Pathein Catholic Diocese Untitled Document
Untitled Document
သခင်ဘုရားကို အတုယူကြလော့။

၃၀ ကြိမ် တနင်္လါနေ့၊

အောက်တိုဘာ ၂၄ ရက်။

ဧဖက် ၄ ၊ ၃၂ မှ ၅ ၊ ၈ ထိ

သခင်ဘုရားကို အတုယူကြလော့။

အတုယူကြဆိုတာ မဖြစ်နိူင်တာ၊မတတ်နိူင်တာ ခိုင်းပါလားတွေးစရာ၊သခင် ခရစ်တော်ကဲ့သို့ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်၊ လမ်းလျှောက်ပါ၊ဘုရားကကျွန်ပ််တို့ မတတ်နိူင်တာခိုင်းသလား တွေးကောင်းမိမယ်၊တွေးလည်းတွေးရမှာ၊ ဘဝဟောင်းအကျင့်ဟောင်းတွေ စွန့် မစင်ကြယ်တာတွေ စွန့်၊ ဘဝသစ် ကိုက်ညီတဲ့နေထိုင် ကျင့်ကြံမှုနဲ့ အသက်ရှင် ဖို့ညွှန်ကြားထားတာတွေ့ရတယ်၊ချစ်ခြင်းမေတ္တာ၌လမ်းလျှောက် ဘဝသက်တာတခုလုံး ချစ်ခြင်းမေတ္တာထဲမှာ နှစ်ထား အသက်ရှင်ဖို့ ခရစ်တော်ကဲ့သို့ အတိအကျ လုပ်ဆောင်နိူင်ဖို့အလင်းရဲ့ သား သမီးတွေ ဖြစ်ဖို့ နိူင်ငံတော်အမွေခံဖို့ဒါတွေလုပ်ရမယ်ပြောထားတယ်။

ခရစ်တော် လျှောက်ခဲ့တဲ့ ပုံစံ၊အဆင့်ထိ ခိုင်းထားတယ်။သခင်ဘုရားကိုအတုယူ လျှောက်ပစေခိုင်းတယ်၊လူတွေကို လုပ်ခိုင်းတာ လွယ်တဲ့ဆင့်မဟုတ်တာ တွေ့ရတယ်၊ကျွန်ပ်တို့ပုံမှန်အခြေနေဆိုလုပ်နိူင်မဲ့အဆင့်မဟုတ်ပါ၊ ဒီလိုဘဲ ကျမ်းစာမှာမကြာခဏကြားရတယ်၊မိုးကောင်းကင်က.သင်တို့အဖ စုံလင်သည်နည်းတူ သင်တို့ ပြည့်ဝ စုံလင် ကြပါ၊ဓမ္မဟောင်းမှာ သင်တို့ရဲ့ ခမည်းတော်သန့်ရှင်းစင်ကြယ်သကဲ့သို့ သင်တို့စင်ကြယ်ကြလော့၊ ရှင်လုကာ ကျမ်းမှာ ဘုရားသခင် သနားခြင်း ရှိသကဲ့သို့ သင်တို့လည်း သနားခြင်း ရှိကြလော့၊ကျွန်ပ်တို့ကို ခိုင်းတဲ့ အဆင့် ၊ ဖြစ်စေချင်တဲ့အဆင့် က ဘုရားနဲ့ တတန်းတည်းအဆင့်ဆိုတာ တွေ့ရတာ ဖြစ်တယ်။လူတွေကို ခိုင်းတဲ့အဆင့်ဟာ လူတို့ရဲ့ပင်ကိုယ် စွမ်းအားနဲ့ဆိုရင်ဘယ်တော့မှ မရနိူင်တဲ့ အဆင့်ဆိုတာမျိုး ပါလို့ပထမ အချက် မှတ်ရမယ်။ပိုအရေးကြီး၊ အမြဲမှတ်ထားရမဲ့ အချက်ကကျေးဇူးတော်တွေကို ဦးစွာ ပေးပြီးမှဒီလိုစေခိုင်းတယ်ဆိုတာ သိမှတ်ပါ။

ဘဝသစ်ကို အရင်ပေးပြီးမှ ကိုက်ညီတဲ့ အသက်ရှင်မှုနဲ့ နေထိုင်သက်ရှင်ခိုင်းတာ ဖြစ်တယ်၊ အရင်ရက်များက ဖတ်ခဲ့တဲ့ ဧဖက် ကျမ်းပိုဒ်များကြည့်ရင် ကျွန်ပ်တို့ ဘဝအသစ်သို့မြှင့်တင်ထားခြင်းအခြေနေတွေ့ရပါတယ်၊တစ်ယောက်စီရဲ့ အခြေနေဟာခမည်းတော် ကနေ့ ကြည့်ရှုတဲ့ သားသမီးဘဝ၊ခရစ်တော်က၊ ကျွန်ပ်တို့ဘဝနဲ့ တဆက်တည်းဦးခေါင်းတော်အဖြစ်ဆက်နွှယ်နေတဲ့ အခြေအနေ၊သူကိုယ်တိုင်ရဲ့ဝိညာဥ်တော်ကို ပေးထားပြီး အသက်ဝင်လှုပ်ရှားစေတယ်ဒါ့ပြင် အချင်းချင်းလည်း တစ်လုံးတစ်ဝတည်း ဖြစ်စေပြီး သာသနာတော်အတွင်း သွပ်သွင်း ပြီးသားဘဝသစ် ရပြီးသား ကျေးဇူး တော်ပြည့်ဝပြီးသား အခြေအနေရှိတယ်ဆိုတာကို ပြီးခဲ့ရက်များကကြားခဲ့ရပြီး ဖြစ်ပါတယ်၊ ဒါ့ကြောင့် ဒီကနေ့ကြားရတဲ့၊ဘုရားသခင် စေခိုင်းခြင်းဟာ လူသားကိုမိမိပင်ကိုယ် စွမ်းအားတခုတည်းသုံး ကြိုးစားလုပ်ဆောင်လာတယ်လို့ သဘောမပေါက်ပါဘူး၊အဓိပ္ပါယ် မရပါဘူး၊သူဒီလိုမခိုင်းခင်လုံလောက်တဲ့ ကျေးဇူးတော် ဘဝရဲ့အဖြစ်အခြေနေကို တင်မြှောက်ပြီးမှစေခိုင်းခြင်းသာ ဖြစ်တယ်။

ဧဝံဂေလိကျမ်းမှာ အာဗြံဟံရဲ့သမီးပါလို့ သခင်သုံးထားတာဖတ်ရတယ်၊သမီး အသုံးနုန်းကို လုကာကျမ်းကြီး ၁ ငယ် ၅ ကြီး၂ ငယ် ၂၆ ကြီး ၈ငယ် ၄၂ ၄၈ တို့မှာတွေ့ရတယ်။ဇာခေဦး ကိုလည်း အာဗြံဟံ ရဲ့သားလို့ သုံးတယ်၊ ကြီး ၁၉ ငယ် ၉ စိန့်ပေါလ် ကလည်း အန္တီအုတ်ကတပည့် ယုံကြည်သူများကို အာဗြံဟံမိသားစုဝင်များဆိုပြီးသုံးထားတယ်။ဒီစကားလုံး အသုံးဟာ ယုံကြည်ခြင်းအနွယ်ဝင်များ ဘုရားက ကိုယ်တိုင်ကတိပေးထားတဲ့ ပုဂ္ဂိုလ်တွေအဖြစ်ညွှန်ပြလိုက်ခြင်း ဖြစ်တယ်။ဘုရားရဲ့လူမျိုး၊ ဘုရားရဲ့ မိသားစုဝင် ဘုရားရဲ့ အမွေစား အမွေခံ သား သမီး အဆင့် စာရင်းဝင်သွားပြီ ဖြစ်တဲ့အကြောင်း ဖော်ပြနေခြင်း ဖြစ်တယ်ဘုရားရဲ့ အဖြစ်တော်မှာ သားသမီးကဲ့သို့ ပါဝင်ခွင့် ရတဲ့သူ၊ဘုရားရဲ့ ဇာတိ ထဲမှာ ပါဝင် ခံစားခွင့် ကိုရရှိသူ ဖြစ်တယ်။ ကျေးဇူးတော်တွေပြည့်ဝပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်လာကြပြီ၊ကျမ်းထဲက အမျိုးသမီးရဲ့အဖြစ် အခြေနေ တခုလုံးကို သခင်ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

အသစ်သော အဖြစ် အခြေနေ၊သမီးအဖြစ် အနေ၊ တွေ့ရပါတယ်၊ ကျွန်ပ်တို့ ယုံကြည်သူ တစ်ယောက်စီကလည်း သားသမီးအဖြစ်အခြေအနေကိုရောက်ပြီး ထားခြင်းခံကြရတယ်လို့ သိရပါမယ်။ပထမကျမ်းနဲ့ပြန်ပြီးဆက်စပ်ရပါရင် သားသမီးအဖြစ်သို့ရောက်ရှိကြပြီး အားလုံး နိူင်ငံတော်တွင်းသို့ ထည့်သွင်းခံရပြီးချိန်ရောက်မှသာ၊ ဒါတွေ လုပ်ရမယ်၊စေခိုင်းလာခြင်းဘဲ ဖြစ်ပါတယ်။ပညတ်ချက်တွေ ချပေးလိုက်ခြင်း ဖြစ်တယ်။

ဘုရားက ငါလုပ်နိူင်တဲ့ အဆင့်ကျော်လွန်ပြီး မလုပ်နိူင်မဲ့အရာတွေကို လုပ်ခိုင်းနေပါလားလို့ အတွေးမှားစရာမလိုပါ။ လုပ်နိူင်တာဖြစ်အောင်စီမံပြီးသားဖြစ်လို့သာခိုင်းခြင်းဖြစ်တယ်လုပ်နိူင်တဲ့ အခြေနေတစ်ခုသို့ တင်ပေးပြီးမှ လုပ်ခိုင်းတာဖြစ်တယ်၊လုပ်နိူင်လို့ ခိုင်းတာဖြစ်တယ်ကို မှတ်သားရမယ်၊လုပ်နိူင်ဖို့ အားဖြည့် ပြင်ဆင်ပေးပြီးမှသာ စေခိုင်းခြင်းဖြစ်တယ်။ဒါ့ကြောင့် ကျွန်ပ်တို့ လက်ခံရရှိပြီးကျေးဇူးတော်များကို သတိရကြရမယ်၊ ကိုယ့်ဘဝရဲ့ အသစ်သောအခြေနေကိုအမြဲသိနေ ရမှာဖြစ်ပြီးဘုရားကို အတုယူဖို့ ကြိုးစားကြစို့။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence ထောက်ရှုချက်။

gospel reflection