Pathein Catholic Diocese Untitled Document
Untitled Document
ဘဝ အသက်တာ ပိုင်ဆိုင်သောသူ။

အောက်တိုဘာ ၁၇ ရက်၊

၂၉ ကြိမ် တနင်္လါနေ့။

ဧဖက် ၂ ၊ ၁ မှ ၁၀

ရှင်လုကာ ၁၂ ၊ ၁၃ မှ ၂၁

ဘဝ အသက်တာ ပိုင်ဆိုင်သောသူ။

ကိုယ်တော်သည် ၊ ငါတို့ကိုဖန်ဆင်းတော်မူသည်ဖြစ်၍ငါတို့သည်ကိုယ်တော်ပိုင်ဆိုင်သောသူများဖြစ်ကြ၏ဆာလံ ၁၀၀ ရွတ်ဆို ဆုတောင်းရတဲ့နေ့ဖြစ်တယ်။ဘဝသက်တာဘယ်သူပိုင်တယ်ဖော်ပြနေတယ်၊ဘဝဟာမသေချာ မရေရာဘဲ အားနည်း ချိနှဲ့နေပုံပေါ်တယ်။တောင့်တင်း ခိုင်မာစိတ်ချရဖို့၊အထောက်ပံ့ပေး ရမဲ့အရာများစွာလို နေတာတွေ့ရတယ်၊စားဖို့ဝတ်ဖို့ နေထိုင်ဖို့ စသဖြင့်ပေါ့၊ဒါတွေက ဘဝသက်ထက် ပိုပြီး အားနည်း နေပြန်တယ်။ ကြည်ရှည်မတည်တံ့နိူင်တဲ့ သဘာဝ ရှိနေတယ်၊ဘဝတွက်ပူပန်ရတာကတကြောင်း၊ဘဝကိုအထောက်ပံ့ ပေးရမဲ့ဥစ္စာပစ္စည်းများစွာအတွက်၊ပူပန်ရတာကတစ်ကြောင်း၊ဒီ ပူပန် နှစ်မျိုးက ဘဝ လွတ်လပ်မှုပျောက်ဆုံး စေတဲ့ အကြောင်းတွေဖြစ်နေတာကို ကျွန်ပ်တို့ မကြာခဏတွေ့နေရတယ်။

ဒီပူပန်မှုတွေဖျောက်၊ဘဝလွတ်လပ်မှု ဘယ်လိုရှာကြမလဲ၊ဘဝသက်တာဘုရားပေးတာဖြစ်တယ်၊တည်ရှိမှု အားလုံးရဲ့ အရင်းမြစ် ဘုရားကပေးတဲ့ လက်ဆောင်ဖြစ်တယ်၊ဒါကိုကိုယ်ပိုင်လို့ ယူဆပြီး ကိုယ်တိုင်တည်တံ့ ခိုင်မြဲအောင် လုပ်လို့ရတယ်ယူဆ ထင်မှတ်ပြီး ဘုရားကို အားမကိုးကြဘဲဟိုဟာ ဒီဟာတွေအားကိုးပြီး တည်တံ့အောင် ခိုင်မြဲအောင် လုပ်ဖို့ ကြိုးစား နေကြတယ်၊ ဒီလိုကြိုးစားရင်း နဲ့ ပိုပြီး စိတ်ပူစရာတွေတွေ့ရပြီး ဘဝ အဓိပ္ပါယ် ပျောက်ဆုံးသွားနေကြပါတယ်။

ဘဝဟာ ဒီအတိုင်းဘဲ ရှိမယ်ဆို သေခြင်းနဲ့အဆုံးသတ်ရမှာ​​မှာဖြစ်ပေမဲ့၊ခရစ်တော်နှင့်အတူ အသက်တာ ဆီခေါ်ဆောင်သွားခြင်းခံရပြီး ထာဝရအသက်ရှင်ခွင့် ရရှိလာပါတယ်။အဲဒါသင့်ဆီကလာတာ မဟုတ်ဘူး လို့ပထမကျမ်းမှာ ဖတ်ရတယ်၊ ဘဝသက်တာ က ကျွန်ပ်တို့ဆီက လာတာမဟုတ်၊ဘုရားထံမှလာကြောင်းတွေ့ ရပါတယ်၊ ဒါကြောင့် လောကပစ္စည်းဥစ္စာဘဲ ဖြစ်ဖြစ်၊လူ့ဘဝသက်တာဘဲဖြစ်ဖြစ်၊သူတို့ချည်းသာရှိရင် ဘာမှ ဖြစ်လာမှာမဟုတ်၊ဘုရားပါလာမှသာသက်ရှင်နေထိုင်ခွင့် အဓိပ္ပါယ် ရရှိလာတာဖြစ်တယ်။လောကအရာတွေ အပေါ်ထားတဲ့ကျွန်ပ်တို့သဘောထားဟာဝိညာဥ်းရေးသက်တာကို အကျိုးသက်ရောက်စေတယ်၊ လောဘကြီး၊ စွဲလန်းကြီးလွန်းက၊ ဝိညာဥ်ရေးလွတ်လပ်ခြင်း ပျောက်ဆုံးတတ်ပါတယ်၊လူ့ဘဝအသက်တာလောက် တန်ဖိုးမရှိတဲ့ ပိုင်ဆိုင်ရာများတွက်ပူပန်မှု ကြီးရခြင်းဟာ မတန်ပါဘူး၊ဘဝသက်တာက သူတို့ထက် တန်ဖိုး ကြီးပါတယ်၊ ဘဝသက်က ဒီမှာဘဲပြီးမှာမဟုတ်ပါ၊ ထာဝရပန်းတိုင် ရှိပါတယ်၊ကျမ်းစာထဲမှာ တွေ့ရတဲ့ ပုဂ္ဂိုလ်ဟာ သူနဲ့ ဘုရား ဆက်သွယ်ပြုခြင်းဟာ၊ သူ့ရဲ့ ပစ္စည်း ဥစ္စာ လုံခြုံအောင် လုပ်ဖို့လောက်ဘဲ ဆက်သွယ်တာတွေ့ရတယ်၊ ဘုရားကို သူ့ဥစ္စာစီမံခန့်ခွဲသူအဖြစ်လောက်ဘဲ၊မှတ်ယူဆက်သွယ်ပါတယ်၊ မတည်မြဲတဲ့အရာတွေ အတွက်လောက်သာဘဲဘုရားကိုအားကိုးတာ တွေ့ရတယ်။

အမှန်တကယ် ပိုပြီး အားကိုးရမှာကထာဝရအသက်တာ တွက် ဖြစ်တယ်။သူ့ရဲ့လွဲမှားနေခြင်းကို ပုံဥပမာဖြင့် သခင်က သင်ပြတည့်မတ်ပေးတယ်၊ဘဝသက်တာက သူ့ဆီကဘဲလာတာကို ယုံကြည်ဖို့၊ ဒီအသက်တာဟာ၊ တည်တံ့ဖို့က ဘဝရဲ့ပထမဦးစားပေးရည်ရွယ်ချက် ဖြစ်ရမှာ ဖြစ်ပြီး ၊အဲဒီအတွက် ဘုရားနဲ့ အဆက်သွယ်ပြုဖို့ လိုအပ်တာကို အမြဲ ယုံကြည် ရမှာဖြစ်တယ်။လောကပစ္စည်း ဥစ္စာများမရှာဖွေ မစုဆောင်း မသိုမှီး ရမယ် မဆိုလိုပါ၊ ရှာဖွေ သိုမှီး စုဆောင်းရပါမယ်၊ ရလာတာတွေကိုလည်းမျှဝေ ဖို့ တာဝန် ရှိတယ်၊ ဘုရားတွက် အသက်ရှင်တယ်ဆိုတာ ဒီလိုမျိုးနေထိုင်ဖို့၊ဘုရားတွက်အရေးပါတယ်ဆိုတာ ဒီလိုမျိုး အသက်ရှင်နေထိုင်ဖို့ ဘုရားအတွက် အရေးပါတဲ့ ပစ္စည်းဆိုတာ ဒါတွေဘဲ ဖြစ်ပါတယ်။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။

Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကိုဝေမျှသည်

gospel reflection