Pathein Catholic Diocese Untitled Document
Untitled Document
မယ်တော် မွေးနေ့ပွဲ

စက်တင်ဘာ ၈ ရက်။

မယ်တော် မွေးနေ့ပွဲ။

လူတို့ မွေးနေ့ပွဲ ကျင်းပကြတယ်။ဘယ်လိုဘဲ ကျင်းပကြစေ၊မယ်တော်မွေးနေ့ပွဲ ကျင်းပသည်နှင့် မတူကွဲကွာခြား တယ်ဆိုတာ ဦးစွာ သတိပြုကြရမယ်၊ ကျင်းပရခြင်းအကြောင်း၊ကျင်းပခြင်း ရည်ရွယ်ချက် မတူပါ။

သမိုင်းတစ်လျှောက်၊ ဧကရာဇ်၊ ရှင်ဘုရင်တို့ မွေးနေ့ပွဲ ခန်းနားကြီးစွာကျင်းပခဲ့ကြတယ်၊ ဂရိ တို့ ရောမ တို့ခေတ်မှာ အစဥ်အလာ ကြီးခဲ့ကြ၊ဆီဇာ တို့ သြဂတ် စတပ် တို့ရဲ့မွေးနေ့ပွဲများ ခန်းနားခဲ့ကြတယ်။

သူတို့ကိုယ်ကို ကယ်တင်သူများ၊လို့ကြေညာပြီး၊ သူတို့ရဲ့မွေးနေ့ဟာ၊ကယ်တင်ခြင်း ပေးတဲ့နေ့ အဖြစ်သတ်မှတ်ပြီးအင်ပိုင်ယာထဲမှာ ခမ်းနားကြီးစွာ ကျင်းပစေခဲ့တယ်။

အမှန်လောကကို ကယ်တင်ခြင်း၊ပေးခဲ့တာ ဒီလို ပုဂ္ဂိုလ်တွေ မဟုတ်ပါလူတို့ကယ်တင်ခြင်းအတွက် သူတို့ရဲ့လုပ်ဆောင်ချက်၊ သမိုင်းမှာ ထင်ရှားအထောက်အထား ရှာမတွေ့ပါ။

လူသား တစ်ဦး မွေးဖွားလာပြီး၊ လူ့လောက ကိုအကျိုးပြုသလားဆိုတာလူ့ဘဝ ကုန်ဆုံးချိန်မှ၊ ရှင်သန်ခဲ့စဥ်လုပ်ဆောင်ချက် ကြည့်ပြီးမှ အဖြေပေးလို့ ရနိူင်ပါတယ်၊ ပြန်သုံးသပ်လို့ရပါတယ်။တစ်ချို့ရဲ့ ရှင်သန်တဲ့အသက်တာ က လူ့ဘောင်လောကကိုကောင်းကျိုးမပြုလေဘဲ၊ဆိုးကျိုးကို ပိုလို့ဖြစ်စေတာတွေ့ရတယ်။

သူမွေးဖွားလာခြင်းက ကောင်းချီးကျေးဇူးယူဆောင်လာရမဲ့အစား၊ကျိန်ဆဲခြင်း သာ ဖြစ်စေတဲ့ ပုဂ္ဂိုလ်မျိုးလည်း ရှိပါတယ်။လူတစ်ဦး တစ်ယောက်ကြောင့်၊သူ့အသိုက်အဝန်း တစ်ခုလုံး ၊အမိုက်မှောင်ထဲ ဆွဲချ ခံရလူစားမျိုးလည်းကြုံဖူး တွေ့ဖူးကြမှာပါ၊ ဒီလို လူမျိုးတွက် မွေးနေ့ပွဲ ကျင်းပပေးဖို့အကြောင်းမရှိပါဘူး။

အမိမယ်တော်က ဒီလိုမျိုးမဟုတ်ပါ၊မွေးစကပင် လောကကြီးကအသစ်စတော့မဲ့ ရောင်ခြည်သန်းလာတယ်၊သူမ မှတဆင့် လောက ကယ်တင်ရှင်ဖွားမြင်လာတော့မှာဖြစ်လို့လောကကရှာဖွေနေတဲ့ ဘဝရဲ့ အဓိပ္ပါယ်၊ဘဝပန်းတိုင်က ပေါ်လွင် ထင်ရှားစွာရောက်ရှိလာချိန် ဖြစ်ပါတယ်၊ခရစ်တော်အားဖြင့်စတင် တည်ရှိလာမဲ့ကောင်းကင်သစ်နဲ့မြေကြီးသစ် ရဲ့ရောင်နီဦး၊ လောကသစ်ရဲ့ ရောင်နီဖြစ်နေလို့ပါ၊ မယ်တော်အားဖြင့်၊ဘုရားရှင် လူ့လောကသို့ ဝင်ရောက်လာတယ်၊ ဘဝသစ် လူ့လောကတွင်းဝင်လာဖို့ ဖန်ဆင်းခြင်းအသစ် ပြန်လည်ဖြစ်စေဖို့၊မယ်တော်က တံခါးဝ ဖြစ်ပါတယ်။အပြင်ပတံခါးဝ မဟုတ်ကိုယ်ခန္ဓာဖြင့် ပဋိသန္ဓေ မယူမီကပင်နူတ်ကပတ်တော်ကို၊ဘုရားသခင်ကို၊သူမရဲ့ နှလုံးသားမှ ပဋိသန္ဓေ စွဲယူခဲ့ပြီး ဖြစ်တယ်လို့ ရှင်သြဂတ်စတင်းပြောခဲ့တယ်။

ဘုရားရှင် လောကသို့ ကြွလာဖို့၊လမ်းဖွင့်ပေးခဲ့သူ ဖြစ်တယ်၊ဘုရားကယ်တင်ခြင်း လုပ်ငန်းတော်ကို၊ရောင်နီသန်းစေခဲ့သူ ဖြစ်တယ်။သမိုင်းမှာရှိတဲ့ပုဂ္ဂိုလ်တွေ လုပ်နိူင်လုပ်ခဲ့ တာမျိုး မဟုတ်တဲ့ ကယ်တင်ခြင်းကို ၊ သူမ သားတော်အားဖြင့် စတင် လုပ်တောင်တော့မှာ ဖြစ်လို့သူမ မွေးဖွားလာခြင်းက ရောင်နီဦးသန်းလာခြင်းပါလို့ အသင်းတော်ကမှတ်ယူပါတယ်။

သမိုင်းထဲက ပုဂ္ဂိုလ်ကြီးတွေ တစ်ဦးမှ မလုပ်နိူင်ခဲ့တဲ့အရာ၊ လူသားများအားလုံး ကယ်တင်ရေးအတွက်၊ဘုရားကို သယ်ဆောင် မွေးဖွားပေးလာတဲ့ ပုဂ္ဂိုလ် ဖြစ်နေတယ်၊ လူတွေလိုချင်၊တောင့်တ ကြတယ်၊ခေတ်အဆက်ဆက်အဖွဲ့လိုက်၊ တစ်ဦးချင်း၊ရှာဖွေနေကြတဲ့ ဘဝရဲ့ အဓိပ္ပါယ်၊ထာဝရ အသက်တာပျော်ရွှင်ခြင်းကိုလည်း ယူဆောင်လာမဲ့ ပုဂ္ဂိုလ်ကိုမွေးဖွားလာတော့မယ် ဖြစ်လို့၊ လောကကြီးတစ်ခုလုံးတွက် ရောင်နီဦးချိန်လို့ပြောရင် မမှားပါဘူး၊ ဒီလောကကြီးကို အခြေခံက စပြီး ပြောင်းလဲဖို့၊ကြီးမားတဲ့ လုပ်ငန်းတော်မှာ မယ်တော်ရဲ့ ခန္ဓာ ဟာ မရှိမဖြစ် ကဏ္ဍမှာ တစ်ခုအပါ ဖြစ်တယ်။

လောကတစ်ခုလုံးကိုဝိညာဥ်စွမ်းအားမေတ္တာ စွမ်းအား၊ဖြင့်သာပြောင်းလဲပေးနိူင်မှာဖြစ်တယ်၊အဲ့လို ဘုရားရဲ့စီမံကိန်းတော်မှာ မယ်တော်ပါဝင်ခဲ့တယ်၊အဲ့ ပုဂ္ဂိုလ်ရဲ့မွေးဖွားလာခြင်းဟာ ကယ်တင်ခြင်း ပြည့်စုံခြင်းသို့ရောက်တော့မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အသင်းတော်က သူ့ရဲ့မွေးနေ့ကို ခန်းနားစွာ၊သဒ္ဓါကြည်ညိုခြင်းကြီးစွာဖြင့် ကျင်းပနေခြင်းဖြစ်ပါတယ်။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection