ကိန်းဝပ် တော်မူ ၏။

အာလေလုယာ

အ တွင်းစိတ် ၌ ဆင်းရဲ သော သူ တို့ သည် မင်္ဂလာရှိကြ ၏။ အကြောင်း မူကား ကောင်းကင် နိုင်ငံတော် သည် ထိုသူတို့ ၏ နိုင်ငံဖြစ် ၏။

အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ  ၁၂း ၁၃-၂၁

၁၃ ထိုအခါ လူအစုအဝေးထဲမှ လူ တစ်ယောက် ကဆရာသခင်၊ အကျွန်ုပ် ကိုအမွေခွဲဝေပေးပါ ရန် အကျွန်ုပ် ၏ အစ်ကိုအား မိန့်ကြား တော်မူ ပါဟု လျှောက်လေ ၏။

၁၄ သို့ သော် ကိုယ်တော် က အချင်းလူ၊ မည်သူ သည် ငါ့ကိုသင်တို့ အတွက် တရားသူကြီး၊ သို့ မဟုတ် အမွေခွဲဝေသူ အဖြစ် ခန့်ထားသနည်းဟု သူ့အား မိန့် တော်မူ ၏။

၁၅ ထို့နောက် ကိုယ်တော် ကလောဘစိတ်လွန်ကြူး ခြင်း ကိုသတိပြု ၍ ရှောင်ကြဉ် ကြလော့။ အကြောင်း မူကားလူ ၏ အသက် သည် ဥစ္စာဓနကြွယ်ဝ ခြင်း ၌ တည် သည် မဟုတ် ဟု သူတို့အား မိန့် တော်မူ ၏။

၁၆ ထို့နောက် ကိုယ်တော် သည် ပုံဥပမာ တစ်ခု ကိုလည်း သူတို့အား ပြောပြ တော်မူ ၏။ တစ်ခါက သူဌေး တစ်ဦး ၏ လယ်မြေ သည် အသီး အနှံ များ စွာထွက်ရှိသ ဖြင့် ၊

၁၇ သူကငါမည် သို့ ပြုရမည်နည်း။ အကြောင်း မူကား ငါ ၏ အသီး အနှံ များ ကိုသိုလှောင် ၍ ငါ ၌ နေရာမရှိဟု မိမိစိတ်ထဲ တွင် ပြောဆို လျက် နေ ၏။

၁၈ ထို့နောက် သူက ဤ သို့ ငါပြုမည်။ ငါ ၏ ကျီ များ ကိုဖြိုဖျက် ၍ ပိုမို ကြီးမား သောကျီ များ ကို တည်ဆောက် လျက် ငါ ၏ အသီး အနှံ များ နှင့် ဥစ္စာရှိသမျှ တို့ ကို ငါသိုလှောင်မည်။

၁၉ ငါ ၏ ဝိညာဉ် ကိုလည်း အိုငါ့ဝိညာဉ်၊ သင် ၌ များ ပြားသောဥစ္စာပစ္စည်း များ ကို နှစ်ပေါင်း များ စွာ အတွက် သိုလှောင်ထား လျက် ရှိပြီ။ စိတ်သက်သာစွာနေ ၍ သောက်စား လျက် ပျော်ရွှင်စွာနေလော့ဟူ ၍ ငါဆိုမည်ဟုတွေးတောလေ ၏။

၂၀ သို့ သော် ဘုရားသခင် က အသင်လူမိုက်၊ ဤည ၌ သင် ၏ ဝိညာဉ်ကို သင့် ထံမှ ပြန်တောင်း လိမ့်မည်။ ထိုအခါ သင်စု ဆောင်း ထား သော အရာ များ သည် မည်သူ့ အတွက် ဖြစ်မည်နည်းဟု သူ့အား မိန့် တော်မူ လေ ၏။

၂၁ ထို့ကြောင့် မိမိ အတွက် ဥစ္စာဘဏ္ဍာ များ ကိုစုဆောင်း သော်လည်း ဘုရားသခင် ၏ ရှေ့တော်မှောက် ၌ ပြည့်စုံကြွယ်ဝ ခြင်း မရှိ သော သူ သည် ဤသူကဲ့ သို့ ဖြစ် လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures