Pathein Catholic Diocese Untitled Document
Untitled Document
မင်းပညာရှိသုံးပါးပွဲနေ့အတွက်ထောက်ရှုဝေမျှချက်

မင်းသုံးပါးပွဲနေ့

ရှင်မာတေဦး ၂း ၁-၁၂

ဤယနေ့သည်မင်းသုံးပါးပွဲနေ့ဖြစ်၏။ ဤမင်းသုံးပါးပွဲနေ့သည် အသင်းတော်၏ ပွဲနေ့များအနက် အရေးကြီးဆုံးသော ပွဲနေ့ကြီးတစ်နေ့ဖြစ်၏။ ခရစ္စမတ်ပွဲနေ့၌ သခင်ယေဇူးသည် မိမိကိုယ်ကိုဂျူးလူမျိုးတို့အားဖော်ပြခဲ့၏။ မင်းသုံးပါးပွဲနေ့၌ ကိုယ်တော်သည် မိမိကိုယ်ကိုသာသနာပတို့အားဖော်ပြခဲ့၏။ မင်းသုံးပါးပွဲနေ့ကို အင်္ဂလိပ်လို အက်ပီဖာနီ (Epiphany) ဟုခေါ်၏။ အက်ပီဖာနီဆိုသည်မှာ ဖော်ပြသည်ဟု အဓိပ္ပာယ်ရ၏။

မင်းသုံးပါးတို့သည် နက္ခဗေဒပညာရှင်များ ဖြစ်ကြသည်ဟုဆို၏။အဘယ် ကြောင့်ဆိုသော် သူတို့သည်ကြယ်၊နက္ခများ၏အကြောင်းကိုသိသောကြောင့် ဖြစ်၏။ သူတို့သည် မီဒီယန်လူမျိုးများဖြစ်ကြပြီး အရှေ့တိုင်းမှလာကြသည်ဟု ဆို၏။ 

ဤမင်းသုံးပါးတို့သည် ဗက်သလင်ဟင်မြို့သို့ ရောက်ရှိလာကြခြင်းမှာ သူငယ်တော်ယေဇူးကို ဖူးမျှော်ရှိခိုး ရန်နှင့် လက်ဆောင်များ ဆက်သ ပူဇော်ရန် ဖြစ်၏။ သူတို့လာခဲ့ရသော ခရီးမှာဝေးလံ၍ကြမ်းတမ်း၏။ ဂျူဒေယ သဲကန္တာရကြီးကို ကျော်ဖြတ်ရ၏။ မိသားစုနှင့်လည်း နှစ်ရှည် လများ ခွဲ ခွာကြရ၏။ သို့သော် ကယ်တင်ရှင်ယေဇူးခရစ္စတော်ဖွားမြင်သည့်အကြောင်းကို ဘုရားသခင်က ဗျာဒိတ်ပေးသောအခါ သူတို့သည် ဒုက္ခအခက်အခဲကြားမှ သူငယ်တော်ရှိရာအရပ်သို့အရောက်လာခဲ့ကြ၏။

ကောင်းကင်၌သူတို့မြင်တွေ့ရသောကြယ်သည်သာမန်ကြယ်တစ်လုံးမဟုတ်ပေ။ အချို့က ဤကြယ်ကို ကြယ်တံခွန်ဟု ဆို၏။ ဤကြယ်က မင်းသုံးပါးတို့အား ကယ်တင်ရှင်ဖွားမြင်တော်မူသည့်အကြောင်းကို သိရှိစေ ခဲ့၏။ မင်းသုံးပါးတို့သည် ဟေရုဒ်မင်းကြီးထံသို့ ရောက်ရှိသောအခါ ဤကြယ်သည် ပျောက်ကွယ်သွားခဲ့၏။ ဟေရုဒ်မင်းကြီးထံမှ ထွက်ခွာလာကြ သောအခါ ဤကြယ်သည် တဖန်ပြန်၍ ပေါ်လာ၏။ ဤကြယ်သည် မင်းသုံးပါး တို့ကို သူငယ်တော်ယေဇူးရှိရာသို့ အရောက်ပို့ဆောင်ပေးခဲ့၏။

ကျမ်းရေးပုဂ္ဂိုလ်ကြီးရှင်မာတေဦးက မင်းသုံးပါးတို့သည် အိမ်သို့ဝင်လေသော် မယ်တော်မာရီးယားနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင်ပျပ်ဝပ်ကိုးကွယ်၍ မိမိတို့ဘဏ္ဏာဥစ္စာတို့ကို ဖွင့်ပြီးမှ လော်ဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏ဟု ဆို၏ (ရှင်မာတေဦး ၂း၁၁)။

ရွှေမည်သည်မှာ ဘုရင်မင်းမြတ်တို့နှင့်ဆိုင်၏။ မင်းသုံးပါးတို့က ရွှေကို ဆက်သ ခြင်းမှာ ဖွားမြင်တော်မူသော သူငယ်တော်ယေဇူးသည် ဘုရင်မင်းမြတ် ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်းဖြစ်၏။

လော်ဗန်သည် ဘုရားသခင်ကို ဝတ်ပြုရှိခိုးသည့်အချိန်၌ အသုံးပြုသည့် အရာဖြစ်၏။ မင်းသုံးပါးတို့သည် လော်ဗန်ကို ဆက်သခြင်းဖြင့် သူငယ်တော်ယေဇူးကို ဘုရားအဖြစ် အသိအမှတ်ပြုကြ၏။

ဂျူးလူမျိုးတို့သည် မုရန်တည်းဟူသော နံ့သာမျိုးကို လူသေတို့၏ အလောင်းကိုသုတ်လိမ်းပေးလေ့ရှိကြ၏။ မင်းသုံးပါးတို့သည် မုရန်ကို ဆက်သခြင်းဖြင့် သူငယ်တော်ယေဇူးသည် လူစင်စစ်ဖြစ်၍ တစ်နေ့သ၌ ဧကန်အမှန်သေရမည်ဖြစ်သည်ဟူသော အဓိပ္ပာယ်ဖြင့် ဆက်သခြင်းဖြစ်၏။ မင်းသုံးပါးတို့က သခင်ယေဇူးသည် ဘရားဖြစ်သည်။ လူဖြစ်သည်။ ဘုရင်မင်းမြတ်လည်းဖြစ်သည်ဟု အသိအမှတ်ပြုကြ၏။ 

မင်းသုံးပါးကိုဗက်သလင်မြို့သို့ ဦးဆောင်လမ်းပြပေးသည့် ကြယ်သည် သူငယ် တော်ယေဇူးရှိရာနေရာအပေါ်၌ ရပ်နေ၏။ဤကြယ်သည် ဘုရားကျောင်းထဲ၌ ထွန်းထားသည့်ကိုယ်တော်မြတ်မီး၏အသွင်းသဏ္ဍာန်ကိုဆောင်၏။ထွန်းညိထားသော ကိုယ်တော်မြတ်မီးသည် ဗိမာန်ထဲ၌ သင်ယေဇူးရှိကြောင်းကို ပြသ နေ၏။

သခင်ယေဇူးသည် လွန်ခဲ့သော နှစ်ရာစုပေါင်းများစွာက ဗက်သလင်ဟင်မြို့၌ နေထိုင်ခဲ့သည်သာမက ယနေ့၌လည်း ကျွန်ုပ်တို့ရှေ့မျက်မှောက်တွင်ရှိသော ကိုယ်တော်မြတ်စက္ကရမင်တူး၌လည်း ရှိနေကြောင်းကို ဖော်ပြနေ၏။ မင်းသုံး ပါးသည် အချိန်ကုန်ငွေကုန်ခံ၍ သူငယ်တော်ယေဇူးကို ဖူးမျှော်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်မြတ်စက္ကရမင်တူး၌ ကျိန်းဝပ်စံပယ် တော်မူ သော သခင်ယေဇူးကို မကြာခဏလာရောက်၍ ဖူးမျှော်ထိုက်၏။ မင်းသုံးပါး တို့သည် သူငယ်တော်ယေဇူးအား ရွှေ၊ လော်ဗန်နှင့်မုရန်တည်းဟူသော နံ့သာ မျိုးတို့ကို ဆက်ကပ်ပူဇော်ကြ၏။ ကျွန်ုပ်တို့သည်လည်း သူငယ်တော် ယေဇူးအား ကျွန်ုပ်တို့၏ ချစ်ခြင်း၊ကျေးဇူးတင်ရှိခြင်း၊ ချီးမွမ်းထောပနာ ပြုခြင်း၊ရှိခိုးကိုးကွယ်ခြင်းစသည့် လက်ဆောင်များကို ပေးသင့်၏။ 

မင်းသုံးပါးသည် သူငယ်တော်ယေဇူးအား ရွှေကိုဆက်သခြင်းဖြင့် ရှင်ဘုရင် အဖြစ်အသိအမှတ်ပြုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း နာခံခြင်း၊ သစ္စာရှိခြင်း တို့ဖြင့် ကိုယ်တော်ကို ရှင်ဘုရင်ဖြစ်ကြောင်း အသိအမှတ်ပြုကြရမည်။ 

မင်းသုံးပါးတို့သည် သူငယ်တော်ယေဇူးအား လော်ဗန်ကို ဆက်ကပ်ပူဇော်ြခင်း အားဖြင့် ဘုရားဖြစ်ကြောင်းကို အသိအမှတ်ပြုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ချစ်ခြင်း၊ ရှိခိုးကိုးကွယ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဘုရားဖြစ်ကြောင်း အသိ အမှတ်ပြုကြရမည်။

မင်းသုံးပါးတို့သည် သူငယ်တော်ယေဇူးအား မုရန်တည်းဟူသော အမွှေးနံ့သာ ကိုဆက်သပူဇော်ခြင်းဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံရသည်ကို ဖော်ပြနေသည်ဖြစ်၍ ကျန်ုပ်တို့သည်လည်း မိမိတို့၏ အပြစ်များအတွက်နှင့်ကမ္ဘာသူကမ္ဘာသားများ၏ အပြစ်များအတွက် ဝမ်းနည်း၍ နောင်တယူကြရမည်။ 

သက်ကြီးဝါကြီးရဟန်းတစ်ပါး

ပုသိမ်ကက်သလစ်သာသနာ 

 

 

gospel reflection