Pathein Catholic Diocese Untitled Document
Untitled Document
ဆုတောင်းခြင်း၊ဘဝရဲ့ အခြေခံ လိုအပ်ချက်
၂၉ ကြိမ်၊ တနင်္ဂနွေနေ့
အောက်တိုဘာ ၁၆ ရက်။
ထွက်မြောက် ၁၇ ၊ ၈ မှ ၁၃၊
သူ့လူများတွက် မိုးဇယ် ဆုတောင်း၊
ဒုတိမောသေ ၃ ၊ ၁၄ ၄ မှ ၂
လုကာ ၁၈ ၊ ၁ မှ ၈
ဆုတောင်းခြင်း၊ဘဝရဲ့ အခြေခံ လိုအပ်ချက်
ဘဝမှာ၊ ဆုတောင်းခြင်း အမြဲလုပ်ရမှာဖြစ်တယ်၊မိုးဇယ်နဲ့အစ္စရေးတို့ရဲ့အတွေ့အကြုံ အဖြစ်ပျက်၊ဒီအချက်ကိုဖော်ပြတယ်၊မိုးဇယ်လက်အပေါ်မြှောက်ထားဆုတောင်းချိန် အစ္စရေးတို့ စစ်နိူင်ကြ၊လက်ညောင်းအောက်ချချိန် ပြန်ရှုံးကြသည်၊ မိုးဇယ်လက်မှာစွမ်းအားတန်ခိုးရှိတယ်လို့ဆိုလိုတာမဟုတ်ဘဲ၊ဆုတောင်းခြင်းကစဥ်ဆက်မပြတ်လိုအပ်တယ်လို့ရှင်းလင်းခိုင်ခိုင်မာ ပြောပြခြင်းသာဖြစ်တယ်၊ လူ့ဘဝဟာ လောက နတ်ဆိုးအသွေးအသား ရန်သူတို့နဲ့ တိုက်ခိုက်နေရတဲ့ ဘဝ ဖြစ်တယ်၊ ဒါ့ကြောင့်ဘဝရဲ့ အစိတ်အပိုင်းဘယ်နေရာမှာမဆို ဆုတောင်းခြင်းအမှု ပြုနေဖို့လိုပါတယ်၊ လိုအပ်ချက်ရှိမှ၊ အရေးကြီးမှ၊ စိတ်ပါမှ ဆုတောင်းခြင်း ပြုရမယ် မဆိုလိုပါ၊သာမန်အချိန်မှအခက်ခဲ မရှိဘူးလို့ ထင်ရတဲ့အချိန်မှာကိုယ်လုပ်ကိုင်သမျှ အဆင်ပြေနေချိန်မှာ၊ တောင်းစရာမလိုဘူးလို့ထင်ရတဲ့ အချိန်မှာ ပင် ဆုတောင်းနေကြရမှာပါ။
ဒီလို အချိန်မျိုးမှာဆုတောင်းဖို့မလိုဘူးလို့ နှောင့်ယှက်ခြင်းဝင်တတ်ပါတယ်၊ လိုအပ်ချိန်မှတောင်းခြင်းကပြည့်ဝ စုံလင်တဲ့ ဆုတောင်းခြင်းမဟုတ်ပါ၊ ဆုတောင်းခြင်းဆိုတာဘုရားနဲ့ဆက်သွယ်ပြုခြင်း၊ဘုရားနဲ့ဆက်သွယ်ပြုအသက်တာ တစ်ခုပါဒါ့ကြောင့် ဆုတောင်းခြင်းနှင့် ဘဝဆက်နွှယ်နေရမယ်၊တစ်ခုတည်းထပ်တူကျနေရမယ်၊ဖြစ်တယ်။
ဘဝသက် တာအမြဲတစေရှင်သန်လိုတာကြောင့်ဆုတောင်းခြင်းကိုလည်း အမြဲတစေ၊ပြုမူလုပ်ကိုင်နေရမှာဖြစ်တယ်။နှစ်ဆယ့်လေးနာရီ ဆုတောင်းမေတ္တာစာတွေ ရွတ်ဆိုနေဖို့မပြောပါလူတိုင်းအဲလို မလုပ်နိူင်ပါ၊ ဘဝဟဘုရားပေါ် မှီခို အသက်ရှင်နေတယ်ဆိုရင် ဒီဘဝ တစ်ခုလုံး ဆုတောင်းခြင်း တစ်ပုဒ်ပါဘဲ၊။
ဒုတိယကျမ်းမှာ၊ ကောင်းတဲ့အလုပ်တွေ လုပ်ကိုင် ဆောင်ရွက်နိူင်ခြင်းကဘုရားနဲ့ ဆက်သွယ်ရှိနေခြင်းကြောင့်လို့ တိမောသေ သြဝါဒစာကပြောပါတယ်၊တနည်းဆိုရင်ဆုတောင်းခြင်းရဲ့ အသီးအပွင့် ကောင်းတဲ့အလုပ်တွေ လုဖြစသွားတယ်၊ကောင်းတဲ့အလုပ် လုပ်ဖြစ်တာ ဆုတောင်းခြင်းအသီးပွင့်ပါ၊ဘုရားနဲ့ ပိုင်နေပြီ၊ဘုရားနဲ့စပ်ဆိုင်တဲ့ ပုဂ္ဂိုလ်ဟာ၊ဘယ်တော့မှမကောင်းတဲ့ အလုပ်မလုပ်ဘဲ ၊ကောင်းတဲ့အလုပ်ကိုသာ လုပ်ဖြစ်နေမှာဖြစ်တယ်သူ့အသက်တမှာလည်းကောင်းတဲ့အသီးပွင့်ဘဲ သီးပွင့်နေမှာဖြစ်တယ်၊အစဥ်မပြတ် ဆုတောင်းခြင်းဟာ လူ့ဘဝ လိုအပ်ချက်တစ်ခုအဖြစ် မှတ်ယူရမယ်။
ဧဝံဂေလိကျမ်းမှာ အစဥ်ဆုတောင်းဖို့လိုတာကို သခင်ကိုယ်တိုင်သင်ပြပေးတယ်၊ တစ် လူ့ဘဝ လိုအပ်ချက်ကြေင့်၊ နှစ် သခင်ကိုယ်တိုင် အစဥ်ဆုတောင်းလို့ဖြစ်တယ်၊ခမည်းတော်နှင့်အမြဲဆက်သွယ်၊သခင်ကိုယ်တိုင်ဘဝကဆုတောင်းခြင်းအဖြစ် အမြဲပုံဖော်လို့ဘဲဖြစ်တယ်။ အမြဲအလုပ်လုပ်နေဖို့၊ အမြဲ ဝါရှောင်နေပါ မပြောအမြဆုတောင်းပါတော့ မြတ်သောအယူဝါဒ မှာ သွန်သင်ထားတယ်။
အမြဲ ဆုတောင်းဖို့ ဆိုတာက အလုပ်ကောင်းလုပ်ခြင်း၊ ဝါရှောင်ခြင်းစတဲ့ဘယ်လို ဘဝအစိတ်အပိုင်းဖြစ်စေဘုရားသခင်နှစ်သက်ပုံစံ အသက်ရှင်မယ်ဆိုရင်၊ ဒီပုဂ္ဂိုလ်ရဲ့ ဘဝဟာဆုတောင်း တစ်ပုဒ် အလိုလို ဖြစ်ပြီးသားဖြစ်တယ်။ စိတ်အားထက်သန်၊ဇွဲ ရှိတဲ့ ဆုတောင်းခြင်းကျွန်ပ်တို့ပျင်းရိငြီးငွေ့ခြင်းတွေ ကိုဆန့်ကျင်ပြီးဆုတောင်းခြင်ဆုတောင်းမေတ္တာသက်တာက တိုက်ပွဲ တစ်ခု ဖြစ်နေခြင်းတို့ကြောင့် ကျွန်ပ်တို့ နှိမ့်ချရပါတယ်၊ယုံကြည်ခြင်း ရှိရပတယ်။ဇွဲ ကောင်းတဲ့ ချစ်ခြင်း ရှိရပါတယ်၊ချစ်ခြင်းမေတ္တာက အခရာ ကျတယ်ချစ်ခြင်းမေတ္တာပါနေပြီဆိုရင် ၊လတစ်ယောက်ရဲ့ နှလုံးသားကို ဖွင့်ပေးပြီးတော့ သူ့ကိုအလင်းကျေးဇူးပေးပြီးတော့၊ သူကနေပြီးတော့တခါအမြဲတန်ဘုရားနဲ့ဆက်သွယ်လိုတဲ့ဘဝ ဆက်ပြီးရှင်သန်နေမှာဖြစ်တယ်အသက်ပေးတဲ့အချက်ယုံကြည်ခြင်းရဲ့ ဆုတောင်ခြင်းကိုဆက်လက်ပြုနေမှာ ဖြစ်တယ်။ ဘုရားကို ပို၍ချစ်လာနိူင်အောင် ဆုတောင်းကြပါ။
နောက်ဆုံးပိုဒ်မှာ သခင်ပြောထားတဲ့လူသားကြွလာတာက ယုံကြည်ခြင်းတွေ့နိူင်ပါဦးမလား တမန်တော်များပင် ယုံကြည်ခြင်းကို တောင်းခဲ့ကြရတယ်၊အခန်းကြီး ၁၇ နှင့်ဆက်စပ်ပြောခြင်းပါ၊ တကယ်တွေ့ဖို့ ခက်ခဲပေမဲ့ သူကိုယ်တိုင်ပေးခဲ့တယ်၊သူကိုယ်တိုင်ပင် ရှင်သန်စေခဲ့ခြင်းဖြင့်ယုံကြည်ခြင်းရှိကာ ခိုင်မြဲသူတွေအများကြီး ဆိုတာကိုသိထားပြီးမှမျှော်လင့်နေရပါမယ်၊ ယုံကြည်နေရပါမယ်၊ ချစ်မြတ်နိူးနေရပါမယ်၊ဆုတောင်းနေရပါမယ်။
ခွန်အား အသက် ရစေ၊အသီး သီးစေ ။
Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကို ပြန်လည်ဝေမျှပေးပါသည်။
gospel reflection