Pathein Catholic Diocese Untitled Document
Untitled Document
ကျမ်းရေးဆရာ စိန့် လုခ်ပွဲနေ့။

၂၉ ကြိမ် အင်္ဂါနေ့

အောက်တိုဘာ ၁၈ ရက်။

ကျမ်းရေးဆရာ စိန့် လုခ်ပွဲနေ့။

ဧဝံဂေလိကျမ်း၊ တမန်တော်ဝတ္ထုရေးသားခဲ့သူ၊ခေတ်ပညာတတ်သူ၊စာပေအရေးသား၊ အချက်လက်စုစည်း တင်ပြပုံ၊ထိမိသည်။အဓိကတင်ပြချက်၊ သခင်၏မွေးဖွားခြင်း၊ကလေးဘဝ၊သခင်ရဲ့ သာသနာလုပ် ငန်း၊အားလုံးအကျုံးဝင်၊အားလုံးအတွက် ရည်ရွယ်၊ Universality of Salvation. အဓိကထားရေးခဲ့တယ်။ ရှင်လုကာသည် ဆီးရီးယား လူမျိုးသမားတော်တစ်ဦးဖြစ်ပြီး၊လူကိုသနားတဲ့အလုပ်၊လူကိုကူညီတဲ့ ကရုဏာရေးလုပ်ငန်း များ အသားပေးဖော်ပြတယ်။

စိန့် လုခ်က man of faith ယုံကြည်ခြင်းကြီးသူ ဖြစ်တယ်၊ ဧဝံဂေလိကျမ်းမှာရော တမန်တော်ဝတ္ထုမှာပါ Journey of Faith ယုံကြည်ခြင်းရဲ့ခရီးလမ်း၊ အသားပေးရေးတယ်၊သူဟာ ယုံကြည်ခြင်းရဲ့ သဘောသဘာဝ ၊ဘုရားဘက်က ဘာတွေတောင်းဆိုလာမလဲ၊နောက်လိုက်တမန်တော်များရဲ့ အ​ခြေခံ လိုအပ်ချက်၊ ဖြစ်တဲ့ ယုံကြည်ခြင်း၊ ဘဝသက်တာမှာ လက်တွေ့ကျကျ၊ကြုံရမဲ့ အခက်ခဲ စိန်ခေါ်မှု ယုံကြည်ခြင်းအားနည်းခြင်း၊ လက်တွေ့အခက်ခဲ၊ ဒီအားနည်းခြင်းကို ဘယ်နည်းနဲ့အားကောင်းအောင် လုပ်မလဲ၊ ဒီလိုအချက် တွေကို ဘယ်လိုတုန့်ပြန်မလဲ အချက်တွေကို အစီစဥ်ကျကျရေးသားထားတယ်။ Man of faith. Man of action လက်တွေ့ကျကျလုပ်ဆောင်မှုနဲ့ အသက်ရှင်ခဲ့သူ Ideaအကြံဥာဏ် သက်သက်မဟုတ်၊ယုံကြည်တဲ့ အရာကို တကယ် လက်တွေ့ကျကျ အကောင်ထည်ဖော်ခဲ့တယ်၊ သာသနာလုပ်ငန်းမှာ သူကိုယ်တိုင်ပါခဲ့တယ်။

စိန့်လုခ် ပွဲနေ့ ပထမကျမ်း ဒု တိမောစိန့်ပေါက သူ့သာသနာ ခရီးလုပ်ငန်းမှာ လုခ်တစ်ယောက်တည်း ရှိတယ်၊ ပြောလိုတာ ရှေးဦးဆုံး သာသနာပြုအဖွဲ့ ထဲမှာ ရှင်လုကာ ပါဝင်တယ်။မှတ်ယူရပါတယ်၊ ဧဝံဂေလိ ကျမ်းမှာ လည်း တမန်တော် ၇၂ ပါးစေလွှတ်အထဲမှာပါဝင်တယ်လို့ဆိုတယ်။ Man of action လက်တွေ့ အသက်ရှင်မှု၊ သာသနာပြု လုပ်ငန်းစဥ်မှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်၊ယုံကြည်သည်အတိုင်းပြုမူတဲ့ Faith and action faith နဲ့ deed ကို ဘဝ လုပ်ဆောင်မှုနဲ့ ယုံကြည်ခြင်းကိုတွဲတယ်၊ ထပ်တူပြုတယ်။ ဘယ်လိုမျိုး ဆက်စပ်ရမယ် ဆိုတာလည်းသူ့ကျမ်းမှာ ထိထိမိမိ တင်ပြတယ်။

Man of vision. စိန့်လုခ် က အမြင်ကျယ်သူဖြစ်တယ်၊သာသနာတော်အတွက် ရှေ့မျှော်မှန်းချက် အတွက်စမြင်တယ်၊ဥပမာ အခန်းကြီး တစ်ကစပြီး မယ်တော်ဟာ ခေတ်အဆက်ဆက် Every generation. All generations. နောက်လာမဲ့ ဆွေစဥ် မျိုးဆက်တိုင်းက ငါ့ကို မင်္ဂလာ ရှိသောသူ ဟုခေါ်ရလတ္တံ့၊ ပြောလိုတာကသူ့ရဲ့ vision အမြင် ဘယ်လောက်ကျယ်ဆိုတာ သိရတယ်၊ သာသနာအတွက် ရှေ့မျှော်မှန်းချက်အတွက်သူ ဒါတွေကို ဝိညာဥ်တော် အလင်းအားဖြင့်ကြိုမြင် ကြိုပြောခဲ့တယ်။

သာသနာတော်လုပ်ငန်း အားလုံးနဲ့ဆိုင်တယ် Universality သမ္မာတရားက အားလုံးသိပိုင်ခွင့် ရှိတဲ့အရာအားလုံးရဲ့ အခွင့်အရေး ဖြစ်လို့အားလုံးဆီသို့ ပြန့်နှံ့ ရောက်ရှိဖို့တာဝန်ရှိတာကို ရေးထားတယ်။တသီးပုဂ္ဂလ လူတစ်မျိုးတည်းတွက်မဟုတ်မူပါဘဲ၊ဂျူး ဂရိ ဆမာရိမကလူတိုင်း အထူးသဖြင့် အပယ်ခံစွန့်ပစ်ခံ အပြစ်သား လူတောမတိုးလူရာမဝင် သူအားလုံး၊ အထူးအခွင့်အရေးနဲ့ ပါဝင်ရပါတယ်၊ဆိုတဲ့အခြေနေကို ပေါ်လွင်ထင်ရှားအောင်ထည့်သွင်းထားတယ်။

သမိုင်း အခင်းအကျင်း ကိုလည်းအကောင်းမြင်တယ်၊သူအသက်ရှင်နေထိုင်လှုပ်ရှားခဲ့တဲ့ အချိန်က နိူင်ငံရေးအရ၊ အခြားအခင်းကျင်းများအရ၊ရှုပ်ထွေးတဲ့ အခြေနေရှိတယ်၊ဒါပေမဲ့ သူက အကောင်းမြင်တယ်၊ယုံကြည်ခြင်း ပြန့်ပွားဖို့တွက် မျက်နှာသာမပေးတဲ့ အခင်းအကျင်းပေမဲ့ဒီအခင်းအကျင်းအားဖြင့် တိုးတက် စေတယ်၊ တိုးတက်လျက်ရှိတာကိုလည်း သူက ယှဥ်တွဲ ဖော်ပြတယ်။

Man of mercy သူဟာ သနားခြင်းရှိတဲ့ ပုဂ္ဂိုလ် ဆင်းရဲသားတွေ၊စိတ်ဝိညာဥ် ကာယ ဆင်းရဲ၊မကျန်းမာ၊စိတ် ဝိညာဥ် ဝေဒနါ ဗဟုသုတ နည်းပါးသူ၊တို့အပေါ်ဘုရားရှင်သနားခြင်းအထူးသက်ရောက်တယ်ဆိုတာကိုပီပီပြင်ပြင် ရေးသားခဲ့တယ်။သူဘဲရေးတဲ့ ဆင်းရဲသားများပုံဥပမာများပျောက်သောသား၊ ဒေဏာရီပြားစသည်၊ အနှိမ်ခံရသူများနောက်ဆုံးမှာ အပင့်မြှောက် ခံရမယ် အချက်လောက စံသတ်မှတ်ချက်အရ၊ နင်းပြားဖြစ်နေသော်လည်း နောက်ဆုံးမှာ ဘုရားက ပင့်မြှောက်ဦးမယ်ပြောင်းပြန်လှန်မယ်အချက်၊သူ့ကျမ်း မှာတောက်လျှောက် တွေ့ရတယ်၊Man of the Holy Spirit. ဝိညာဥ်တော် ပြည့်ဝတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တစ်ယောက်စီရော၊ အဖွဲ့အစည်းမှာဝိညာဥ်တော် ပြည့်ဝတယ်ကိုသူကသတိပေးထားတယ်။ Man of prayer ဆုတောင်းခြင်းကိုလည်းတခြားကျမ်းတွေထက်ပိုအလေးပေးဖော်ပြတယ်။ ယုံကြည်ခြင်းနှင့်လက်တွေ့ဘဝကို ယှဥ်တွဲ ထပ်တူပြုနိူင်ခဲ့တယ်၊လက်တွေ့အခင်းကျင်း သမိုင်းအခင်းကျင်း၊ နေ့စဥ် အဖြစ်ပျက်များမှာလည်း၊ ဘယ်အခြေနေမဆိုအခွင့်ရေးတစ်ရပ် အဖြစ်၊မြင်ဖို့အခွင့်အရေးကို ရအောင်ရှာ၊ အသုံးချတတ်ဖို့၊ ရေးထားတာ တွေ့ရတယ်။

ဒီအချက် အားလုံးကို ဆုတောင်းမေတ္တာ တစ်ပုဒ် အဖြစ် ပုံဖော်နိူင်ခဲ့တယ်၊ ဒီအချက်အားလုံး ခရစ်ယန် ဘဝသက်တာရဲ့ pattern ပုံစံအဖြစ်အစအဆုံးအားလုံးဘုရားရဲ့ အလင်းတော်နှင့် ရှုမြင်ထားခြင်း ဖြစ်တယ်။ ပြောမကုန် ထောက်ရှုမကုန် စိန့်လုခ်ကို ဆုတောင်း ကာ မိမိကိုယ်ရောအသင်းတော်ကိုပါ နားလည်ရအောင် ဘုရားကျေးဇူး ယုံကြည်ခြင်း ဆုတောင်းခြင်း ပိုပြီး စွဲမြဲ ခိုင်မာရအောင် ရှင်လုကာကို ဆုတောင်းခိုင်းကြပါစို့။

ခွန်အား အသက် ရစေ၊အသီး သီးစေ ။

Fr. Florence Aung Kyaw Oo ရဲ့ထောက်ရှုချက်ကို ဝေမျှသည်

gospel reflection