Pathein Catholic Diocese Untitled Document
Untitled Document
မင်္ဂလာတရားတော်များအကြောင်း

၇ စက်တင်ဘာ ၂၀၂၂ (ဗုဒ္ဓဟူးနေ့)

ရှင်လုကား ၆း ၂၀-၂၆

မင်္ဂလာတရားတော်များအကြောင်း

မင်္ဂလာတရားတော်ရဲ့အဓိပ္ပာယ်ကို အခြေခံသဘော ဘယ်လိုနားလည်ရမလဲ ဆိုရင် ဘုရားရှေ့တော်မှာ နေရာရခြင်း၊ မျက်နှာရခြင်း၊ ဘုရားနဲ့ ဆက်သွယ်ရခြင်းလို့ အဓိပ္ပာယ်အခြေခံပြန်လို့ရပါတယ်။ တစ်ချို့ကပျော်ရွှင်ခြင်း ပြည့်ဝစုံလင်တဲ့ ပျော်ရွှင်ခြင်း လို့လည်းအဓိပ္ပာယ်ဖွင့်ကြပါတယ်။ အင်္ဂလိပ် ဘာသာပြန်တစ်ချို့မှာ။ ဒါကလည်းမမှားပါဘူး။ ဒါပေမဲ့ ဒီကျမ်းပိုဒ်ကို အသေအချာကြည့်မယ်ဆိုရင် ပထမဆုံးတစ်ကြောင်းဟာ ရှင်လုကားမှာပါ ပါတယ်။ ရှင်မာသဲမှာမပါတဲ့အကြောင်းရှိပါတယ်။ သခင်ယေဇူးက စေ့စေ့ကြည့်တယ်လို့ဆိုပါတယ်။ Look intently. Jesus faces His eyes on disciples. သူ့တပည့်တွေ သူ့နောက်လိုက်တွေကို စေ့စေ့ကြည့်တယ်တဲ့။ ဒီတစ်ကြောင်းလေးကို ရှင်လုကားက ထည့်ထားပေးပါတယ်။ ဒီဟာက ရည်ရွယ်ချက်ရှိရှိထည့်ထားခြင်းလို ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီမင်္ဂလာတရားတွေဟာ ဘုရားရဲ့အကြည့်ကနေပြီးတော့ ထွက်ပေါ်လာတဲ့အသီးတွေအပွင့်တွေလို့ပဲ ဆိုတယ်။ ဘုရားဘက်ကပေးလာတဲ့အသီးလို့ဆိုပါတယ်။ အသီးအပွင့်အကျိုးရလဒ်တွေလို့ဆိုပါတယ်။ ဒါ့ကြောာင့် ဆာလံ ၁ မှာကတည်းက ဘုရားကတိထားတဲ့အရာဟာ ဒါပဲဖြစ်ပါတယ်။

ရှင်လုကားကျမ်းမှာ စဖွင့်ထဲကလည်းပဲ ခန်းကြီး ၁ မှာထဲက အမိန့်တော်ပြန်တဲ့အချိန်မျိုး သံတာဧလိဇဘက်နုတ်ဆက်တဲ့အချိန်မျိုး Beatitude ဒီအရာတွေက မယ်တော်တို့ဆိုတဲ့မေတ္တာထဲမှာ သကြားတမန်တို့ဆိုတဲ့အထဲမှာ ပါနေပါတယ်။ တောက်လျှောက်လည်း မင်္ဂလာရှိတဲ့အကြောင်းကို မကြာခဏတွေ့ရပါတယ်။ ပြောချင်တာက ဘုရားရဲ့ကတိဟာ ဒီအပေါ်မှာ ဆက်လက်ပြီးဖြစ်ပွားတယ်ဆိုတာ သိရပါတယ်။ ဒီမင်္ဂလာရှိခြင်းဟာ ဘာကိုဖော်ပြနေလဲ။ မင်္ဂလာတရားဟာ ဘာကိုဖော်ပြနေလည်းဆိုတော့ နောက်လိုက်တွေရဲ့ အဓိပ္ပာယ်ဘဝကို ဖော်ပြနေပါတယ်။ နောက်လိုက်တွေရဲ့ အဓိပ္ပာယ်ဘဝဟာ ဘယ်လိုရှိလည်းဆိုရင် စိန့်ပေါလ်ပြောသလို ငိုကောင်းငိုနေမယ်။ သေဒဏ်ကျကောင်းတောင်ကျနေမယ် စိန့်ပေါလ် သူများတွေရဲ့ မုန်းတီးခြင်းလက်ညိုးထိုးခံခြင်းခံနေရတယ်။ အပယ်ခံနေရတယ်။ သို့သော် bondless joy သူ့မှာ အတိုင်းအစမရှိတဲ့ ပျော်ရွှင်မှုမှာ အတွင်းသက်အနက်ဆုံးနေရာမှာ ရှိနေပါတယ်။

 စိန့်ပေါလ်ကပြောနေပါတယ် ပထမကော်ရိန္တုမှာ၊ အဲလိုမျိုးပဲဖြစ်ပါတယ်။ ဒါကတော့ လက်တွေ့ကျကျအဓိပ္ပာယ်ရှင်းလင်းမှုတစ်ခုပဲဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ဒီမင်္ဂလာတရားတွေဟာ သခင်ယေးဇူးကိုယ်တိုင်ရဲ့ နက်နဲရာအချက်တွေကို ဖော်ပြနေပါတယ်။ သခင်ယေဇူးကိုယ်တိုင်ရဲ့ နက်နဲရာအချက်ဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သူကိုယ်တိုင် ဆင်းရဲဖူးတယ်။ ဆင်းလည်းဆင်းရဲတယ်။ သူကိုယ်တိုင်ဆာငတ် တတ်ပါတယ်။ သူကိုယ်တိုင် ငိုကြွေးပါတယ်။ သူကိုယ်တိုင်အမုန်းခံရတယ်။ အပါယ်ခံရတယ်။ သူကိုယ်တိုင်အသတ်တော်မှ ခံရပါတယ်။ သို့သော်သူဟာ ဘုရားနဲ့ အဆက်အသွယ်ရှိနေတယ်။ ဘုရားရဲကြည့်ခြင်းကိုခံနေတဲ့ ပုဂ္ဂိုလ်တစ်ပါးအမြဲတမ်းဖြစ်တဲ့အတွက်ကြောင့် သူဟာ အတွင်းသက်မှာ အမြဲတမ်းပျော်ရွှင်နေပါတယ်။ ငြိမ်သက်နေပါတယ်။ စစ်မှန်တဲ့နက်ရှိုင်းတဲ့ ပျော်ရွှင်မှုကို သူရရှိနေပါတယ်။ သူ့ဘဝဟာ Blessed မင်္ဂလာရှိတဲ့ ပုဂ္ဂိုလ်လို့ ကျွန်တော်တို့ မှတ်ယူရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Catechism (ဘုရားစကားအယူဝါဒ) ကလည်း သွန်သင်ထားတာ မြတ်သောအယူဝါဒက ဘယ်လိုသွန်သင်ထားလဲဆိုရင် Beatitudes are displayed the continent of Jesus, the face of Jesus ဆိုပါတော့ ဒီမင်္လာတရားတွေဟာ သခင်ယေဇူးရဲ့ မျက်နှာမှာ ဖော်ပြလိုက်ခြင်းဖြစ်တယ်။ သူ့စီမှာ အကုန်လုံးတွေ့ရလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်းပဲ ငိုကြွေးကောင်း ငိုကြွေး ဥပမာ ငိုလည်း ငိုကြွေးရအုံးမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆင်းရဲလည်း ဆင်းရဲမှာပဲ ရုပ်ပိုင်း ဆိုင်ရာအရဖြစ်ဖြစ်၊ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်း ဆာလည်းဆာငတ်ဖူးမှာပဲ။ ဒါမျိုးအခြေအနေတွေရှိတဲ့အခါမှာ ဒါကို သတိရ ရမှာဖြစ်ပါတယ်။  

ဒါ့ကြောင့် ဒီဟာက ဘုရားဟာ ဒီလိုခံစားနေရတဲ့ ပုဂ္ဂိုလ်တွေနဲ့ မင်းတို့ဘာသာမင်းတို့ခံကွာ၊ ငါအပေါ်စီးကပဲ ကြည့်နေမယ်။ ဒီအတိုင်းကြည့်နေတဲ့ပုဂ္ဂိုလ်မဟုတ်ပဲနဲ့ သူကိုယ်တိုင်ကိုယ်ကျ သွေးစီးညီညွတ်တယ်။ လာပြီးတော့ သူကိုယ်တိုင်နေပြီးကမှ သူနဲ့ထပ်တူပြုပြီးကာမှ ဒီအရာတွေကို မင်္ဂလာရှိတဲ့အရာတွေအဖြစ် ပြန်လည်ပြီး မြင့်တင်လိုက်ခြင်း တန်ဖိုးတစ်ခုအသစ်ကိုပေးလိုက်ခြင်း လောကရဲ့ စံတန်ဖိုးတွေကို ဗြောင်းပြန်လှန်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီအရာဟာ Road Map for the Church လို့လည်းပြောပါတယ်။ ရဟန်းမင်းကြီး ပြီးခဲ့တယ် ဘေနေဒစ် ၁၆ က ဒါဟာ အင်းတော်ဘယ်လိုသွားရမလဲဆိုတဲ့မြေပုံပါပဲ။ အသင်းတော်ဒုက္ခခံရတယ်။အသင်းတော်ငိုကြွေးတယ်။ အသင်းတော် သာသနာတော်ဆာငတ်တယ် စသည်ဖြင့် သို့သော်လည်းပဲ သူမဟာ ဘုရားရဲ့အကြည့်ကို ခံနေရတယ်။ ဘုရားအဆက်အသွယ်ပြုခြင်းကို ခံနေရတဲ့အတွက်ကြောင့် သူမ နက်ရှိုင်းတဲ့ ပျော်ရွှင်မှုမျိုးကို ရရှိနေတာပဲဖြစ်ပါတယ်။

နောက်တစ်ခါ ဒီ Beatitude တွေဟာ Direction for the disciples ကျွန်တော်တို့ နောက်လိုက်တစ်ယောက်စီအတွက် လမ်းပြလမ်းညွှန်တဲ့အရာတွေလည်းဖြစ်ပါတယ်။ ဒါတွေကို လမ်းညွှန်အရာတွေဖြစ်နဲ့ ကျွန်တော်တို့ အမြဲတမ်းပဲ ဦးတည်ထားနေရမှာဖြစ်ပါတယ်။ Transformation of values ဒီစံတန်ဖိုးတွေကိုလည်းပဲအသစ်ပြောင်းပါတယ်။ခုနပြောပြီးခဲ့ပြီးပြီ။ ဒါ့ကြောင့်မို့လို့ မင်္ဂလာရှိတယ်ဆိုတာ တကယ့်အပြင်ပန်း အရာတွေဟာ သူတို့အတွက်ဘာမှ မဟုတ်တော့ပဲနဲ့ အထဲမှာကိုက ဘုရားနဲ့အနှစ်သာရရှိရှိ အတွင်းသက်အဆက်အသွယ်ရလိုက်တဲ့ ပုဂ္ဂိုလ် ဘုရားကြည့် ခြင်းခံရတဲ့ပုဂ္ဂိုလ် ဘုရားကို ပြန်မြင်နေတဲ့ ပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်။ To see God is to possess Himself  ဘုရားကိုမြင်လိုက်ရခြင်းဟာ ဘုရားကိုယ်တိုင်ကြီးကို ပိုင်ဆိုင်လိုက်ရခြင်းပဲလို့ မြတ်သောအယူဝါဒထဲမှာ သွန်သင်ထားပါတယ်။ မြတ်သောအယူဝါဒထဲမှာလည်း သွန်သင်ထားပါတယ်။ ဒီလောက်ပြည့်စုံချမ်းသာတဲ့နေရာမရှိပါဘူး။ လူအများလိုက်ရှာနေတယ်။ အခြေခံအကျဆုံးသောလိုအပ်ချက် နောက်ဆုံးသောပန်းတိုင်ဟာလည်းပဲ ပျော်ရွင်ခြင်း မင်္ဂလာရှိခြင်းပါပဲ။ ဒီဟာကို ဘုရားက နောက်ဘဝမှာပေးတာမဟုတ်ပဲနဲ့ အခုဘဝကတည်းက သူ့ရဲ့အကြည့်ခံနေတဲ့လူ ကိုယ်ကလည်းပဲ နှလုံးသားနဲ့မြင်နေတဲ့လူဖြစ်လို့ရှိရင် ပြန်ပေးမှာဖြစ်ပါတယ် Poor in the spirit ဆိုတာဒါပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးမှာ တကယ်လည်းပဲ ဘုရားကြည့်နေတယ်ဆိုတာ သိလို့ရှိရင် ကျွန်တော်တို့လည်းသူ့ကိုပြန်ကြည့်နေသလိုဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ စိန့်ပေါလ်တို့က စပြီးတော့ စိန့်ဖရန်စစ်အာစီစီတောက်လျှေက် မာသာရ်ထရေဇားတို့ ခေတ်ထိအောင်ကို ဒါကို ကျွန်တို့ မင်္ဂလာရှိတယ်ဆိုတာကို လက်တွေ့ကျကျသိခဲ့ရပါတယ်။ သူတို့ဘဝဟာ ဒုက္ခဆင်းရဲ အပင်ပန်းတွေရှိတယ်။ သို့သော်လည်းပဲ အတွင်းသက်မှာ ငြိမ်သက်လျှက်ရှိတယ်။ ပျော်ရွှင်လျှက်ရှိတယ်။ ဘဝအနက်အဓိပ္ပာယ်လေးလေးနက်နက်ရှိတယ်။ ဒါဟာ မင်္ဂလာရှိခြင်းလို့ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဘုရားကိုထဲက အဲဒီလိုဖြစ်အောင်ဖန်တီးခဲ့လို့ပဲဖြစ်ပါတယ်။

ဖာသာရ်လောရင့်အောင်ကျော်ဦးရဲ့ ထောက်ရှုချက်ကို ဝေမျှသည်။

gospel reflection