Pathein Catholic Diocese Untitled Document
Untitled Document
ချစ်ခြင်းမေတ္တာ၊လူ့ဘဝသက်တာရဲ့ အခြေခံအနှစ်သာရ။
၂၉ ကြိမ် ကြာသပတေးနေ့၊
အောက်တိုဘာ ၂၀ ရက်။
ဧဖက် ၃ ၊ ၁၄ မှ ၂၁
လုကာ ၁၂ ၊ ၄၉ မှ ၅၃
ချစ်ခြင်းမေတ္တာ၊လူ့ဘဝသက်တာရဲ့ အခြေခံအနှစ်သာရ။
အတွင်းဖက် အကျဆုံး အခြေခံအနှစ်သာရ ဖြစ်တယ်။ချစ်ခြင်းမေတ္တာ အတွင်းသက်မှာရှိလေလေ၊အနှစ်သာရ ပြည့်လေဖြစ်တယ်။ ဘဝအခြေခံ အုတ်မြစ်လို့တင်စားနိူင်တယ်၊ချစ်ခြင်းမေတ္တာအသိုင်း အဝိုင်းက ကြီးပြင်းလာရ၊လက်ခံရယူခဲ့ရသူတစ်ဦး မိမိကိုယ်ကို ချစ်တတ်၊သူတပါးကိုလည်းချစ်တတ်ပြီး၊ဘဝသက်တာ၊အဓိပ္ပါယ်ပြည့်လို့နေတယ်။ချစ်ခြင်းမေတ္တာ နည်းပါးတဲ့ ကင်းမဲ့တဲ့နေရာမျိုးက ကြီးလာရပြီး၊ချစ်ခြင်းမခံခဲရသူဟာ၊ ချစ်ခြင်းမေတ္တာကို အယုံကြည် မရှိဘဲမိမိကိုယ်ကိုမချစ်တတ်၊ တစ်ပါးသူကိုလည်းမချစ်တတ်ပါ၊အချစ်ငတ်ပြီး ဘဝရဲ့အဓိပ္ပါယ် ရှာဖွေ တွေ့ရှိမှာ မဟုတ်ပါထို့ကြောင့် လူသားတိုင်း ချစ်ခြင်းမေတ္တာပေါ် အရင်းခံ စိုက်ပျိုးခံရပြီးအသက်ရှင် ကြီးပြင်းလာဖို့ဆိုတာအလွန့်အလွန် အရေးကြီးလှတယ်။
သူတပါးကို ချစ်တတ်ဖို့ရာ မိမိကိုယ်တိုင်ကလည်း ဦးစွာအချစ်ခံထားရသူ ဖြစ်ဖို့ လိုပါတယ်။ကိုယ်တိုင်ကအချစ်ခံရသူအဖြစ်မှတ်ယူ ယုံကြည်ထားဖို့ အင်မတန် အရေးကြီးတယ်၊ငါ့ကို ချစ်ခင်တဲ့ တစ်ယောက်၊တဖွဲ့ရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်၊ရှိဖိုအရင်ဆုံး အရေးကြီးတယ်။တစ်ဦးကိုတစ်ဦးချစ်ဖို့၊ တစ်ဦးစီရဲ့ ဘဝချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ပေးနိူင်ဖို့ဟာ မိမိကိုယ်တိုင် အရင်ဦးဆုံး ချစ်ခြင်းမေတ္တာ လက်ခံ ရရှိကာ၊ ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်သူတစ်ဦး အရင်ဆုံး ဖြစ်နေဖို့လိုတယ်။
ချစ်ခြင်းမေတ္တာဟာလောက အသိုင်းအဝိုင်း တည်ဆောက်ပေးနိူင်တဲ့စွမ်းအားရှိတယ်၊တည်ဆောက်ပေးဖို့မိမိထံမှာ ချစ်ခြင်းမေတ္တာလုံလောက်အောင်ရှိရပါ့မယ်၊တဦးတယောက်ကမိမိကို ချစ်နေပါသေးတယ် အသိယုံကြည်ချက် ရှိနေရင် အချစ်ခံရတဲ့ပုဂ္ဂိုလ်ဟာ ဘဝကို အကောင်းဆုံးတည်ဆောက်နိူင်မယ် ဖြစ်ပါတယ်။ငါ့ကို အခိုင်အမာ ချစ်နေတဲ့ပုဂ္ဂိုလ်ရှိနေတယ် ယုံကြည်ချက်ရှိနေရမယ်၊ဘဝရဲ့ စွမ်းအင်အားလုံးအရင်းမြစ်ဖြစ်ပါတယ်။လူတစ်ဦး အချစ်မခံရရင်၊ အချစ်ခံရတယ်မယုံရင် မသိခဲ့ပါရင် သူ့ကိုယ်ကိုရော သူတပါးကိုပါမချစ်တတ်တော့ဘဲ ဘဝအနှစ်သာရပျောက်ဆုံးနေမယ်၊ဒါကြောင့် အချစ်ခံရတယ် ယုံကြည်ခြင်း အရင်ဆုံးရှိဖို့ လိုအပ်ပါတယ်။
ချစ်ခြင်းမေတ္တာမရှိခဲ့ခြင်းမသိခဲ့ခြင်းဘဝ အသက်ရှင်မှုပေါ်မှာ အကျိုးသက်ရောက်မှု လွန်စွာ ရှိတယ်။ဒီနေ့စိန့်ပေါ ဆုတောင်းတယ် ထူးဆန်းတဲ့ရည်ရွယ်ချက် တစ်ခုတွေ့ရပါတယ်။ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ ကိုသိပါစေ။ တဲ့၊ မင်းတို့တစ်ဦးစီကခရစ်တော်ထံမှ အတိုင်းမရှိ ချစ်ခြင်းနဲ့ အချစ်ခံရသူတွေ၊ဆိုတာသိစေဖို့သူဆုတောင်းတယ်၊ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ် planted အရင်းခံကာစိုက်ပျိုးခံရပြီး၊ချစ်ခြင်းမေတ္တာပေါ်မှာဘဲ ဘဝကို အခြေခံပြီးမှ တဆင့်ပြီးတဆင့်တည်ဆောက်ခံနေရတာကိုသူကညွှန်ပြနေပါတယ်။
ဘုရားက ကိုယ့်ကို ချစ်နေတယ်ဆိုတာကို ဘဝအခြေခံအဖြစ် ပထမဦးစွာ ယုံကြည်ရမယ်၊တဆင့် ငါဟာချစ်ခြင်းမေတ္တာကျေးဇူးတော်ခံရနေသူပါလားငါ့ဘဝတန်ဖိုးက ဒီအချက်ပေါ်ကဘဲ စီးဆင်းလာပါလား ငါ့ဘဝရဲ့ အဓိပ္ပါယ် ငါ့ကိုယ်ငါချစ်တတ်သူတစ်ဦး ဖြစ်လာဖို့အတွက် ငါဟာအရင်ဆုံး အချစ်ခံရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကို ယုံဖို့ အင်မတန်ဘဲအရေးကြီးတယ်၊ ခရစ်တော်က နေတစ်ဦးစီကိုအတိုင်းဆမရှိနားမလည်နိူင်တဲ့နည်းနဲ့ချစ်နေတယ်ဆိုတာသိဖို့စိန့်ပေါကဒီနေ့ဆုတောင်းပေးနေတာဖြစ်တယ်။
ဧဝံဂေလိကျမ်း သခင်က ငြိမ်းချမ်းခြင်းတွက်မဟုတ် ကွဲပြားခြင်းတွက်ငါလာတယ်၊အဖွဲ့အစည်းကိုသွေးကွဲသွားအောင် လုပ်တာမဟုတ်ဘူးသူပေးလာတဲ့ ချစ်ခြင်းမေတ္တာကိုလက်ခံခြင်း မခံခြင်း ပေါ်မူတည်ပြီးကွဲပြားမှု ဖြစ်လာမယ် ဆိုတာ ပရောဖက် တါစ်ပါးကဲ့သို့ ကြိုတင်ပြောပြနေခြင်းဖြစ်တယ်၊ချစ်ခြင်းမေတ္တာကိုလူတိုင်းက လက်မခံနိူင်ကြပါ၊မခံလိုကြပါဘူး၊လက်ခံသူတချို့ ရှိနေကြသလို လက်မခံနိူင်ကြသူများလည်းရှိနေကြမယ်။ဘုရားချစ်ခြင်းမြင်သိလက်ခံကြသူများကတစ်စု၊ထို့တူမမြင်မသိ လက်မခံနိုင်သူများကတစ်စု၊မိသားစုတွင်းမှာပင် ကွဲပြားမှုဖြစ်နိူင်သည်ကို ပြောပြနေတယ်။အများဆုံး ချစ်ခြင်းမေတ္တာကို လက်ခံနိုင်ကြရအောင် ကျွန်ပ်တို့ ကိုယ်ကိုပြင်ဆင်ကြရမယ် ဖြစ်သလို ဘုရားရဲ့ ကျေးဇူးတော် အမှီပြုပြီး ပေးလာတဲ့ချစ်ခြင်းကိုလည်း ငြင်းပယ်ခြင်းမပြုရအောင် ကြိုးစားကြပါစို့။
ခွန်အား အသက် ရစေ၊အသီး သီးစေ ။
Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကိုဝေမျှသည်။
gospel reflection