Pathein Catholic Diocese Untitled Document
Untitled Document
ဘယ်လို ဆုတောင်းကြရမှာလဲ။

၃၀ ကြိမ်မြောက်သာမန် တနင်္ဂနွေ၊

အောက်တိုဘာ ၂၃ ရက်။

လုကာ ၁၈ ၊ ၉ မှ ၁၄ ။

ဘယ်လို ဆုတောင်းကြရမှာလဲ။

ဆုတောင်းခြင်းရည်ရွယ်ချက်၊လိုအပ်နေတာတခုခု၊လိုချင်တာတခု၊ရသွားရုံနဲ့ ပန်းတိုင်ရောက်ပြီလား။မရောက်သေးပါ၊ လမ်းခုလပ်က ရည်ရွယ်ချက်မျှသာရှိပါသေးတယ်၊ဆုတောင်းခြင်းရဲ့နောက်ဆုံးသောရည်ရွယ်ချက် ပန်းတိုင်က ဘုရားနှင့်ဆက်သွယ်ပြုခြင်းသာဖြစ်တယ်။

ဆုတောင်းခြင်းသည် ဘုရားနှင့်ဆက်သွယ်ပြုခြင်းဖြစ်သည်ဟု မြတ်သောအယူဝါဒ သွန်သင်တယ်။ ထိရောက်အဓိပ္ပါယ်ရှိတယ်၊ ဆုတောင်းခြင်းနောက်ဆုံးပန်းတိုင်က ဘုရားနဲ့ဆက်သွယ်ရမိဖို့ပါ၊ဆက်သွယ်မိပါမှ အရာအားလုံးပြီးပြည့်စုံမယ်၊ ထာဝရအသက်ရမယ်။ဥပမာ ကျန်းမာခြင်းတောင်းတယ်ဆိုပါစို့၊ ကျန်းမာသွားတယ်၊ပန်းတိုင်မရောက်သေး ယခုကျန်းမာလည်း တနေ့သေရဦးမယ်၊ဆုတောင်းခြင်းမှာ ဘုရားနဲ့ ဆက်သွယ်ရမှသာလျှင်နောက်ဆုံးပန်းတိုင်ရောက်မယ်၊မှတ်ယူပါ၊ဒါကြောင့် ဆုတောင်းခြင်းလုပ်သည်နှင့် ငါဟာဘုရားနဲ့ အဆက်သွယ် စပြီဆိုတာကိုကိုယ့်ကိုယ်ကို အသိပေးနေရမယ်။

ဒီနေ့ ဆုတောင်းနမူနာ နှစ်မျိုးဖြင့်သခင်က သွန်သင်တယ်။ပထမလူကဖရိရှဲ ဖြစ်ပြီး ဒုတိယလူက အခွန်ခံသူဖြစ်တယ်ဖရိရှဲကသူ့ကိုယ်သူကောင်းမြတ်တယ်ထင်၊ ပြုခဲ့ကောင်းမှုများပေါ်အမှီပြု သူတပါးကို အထင်သေးပြီးဆုတောင်းတယ်၊ဒုတိယလူအခွန်ခံက မိမိဘဝ အမှန်အတိုင်းသိမြင် ဝန်ခံပြီး ဘုရားရှင်ရဲ့ သနားခြင်းတစ်ခုသာလျှင် သူ့အတွက် မျှော်လင့်ချက် ရှိပါတော့တယ် ဆိုတဲ့ စိတ်နဲ့ဆုတောင်းတယ်၊သူ့ရဲ့ကိုယ်နေဟန်ထားက အတွင်းစိတ်ကို ဖော်ပြတယ်၊အဝေးမှာဘဲရပ်တယ် အနီးသို့ မကပ်ရဲပါ၊ဦးခေါင်း ငိုက်စိုက်ချထားတယ်၊အတွင်းသက်နှိမ့်ချမှုအပြင်ပေါ်တယ်ရင်ဘတ်ကိုပုတ်ခတ်တယ်၊ အပြစ်ရှိတာလို့ဝိ်ခံနေတယ်။အပြစ်ရှိသူတပည့်တော်အားသနားပါဆိုပြီး ဟစ်ကြွေးတာ တွေ့ရတယ်၊ ဒီပုဂ္ဂိုလ်ဟာဆုတောင်းပြီးတဲ့အခါသန့်ရှင်းဖြူစင်ခြင်းရောက်သွားတယ်။သူဆုတောင်း ပြည့်ပြီး၊ပြန်သွားတယ်။

ဖရိရှဲမူ သူ့ကိုယ်ကို အထင်ကြီးတယ်၊ကိုယ်လုပ်ထားတဲ့ ကောင်းမှုတွေကကိုယ့်အတွက် လုံလောက်ပြီ၊ဘုရားဖက်က ပေးစရာမလိုတော့အောင် အခြေနေဖြစ်တယ်။ကိုယ့်ကိုယ်ကိုဘဲအမှီပြု၊သူတပါးကို အထင်သေးကာဘုရားနေရာဝင်ပြီး သူတပါးကို ဆုံးဖြတ်တယ်၊ ဒီအခွန်ခံသူက ဘယ်လိုမျိုး ဘယ်လိုအဆင့် ဆုံးဖြတ်ကာဘုရားနေရာဝင်တယ်။သူ့ဆုတောင်းက ဆုတောင်းခြင်း မမည်ဘဲဖြစ်နေ၊ဒီကျမ်းပိုဒ် ဂရိစကားလုံး အထားသိုက ဘုရားထံ ဆုမတောင်းဘဲ မိမိထံပြန်ဆုတောင်းနေတယ် ဆိုလိုတယ်။တကယ်လဲ ဟုတ်နေတယ်၊ သူ့ဆီမှာလိုအပ်ချက်တစ်ခုမှသူမတွေ့၊ ဘုရားထံမှ တောင်းစရာ မလိုလို့ သူ့ရဲ့ဆုတောင်းပုံက မတောင်းသလိုမျိုးဖြစ်နေတယ်၊ဘုရားနဲ့ အဆက်သွယ်ပြုစရာမလိုဘူး သူထင်ပြီး ကိုယ့်ကိုယ်ကိုဘဲ အဆက်သွယ်ပြုနေတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ တွေ့ရတယ်။သူ့လိုအပ်ချက်တခုမှ သူတင်ပြတာမတွေ့ရ၊ သူ့ကိုယ်ကို ဘုရားနဲ့ ဆက်သွယ်ပြုနေတယ်လို့ ထင်နေပေမဲ့၊တကယ်တော့ သူဆက်သွယ်ပြုနေတာက သူ့ကိုယ်ကိုဘဲ ဖြစ်နေ။

အခွန်ခံသူကတော့ သူ ဘုရားနဲ့ဝေးနေတာသူသိတယ်၊အတွင်းစိတ်ကသိနေလို့ နီးချင်တဲ့ စိတ်ရှိနေတယ်၊နီးဖို့ လိုတာကို သိမှတ် ဝန်ခံပြီး သူ့ရဲ့အခြေနေကို ဘုရားလက်သို့ ပုံအပ်လိုက်တယ်၊ အပြစ်ခွင့်တောင်းလိုက်တယ်၊အဲ့ဒီမှာဘဲ သူနဲ့ ဘုရားနဲ့ ဆက်သွယ်မှု အနက်ရှိုင်းဆုံးတည်ဆောက်ပြီးသား ဖြစ်သွားပါတယ်။ 

ဒါ့ကြောင့် ဆုတောင်းဖို့ ပထမဆုံး လုပ်ရမဲ့ အလုပ် အပြစ်ခွင့်လွှတ်ခြင်း တောင်းခံရမယ်။ဘုရားသခင်ရဲ့သနားတော်မူခြင်း၊မျှော်လင့်တကြီး တောင်းခံရမယ်။ အပြစ်ရှိသူ ကျွန်ပ်ကို သနားပါ၊ မကြာခဏ ပြောနေရမှာဘဲ ဖြစ်တယ်။ဒီလိုစိတ်နေသဘောရှိပြီဆိုရင် ကျွန်ပ်တို့ သန့်ရှင်းဖြောင့်မတ်ခြင်းရဖို့ စစ်မှန်တဲ့ ဆုတောင်းခြင်း ပြုနိူင်ဖို့ ပထမဦးဆုံးခြေလှမ်း၊လှမ်းပြီးသားဖြစ်နေပါပြီ။နှိမ့်ချခြင်း၌ ယုံကြည် စိတ်ချစွာ အပ်နှံခြင်းဟာဘုရားနဲ့ ကိုယ့်ကို ပြန်လည်ကြေအေးမိဿဟာရ ဖွဲ့ပေးသလို လူအများနှင့်လည်း ကြေအေး မိဿဟာရ ဖွဲ့ ပေးလျက်ရှိတယ်။ အဲ့ဒီအခြေနေရောက်ပြီဆို တပြိုင်နက် တောင်းတိုင်းရဖို့အဆင်သင့် ဖြစ်သွားပါပြီ၊ သခင်ပြောတဲ့ ဆုတောင်းပြည့် ပြန်သွားတဲ့ပုဂ္ဂိုလ် လိုမျိုး ဖြစ်သွားပါပြီ။

အပြစ်ခွင့်လွှတ်ဖို့ မစ္ဆားတရားအစမှာကျွန်ပ်တို့ တောင်းခံပါတယ်။ ကိုယ်တော်မြတ် မပင့်ယူမီအချိန်မှာ၊ထို့တူတစ်ယောက်စီ ဆုတောင်းခြင်း အဖွဲ့လိုက်ဆုတောင်းခြင်းမပြုမီမှာလည်းခွင့်လွှတ်ခြင်းကို အရင်ဆုံးတောင်းခံကြပါတယ်။ဒီနေ့သခင်ကနမူနာနှစ်ခုပေးပြီးအကောင်းဆုံးဆုတောင်းခြင်းပြုနိူင်ရအောင်ကျွန်ပ်တို့ကို သင်ပြလျက်ရှိပါတယ်။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။

gospel reflection