Pathein Catholic Diocese Untitled Document
Untitled Document
သာသနာတော်ခေါင်းဆောင်များအခန်း ကဏ္ဍ၊သူတို့ကို ခန့်ထားခြင်းရည်ရွယ်ချက်

၂၉ ကြိမ် ဗုဒ္ဓဟူးနေ့၊

အောက်တိုဘာ ၁၉ ရက်။

ရှင်လုကာ ၁၂ ၊ ၃၉ မှ ၄၈

ဧဖက် ၃ ၊ ၂ မှ ၁၂

သာသနာတော်ခေါင်းဆောင်များအခန်း ကဏ္ဍ၊သူတို့ကို ခန့်ထားခြင်းရည်ရွယ်ချက်၊

ခေါင်းဆောင်များ အခန်းကဏ္ဍ ကိုသခင်ပြညွှန်တယ်။လုပ်ငန်းတာဝန်ခန့်ထားတဲ့ အကြီးမှူး ရာထူးနေရာပေးထားတဲ့ ကျေးဇူးတော်တွေ ကိုတွေ့ရတယ်။ သူတို့တာဝန် ကြီးလေးမှုဘဏ္ဍာစိုးများနှင့် ခိုင်းနှိုင်းထား၍ဘုရားရှင်ကသာ လုပ်ငန်းရှင် သူဌေးဖြစ်ပြီး နောက်ဆုံးနေ့မှကြွလာမယ်၊သူတို့က ဘုရားတာဝန် အပ်ထားသူများဖြစ်လို့ ဘုရားကို အစေခံရမယ်၊သူတို့ ကြည့်ရှုရသူများကိုလည်းအစေခံရမယ်၊သူတို့တာဝန်ပြီးဆုံး၊ဘုရားသခင် ကြွလာချိန်မှာ ဘုရားကိုသော်လည်းကောင်း သူတို့ကြည့်ရှု ရသူများကိုလည်းကောင်း သူတို့ရဲ့သစ္စာရှိမှု မရှိမှု၊ လုပ်ငန်းတာဝန်ကျေမှု မကျေမှု အပေါ်ဘုရားကဆုံးဖြတ်သွားမယ် ဆိုပါတယ်။

သူတို့ အခန်းကဏ္ဍကို သခင်ညွှန်ပြသလို တာဝန်ကိုလည်း ညွှန်ပြထားတဲ့သဘော ဖြစ်တယ်။ ဆက်လက်စဥ်းစားရမှာ အဲလို ခန့်အပ်ထားခြင်းဟာ ဘယ်သူ့တွက်လဲ ၊ တစ်စုတစ်ဖွဲ့သူတို့အတွက်သာမဟုတ်ပါ၊သူတို့ရဲ့ဂုဏ်သိက္ခာ တခု မြင့်တဲ့ အခြေနေတစ်ခု တင်ပေးလိုက်တယ်၊သူတို့အတွက်ကြီးဘဲမဟုတ်ပါဘဲ၊အားလုံးအတွက်၊ ယုံကြည်သူအားလုံးတွက်၊ခန့်ထားတယ်၊ ရည်ရွယ်ချက်ကဒီယုံကြည်သူများ၊ ဘုရားကျေးဇူးတော်ကို စဥ်ဆက်မပြတ် လက်ခံပြီးနောက်ဆုံးမှာ သူနှင့် ပေါင်းစပ်နိူင်အဆင့်ထိတိုင် ရောက်ဖို့ သူ့ကိုယ်စားဒီပုဂ္ဂိုလ်တွေကို ကြည့်ရှုဖို့တာဝန်ပေးလိုက်တယ်။

သူ့အချိန်နဲ့သူ ကျွေးမွေးဖို့၊ သူတို့ကိုကြည့်ရှု စောင့်ရှောက်ဖို့၊အဓိကလုပ်ငန်း တာဝန် နှစ်ခု ထမ်းဆောင်ရပါတယ်။ဘုရားဟာ သူ့ရဲ့ကျေးဇူးတော်ကိုဆက်လက်ပြီး စဥ်ဆက်မပြတ် ပြန့်ပွားစေဖို့ ဒီခေါင်းဆောင်တွေအားဖြင့် ခန့်အပ်ထားခြင်းဖြစ်ပါတယ်။အခူးတာဝန်ကျေဖို့ မှာတယ်။ဒီလို ခန့်ထားခြင်း ရည်ရွယ်ချက်ကကျွန်ပ်တို့ တစ်ယောက်စီအတွက်ဆိုတာ သဘောပေါက်ထားရမယ်၊ပထမကျမ်းမှာ စိန့်ပေါက သူ့ကိုယ်သူ ဘဏ္ဍာစိုး အဖြစ် နားလည်တယ်၊တာဝန်ရှိသူအဖြစ် မှတ်ယူတယ်၊သူ့တာဝန် ဘယ်သူတွေတွက် အကျိုးအမြတ်ရဖို့လဲဆိုရင်၊ သူကိုင်တွယ်ရတဲ့ သိုးစုအတွက်ဘဲ ဖြစ်တယ်လို့ရှင်းပြထားတယ်။သာသနာတော်မှာရှိတဲ့ ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍကို မအမြဲတန်းဘဲ သဘောပေါက် ရမှာ ဖြစ်သလို ထားရှိရခြင်း ရည်ရွယ်ချက်ကလည်းကျွန်ပ်တို့ တစ်ယောက်စီ အတွက်ဖြစ်တာကိုအမြဲသဘောပေါက်ကြပြီးဘုရားသခင်ကိုအမြဲတန်းဘဲကျေးဇူးဆပ်တင်ကြစို့၊သူတို့အားဖြင့်ရရှိလာတဲ့ ကျေးဇူးတော်တွေကို လည်း အမြဲရရှိဖို့ အနေထားမှာ အသင့်ရှိကြစို့။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်။

gospel reflection