Pathein Catholic Diocese Untitled Document
Untitled Document
တမန်တော်ကြီး နှစ်ပါး ပွဲနေ့။

အောက်တိုဘာ ၂၈ ရက်။

ရှင်ဆိုင်မွန် နှင့် ရှင်ဂျုဒ်

တမန်တော်ကြီး နှစ်ပါး ပွဲနေ့။

ဆိုင်မွန် ကာနန်နယ်သား၊တချို့နေရာဆဲလပ်စ် ဆိုင်းမွန်း၊အတူတွဲကာရှေ့နောက် တလှည့်စီဖော်ပြခံရကြ။ဆိုင်းမွန်း အမည်က စိတ်အားထက်သန်သူ၊ဖြစ်တယ်၊လူမျိုးကို ချစ်သူဂျူး ဖြစ်ရခြင်းကို တန်ဖိုးထားမြတ်နိူးသူပါ၊ဘုရားအတွက်၊လူမျိုးတွက်ဇွဲ စိတ်ထက်သန်စွာ ဦးဆောင်ခဲ့သူ၊ရှင်မဿဲက အခွန်ခံသူ၊နှစ်ယောက်အလုပ်အကိုင်သဘာဝ မတူကြပါ။မတူကွဲပြားသဘာဝရှိကြပေမဲ့၊သခင်ခေါ်တယ် သုံးတယ်။တပည့်တပန်းနောက်လိုက်ခေါ်တဲ့နေရာ၊ ဘာသာရေး လူမှုရေး အခြေခံ နယ်ပယ်ပေါင်းစုံ ကနေ ခေါ်တာ တွေ့ရတယ်။

လူမှု အဆင့်တန်း ရာထူးခေါင်းစဥ်နှင့်မဆိုင် ဘဲ သူ့ကိုစိတ်ဝင်စားသူမှန်သမျှခေါ်နေတယ်ဆိုတာ သိရမယ်အမျိုးမျိုးသော ကွဲပြားမှုတွေ ရှိငြားသော်လည်း အတွေးခေါ် အခြေခံနောက်ခံ အကြောင်းရာတွေ မတူ၊လူမှုဆင့်တန်းမတူကွဲပြားပေမဲ့ သူတို့ဟာ၊အခက်ခဲများကို အတူယှဥ်တွဲပြီးကျော်ဖြတ် ခဲ့တယ်၊ ကြီးမားလှတဲ့ဖော်မပြနိူင်အောင်ပင် ကြီးမားတဲ့အခက်ခဲများ၊ တမန်တော်ကြီး ဆယ့်နှစ်ပါးတို့ တူတူ ကျော်ဖြတ်ခဲ့ကြ။သူတို့ကိုတွဲဖက်စုစည်းသူက သခင်ခရစ်တော် ဖြစ်တယ်။ မတူကွဲပြားမှုတွေကို ပိုမို ချဲ့ကားဖို့၊ ပိုပြီးအားသန်တတ်ကြတဲ့ ကျွန်ပ်တို့ တဦးနှင့်တဦးပိုပြီး တိုက်ခိုက်လိုတဲ့ကျွန်ပ်တို့ သတိရသင့်တာက သခင် ခရစ်တော် ဟာဒီလိုပဋိပက္ခတွေကို အကောင်းဆုံးပြုပြင် ပြောင်းလဲပေးလျက်ရှိတယ်ဆိုတာကို၊ဘဲ ဖြစ်တယ်။

သာသနာတော်တွင်း၊ယုံကြည်သူအဖွဲ့စည်းတွင်းမှာလည်းဒီလိုပါဘဲ မတူညီချက်တွေအမျိုးမျိုးရှိငြားသော်လည်း၊သူကနေ ဒီမတူညီခြင်းတွေကိုပြုပြင်ပြောင်းလဲပေးလျက်ရှိတယ်ဆိုတာကို ယုံကြည်ကြရမှာဖြစ်တယ်ဒီ ဆယ်နှစ်ပါးအဖွဲ့ဟာ သာသနာတော်ရဲ့ ရှေ့ပြေး အဖြစ်အပျက်ဆိုတာ သိထားရမယ် သာသနာတော်ဆိုတာက အမျိုးမျိုးသော ကျေးဇူးတော်တွေ လူအမျိုးမျိုး အရည်သွေးအမျိုးမျိုး မတူညီမှု အမျိုးမျိုး ပါဝင်စုစည်းထားတဲ့ နေရာဖြစ်တယ်။

စိန့်ဂျု တာဒေဦး ကို ကြည့်လျှင်ကိုယ်တော်သည်၊လောကီသားတို့အား မပြဘဲ တပည့်တော်တို့အားမိမိကိုယ်ကို မည်ကဲ့သို့ ဘုန်းထင်ရှားပြတော်မူမည်နည်းဟု မေးလျှောက်လေသည်။သူ့မေးခွန်းကအချိန်ကိုက်သခင် ထမြောက်မတိုင်မီ အချိန်မှာမေးလိုက်ခြင်းဖြစ်တယ်။ဘာ့ကြောင့်သူ့ကိုယ်ကို တမန်တော်တွေကိုဘဲထင်ရှားပြသလဲလို့ မေးလိုက်ခြင်းပါတခြားလူတွေကိုတော့ ဘာလို့မပြလဲဒီနေရာမှာ သခင်ရဲ့ အဖြေက နက်နဲနက်ရှိုင်းတယ်၊အကြင်သူသည် ငါ့ကိုချစ်လျှင်၊ငါ့စကားကို လိုက်နာစောင့်ထိန်းမည်၊ငါ၏ ခမည်းတော်သည်လည်း သူ့ကိုချစ်လိမ့်မည်၊ငါတို့သည်သူ့ထံလာ၍ သူနှင့်အတူ ကိန်းဝပ်တော်မူမည်၊ ဒီစကား အဓိပ္ပါယ်ကရှင်ပြန်ထမြောက်ပြီးသခင်ဟာ နှလုံးသားဖြင့်လည်း ၊ မြင်တွေ့နိူင်တယ်။နှလုံးသား အားဖြင့်လည်း သူ့ကိုသဘောပေါက် နားလည်နိူင်တယ်၊ဆိုတဲ့အချက်ပါဘဲ၊ကာယမျက်စိဖြင့်မမြင်နိူင်၊ နားမလည်နိူင်၊ နှလုံးသားချစ်ခြင်းဖြင့် သူ့ကို မြင်တွေ့နိူင်တယ်အမြဲတန်း နားလည်သဘောပေါက်နိူင်မှာဖြစ်တယ်။ဘုရားသခင်ဟာ အရာဝတ္ထုတခုလိုပေါ်လာရုံမျှမဟုတ်၊ သူဟာကျွန်ပ်တို့ဘဝထဲ ဝင်လာလိုစိတ် ပြင်းပြ နေ၊အမြဲတန်းဝင်လျက်ရှိတာသိရမယ်။သူ့ကိုယ်ကို ဖွင့်လှစ်ပြခြင်းဟာ၊ကျွန်ပ်တို့ နှလုံးသားကို တောင်းခံနေခြင်းဖြစ်တယ်။သူ့ကို အမြဲဖွင့်ပေးတဲ့နှလုံးသား အဆင်သင့်ရှိနေတဲ့နှလုံးသားကို တောင်းခံနေခြင်း ညွှန်ပြနေခြင်း ဖြစ်တယ်။

စိန့်ဂျုဒ် သြဝါဒစာက သူဟာ တသီးပုဂ္ဂလ ယုံကြည်သူ အဖွဲ့စည်းတစ်ခုတည်းကိုဘဲ ရည်ညွှန်းခြင်းမဟုတ်၊ကျွန်ပ်တို့အပါဝင် အားလုံးသောယုံကြည်အဖွဲ့စည်းများကိုရည်ညွှန်းရေးသားတယ်၊အဓိက အချက်မှာဘုရားကျေးဇူးတော်ရနေပြီးသား၊ကိုယ်နေချင်သလို နေလို့ရတယ်ဆိုပြီး သူတို့ ကိုယ်ကျင့်တရား ကင်းမဲ့ခြင်းတွေကိုဆင်ခြေဆင်လက်တွေပေးပြီး အချင်းချင်းအသင်းတော်အတွင်း မှာ ကွဲပြားမှုတွေကို ဖြစ်ပေါ်စေတဲ့သူတွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်တယ်။ဒီပုဂ္ဂိုလ်တွေကြောင့်အသင်းတော်အတွင်း ကွဲပြားမှုတွေဖြစ်တယ်၊ အဲ့ဒီ အကွဲ တွေအကြားယုံကြည်သူတို့ ယုံကြည်ခြင်း ပိုမိုခိုင်မြဲအောင် တိုက်တွန်းခြင်းဟာဒီသြဝါဒစာရဲ့ အဓိက အချက်ဘဲဖြစ်ပါတယ်။ကွဲပြားမှု ဖြစ်စေသူများကို သူက ကိန်န လမ်းစဥ် လိုက်သူများလို့ အမည်ပေး ခေါင်းစဥ်တပ်၊ထားတယ်။ သူ့သြဝါဒစာရဲ့ အဓိကအချက် faith identity ယုံကြည်ခြင်းရဲ့ကိုယ်ပိုင် လက္ခဏာ၊မမှေးမှိန်၊မလျော့နည်း၊ မပျောက်ပျက်သွားရအောင်၊ဒီသြဝါဒစာအားဖြင့် ဒီတမန်တော်ကြီးက ကျွန်ပ်တို့တယောက်စီကိုတိုက်တွန်းသွန်သင်လျက်ရှိတယ်။အခန်းငယ် ၂၀ မှ ၂၃ ကြည့်လျှင်ချစ်သောမိတ်ဆွေတို့ သို့သော် သင်တို့သည် မိမိတို့၏ သန့်ရှင်း မြင့်မြတ်သော ယုံကြည်ခြင်း အပေါ်မှာ မိမိကိုယ်ကို တည်ဆောက်ကြလော့၊ဘဝရဲ့ အခြေခံဖြစ်တဲ့ ယုံကြည်ခြင်းကို သူညွှန်ပြနေတယ်။သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ဆုတောင်းကြလော့၊ ဆုတောင်းခြင်းအသက်တာရှင်သန်ဖို့ သူက ဆုံးမနေခြင်းပါ၊ဘုရားသခင် ၏ မေတ္တာတော်၌ သင်တို့ကိုသင်တို့ထိန်းသိမ်းကြလော့၊ဘဝ သက်တာ အခြေခံ ဘုရားသခင်မေတ္တာတော်၊ဆိုတာ ပြသနေတယ်။

ထာဝရ အသက်ရအံ့သောငှာ ငါတို့အရှင် သခင် ခရစ်တော်၏ သနားကရုဏာတော်ကို စောင့်မျှော်ကြလော့၊ ပါရမီ၌ လည်း အသက်ရှင်ဖို့သူတိုက်တွန်းတယ်။ ယုံမှားသံသယဖြစ်နေသူအချို့တို့ကို ၊ အဖွဲ့အစည်းအတွင်းရှိ အားနည်းသူတို့ကို၊အချင်းချင်းကို ကရုဏာ မေတ္တာ ထားကြ၊အချင်းချင်းကို ယိုင်းပင်းကြဖို့ သူကတိုက်တွန်းတယ်။

ပြန်ချုပ်ပြောရပါက တမန်တော်ကြီးက သူ့ရဲ့သြဝါဒစာအားဖြင့် ယုံကြည်ခြင်း အသက်တာ မှာ ခွန်အားရှိဖို့၊ရှင်းလင်းပြတ်သားတဲ့ ယုံကြည်ခြင်းရှိဖို့ ၊ ယုံကြည်ခြင်းဆန့်ကျင်တာဟူသမျှကို ခုခံနိူင်စွမ်း သတ္တိရှိဖို့ သူတိုက်တွန်း နေခြင်း ဖြစ်တယ်။ဒီတမန်တော်ကြီးနှစ်ပါးပွဲမှာ အထူးဆုတောင်းလိုတာကတော့ နွမ်းရိစိတ်ပျက်နေကြသူများကို ကယ်မတော်မူပါ၊မျှော်လင့်ချက်မရှိသောအရာများ၌ သူတို့ရဲ့ ဆုတောင်းကိုအားကိုးပါရစေ လို့ ကျွန်ပ်တို့ ဆုမွန်တောင်းကြပါစို့။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence ထောက်ရှုချက်။

gospel reflection