Pathein Catholic Diocese Untitled Document
Untitled Document
သာသနာတော်ရဲ့မိဿဟာရ ဖွဲ့မှု။

၂၉ ကြိမ် စနေနေ့၊

အောက်တိုဘာ ၂၂ ရက်။

ဧဖက် ၄ ၊ ၇ မှ ၁၆၊လုကာ ၁၃ ၊ ၁ မှ ၉၊

Communion of the Church.

သာသနာတော်ရဲ့မိဿဟာရ ဖွဲ့မှု။

တစ််ပတ်လုံး ဧဖက်သြဝါဒစာ ဖတ်ခဲ့၊သာသနာတော် အကြောင်းဖြစ်တယ်၊တနင်္လါနေ့ကစပြီး၊ ဘာမှမရှိ သေနေတဲ့ အခြေနေမှာဖြစ်နေတဲ့ ကျွန်ပ်တို့တစ်ယောက်စီကိုခရစ်တော် နှင့်အတူအသက်ရှင် ပေးခဲ့ပြီး သာသနာတော်အတွင်း ဝင်ရောက်စေတယ်အချက်၊တဆင့်ပြီးတဆင့်တက် ရှင်းပြလာခဲ့၊နောက်ဆုံး ဘုရားသခင်နဲ့ပေါင်းစပ်စေသလို၊ ယုံကြည်သူ အချင်းချင်းကိုလည်း ပေါင်းစပ်မှုကို ဖြစ်စေခဲ့အကြောင်း၊တဆင့်စီတိုး ရှင်းပြခဲ့၊မနေ့က သာသနာတော် တလုံးတဝတည်ရှိမှုကို အသေချာထောက်ရှုခဲ့ကြပြီး၊ဒီနေ့မှာ တလုံးတဝတည်းတည်ရှိတဲ့အသင်းအဖွဲ့ထဲက လှုပ်ရှားအသက်ဝင်တဲ့ ယန္တရား တစ်ခုအကြောင်း ရှင်းပြလာတယ်။အသင်းတော်မှာ Mechanism တခု တွေ့ရပါတယ်။ 

အသီးသီးသော လက်ဆောင်တော်၊အဖွဲ့ဝင် တစ်ဦးစီမှာ ပေးအပ်ထားခြင်းက သူတို့အတွက်သာမကဘဲ၊အဖွဲ့အစည်း တစ်ခုလုံး အကျိုးပြုဖို့ရည်ရွယ်ချက် ရှိကြောင်း ဖော်ပြနေတယ်။မတူညီတဲ့ အခန်းကဏ္ဍကနေမတူညီတဲ့ကျေးဇူးတော်များ အသုံးချကာ တပါးသူအတွက် အဖွဲ့စည်းတစ်ခုလုံး အကျိုး တွက် ရည်ရွယ်ထားတာ တွေ့ရတယ်။နောက်ဆုံးရည်ရွယ်ချက်က ဦးခေါင်း ဖြစ်တဲ့ခရစ်တော် ပေါ်မှာ ကိုယ်ခန္ဓာဖြစ်တဲ့သာသနာ တခုလုံးကချစ်ခြင်းမေတ္တာ၌ တည်ဆောက် လိုက်ခြင်းဘဲ ဖြစ်တယ်။ဤသို့ဖြင့် မိဿဟာရ ဖွဲ့မှုတဖြည်းဖြည်း ကြီးပွားလာရမှာလည်းဖြစ်တယ်။ဒီလို သာသနာတိုင်းမိဿဟာရ ဖွဲ့မှုဟာ အချိန်နဲ့ တပြေးညီ သမိုင်းတလျှောက် ဖြစ်ပွားနေမှာဖြစ်ပါတယ်။ ဤ တည်ဆောက်ပြီးသား မိဿဟာရ ဖွဲ့မှုကို ကြီးထွားဖို့ဝိညာဥ်တေကလည်း အစဥ်အမြဲအားအင်ပြည့်ဝ နေစေတယ်။

ဧဝံဂေလိသတင်းကောင်းရဲ့ ပန်းတိုင်ဟာ ဘုရားနဲ့ သော်လည်းကောင်းလူအချင်းချင်းနဲ့သော်လည်းကောင်းမိဿဟာရ ဖွဲ့လျက်ရှိသောဘဝသက်တာ ဘဲ ဖြစ်ပါတယ်။ဘုရားနဲ့ မိဿဟာရ ဖွဲ့မှုကို ဖျက်ဆီး လိုက်ပြီဆိုရင် အခြားသောကျွန်ပ်တို့ အချင်းချင်း မိဿဟာရ ဖွဲ့မှု အားလုံးလည်းပြိုကျ ပျက်စီး သွားမှာဖြစ်တယ်။

အချင်းချင်းနဲ့ မိဿဟာရ မဖွဲ့ဘူးဆိုရင်လည်း ဘုရားနဲ့ မိဿဟာရဖွဲ့ခြင်းက အသက်ဝင်လာမှာမဟုတ်၊မိဿဟာရဖွဲ့ခြင်းက နောက်ဆက်တွဲအကျိုးကျေးဇူးများကို သယ်ဆောင်လာတဲ့ ဘုရားပေး လက်ဆောင်ဖြစ်တယ်။ကျွန်ပ်တို့ကိုယ်ကိုပိတ်လှောင်ထားခြင်း အထီးကျန်ခြင်းမှ ကျွန်ပ်တို့ကို ဆွဲထုတ်ကာ မြှင့်တင်ပေးလိုက်ခြင်းဘဲ ဖြစ်တယ်၊ ဘုရားနဲ့ပေါင်းစပ်စေတဲ့၊အချင်းချင်းပေါင်းစည်းစေတဲ့ဘုရားရဲ့ ချစ်ခြင်းကို မျှဝေ ခံစားလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။

တစ်လောကလုံးရှိ လူသားများကြားအဖွဲ့စည်းများကြား လူပုဂ္ဂိုလ်များအကြားရှိ ဆက်ဆံရေးကို ထိခိုက်နာကျင်စေတဲ့ အပိုင်းအစတွေ ကိုအသေချာ ပြန်တွေးရင် မိဿဟာရဖွဲ့ခြင်း လက်ဆောင်တော်ဟာ ဘယ်မျှ ကြီးမား ခန်းနားတယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာမှာဘဲ ဖြစ်ပါတယ်။ မိဿဟာရဖွဲ့ခြင်းဟာ သတင်းကောင်း အစစ်အမှန် ဖြစ်တယ်။ ဒီနေ့ တယောက်စီကိုခြောက်လှန့်နေတဲ့အထီးကျန်ခြင်းဝေဒနါဆိုးကြီးကို ကုစားဖို့ အစွမ်းထက်တဲ့ တစ်ခုတည်းသောဆေးဝါးဖြစ်တယ်၊ အထီးကျန်ခြင်းဟာ ကျွန်ပ်တို့ တဦးစီမှာ စွဲကပ်နေတဲ့ဝေဒနါ တခုပါ၊ ခြောက်လှန့်နေတဲ့အရာတခုပါ၊ဘုရားသခင်နဲ့သူ့လူမျိုးတော်က ကျွန်ပ်တိူ့ကို ကြိုဆိုလျက်ရှိတယ်၊တို့ တယောက်စီကိုချစ်လျက်ရှိတာကိုတွေ့ကြုံစေတဲ့တန်ဖိုးမဖြတ်နိူင်တဲ့ လက်ဆောင်တော်ဘဲဖြစ်တယ်။

သမိုင်းတလျှောက်လူသားအဖွဲ့ဝင်တို့ကြောင့် သာသနာတော်ဟာ အပြစ်အနာ ရှိငြားသော်လည်း ချစ်ခြင်းမေတ္တာကို ဖန်ဆင်းခြင်းတစ်ခုအဖြစ်အံ့ဖွယ်တွေ့နေရတယ်၊တဖြည်းဖြည်းခရစ်တော်၌ ပုံပေါ်လာပြီး တဦးစီအမှန်တကယ် လိုချင်တောင့်တ နေတဲ့ ချစ်ခြင်းမေတ္တာ အသိုင်းအဝိုင်းဟာ တဖြည်းဖြည်းချင်း ခရစ်တော်၌ထုဆစ်ကာ ပုံပေါ်လာရပါတယ်။

ဧဝံဂေလိ ကျမ်းကလည်း နောင်တရပါ၊ မင်းတို့ အရင်လူတွေလို မသေရအောင် နောင်တရပါလို့ သခင် ကပြောထားပါတယ်။အတ္တထဲကနေထွက်ခဲ့တော့၊ အထီးကျန်ခြင်းကနေထွက်ခဲ့တော့၊မိဿဟာရ ဖွဲ့ခြင်းထဲကို ဝင်လာပါတော့ သူဖိတ်ခေါ်တယ်။ အထီးကျန်ခြင်းမှာ သေဆုံးခဲ့ကြတဲ့ရှေ့ လူတွေကဲ့သို့ အသေဆုံးမခံကြဘဲ၊ မိဿဟာရ ဖွဲ့ခြင်းမှာ အသက်တွေကို ဖိတ်ခေါ်လျက်ရှိတယ်ဆိုတာကို တွေ့ရတယ်၊ အတ္တကနေထွက်ခွာပြီး အထီးကျန်ခြင်း မှထွက်ခွာကာ မိဿဟာရထဲဝင်ပြီး အသက်တာဆီသို့ ရရှိဖို့ ဝင်ရောက်ဖို့ဖိတ်ခေါ််ခြင်း ဖြစ်ပါတယ်။

St. John Paul the second.

Pray for us.

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။

gospel reflection