Pathein Catholic Diocese Untitled Document
Untitled Document
လူ့ကျင့်ဝတ်ထက် သာလွန်နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ။
အောက်တိုဘာ ၂၅၊
၃၀ ကြိမ်မြောက် အင်္ဂါနေ့။
ဧဖက် ၅ ၊ ၂၁ မှ ၃၃။
လုကာ ၁၃ ၊ ၁၈ မှ ၂၁။
လူ့ကျင့်ဝတ်ထက် သာလွန်နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ။
ကျင့်ဝတ်၊ စည်းကမ်း ဟူသည် ပြင်ပအပေါ်ယံ မြင်နိူင်အောင် ဖြည့်ဆည်းရုံဘဲလုပ်မယ်ဆိုလည်း ရပါတယ်၊အတွင်းသက်မပါလည်း ဝတ်ကျေတန်းကျေ ဖြည့်လို့ရတယ်။ချစ်ပါ ဆိုတဲ့ စေခိုင်းချက် ကတော့အပေါ်ယံ ဟန်ပြသက်သက် လုပ်မရတော့ပါ၊ ဝတ်ကျေတန်းကျေဘဲ လုပ်မရနိူင်ပါ၊ချစ်ပါ ဆိုတာအတွင်းသက်ပါမှ လုပ်နိူင်မှာ၊ နှလုံးသားပါမှဘဲချစ်နိူင်မှာ ဖြစ်တယ်၊ ပုဂ္ဂိုလ်တစ်ခုလုံး ပါဝင်ပတ်သက်ရတဲ့ လုပ်ဆောင်မှု၊ဖြစ်တယ်။ဒီနေ့ ကျမ်းပိုဒ်က သာမန် ကျင့်ဝတ် စည်းကမ်းထက်ကျော်လွန် နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တအကြောင်းပြောနေခြင်းဖြစ်တယ်။နာခံပါ စေခိုင်းချက် ကြားရတယ်၊ဒီနေ့ လူတော်တော်များ ကြိုက်မှာမဟုတ်ဘူး၊ ကြားရလို့တော့ စိတ်ထဲသက်တောင့်သက်သာ ဖြစ်မှာမဟုတ်အချင်းချင်း နာခံပါ ဆိုတဲ့စေခိုင်းမှုကြားရတယ်၊ဇနီးမယားက ခင်ပွန်းကို နာခံပါတဲ့၊ ဒီလိုပြောတာ ဇနီးအမျိုးသမီးကတဆင့်နိမ့်တယ်ပြောတာမဟုတ်ပါ၊ခင်ပွန်း အမျိုးသားကိုတဆင့်မြင့်နေရာပေးသည်မဟုတ်၊သေချာနက်ရှိုင်းလေ့လာပါက အမျိုးသားကို ပိုမိုကြီးလေးတဲ့ တာဝန်ကြီးပေးအပ်လိုက်ခြင်းဖြစ်တယ်။
ဇနီး မယား ကို ချစ်ပါ၊ တဲ့ ချစ်ပါဆိုတာ အတ္တ လူသားဆန်တဲ့ချစ်တာမျိုးမဟုတ်ဘဲ ဘယ်လို ချစ်ရမလဲတွက်စံ တန်ဖိုးတစ်ခု ချမှတ်ပေးတယ်။ခရစ်တော်က ဇနီးဖြစ်တဲ့ သာသနာတော်ကို ချစ်သကဲ့သို့ ချစ်ရမယ်လို့ပညတ်ပါတယ်၊ခရစ်တော်ကသာသနာတော်ကို အသက်ပေးချစ်တယ်၊သူ့မှာရှိသမျှ အားလုံးကို ပုံအောပြီးပေးတယ်၊ သူ့အချစ်နဲ့ဘဲ သာသနာတော်ကို စင်ကြယ်စေတယ်၊ ရှင်သြဂတ်စတင်း ပြောဖူးတယ်၊ ပြည့်တန်ဆာသည် အဖြစ်မှအပျိုကညာစင်အဖြစ်သို့ သူ့ရဲ့ချစ်ခြင်းမေတ္တာဖြင့်ရောက်စေတယ်။သာသနာတော်မှာ အပြစ်အနာ ရှိငြားသော်လည်း ခရစ်တော်က သာသနာတော်ကို ချစ်လွန်းအားကြီးလို့ အပြစ်မမြင်၊ အကုန်စင်ကြယ်၊ သာသနာတော်ရှိ အရာအားလုံး သူ့အချစ်နဲ့အကောင်းအတိုင်း ဖြစ်စေတယ်။ခရစ်တော်နဲ့သာသနာတော် ဖြတ်မရ အနှောင်အဖွဲ့ ဖန်တီးတည်ထောင်ခဲ့ပါတယ်။ အဲလိုမျိုး ချစ်ခြင်းနဲ့ ချစ်ပါလို့ ခင်ပွန်းသည်ကိုညွှန်ကြားတယ်။ခင်ပွန်းသည်တို့ သည်းခံ၊ နားလည်၊ခွင့်လွှတ် ပေးရမှာပါ။ တည်ဆောက်ပေးရမယ်၊ ဇနီးအပေါ်အစေခံပေးရမဲ့တာဝန် ခင်ပွန်းသည်တို့တွက်ပါ။
ဘယ်သူက မြင့်တယ် နိမ့်တယ် လို့အပေါ်ယံကြည့်ပြီး ဒီကျမ်းပိုဒ်ကိုဆုံးဖြတ်မရပါ၊ပိုနက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာဆီသို့ ဆွဲခေါ်သွားရင်း ဆိုတဲ့ပုံစံ နားလည်ရမယ်။ အတ္တကင်းစွာဇနီးသည်ရဲ့ ဘဝကို တည်ဆောက်ပေးရမယ်ညွှန်ကြားချက်ဖြစ်တယ်၊တယောက်နဲ့တယောက် နာခံပါ ဆိုတာကလည်း ခရစ်တော် ဘယ်လိုလုပ်ခဲ့သလဲ ပေါ် ကြည်ညိုလေးစားစိတ်နဲ့ နာခံပါ ဆိုတာ ပါထားတယ်၊ချစ်ခြင်းအခြေခံပြီး ဒီကျင့်ဝတ်များလုပ်ဆောင်ရမှာဖြစ်တယ်။အပေါ်ယံ ကျင့်ဝတ်ပညတ်တော်များသွန်သင်သည်မက၊ အတွင်းသက်၊ချစ်ခြင်းမေတ္တာ အခြေခံဖို့လည်းသွန်သင်တယ်၊ ချစ်ခြင်းမေတ္တာသာလျှင် တည်ဆောက်ပေးနိူင်တယ်။မြဲမြံ တည်တံ့ ခိုင်မာစေနိူင်တယ်။
ဧဝံဂေလိကျမ်းနဲ့ ဆက်စပ်ရရင်၊နိူင်ငံတော် ဟာခရစ်တော်ရဲ့ချစ်ခြင်းပေါ် အခြေခံကာတည်ဆောက်တယ်သူ့ကိုယ်သူအမြဲ ပေးအပ်နေတဲ့ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာပေါ်မှာ တည်ဆောက်နေတဲ့အရာဖြစ်လို့ အမြဲတန်းရှင်သန်နေ တိုးပွားနေ များပြားနေ၊နောက်ဆုံးမှာ အဆုံးသပ်သူ့ရဲ့ပြည့်ဝစုံလင်သော အခြေနေထိအောင် ကိုတိုးတက် ပွားများပေဦးမယ်၊ ချစ်ခြင်း မေတ္တာ အခြေခံပြီး တည်ဆောက်ခြင်းခံရတဲ့ ကျွန်ပ်တို့တယောက်စီကလည်း တယောက်ကိုတယောက်ချစ်ခြင်းမေတ္တာအခြေခံပြီးအပေါ်ယံ ကျင့်ဝတ်ကလေးကိုဘဲမကြည့်ပါဘဲလျက် အပေါ်ယံလေးဖြည့်ဆည်းပေးသည်မက ဘဲလျက်အတွင်းပိုကျတဲ့ ချစ်​ခြင်းမေတ္တာဖြင့်တယောက်ကိုတယောက် ပိုလိုတိုးလို့တည်ဆောက်ကြပါစို့။
ခွန်အား အသက် ရစေ၊အသီး သီးစေ ။
Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။
gospel reflection