Pathein Catholic Diocese Untitled Document
Untitled Document
ပြောင်းလဲခြင်း၊ conversion.

၃၁ ကြိမ် သာမန် တနင်္ဂနွေနေ့၊

အောက်တိုဘာ ၃၀ ရက်။

လုကာ ၁၉၊ ၁ မှ ၁၀

ဇာခေဦး အကြောင်း၊

ပြောင်းလဲခြင်း၊ conversion.

သဘောထား၊အတွေးခေါ်၊အပြုမူပြောင်းလဲရုံ၊ဆိုသည်ထက်၊ ဘုရားသခင်ဖက်သို့ ပြန်လှည့်ခြင်း၊ဘုရားသခင်ကို လက်ခံလိုက်ခြင်းပါလို့၊အဓိပ္ပါယ် ဖွင့်ဆိုသည်။ပုဂ္ဂိုလ်တစ်ခုလုံး ဘုရားလူ၊တရားသူ ဖြစ်လာခြင်းဒီလူဟာမိမိကိုယ်တိုင် ပြည့်စုံတယ်လုံလောက်တယ်၊ဘာမှမလို အခြေနေမှ ဘုရားဖက်ကို ပြန်လှည့်၊ငါ့ရဲ့လုံလောက်ခြင်းတွေ အဆင်မပြေပါလား၊လုံလောက်မှုမရှိပါလားသိပြီးဘုရားထံပါးကိုယ့်ကိုယ်ကို အပ်နှံလိုက်ခြင်းက ပြောင်းလဲမှု အစပါ၊ခရစ်တော်ရဲ့ ကတိတော်ကို လုံးဝယုံကြည် လိုက်ခြင်း ဖြစ်တယ်။

ဇာခေဦးဟာ အခွန်ခံသူများရဲ့အရာရှိပါ၊ဥစ္စာကြွယ်ဝတဲ့ လူကုံတန်၊သူ့ကိုယ်သူ လုံလောက်တယ်လို့မသတ်မှတ်ဘူး၊မလုံလောက်နေဘူးဒါ့ကြောင့် ကယ်တင်ခြင်းကိုမျှော်နေရှာတယ်၊ ခရစ်တော်ကိုလက်ခံတယ်၊ဆက်စပ်ဆင်ခြင်ရမှာက မိဿဟာရဖွဲ့ခြင်း၊နှင့်ပြောင်းလဲခြင်း။မိဿဟာရ ဖွဲ့ခြင်းနှင့်ပြောင်းလဲခြင်းဘယ်ဟာ အရင်ဖြစ်လဲ၊သာမန်အသိမှတ်ယူတာက ဘုရားနှင့်မိဿဟာရဖွဲ့ဖို့ လူသားတို့ အရင်ဆုံးပြောင်းလဲကြ၊conversion မှာ ပူးပေါင်းရတယ်မိမိဖက်က စင်ကြယ် သန့်ရှင်းနေမှဘုရားနှင့်ပေါင်းစပ်နိူင်မယ်မှတ်ယူထားတယ်။ အဲဒါ မဟုတ်ပါ၊ဘုရားက အရင်လာပြီး သူ့ကိုယ်ကိုပေးပြီးပူးပေါင်းခြင်း မိဿဟာရဖွဲ့၊ အစပြုခြင်း ဘုရားဖက်က အစပြုတယ်။

ဘုရားဖက်ကစ အိမ်ထဲထိ အရောက်လပူးပေါင်းတယ်၊ ဒီအဆင့်ပြီးမှနောက်တဆင့် ပြောင်းလဲခြင်းဖြစ်လာတယ်။

ဇာခေဦး ပြောင်းလဲပြီ၊အရင်ကလှည့်ဖြားခဲ့သူများကိုလေးဆ ပြန်ပေးမယ်ရှိသမျှ အကုန်တဝက်ကို မရှိသူများကိုဝေမျှပေးမယ် ဆိုတာ အပေါ်ယံသက်သက်ပြောင်းလဲလာတာမဟုတ်အတွင်းသက် ပုဂ္ဂိုလ်တခုလုံးပြောင်းလဲတာကို အပေါ်ယံကနေ ဖော်ပြနေတာဖြစ်တယ်။

ဇာခေဦးအဖြစ်က ဒါကိုဖော်ပြတယ်၊ဘုရားရောက်လာပြီး လူနှင့်ပေါင်း၊ရလဒ်အဖြစ် လူကစင်ကြယ်တယ်၊ဘဝသစ် conversion ကိုရရှိတယ်ဘုရားလာပြီးပေါင်းစပ်ခြင်းဖြင့်ပြောင်းလဲခြင်းဖြစ်လာတာတွေ့ရပါတယ်။ဇာခေဦး ဖက်ကဟိုဟာဒီဟာပြန်လုပ်ပေးမယ် ဘာညာကအပေါ်ယံပါ၊ ဇာခေဦး ပုဂ္ဂိုလ် တခုလုံးပြောင်းလဲပြီ ကယ်တင်ခြင်းရပြီ၊communion မိဿဟာရ ဖွဲ့ခြင်းကအရင်ဖြစ်ပြီး conversion ကနောက်မှ တဖြည်းဖြည်း ဖြစ်လာတာဘဲ​ဖြစ်တယ်။

ကျွန်ပ်တို့ သင်ခန်းစာအနေနဲ့ မှတ်ယူရမှာက၊ဘုရားသခင်လာတယ်၊မိဿဟာရ ပြုတယ်၊အမြဲ ကြိုဆိုလက်ခံဖို့ အရေးကြီးတယ်၊conversion ကလိုက်လာပါတယ်။သူ့ကိုတကယ်လက်ခံပြီဆို၊ ပြောင်းလဲခြင်းကလည်း အလိုလို ကိုယ့်ဘဝထဲဖြစ်ပွားလာတယ်၊ကိုယ့်တစ်ယောက်တည်း ကြိုးစားရုန်ကန် လှုပ်ရှားလို့ပြောင်းလဲခြင်းရတာ မဟုတ်၊ဘုရားလာပြီး မိဿဟာရ ဖွဲ့မှုကို လက်ခံပြီးမှသာ စတင်လာမှာဘဲ ဖြစ်တယ်၊ဘယ်သူမှ အရင်စတင်ပြောင်းလဲပြီးမှတွေ့မယ် ဆိုတဲ့ တွေ့ဆုံခြင်းမျိုးမဟုတ်ရပါ၊ ပထမကျမ်းမှာပြောတာဒါဘဲ ဖြစ်ပါတယ်။

ဒုတိယကျမ်းမှာ ရှင်ပေါလုက မင်းတို့ခေါ်တော်မူခြင်းနှင့် ထိုက်တန်ဖို့တွက်ငါ အမြဲ ဆုတောင်းပေးမယ်။ထိုက်တန်ခြင်းကျေးဇူးတော် အရင်လာတယ်၊ပြီးမှ တဖြည်းဖြည်းပြောင်းလဲခြင်းကျေးဇူးတော် လာတယ်၊ဆိုတာမှတ်သားရမယ်။ဘုရားကို ကြိုဆို လက်ခံဖို့ အမြဲအသင့်ရှိရပါမယ်၊ဘုရား ကျွန်ပ်တို့ဆီသို့ ဘယ်လိုလာနေလဲ သိပါ။စက္ကရမင်တူးများဖြင့်၊ကိုယ်နှင့်နီးစပ်သူအားဖြင့်၊ဘဝအဖြစ်ပျက်များဖြင့်ပျော်စရာ၊ဝမ်းနည်းစရာ၊မည်သို့ဖြစ်ပါစေ၊ဘယ်ချိန်မဆို သခင် လာနေတယ်၊ ကျွန်ပ်တို့ဆီသို့ ခရီးပြုနေပါတယ်၊ကျွန်ပ်တို့ အိမ်ထဲ၊ဘဝထဲ၊ဝင်ရောက်လာတယ်ဆိုတာကိုအမြဲသိနေရမှာဖြစ်ပါတယ်။ဇာခေဦးကဲ့သို့ ကြိုဆို လက်ခံကြဖို့ အရေးကြီးလှတယ်။

အမြဲရှာဖွေနေရမယ်၊ရှိသမျှအင်အားချသုံးဖို့ အရေးကြီးတယ်။နောက်ဆုံးကျမ်းပိုဒ်၊ကယ်တင်ခြင်းမင်းအိမ်ကို ဒီနေ့ လာခဲ့ပြီ။ပရောဖက် တန်စတင် ရေးတာကလာခဲ့ပြီ ရောက်လာပြီ။ ဒီ ဝါကျဆောက်တည်ပုံ ကြည့်ရင် ကယ်တင်ခြင်းကို ကံပုဒ်နေရာ တွေ့ရတယ်လူကလုပ်တာမဟုတ်ဘုရားကအရင်စလုပ်ပေးခြင်း ဘုရားက ရောက်လာခြင်း၊ Salvation comes to your home. လူဖက်က လုပ်ရမည်မှာဇာခေဦး ကဲ့သို့ နှလုံးသားကို ဖွင့်ဟထားဖို့ ဘုရားကို လက်ခံဖို့ လာနေတဲ့ဘုရားကို ကြိုဆိုဖို့၊ ယုံကြည်နေဖို့၊ရှိသမျှ အကုန် ပေးအပ်လိုက်ဖို့၊ဘဲဖြစ်ပါတော့တယ်။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။

gospel reflection