Pathein Catholic Diocese Untitled Document
Untitled Document
ပေါင်းသင်းဆက်ဆံ နေထိုင်မှု၊ လူ့ကျင့်ဝတ် ဖြည့်ဆည်းမှု အကြောင်းရင်းခံ။
၃၀ ကြိမ် ဗုဒ္ဓဟူးနေ့၊
အောက်တိုဘာလ ၂၆ ရက်။
ဧဖက် ၆ ၊ ၁ မှ ၉
လုကာ ၁၃ ၊ ၂၂ မှ ၃၀။
ပေါင်းသင်းဆက်ဆံ နေထိုင်မှု၊လူ့ကျင့်ဝတ် ဖြည့်ဆည်းမှုအကြောင်းရင်းခံ။
သားသမီးများ မိဘတိုကို နာခံခိုင်းပါတယ်။နာခံပါဆိုတာထက်ပိုတာကခရစ်တော်၌ in the lord ပါတယ်။ရိုးရိုးအပေါ်ယံနာခံသည်ထက်၊အသက်ရှည်စေဖို့နာခံသည်ထက်၊ခရစ်တော်၌ ဆိုတဲ့ အခြေနေကအရေးကြီးတယ်၊ခရစ်တော်ကဲ့သို့၊အတိအကျ ကျေးဇူးတော်များ အမှီပြုကာ သူ့အားဖြင့်၊သူ့ရဲ့အဖြစ်တော်ထဲ ဝင်ပြီးမှ သား သမီးဝတ်ကို ဖြည့်ဖို့ ညွှန်ကြားထားခြင်း ဖြစ်တယ်။
သားသမီးတို့ကို ပြုစုပျိုးထောင်ပါ၊မိဘများကို တာဝန်ပေးတယ်၊ဆရာသခင် ညွှန်ကြားချက်တွေ သင်တန်းတွေ အတိုင်း instruction andtraining of the lord.ပြောထားတယ်သား သမီးနှင့်မိဘ အကြားထားရမဲ့ဆက်ဆံရေးမှာ အခြေခံ ထားရမဲ့ပုဒ်ကို ချထားပေးတယ်၊သခင်နှင့်ကျွန်များ ယခုခေတ်ဆို အလုပ်ရှင်အလုပ်သမား လူတန်းစားအလွှာဆက်ဆံရေး၊ အလုပ်သမားများကအလုပ်ရှင်ကို လေးစား ကြောက်ရွံ့ကြရမယ်၊ မျက်စိရှေ့မှာရော နောက်ကွယ်ရာမှာပါ၊စင်ကြယ် နှလုံးသားဖြင့် အမှုထမ်းဆောင်ရမယ်။ခရစ်တော်ကို နာခံသကဲ့သို့ လိုဆိုထားတယ်၊ As to Christ. မိမိတို့ကိုယ်ကိုမိမိတို့ခရစ်တော်ရဲ့ကျွန်များအဖြစ် မှတ်ယူပြီး၊အစေခံပါလို့ဆိုထားတယ်။
သခင်၊ အလုပ်ရှင်များကိုလည်း၊ သူတို့ရဲ့ အလုပ်သမားတွေကို ပြုစုပြုမူဖို့ လမ်းခင်းပြတာ၊မင်းတို့တွေရောအလုပ်သမားတွေပါ အားလုံးတို့ရဲ့အရှင်သခင်က ကောင်းကင်ဘုံရှိအဖ ဘုရားသာပင် ဖြစ်လို့ ဒီပုဂ္ဂိုလ်မျက်နှာထောက်ပြီး၊ အချင်းချင်းပြုမူဆက်ဆံပါ။မင်းတို့ကိုယ်တိုင်အရှင်သခင် မဟုတ်ဘူး သတိပေးနေခြင်းဖြစ်တယ်။
https://revgenetics.kckb.st/122d2644
လူ့အဖွဲ့စည်းအတွင်းတယောက်နဲ့တယောက် ဆက်ဆံမှု ဘယ်လိုပြုမူရမယ် စံ တန်ဖိုး၊ စံနမူနာကို ခရစ်တော်၌ သတ်မှတ်ပေးခဲ့တယ်။ဘာကြောင့်လုပ်ရလဲ အကြောင်းရင်းreason ကလည်း သခင် ခရစ်တော်ကိုယ်တိုင်ဘဲ ဖြစ်တယ်။ခရစ်တော်ကဒီလိုပြုမူဆက်ဆံခဲ့လို့ တယောက်စီကလည်း ပြုမူဆက်ဆံရမှာဖြစ်တဲ့အကြောင်းကို ညွှန်ကြားထားခြင်းဖြစ်တယ် ခရစ်တော်ဟာ လူတစ်ဥ်ီးစီကို အသုံးခံပစ္စည်းအဖြစ်မသတ်မှတ်ပါဘူး၊ တဆင့်နိမ့် ပုံစံအဖြစ် မသတ်မှတ်ပါဘဲ၊ သူနှင့်တန်းတူ သတ်မှတ်ပြီးသူနှင့် အနှောင်အဖွဲ့ ပြုခြင်းဖြင့်သူ့ဘုရားအဖြစ်တော် အစိပ်အပိုင်းအဖြစ် မြှင့်တင်ပြီးမှ အဆက်သွယ်တည်ထောင်ခဲ့ခြင်း ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်တယ်။ဒီအခြေခံပေါ်မူတည်ပြီးလူတယောက်နဲ့တယောက်ဆက်ဆံရမှာ၊ ကျင့်ဝတ်များကိုဖြည့်ဆည်းကြရမှာဖြစ်တယ်။
ခရစ်တော်ဟာ reason for ourmorality. ကျွန်ပ်တို့ ကျင့်ဝတ် လုပ်ဆောင်ရခြင်းရဲ့ အကြောင်းရင်းခံဖြစ်သလို စံတန်ဖိုး လည်း ဖြစ်နေတယ်၊အားလုံးကိုသူ၌ စုစည်းပြီးဒီပုဂ္ဂိုလ်တွေတစ်ဦးစီကို အချင်းချင်းမိဿဟာရဖွဲ့စည်းစေတယ်၊ချစ်ခြင်းနှောင်ဖွဲ့ တည်ထောင်ပေးခဲ့တယ်။တဦးနှင့်တဦးအကြားဆက်ဆံရေးကိုရိုးရိုး သာမန်ဆက်ဆံရေးမကဘဲအတွင်းသက်ကျတဲ့၊နှလုံးသားနဲ့ဆက်ဆံရမဲ့ သူကိုယ်တိုင်ရဲ့ စံတန်ဖိုးတွေ ပေးပြီး ဖြည့်ဆီးဆောင်ရွက်ပေးခဲ့ပါတယ်။တဦးစီကိုလည်းသူ၌စုစည်းပေးသလို၊ အဖွဲ့ကိုလည်းအဆင့်တစ်ခုဆီ၊ပြောင်းလဲ မြှင့်တင်ပေးခဲ့ပြီး ထာဝစဥ် တည်တံ့စေခဲ့ပါတယ်၊ဒီကနေ့ ဧဝံဂေလိကျမ်းဆက်စပ်ရင် အနယ်အရပ်ရပ်လူတို့လာကြ၍ ဘုရားသခင် နိူင်ငံတော်၌ စားပွဲ ထိုင်ကြမယ်၊ ပြောလိုသည်ကအဖွဲ့အစည်းတွင်းရှိသူများ၊တဦးစီသူတို့ကြားထဲက ဆက်ဆံရေး တခုစီကိုလည်း မြှင့်တင်ပေးပြီမှ တစ်စားပွဲတည်းမှာထိုင်နိူင်တဲ့ အဆင့်ထိ၊ပြန်လည်ပြေငြိမ်းနိူင်တဲ့ အဆင့်ထိမြှင့်တင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်တယ်၊ ကောင်းကင် နိူင်ငံတော်စားပွဲမှာဘယ်သူတွေပါရမယ်၊မပါရဘူးပြောဆိုခြင်းက ပရောဖက်တို့ နိူင်ငံတော်အကြောင်းဟောပြောခြင်းကိုငြင်းပယ် ခြင်း၊လက်ခံခြင်း၊ တို့ပေါ်မူတည်ပြီး ရရှိလာမဲ့ အခြေနေကိုနောက်ဆုံး ညွှန်ပြနေခြင်းဖြစ်တယ်။ဒါကြောင့် သခင်ပေးလာတဲ့ ဒီဟာတွေကို လက်ခံဖို့ နောက်ဆုံးသတိပေးခေါ်သံလည်းဖြစ်နေပါတယ် ။သူပေးလာတဲ့ ဒီဟာတွေကို လက်ခံဖို့တွက် ဖိတ်ခေါ်သံကိုကျွန်ပ်တို့ဒီနေ့ကြားရပါတယ်။
ခွန်အား အသက် ရစေ၊အသီး သီးစေ ။
Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်။
gospel reflection