Pathein Catholic Diocese Untitled Document
Untitled Document
အပြင်သက်သာ မဟုတ် အတွင်းသက်ကို ပို၍အဓိကထားရန်

၆ စက်တက်ဘာ၊ အင်္ဂါနေ့

ရှင်လုကာ ၆း ၁၂-၁၉

အပြင်သက်သာ မဟုတ် အတွင်းသက်ကို ပို၍အဓိကထားရန်

မနေ့ကသူ့ရဲ့ အတိုင်းအဆမရှိတဲ့မေတ္တာတော်ပေးအပ်လာခြင်းကို ဖာရီအရှဲနဲ့ ကျမ်းတတ်ဆရာတွေ ငြင်းပယ်လိုက်တဲ့အကြောင်းကို ကြားခဲ့ပြီဖြစ်ပါတယ်။ သူတို့ ငြင်းပယ်ခြင်းကို သခင်ယေဇူးကပဲ တုန့်ပြန်တဲ့အနေနဲ့ တမန်တော် ၁၂ ပါးကို ခန့်အပ်ပြီး သာသနာတော်ကို စတင်တည်ထောင်လိုက်ပါတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေနေရာမှာ သူတို့ကို နေရာယူစေဖို့ပဲဖြစ်ပါတယ်။ သခင်ခရစ်တော်ရဲ့ လာရောက်ပေးအပ်ခြင်းကိုလက်ခံတဲ့ပုဂ္ဂိုလ်များကို သူဘက်ကနေပြီးတော့ အပေါင်းလက္ခဏာဆောင်တဲ့ တည်ဆောက်ခြင်းကို ပေးအပ်လျှက်ရှိပါတယ်။ သူ့ရဲ့ပေးအပ်လာခြင်းကိုလက်ခံသူ သူတို့စီကို သခင်ခရစ်တော်က လှည့်လာခြင်းပဲဖြစ်ပါတယ်။ အဲဒီလက်ခံသူများအနက်မှ ၁၂ ပါးကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ပြန်လည်အသစ်ပြုပြင်တည်ထောင်ထားတဲ့ အသစ်သော အီစရာအဲလ်လူမျိုးတွေကို ဦးဆောင်ဖို့ ၁၂ ပါးကို တာဝန်ခန့်အပ်လိုက်ခြင်းပဲဖြစ်ပါတယ်။

သူတို့နဲ့သူတို့ကို ဆက်ခံသူများအားဖြင့် ခရစ်တော်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းတော်ကို တိုင်းနိုင်ငံအားလုံးစီသို့ ဆက်လက်ပြန့်ဝေဖို့ပဲဖြစ်ပါတယ်။ ဒီခန်းကြီးရဲ့ အစပိုင်းမှာ လက်ခံခြင်း အချင်းချင်းကွဲပြားခြင်းတွေကို တွေ့ရပြီးတဲ့နောက်မှာ အဲဒီအခြေအနေတွေကပဲ အသစ်သောခေါင်းဆောင် ကဏ္ဍတစ်ခုကို စတင်ဖွင့်လစ်ဖို့အခင်းအကျင်းတစ်ခုဖြစ်လာပါတော့တယ်။ သခင်ဟာ သူတို့ကို စေလွှတ်ပါတယ်။ သူကိုယ်တိုင်သာသနာလုပ်ငန်းလုပ်ဆောင်နေချိန်မကပဲ ကာလအဆက်ဆက်ဒီလုပ်ငန်းတော်ကို ဆက်လက် ပြန့်ပွားဖို့အတွက် ခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်။ ဝိညဉ်တော်မြတ်၌ စေလွှတ်ခြင်းဖြစ်ပါတယ်။

ရှင်လုကား ၁၁း ၄၉ မှာ တမန်တော်စပြီတော့ တမန်တော်ဝတ္ထုတိုင်အောင်တောက်လျှောက် သုံးထားတာကို တွေ့ရပါတယ်။ ဒီစေလွှတ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဓမ္မသစ်မှာ တန်တော် ၁၂ ပါးရဲ့စာရင်းကို ၄ ခါ တွေ့ရပါတယ်။ ရှင်မာရ်ကူးနဲ့ ရှင်မာသဲကျမ်းမှာတွေ့ရသလို ဒီနေ့ကျမ်းမှာဖတ်တဲ့ ရှင်လုကားကျမ်းမှာကျတော့ ဒီနေ့မှာ တစ်ခါ၊ တမန်တော်ဝတ္ထုကျမ်းမှာလည်း နောက်တစ်ခါ ထပ်ပါတာကိုတွေ့ရပါတယ်။ ထို့ကြောင့် သူတို့ရဲ့ သာသနာလုပ်ငန်း ဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုအောက် အလင်းပေးမှုအောက်မှာ တစ်ပေါင်းတည်းရှိနေတယ်ဆိုတာကို အတိအလင်းပိုပြီးတော့  ဖော်ပြထားတဲ့အချက်ကို ရှင်လုကားကျမ်းမှာ ပိုတွေ့ရပါတယ်။ ဝိညာတော်ဟာ သူတို့ရဲ့ လက်ဆင့်ကမ်းတဲ့လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်အောင် လုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။  ဒါနဲ့ဆက်စပ်ပြီး ပထမကျမ်းကို ကြည့်မယ်ဆိုရင်လည်းပဲ ကော်ရိန္တုဩဝါဒစာ ၆း ၁-၁၁ မှာ သာသနာတော်အတွင်းမှာ ချွတ်ယွင်းချွတ်တက်ချက်တွေကို ရှင်ပေါလုက ညွှန်ပြလာပါတယ်။ အချင်းချင်းမညီညွတ်တာတွေ တစ်ယောက်နဲ့တစ်ယောက် တရားစွဲတာတွေ တရားစွဲတာကလည်း ရိုးရိုးတရားမဟုတ်ပဲနဲ့ ပြင်ပတိုင်းပြည်က တရားရုံးတွေအထိ တင်ပြီးစွဲတာကို တွေ့ရပါတယ်။ အချင်းချင်းတရားစွဲကြတာတွေကိုတောင် ရှင်ပေါလုက ထောက်ပြထားပါတယ်။ အဲလိုဖြစ်နေခြင်းတွေဟာ နိုင်ငံတော်ဝင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို အခိုင်အမာ စိန့်ပေါလ်က ပြောနေပါတယ်။ စိန့်ပေါလ်အချိန်က သာသနာတော်နဲ့ အပြင်ဘက်လူ့အသိုင်းအဝိုင်း လူ့အသိုင်းအဝိုင်းဟာ သတ်သတ်မှတ်မှတ်နယ်စည်းရယ်လို့ မရှိသေးပါဘူး။

ကျင့်ဝတ်အပိုင်း၊ဆုတောင်းခြင်းအပိုင်း၊ ဝတ်ပြုကိုးကွယ်ခြင်းအယူဝါဒ ကဏ္ဍ အစုံမှာ အပြင်ကလူတွေ သာသနာထဲမှာရှိနေတဲ့လူတွေ ကွဲကွဲပြားပြားသိပ်ပြီးတော့ သူတို့မသိကြသေးပါဘူး။ အပြင်မှာ ကျင့်ကြံနေသလိုမျိုးအထဲမှာ ကျင့်ကြံလို့ရတဲ့ နားလည်မှုမျိုးတွေ ထင်ယောင်ထင်မှားရှိနေတာတွေ ရှိနေကြပါတယ်။ အဲလို မထင်မရှားရှိနေချိန်မှာ စိန့်ပေါလ်ကနေပြီတော့ ပြုပြင်ပုံသွင်းနေခြင်းကို တွေ့ရပါတယ်။ အသင်းတော်ဟာ ဒီလိုပဲ ခေတ်အဆက်ဆက် အပြင်နဲ့အတွင်း အယူအဆပိုင်းကျင့်ဝတ်ပိုင်း မကြာခဏရောထွေးမှုတွေကို တွေ့ရတတ်ပါတယ်။ အဲလိုအခြေအနေကို အမြဲတမ်းပြန်ပြန်ပြီးတော့ တည့်မှတ်နေရတဲ့အနေအထားရှိတာကို ကျွန်ုပ်တို့သတိပြုမိဖို့ အရေးကြီးပါတယ်။ ချွတ်ယွင်း ချို့တက်ချက်မျိုးစုံကိုတွေ့ ပါတယ်။ လူသားရဲ့ အားနည်းချက် ပုံစံမျိုးစုံကို သာသနာတော်အတွင်းရှိအဖွဲ့ဝင်ကျွန်ုပ်တို့ တစ်ယောက်စီကိုရော တစ်ယောက်စီမှာရော ခေါင်းဆောင်တွေစီမှာပါ ရှိတာကို နှိမ့်ချစွာ ဝန်ခံကြရမှာပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာလည်းပဲ ဒီနေ့ ပထမကျမ်းပိုဒ် အဆုံးမှာ စိန့်ပေါလ်က မှတ်ချက်ပြုထားတာကိုလည်း သတိရဖို့လိုအပ်ပါတယ်။ သင်တို့ဟာ သခင်ယေဇူးအားဖြင့် ဝိညာဉ်တော်အားဖြင့်သန့်စင်ပေးခြင်းခံရပြီးသား ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီဘဝသစ်ကို ပိုင်ဆိုင်ပြီးသားဖြစ်လို့ အပြင်လူတွေကျင့်ကြံနေသလိုမျိုး ကျင့်ကြံဖို့မဖြစ်တော့ဘူးဆိုတာကို ပြန်ပြောနေခြင်းဖြစ်ပါတယ်။

မှတ်သားစရာအနေနဲ့ မှတ်သားရမှာက သာသနာတွင်းမှာရှိတဲ့ ချွတ်ယွင်းချို့တက်ချက် လူသားရဲ့ အားနည်းချက်တွေကို ကျွန်ုပ်တို့မြင်သလို အတွင်းပိုင်းအနှစ်သာရဖြစ်တဲ့ ဘုရားကိုယ်တိုင်ပါနေတဲ့ ဝိညာဉ်တော်ပါနေတယ်၊ ခရစ်တော်ကိုယ်တိုင်လည်းပါနေတယ်ဆိုတဲ့အချက်တွေကို အမြဲတမ်းသတိရပေးဖို့ ကိုယ့်ကိုယ်ကိုသတိပေးဖို့အမြဲတမ်းပဲလိုနေတယ်ဆိုတာကို သတိရ ရမှာဖြစ်ပါတယ်။ လူသားရဲ့ ချွတ်ယွင်း ချို့တက်ချက်တွေကို မြင်ပြီး အားလျော့သွားတာမျိုး၊ စိတ်ပျက်သွားတာမျိုးမဟုတ်ပဲ အတွင်းသက်မှာလည်းပဲ ဘုရားရှိနေပါသေးတယ်။ အဲဒီအချက်ကပဲ ကျွန်တော်တို့တစ်ယောက်စီကို ပြန်လည်စင်ကြယ်ပေးပြီး လိုရာလမ်းကို ရောက်စေဖို့ အမြဲတမ်းပဲတွန်းအားပေးနေတယ်ဆိုတာကို သတိရ ရမှာဖြစ်ပါတယ်။  

Father Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ပြန်လည်ဝေမျှပေးပါသည်။

gospel reflection