Pathein Catholic Diocese Untitled Document
Untitled Document
လိုအပ်နေသူများကိုသာ ဖိတ်ကြားဧည့်ခံခြင်း

၃၁ ကြိမ်မြောက် တနင်္လါနေ့။

အောက်တိုဘာ ၃၁ ရက်။

လုကာ ၁၄ ၊ ၁၂ မှ ၁၄

လိုအပ်နေသူများကိုသာ ဖိတ်ကြားဧည့်ခံခြင်း

ညစာပွဲ စားသောက်ပွဲ၊ကျွေးမွေးတည်ခင်းသောခါ၊ မိတ်ဆွေ ညီကိုချမ်းသာအိမ်နီးချင်းများ မဖိတ်နဲ့ဖိတ်ကြားပါက သူတို့လည်း သင့်ကိုပြန် လည်ဖိတ်ကြား ကျေးဇူးတုန့်ပြန်ကြလိမ္မည်။ဆင်းရဲသောသူ အင်္ဂါချို့တဲ့ ခြေမသန် မျက်စိမမြင်သူတို့ကို ဖိတ်ကြားလော့၊သင်သည်မင်္ဂလာရှိမည်၊အကြောင်းမှာသူတို့ကသင့်ကိုကျေးဇူး မတုန့်ပြန်နိူင်သောကြောင့်ဖြစ်၏ရှင်ပြန်သောကာလသင်သည်ကျေးဇူးတုန့်ပြန်ခြင်း ခံရလိမ့်မည်။ခရစ်ယန် ယုံကြည်ခြင်းအရ လောကအလယ် ကျင့်ဝတ် ပြုမူလုပ်ဆောင်ရာမှာ၊သာခြင်းနာခြင်း၊အရှုံး အမြတ်ပေးရန်ရှိ ရရန်ရှိ၊ အရာများကို လောကအတိုင်း မတွက်ရပါ။ ဘုရားတွက်နည်းဖြင့်သာ တွက်ပါ၊အားလုံးအဆုံးမှာ ဘုရားကဘဲ စာရင်းရှင်းပေးမှာဖြစ်တယ်။ဘုရားအပေါ်အခြေခံပြီးစတင်ရမယ်ဖြစ်တယ်။ဘုရားဘယ်လိုပြုမူခဲ့လဲဆိုတာ စံဘဲ ဖြစ်တယ်။

ဘုရားက သူကို ပြန်ကျေးဇူး ပြုမဲ့သူကိုဘဲ ကျေးဇူး ပြုခြင်းမဟုတ်၊ကျေးဇူး မပြုနိူင်သူ၊ တွေကို ပိုပြီးဦးစားပေးကျေးဇူးပြုခဲ့တာကိုသိရမယ်ဖြစ်တယ်။စားသောက်ပွဲ ပြန်တည်ခင်းပေးနိူင်သူကိုဦးစွာဖိတ်ကြားမယ်ဆိုတဲ့ သဘော သူ့မှာမရှိ၊ဒီ စံပေါ်မူတည်ပြီး ကျင့်ကြံနေထိုင်အသက်ရှင်ကြရပါတယ်။စစချင်းလုပ်ဆောင်တာကို ဘုရားအပေါ်အခြေခံ ၊ လုပ်ဆောင်သလို အဆုံးသတ် အဖြေကိုလည်း လောကအရာလောကလူတွေ ပေးလာတဲ့ အရာတွေကို မမျှော်ခိုင်းပါဘူး နောက်ဆုံးအချိန်မှာ ပေးလာမဲ့ ဘုရားရဲ့ အဆုံးအဖြတ်စာရင်းရှင်းခြင်းကိုဘဲ ကျွန်ပ်တို့ကိုယ်ကို မျှော်ခိုင်းတယ်။

ဒီကနေ့ ကျွန်ပ်တို့ တွက်ရမဲ့ ကျင့်ကြံရမဲ့ လုပ် ဆောင်သမျှ အရာ အားလုံးဘုရားအပေါ်မှာဘဲ အခြေခံထားလုပ်ဆောင်ရမှာ ဖြစ်သလို ကျင့်ကြံလုပ်ဆောင်သမျှ အရာ အားလုံးရဲ့ရလဒ်ကိုလည်းဘဲ၊ ဒီလောကမှာဘဲရသည်ဖြစ်စေ၊ မရသည် ဖြစ်စေအဖြေ ပေါ်စေ မပေါ်စေ၊ နောက်ဆုံးမှာတော့ ဘုရားက အဖြေပေးမှာဘဲယုံကြည်ချက်နဲ့ လှုပ်ရှားဆောင်ရွက်ကြရမှာဖြစ်တယ်။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence ထောက်ရှုချက်။

gospel reflection