Pathein Catholic Diocese Untitled Document
Untitled Document
မျက်မမြင်က ​အခြားမျက်မမြင်ကို ဦးဆောင်နိူင်သလား

၂၃ ကြိမ်မြောက် သောကြာနေ့။

စက်တင်ဘာ၊ ၉ ရက်။

ရှင်လုကာ၊၆ ငယ် ၃၉ မှ ၄၂

မျက်မမြင်က ​အခြားမျက်မမြင်ကို

ဦးဆောင်နိူင်သလား။

မျက်မမြင်ဟု ဆိုရာမှာ ကာယမျက်စိမဆိုလို၊ယုံကြည်ခြင်းမျက်စိအမြင်ကိုဆိုလိုသည်၊ ဘုရားကို မမြင်၊တရားကို မမြင်ခြင်း ဖြစ်တယ်။ဘုရားကို မြင်ဖို့ ခက်ပါသလား၊ဘုရားကို မြင်ဖို့က ပုံမှန်အခြေနေဆို၊ခက်တဲ့အပြင်၊ ဖြစ်ကို မဖြစ်နိူင်ပါ။လူဖက်က လိုက်ရှာမှ၊တွေ့ရမှာလား၊လူလိုက်ရှာလို့တော့ ထာဝစဥ်၊ထာဝရဘယ်တော့မှ တွေ့မှာမဟုတ်ပါဘူး။

မဖြစ်နိူင်တဲ့၊ ခက်လွန်းတဲ့ အရာကိုဘုရားကလွယ်ကူအောင်လုပ်ခဲ့တယ်လူက ဘုရားကို မရှာမီကပင်၊ဘုရားလာရောက်ပြီး သူ့ကိုယ်ကို ပြခဲ့တယ်၊နည်းမျိုးစုံနဲ့ ပြလာ အထဲမှာ၊အထွဋ်ထိပ် ဖြစ်တာကတော့၊ ခရစ်တော်၊ဒုတိယ ပုဂ္ဂိုလ် အားဖြင့်ပြခြင်းပါ။သူ့ကိုယ်ကို ဘာဆိုတာ ပြခြင်းဟာလုပ်ငန်းတော်ရဲ့ အထွဋ်ထိပ်ဖြစ်ပါတယ်၊။သူ့ကိုယ်ကို ဖော်ပြခြင်းလုပ်ငန်း တစ်ခါမှ ရပ်မသွားပါဘူး၊ဆက်လက်ပြသဆဲပါ၊ တမန်တော်များအချိန် လောကမှာရှိနေစဥ်ချိန်တမျိုး၊ဘောကထဲမှာ ခန္ဓာကိုယ်အရမရှိတော့သော်လည်း၊ဆက်လက်ကာယုံကြည်ခြင်း၌ ပြသနေတယ်၊ဝိညာဥ်တော်အားဖြင့် သူကိုယ်သူပြသလျက်ရှိတယ်။

ကျွန်ပ်တို့ နေထိုင် အသက်ရှင်တဲ့အခင်းအကျင်း၊အားဖြင့်ပြသတယ်၊အမြဲတန်း ကျွန်ပ်တို့ဆီကိုလာတယ်၊အမြဲတန်းသူ့ကိုပေးပြီးဖော်ပြတယ်၊သူ့ကိုပေးပြီး မြင်စေပါတယ်၊ always coming to be seen.ဘုရားကို မြင်ဖို့ လွယ်သလား၊ ခက်သလားမေးရင်၊ ကျေးဇူးတော်အားဖြင့် ဆိုပါရင် လွယ်ပါတယ်ဘဲဖြေရပါမယ်။ ဒါ့ကြောင့် ဘုရားကိုမြင်ဖို့အရေးကြီးလှတယ်။ 

ဘုရားကိုမြင်မှသာလျှင်၊ကိုယ့်ကိုယ်ကို ပြန်မြင်ပါမယ်၊ မိမိကိုယ်ကိုမြင်မှအခြားသူများကိုပြုပြင်ပေးဖို့၊အခြေအနေ တစ်ခုရောက်လာမယ်၊ အရည်အချင်းရှိလာမယ်၊ ကျွန်ပ်တို့ ဘုရားကို မမြင်ရင်၊ သူတပါး အပြစ်ကိုပိုလို့မြင်လာမယ်၊ ဒီနေ့ ကျမ်းပိုဒ်မှာသခင်ပြောထားတယ်၊ကိုယ့်မျက်လုံးထဲကသစ်တုံးကြီးကိုအရင် မဖယ်ပါဘဲ၊သူတပါး မျက်လုံးထဲက အမှိုက်စဖယ်ဖို့ကြိုးစားနေကြတယ်၊ဆိုလိုတာဘုရားကို မမြင်ပါဘဲ၊သူတစ်ပါးကိုအပြစ်တင်၊ ကိုယ့်ကိုယ်ကိုလည်းမမြင်တာကိုပါ။

ဘုရားကို မြင်ဖို့ ဘယ်လို ကြိုးစားကြမလဲ၊လေ့ကျင့်ကြမလဲ၊ကျမ်းစာတစ်လျှောက်လုံးမှာ မြင်တယ် ဆိုတဲ့အချက်ဟာ၊ပါနေ၊သွားနေပါတယ်၊မြတ်သောအယူဝါဒမှာ သွန်သင်ထားတာက to see God means to poss-ess him.ဘုရားကို မြင်ခြင်းဟာသူ့ကို ပိုင်ဆိုင်ခြင်း၊ပြခြင်းရဲ့သဘောသဘာဝ ကိုက ပြရုံသက်သက်မျှသာမဟုတ်မူဘဲ၊ပြတယ်ဆိုရင်ပေးတာပါပါတယ်။ပြလည်းပြ၊ပေးလည်းပေး၊ပြပြီးဆိုရင် ပေးလိုက်တယ်လို့လည်းအဓိပ္ပါယ်ရပါတယ်၊ နောက်ပြီးမြင်ပြီဆိုတာနဲ့ ရပြီလို့လည်းဆိုလိုတယ်။

ရှေးယုံကြည်သူများဆုတောင်း၊ရွှေမျက်နှာတော်၊ ဖူးတွေ့ ပါရစေ၊ဆိုတာအတိုဆုံး၊ပြည့်စုံ ထိရောက်ဆုံးသောဆုတောင်းခြင်းပါ၊သူ့ကို ပိုင်ဆိုင်ရဖို့ကြိုးစားလိုက်ခြင်း၊ ဆုတောင်းဘဲဖြစ်ပါတယ်။ရှင်လုကာ ခန်းကြီး ၆နဲ့ တူညီတဲ့အကြောင်း ရှင်မဿဲ မှာဖတ်ရပါတယ်၊ ပရိဿတ်က ဖရိရှဲများဖြစ်ပြီး လုကာမှာတော့၊နောက်လိုက်များကို ပြောနေတယ်။

ဘုရားကို မြင်ကြဖို့၊ မကန်းနေကြဖို့၊နောက်လိုက်၊ အထူးသဖြင့် ခေါင်းဆောင်များ၊ ကျန်ယုံကြည်တို့လည်းပါဝင်တယ်၊အကြောင်းမှာ ကျွန်ပ်တို့တစ်ယောက်ကိုတစ်ယောက် လမ်းပြကြရမှာ ဖြစ်တယ်၊ဘုရားကိုပြရမှာ၊ကိုယ့်လိုဘဲ တစ်ယောက်နဲ့တယောက်ဘုရားဆီ ဆွဲခေါ်သွားရမဲ့ တာဝန်ရှိလို့ဘဲ ဖြစ်တယ်၊ ဒါကို သခင်က မကန်းဖို့၊ မြင်ဖို့ ညွှန်ကြားနေတာဖြစ်တယ်။

ပထမ ကျမ်းမှာ ရှင်ပေါလုဝါ ဘုရားကို ရှင်းလင်းပြတ်သားစွာ မြင်ရသူ၊၁ ကော ၉ ငယ် ၁၆ မှ ၁၉ မတိုင်မီအခန်းပြီး ၉ အစမှာပင် ရှင်ပေါလုကဘုရားကို မြင်ခဲ့ပြီ ပါတယ်၊စူးစူးရှ၊နက်နက်ရှိုင်း မြင်ခဲ့ပြီ၊ သူကိုယ်တိုင်လူများစွာကို ဘုရားထံ ပို့နေတယ်၊ဘယ်နည်းပို့နေလဲဆိုတော့၊ဧဝံဂေလိတရား ဟောမှ ဖြစ်မယ်၊ မဟောရင်ငါဒုက္ခရောက်မယ်သူပြောတယ်၊ဆိုလိုတာက ဘုရားဆီသို့ သူမပို့ရင်သူလည်း ဒုက္ခရောက်မယ်၊ ကျန်တဲ့သူများလည်း ဒုက္ခဘဲ၊ဒါကြောင့်သူမြင်တဲ့ ဘုရားဆီ သူများကိုလည်းမြင်ကြစေဖို့ သူကြိုးစားတယ်။

ရှင်ပေါလုဟာ အကန်းဘဝ မဟုတ်တော့ဘူး သိရမယ်၊ ဘုရားကို မြင်ဖို့လုပ်ငန်းစဥ် အဆင့်ဆင့် ရှိပါတယ်၊အပြင်းအထန်လေ့ကျင့်၊ပြိုင်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့ ၊ အားကစားသမား၊တစ်ယောက်လို သူကိုယ်သူ ခိုင်းနှိုင်းထားတယ်၊ အရောင်ပြ ထိုးသတ်မဲ့သူမဟုတ်၊ အမှန်တကယ်ကြိတ်ကွင်းနှိပ်ကွင်းမှာ ထိုးသတ်မဲ့ ပုဂ္ဂိုလ်အဖြစ်တင်စားထားပြီး အသေအလဲ လေ့ကျင့် ရမဲ့ ခရီးစဥ် အဖြစ်၊ မှတ်ယူသတ်မှတ် ထားတယ်။

ဒါကြောင့် ဘုရားကို မြင်ဖို့ လမ်းစဥ်၊သူ့ဖက်က လွယ်အောင် လုပ်ထားပေးခဲ့တာ မှန်ပေမဲ့၊ ကိုယ့်ဖက်ကလည်း အမြဲတမ်း လေ့ကျင့်နေရမဲ့၊သင်ယူနေရမဲ့၊ လုပ်ငန်းစဥ်ပါလို့၊ကျွန်ပ်တို့ နားလည်မှတ်ယူ ထားကြရမယ်။

ကျွန်ပ်တို့ မမြင်ကြလို့ ကန်းနေတာ၊မယုံကြည်ကြလို့ ကန်းနေတာပါ၊ယုံကြည်ခြင်းက ကျွန်ပ်တို့ရဲ့ visionအမြင်အာရုံကို ပိုလို့ ကျယ်ပြန့် စူးရှနက်ရှိုင်းစေတယ်၊ ယုံကြည်ခြင်းကမျက်စိ မမြင်နိူင်တာကို မြင်နိူင်တယ်ဘုရားကိုမြင်နိူင်တယ်။ယုံကြည်ခြင်းကဘဲ၊သဘာဝအရ၊ကျွန်ပ်တို့ မပိုင်ဆိုင် နိူင်တာကို ပိုင်ဆိုင်ရရှိစေနိူင်ပါတယ်။ ယုံကြည်ခြင်းအားဖြင့်၊မြင်နိူင်တယ်၊ မျှော်လင့်ခြင်းအားဖြင့်မြင်နိူင်တယ်၊ ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားဟာ နေ့စဥ် မြင်နိူင်တဲ့ပုဂ္ဂိုလ်၊ နေ့စဥ် အဖြစ်အပျက်များမှာလည်း သူ့ကိုယ်သူ အမြဲ လာပြနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာသိဖို့ ကျွန်ပ်တို့ မှတ်ယူကြရမှာဖြစ်တယ်။

ဒါ့ကြောင့် ကိုယ်တော်၏မျက်နှာတော် ဖူးမြင်ရစေ၊ဆုတောင်းကြရမှာဖြစ်တယ်၊ နောက်တစ်ခု၊အဝေးမှာနေတဲ့ ဘုရားမဟုတ်ဘူး၊ ဆာလံမှာဆိုထားသလို dwelling placeသူလာရောက် ၊ ကိန်းဝပ်စမ္ပါယ်နေတာ ဒီနေရာဘဲမှတ်ယူပါ၊ယုံကြည်ခြင်း၌ သူ့ကို ပိုပြီး မြင်ဖို့ကြိုးစားကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့သြဝါဒကိုမျှဝေသည်။

gospel reflection