Pathein Catholic Diocese Untitled Document
Untitled Document
လူသား အဓိက လိုအပ်ချက်။
၃၀ ကြိမ်မြောက် စနေနေ့
အောက်တိုဘာ၊ ၂၉ ရက်။
ဖိလိပိ ၁ ၊ ၁၈ မှ ၂၆
လုကာ ၁၄ ၊ ၁၊ ၇ မှ ၁၁
ဆာလံ ၄၂။
လူသား အဓိက လိုအပ်ချက်။
ရုပ်ဝတ္ထု ပစ္စည်း၊လောကအရာများ၊အသက်ရှင် နေထိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်၊အဓိက လိုအပ်ချက်တော့မဟုတ်ပါ၊ဒါတွေ ရှိပေမဲ့ ဘဝ အနှစ်သာရ၊ အဓိပ္ပါယ် ပျောက်နေတဲ့၊ လူတွေ အများရှိနေတယ်။ဒီအရာတွေလုံလောက်မရှိ၊ဒုက္ခ ခက်ခဲ ကြုံပေမဲ့အဓိပ္ပါယ် အနှစ်သာရ တွေ့ရှိ ပိုင်ဆိုင်နေတဲ့ လူတွေလည်း အများရှိနေတာကျွန်ပ်တို့ သိကြတယ်။ဘဝမှာဘုရားရှိနေလို့ ဒုက္ခဆင်းရဲ ကြားမှာပင်၊ဘဝအဓိပ္ပါယ် တွေ့နေသူတွေ အများရှိနေပါတယ်။ဘဝ အနှစ်သာရ မပျောက်သူတွေအများရှိနေတယ်အတွင်းစိတ်ငြိမ်သက်၊ ပျော်ရွှင်ခြင်း၊မျှော်လင့်ခြင်းနဲ့ ပြည့်ဝသူတွေ အများရှိတာကို တွေ့ကြရပါတယ်၊ လောကအရာ၊မအောင်မြင်၊ ဒုက္ခပင်ပန်း ဆင်းရဲကြီးလွန်းတယ်၊မတရားနှိပ်စက်ခြင်းအောက် ရှိနေလည်း၊ ဘဝအဓိပ္ပါယ်တွေ့ပြီး၊ အနှစ်သာရ ရှိနေကြတဲ့လူတွေလည်း အများကြီး၊ကျွန်တို့ရဲ့အလယ်မှာရှိနေတာ တွေ့ရပါတယ်။
ဖိလိပိ သြဝါဒစာ ရေးချိန် စိန့်ပေါကထောင်တွင်းမှာ အကျဥ်းချ ခံရချိန်၊တရားစီရင်မှုကို စောင့်မျှော်နေချိန်ဖြစ်တယ်၊ နေအိမ်ချုပ် ရောမမှာနေချိန်၊ သို့မဟုတ် ဧဖက်စု ဆေဇားရီးယားမှာ အကျဥ်းကျခံနေရချိန်ဖြစ်တယ်လို့ သုံးသပ်ကြတယ်။လူသားရဲ့တကယ့်လိုအပ်
ချက်ကို ရရှိပိုင်ဆိုင်နေသူ စိန့်ပေါ ဖြစ်ပါတယ်။ သူ့ရဲ့အနက်ရှိုင်းဆုံး အရာ နှလုံးသားကတောင့်တ နေတဲ့ ဘုရားသခင်ကိုသူရရှိ ပိုင်ဆိုင်နေတာတွေ့ရတယ်။သူဟာ တရားတွေ့နေသူ ဘုရားပိုင်နေသူ ဖြစ်နေတယ်၊စိန့်ပေါက ငါ့အတွက်တော့ အသက်ရှင်နေတာ ခရစ်တော်၌ ဖြစ်၏ သေလျှင်မူ ကား သာ၍ကောင်းကျိုးရရန်ဖြစ်၏၊သေခြင်းဆိုတာလူသားတို့တွက်ဆုံးရှံးပျောက်ကွယ်အနုတ်သဘောဆောင်တဲ့အခါးသည်းဆုံး အရာဖြစ်တယ်၊အဲဒီအရာကိုတွေ့ကြုံချိန်မှာပင် အမြတ်ရတဲ့၊ကောင်းကျိုးရတဲ့ အချိန်လို့တမန်တော်က ပြောနေတယ်၊ထူးတာက စိန့်ပေါ ဘာအကျိုးရလဲ တော့မပြောပါဘူး၊ဒီလိုမပြောခြင်းကလည်းသဘောပေါက်ဖို့ပါဘသဘောပေါက်စေဖို့ကို သက်သက်မပြောတာဖြစ်တယ်။
သူဆိုလိုရင်းက ဘုရားကို ပိုင်နေတယ်၊ဒီလိုလူအတွက် ဘဝအစိတ်အပိုင်း အားလုံးက အမြတ်ကြီးပါဘဲ၊ကောင်းသော အကျိုးတွေချည်းပါဘဲ၊သေခြင်းမှာပင် ဘုရားပါနေလို့သူ့အတွက် အကျိုးအမြတ်ရနေခြင်းပါဘဲ၊ရှင်နေချိန်ကတော့ပြောနေစရာမလိုတော့ဘူးလူသားရဲ့ လိုအပ်ချက်အခိုင်အမာ ရနေပြီး သားဖြစ်တာမို့ကျန်တဲ့ လိုအပ်ချက်တွေ ကို သူဘာမှ မမှုတော့ပါဘူး၊ဒါဟာ စိန့်ပေါ ရဲ့အတွေ့အကြုံကို ကျွန်ပ်တို့ သိလိုက်ရခြင်း ဖြစ်တယ်။
ဆာလံ ၄၂ မှာ ငါ့ဝိညာဥ်သည်၊ ထာဝရ ဘုရားကို ငတ်မွတ်လျက်ရှိ၏၊ ဆာငတ်လျက်ရှိ၏၊လူသားရဲ့ အခြေခံ အကျဆုံးလိုအပ်ချက် ဖော်ပြနေတဲ့ ဆာလံ ဘဲဖြစ်ပါတယ်။ရိုးရိုးငတ်မွတ်တာခန္ဓာကိုယ် ငတ်မွတ်တာ မဟုတ်အနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့နှလုံးသားက နေ၊ ဝိညာဥ်ကနေ၊ငတ်မွတ်မှု လိုအပ်ချက်ကို ဖော်ပြနေခြင်း ဖြစ်တယ်၊အဲဒီ ငတ်မွတ်မှုဖြည်သိပ် ပေးပြီး ဆိုပါလျှင် ကျန်တာအားလုံးလည်း ဘဝမှာပြည့်စုံနေပါပြီ။ဒါ့ကြောင့် ဒီငတ်မွတ်မှုကိုအရင်ဦးစွာ ဖြေသိမ့်ရမှာဖြစ်တယ်။
ဧဝံဂေလိကျမ်းကို ကြည့်မယ်ဆိုရင်မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ခံရလိမ့်မည်။ သခင်က ဒီနေ့နှိမ့်ချဖို့ ကျင့်ဝတ် တစ်ခုလောက်သာသွန်သင်နေတာ မဟုတ်ပါဘူး ကိုယ့်ရဲ့ အခြေခံ လိုအပ်ချက်ကို သိဖို့ ၊မိမိကိုယ်ကို မိမိ ဘာလိုနေတယ်သိဖို့မိမိလိုအပ်ချက်ကို နှိမ့်ချစွာ ဝန်ခံဖို့ငါက ဘုရားကို လိုအပ်နေတယ်၊ဘုရားကလည်း အဲ့ဒီလို လိုအပ်ချက်ကို အကောင်းဆုံး လာရောက် ဖြည့်ဆွက်ပေးနေတယ်ဆိုတာကို ရိုးရိုးသားသား လက်ခံဖို့ဘဲ ဖြစ်ပါတယ်။
ဆေးကြောခြင်းမင်္ဂလာအားဖြင့်၊ကိုယ်တော်မြတ် စက္ကရမင်တူးဖြင့်၊ခရစ်တော်နှင့်အပြည့်အဝ အစုံလင်ဆုံးပေါင်းစပ်ပြီး ဖြစ်လို့ယုံကြည်သူများဟာ ဘဝရဲ့ အခြေခံ အကျဆုံးလိုအပ်ချက် ဘုရားကို ရရှိ ပိုင်ဆိုင်ပြီးသားဖြစ်တယ်။ဒီအချက်ကို လက်ခံ လိုက်ပြီဆိုရင် ဘဝမှာ ဘယ်လိုအခက်ခဲများဘဲ ရှိရှိ ၊ အဓိပ္ပါယ်အနှစ်သာ ပြည့်ဝတဲ့ ဘဝ ပိုင်ဆိုင်နေမှာဘဲ ဖြစ်တယ်။ အဲဒီလိုပုဂ္ဂ်ုလ်ဟာ ချီးမြှောက်ခံရမဲ့ လူဆိုတာအဲဒီလို လူဘဲ ဖြစ်တယ်၊သခင်ခရစ်ပြောတဲ့ ခြီးမြှောက်ခံရလိမ့်မည်ဆိုတဲ့ပုဂ္ဂိုလ်ဟာ မိမိလိုအပ်ချက်သိပြီးနှိမ့်ချစွာနဲ့ ဘုရားပေးလာတာကိုလက်ခံနေတဲ့ ပုဂ္ဂိုလ်ဘဲ ဖြစ်ပါတယ်။
ခွန်အား အသက် ရစေ၊အသီး သီးစေ ။Fr.Florence Aung Kyaw Oo ထောက်ရှုချက်။
gospel reflection