Pathein Catholic Diocese Untitled Document
Untitled Document
ရှင်လုကာက သခင့်ကိုပရောဖက်တစ်ပါး အဖြစ်လည်း နားလည်စေလိုပါတယ်၊

၃၀ ကြိမ် ကြာသပတေးနေ့။

အောက်တိုဘာ ၂၇ ရက်။

ဧဖက် ၆ ၊ ၁၀ မှ ၂၀၊လုကာ ၁၃ ၊ ၃၁ မှ ၃၅။

ရှင်လုကာက သခင့်ကိုပရောဖက်တစ်ပါး အဖြစ်လည်း နားလည်စေလိုပါတယ်၊

ပြီးခဲ့ရက်များကလည်းကျွန်ပ်တို့ ထောက်ရှုခဲ့ပြီးပြီ၊ဘုရားစင်စစ် လူသားစင်စစ် ဖြစ်ပြီးပရောဖက် တစ်ပါးအခန်းကဏ္ဍ၊ပရောဖက်တစ်ပါးရဲ့ အလုပ်များလုပ်ဆောင်ခဲ့တာကို အသားပေးဖော်ပြတဲ့ ဧဝံဂေလိ ကျမ်းတစောင်လည်း ဖြစ်တယ်။

ဂျေရုဇလင် ခရီးအဆုံးမှာ ပရောဖက်များအသေခံရတဲ့ အရာဟာ အားလုံးသိပြီးပါ၊သခင်လည်း ဒီလို အသေခံရဦးမယ်၊အကြောင်းပါလာလို့၊မလွဲမရှောင်သာလို့စိတ်လက်မပါ လုပ်ရတာမျိုး မဟုတ်မူဘဲ သူကိုယ်တိုင်သာသနာလုပ်ငန်းအစကပင် ဦးတည်တာ လုကာကျမ်း တောက်လျှောက်ဖော်ပြတယ်၊ရှေ့က ပရောဖက်များအားလုံးကဲ့သို့ သူလည်း အသက်တော် စွန့်ရမှာ ဖြစ်တယ်။

ဘယ်လို အဆီးအတားဘဲရှိရှိ သူ့ရဲ့သန္နိဌာန်ခိုင်မာတည်ကြည် ပြတ်သားနေတယ်၊ မကောင်းမှုတွေ ကြောက်မသွား၊ဟေရုဒ်သတ်မှာ မကြောက်၊ဟေရုဒ်ဆီ လူလွှတ်မေးခိုင်းသေး၊မကောင်းမှု အဆီးအတား မကြောက်ရွံ့ သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ်ခဲ့တယ်၊ဒီလမ်းခရီး ဆုံးတိုင်လျှောက်ခဲ့တယ်၊ ပန်းတိုင်ရောက်သည်ထိတိုင်ခဲ့တယ်၊ရဲဝံ့စွာ ထွက်ခွာတယ်အဆုံးထိ ရောက်ခဲ့တယ်။

ပထမကျမ်းမှာ ဘုရားသခင်ရဲ့လက်နက်တန်ဆာ အလုံးစုံနဲ့ တပ်ဆင်ထားဖို့ လိုတယ်ရှင်ပေါလု ဆုံးမတယ်ဘဝကို ခရီးလမ်းတလျှောက် တိုက်ပွဲတစ်ပွဲ အသွင် အဖြစ် ကျွန်ပ်တို့မကြာခဏ ရှုမြင်ကြတယ်၊သြဝါဒစာမှာ ရန်သူကတော့ အသွေးအသားမဟုတ်ဘူး ဆိုထားတယ်၊ ဆိုလိုတာလူသား အချင်းချင်းကရန်သူမဟုတ်ဘူး၊ နတ်ဆိုး မကောင်းမှုရဲ့ယန္တရားကို ဖြစ်ပေါ် ဖန်တီး လည်ပတ် စေတဲ့အရာနဲ့ ပတ်သက်ဘယ်သူကိုမဆို ခုခံနိူင်ဖို့အတွက် ဖြစ်တယ်။အဆုံးတိုင်မှာ နိူင်ရမယ် ယုံကြည်ချက်ကလည်း ရှိရမှာ ဖြစ်တယ် ဒါ့ကြောင့်ဘုရား ရဲ့ လက်နက်တန်ဆာ အားလုံးကို တပ်ဆင်ပါ၊ဒီလက်နက်တွေနဲ့လုံခြုံမှု ရယူပါ လို့ သြဝါဒစာကတိုက်တွန်းထားခြင်း ဖြစ်တယ်။

တစ်ချက်ခြင်းကြည့်ပါရင် သမ္မာသစ္စာတရား ခါးပန်းကြိုးစည်းသကဲ့သို့ စည်းထားပါ။ သမ္မာသစ္စာရှိရမယ်ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာခုခေတ်ဆို ကျည်ကာ ငြိမ်းချမ်းသာယာခြင်းသတင်းကောင်းကို ကြေညာရန် အသင့်အနေထားရှိတဲ့ ဘိနပ်၊ကိုစီးပြီး၊ ယုံကြည်ခြင်း ဒိုင်းလွား တပ်ဆင် ကယ်တင်ခြင်း သံခမောက်ကိုဆောင်း၊ ဝိညာဥ်တော်ရဲ့ ဒါး လှံ နဲ့ဘုရားသခင်ရဲ့ နူတ်ကပတ်တော်အကွယ်ယူကာ ဆုတောင်းခြင်း ၌၊ဒီဖော်ပြပြီး လက်နက်တွေ အကုန်တပ်ဆင်ထားပါက လမ်းခရီးတလျှောက် ကျော်လွှားနိူင်မယ်ဖြစ်တယ်။

သခင်ရဲ့ ဂျေရုဇလင် ခရီးလမ်းကိုဒီလက်နက်တွေနဲ့ဘဲ ကျော်ဖြတ်ခဲ့ခြင်း ဖြစ်တယ်။ပရောဖက်များအားလုံးကလည်း ဒီအရာများစွဲကိုင်ကျော်ဖြတ်ခဲ့ကြတယ်၊ဓမ္မဟောင်းမှာဘုရားသခင်ကိုယ်တိုင် လက်နက်တပ်ဆင်ပြီး သားဖြစ်တယ်ဆိုတာကျမ်းရေး ပုဂ္ဂိုလ်တို့ သရုပ်ဖော်ခဲ့။ဥာဏ်ပညာတော်ကျမ်း ၅ ၊ ၁၇- ၂၃ဟေရှာယ ၁၁း ၄- ၅ ဟေရှာယ ၅၉ပရောဖက်များနည်းတူ အချုပ်ဖြစ်တဲ့ သခင်ခရစ် ကိုယ်တိုင် လက်နက်တန်ဆာ အပြည့်အဝ တပ်ဆင်ပြီးဖြစ်နေတယ်၊ ဒါ့ကြောင့် ဒီပန်းတိုင်ကို အဆုံးတိုင် လှမ်းကိုင်နိူင်ပြီး၊ရောက်အောင် လျှောက်လှမ်းခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်တာသိရမယ်။

ကျွန်ပ်တို့တယောက်စီလည်း သူတို့ကဲ့သို့ ဒီလမ်းခရီးတလျှောက်မှာ၊မကောင်းမှု အန္တရာယ် ရန်စွယ်တွေ၊ကြောက်စရာ ခြိမ်းခြောက်မှုတွေ၊တိုက်ခိုက်မှုတွေ ရှိငြားသော်လည်းဒီလက်နက်တန်ဆာတွေနဲ့ မိမိကိုယ်ကို တပ်ဆင်ထားပါလျှင်သခင်ခရစ်တော်ကဲ့သို့ စိတ်ဓာတ်ဟာ မြဲမြံ တည်ကြည် နေမှာဘဲ ဖြစ်ပါတယ်။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်။

gospel reflection