Pathein Catholic Diocese Untitled Document
Untitled Document
သာသနာတော်ကို တလုံးတဝ တည်းဖြစ်စေသောအရာ။

အောက်တိုဘာ ၂၁ ရက်

၂၉ ကြိမ် သောကြာနေ့။

ဧဖက် ၄ ၊ ၁ မှ ၆

လုကာ ၁၂ ၊ ၅၄ မှ ၅၉

Principal for unity.

သာသနာတော်ကို တလုံးတဝတည်းဖြစ်စေသောအရာ။

လူတို့တလုံးတဝတည်း ရှိလိုကြတယ်ပေါင်းစည်းဖို့ စုစည်းဖို့ လိုအပ်တယ်၊လိုအပ်တယ်လို့ လူ့သမိုင်း အစကပင်လက်ခံတယ် common interestဘုံအကျိုးစီးပွား တူတယ်၊ common goal ဘုံ ရည်မှန်းချက်တူတယ်၊ဆိုရင် လူတို့ စုစည်းလို့ရတယ်နိူင်ငံရေးနယ်ပယ် လူမှုစီးပွားနယ်ဖြစ်စေတူညီချက်များရှိရင် လူတစု နှင့်တစု တဦးနဲ့တဦး ပေါင်းစည်းမိကြပြီး လူ့အစုအဖွဲ့ကလေးများပေါ်လာတယ်။

အစုအဖွဲ့ စုစည်းမိခြင်းကလည်း ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက်ဖြစ်ဖို့တဦးတည်းမဖြစ်နိူင်အလုပ်များကိုအစုဖွဲ့က ရလွယ်ဖို့ အင်အားပိုတောင့်ဖို့ စုစည်းကြတာဖြစ်တယ်။စုစည်းဖို့လိုအပ်ချက်သိပြီးသမိုင်းတလျှောက်စုစည်းဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြတာတွေ့ရတယ်၊ရောက်လို ပန်းတိုင်ဆီ စုစည်းအားနဲ့ ချီတက်ရယူဖို့ လိုတယ်ဆိုတာသိပြီး စုစည်းဖို့ ကြိုးစားတဲ့ အဖွဲ့စည်းများစွာ တွေ့ကြရမှာပါ။

တိုက်ကြီးတွေမှာကြည့်ကြည့် လူမှုစီးပွားနယ်မှာကြည့်ကြည့်၊ စုစည်းမှုက အလွှာတစ်ရပ်ပေါ်မှာ စုစည်းလာနိူင်ခြင်းသာ ဖြစ်တယ်၊ နိူင်ငံရေးလူမှု စီးပွားရေး နယ်ပယ်လောက်မှာဘဲ စုစည်းလာနိူင်ခြင်း ဖြစ်ပါတယ်။

ဒီနေ့ ပထမ ကျမ်းမှာ ရှင်ပေါလုတင်ပြ ဆွေးနွေးထားတဲ့ စုစည်းမှုတနည်းဆိုပါက တလုံးတဝတည်းတည်ရှိမှု က ထိုအရာများထက်နက်ရှိုင်းတယ်။ အပေါ်ယံ နိူင်ငံရေးလူမှုစီးပွားရေးနယ်ပယ်ထက် များစွာနက်ရှိုင်းတယ်၊သူတို့စုစည်းမှုပုံစံများအားလုံးထက် နက်ရှိုင်းတယ်။ဘယ်တော့မှ မပျောက်ပျက်နိူင်တဲ့စုစည်းမှု ပုံစံမျိုး တလုံးတဝတည်းတည်ရှိမှု ပုံစံမျိုး ရှင်ပေါလု ဒီနေ့ဖော်ပြနေတာဖြစ်တယ်။

အသင်းတော်ထဲမှာ ရှိတဲ့ တလုံးတဝတည်းရှိမှုကို ပြောနေခြင်း ဖြစ်တယ်၊စုစည်းမှု သဘောသဘာဝ က နှလုံးသားတိုင် အနက်ရှိုင်းဆုံး နေရာအထိဝိညာဥ်ရေး လွှာထိ ချစ်ခြင်းမေတ္တာဖြင့် စုစည်းပေးကာတလုံးတဝတည်းဖြစ်အောင် လုပ်ဆောင်သော ဘုရားအမှုတော် ကို ညွှန်ပြပြောဆိုနေခြင်းဖြစ်တယ်။ ကိုယ်ခန္ဓာတစ်ခုတည်းone body ယုံကြည်ခြင်းတခုတည်းone faith. one baptism. one spiritဝိညာဥ်တော် တစ်ခုတည်းကြောင့်စုစည်းလာရခြင်း ဖြစ်တယ်၊နက်ရှိုင်းဆုံးနေရာအထိ စုစည်းပေးလိုက်ခြင်းဖြစ်တယ်။

လူသားများဖက်က အစပျိုးပြီး ဖြစ်ပေါ်လာတဲ့ တလုံးတဝတည်း ရှိမှုမဟုတ်ပါဘူး၊ သာသနာတော်တွင်းရှိလူများကို ကြည့်ပါက ကျောထောက်နောက်ခံ သမိုင်းကြောင်းမတူညီကြသူတွေ၊ နေရာဒေသ အသီးသီးတွေးခေါ်ယူဆ အမျိုးမျိုး အပေါ်ယံပြင်ပ သွင်ပြင် အဖုံဖုံ ဖြစ်ကြပေမဲ့အတွင်းသက်တိုင် ဆင်းကာ စုစည်းပေးတဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ကို ဖော်ပြနေခြင်း ဖြစ်တယ်။

တလုံးတဝတည်းဖြစ်မှုမှာ ယုံကြည်သူအားလုံးကို ထည့်သွင်းပေးထားတာကြောင့် ဒါကိုဆက်လက် ထိန်းသိမ်း ကြပါလို့ ဒီနေ့ ရှင်ပေါလုတိုက်တွန်းနိူးဆော်နေခြင်းဖြစ်တယ်။အသင်းတော်တည်ဆောက်မှုဆိုင်ရာအခြေခံ အကြောင်းရင်းထဲမှာ ဒီလိုစုစည်းမှုကတစ်ခုအဖြစ်ပါဝင်တယ်။အသင်းတော်ရဲ့ မွေးရာပါ ကြန်အင်လက္ခဏာ တစ်ခု ဖြစ်တယ်။ဝိညာဥ်တော်ဘုရား ပွဲနေ့မှာ တလုံးတဝဖြစ်ခြင်းဟာ စတင် တည်ရှိလာပြီကိုအတိအလင်း ကျမ်းစာတော်မှာဖော်ပြတာတွေ့ရတယ်။သာသနာတော်အတွင်းမတူကွဲပြား အမျိုးမျိုး ရှိငြားသော်လည်း ဒီ တလုံးတဝတည်းတည်ရှိမှုက ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။ ယုံကြည်ခြင်း အချုပ်ထဲတစ်ခုအပါအဝင်ဖြစ်တယ်။လူသားအဖွဲ့စည်းဖြစ်ငြား ဘုရား ကိုယ်တိုင်စွမ်းအားဖြင့် စုစည်းပေးထားတယ်ချစ်ခြင်းမေတ္တာ စွမ်းအားနဲ့ စုစည်းထားခြင်း ဖြစ်တယ်။လူတို့ အတ္တကနေ ရုန်းမထွက် ဖောက်မထွက်နိူင်ကြတယောက်နဲ့ တယောက် နားမလည်နိူင်၊မချစ်နိူင်ကြ အခြေနေမှာ ရှိနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်စီရဲ့အတ္တကို ခွာချ၊ တံတိုင်းတွေကို ဖြိုချပြီးမှ တလုံးတဝတည်း ဖြစ်အောင် စုစည်းလာတဲ့ ဘုရားတန်ခိုးတော်လည်းဖြစ်ပါတယ်။ 

လူသားအများကတောင့်တတဲ့၊ သမိုင်းတလျှောက် ရှာဖွေကြိုးစားတဲ့လူသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုတည်းဖြင့် မရနိူင်သော တလုံးတဝတည်း တည်ရှိမှု ဖြစ်ပါတယ်။လူတို့ မျှော်လင့်ကြတဲ့ စည်းလုံးညီညွတ်မှု ပုံစံဟာ အပေါ်ယံကြောသက်သက် မဟုတ်ပါဘူး၊ အတွင်းထဲထိတိုင် ဝင်ရောက် တယောက်နဲ့တယောက် ချစ်နိူင်တဲ့ ကျစ်လျစ်တဲ့စုစည်း ညီညွတ်မှုမျိုးသာဖြစ်တယ်။

ဒီ စုစည်းမှု တလုံးတဝတည်း ဖြစ်မှုကိုဘုရားက အသင်းတော်ကို ဒီနေ့ပေးထားတာ တွေ့ရတယ်။ဒါကိုတန်ဖိုးထားကြဖို့ယုံကြည်သူတို့ဖက်ကလည်း စွမ်းသမျှ အားကုန်သုံးထိန်းသိမ်းကြဖို့ ဒီကနေ့ ရှင်ပေါလုတိုက်တွန်းတယ်။ လွယ်လွယ်နဲ့ ရတဲ့အရာ မဟုတ်ပါဘူး၊ ခရစ်တော်ရဲ့ဒုက္ခ ခံ အသေ ခံ ရှင်ပြန်ထမြောက်ဝိညာဥ်တော်ကို စေလွှတ် စုစည်းလိုက်ခြင်းဖြင့် ယုံကြည်ခြင်းမှာခေါ်ခြင်း အားဖြင့် ခမည်းတော်ကပေးလာတဲ့ အရာ ဖြစ်လို့ လူ့စွမ်းအားတစ်ခုတည်းဖြင့်မရနိူင်ဘဲ ဘုရားကပေးလာတဲ့ အရာတွေထဲမှာ သာသနာတော်ရဲ့ တလုံးတဝတည်း တည်ရှိမှုက ထင်ရှားတဲ့ ကျေးဇူးတော်ဖြစ်ပါတယ်။ လူသားဖက်က ဘာလုပ်ရမလဲ ဆိုတော့ နှိမ့်ချစွာ လက်ခံပြီးတတ်နိူင်တဲ့ဘက်ကတုန့်ပြန်ပူးပေါင်းကြရမှာ ဖြစ်တယ်။

ဧဝံဂေလိ ကျမ်းမှာ ဘုရားပေးလာသည်ကို လက်ခံဖို့ ဖိတ်ခေါ်နေတာတွေ့ရတယ်၊ မင်းတို့ ရာသီဥတု ကိုခန့်မှန်းတတ်ကြတယ်၊ လက်ရှိအချိန်ကိုတော့ မခန့်မှန်းကြဘူး၊မသိချင်ယောင် ဆောင်နေကြတယ်၊ သူပေးလာတဲ့အရာကို မသိလို့ လက်မခံတာက ကိုယ့် အပြစ်မဟုတ်ပါဘူး၊မသိချင်ယောင်ပြီးငြင်းပယ်ခြင်းဟာ ကိုယ့်အပြစ်ပါ။ရလာမဲ့ အကျိုးရလဒ်အတွက်ကိုယ်သာလျှင် တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်တယ်၊ ဒါ့ကြောင့်ဘုရားဖက်က လုပ်ပေးခြင်းဟာပြီးဆုံးခန်းတိုင် ရောက်ခဲ့ပါပြီ။ဘုရားဖက်က လာရောက်ပေးဆောင်ခြင်းဆုံးခန်း တိုင်ပြီ၊ လူ့ဖက်က လက်ခံဖို့ပထမ ခြေလှမ်းအဖြစ် ဖိတ်ခေါ်နေခြင်းဘဲ ဖြစ်တယ်။ 

ခွန်အား အသက် ရစေ၊အသီး သီးစေ ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။

gospel reflection