Pathein Catholic Diocese Untitled Document
Untitled Document
ကိုယ်တော်မြတ်သည် အသင်းတော်၏ နှလုံးသား

၂၃ ကြိမ် စနေ နေ့၊

စက်တင်္ဘါ ၁၀ ရက်။

ပထမကျမ်း၊ ၁ ကော ၁၀၊ ၁၄ မှ ၂၂

ကိုယ်တော်မြတ်သည်

အသင်းတော်၏ နှလုံးသား။

ကောရင်သူးမြို့ရှိ အဖွဲ့အစည်းက၊ကျွန်ပ်တို့ လက်ရှိ အဖွဲ့အစည်းထက်အရောင်သွေးစုံ၊ လူမျိုးစုံ၊အတွေးအခေါ်စုံလင်ကြတယ်၊ချမ်းသာကြွယ်ဝမှု အဆင့်တန်း ပေါင်းစုံ ရှိလို့နေတယ်၊စိတ်ဝင်စားမှု မတူညီကြ၊ယဥ်ကျေးမှု၊ အသိပညာ၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ယုံကြည်ခြင်းမှာလည်း၊ယုံကြည်သူများ ဖြစ်လာကြပြီးပင်၊ အတိမ်အနက်၊မတူကြပါ။အခြေနေပေါင်းစုံ၊ကွဲပြားရှိနေငြား၊ခန္ဓာကိုယ် တစ်ခုတည်းမှာဘဲ ပေါင်းစည်းမိနေကြတယ်။ ကျစ်လျစ်လွန်းတဲ့ပေါင်းစည်းမှုဖြစ်လို့ ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ရှင်ပေါလု မြင်ပါတယ်၊ သူ ဒီလို သတ်မှတ်တယ်။

 

ပေါင်းစည်းရခြင်း အ​ကြောင်းက၊ပေါင်းစည်းပေးတဲ့ အရာက၊ကိုယ်တော်မြတ် စက္ကရမင်တူးဖြစ်ပါတယ်။မုန့်စား၊ ခွက်သောက်တယ်။ကိုယ်တော်မြတ်ကို ရည်ညွှန်းတာဖြစ်တယ်။ ယုံကြည်သူ အဖွဲ့အစည်းရဲ့ အတွင်းအကျဆုံး ဗဟိုချက်ကကိုယ်တော်မြတ် သာဖြစ်တယ်၊အဖွဲ့စည်း တစ်ခုလုံးဟာ ကိုယ်တော်မြတ်ကိုဘဲဝန်းရံပြီး၊ အသက်ရှင်နေထိုင်ခဲ့ကြတဲ့ သာသနာတော်ရဲ့ အစဥ်အလာတွေ့ရတယ်၊၊ Heart of the church.သာသနာတော်ရဲ့ နှလုံးသား မှတ်ယူကြပါတယ်။

 

ကိုယ်တော်မြတ်နှင့်ပတ်သက်ပြီး၊ရှင်ပေါလု စိတ်ပူတာတစ်ခုက ဒီနေ့ကျမ်းပိုဒ်မှာ အဓိက ကျ ဗဟိုပြုတဲ့ကိုယ်တော်မြတ်ကို မည်သည့်အရာတစ်ခုခုနဲ့ အဆင့်တူ ထားလိုက်မှာစိုးရိမ်ခြင်းပါ၊ရုပ်တု ဆင်းထုရှေ့၊အခြားနတ်ဘုရားများရှေ့မှာ ပူဇော်ထားတဲ့၊ အရာများနဲ့ ယုံကြည်သူတို့ပူဇော်ရာကို တစ်တန်းတည်းမထားနိူင်တာကို ရှင်ပေါလုပြောတယ်။မင်းတို့ ဒီမုန့်ကို စားမလား၊ဟိုမှာတင်ထားတဲ့မုန့် စားမလား၊ဒီခွက်သောက်မလား၊ဟိုခွက်ကိုသောက်မလား၊ပြတ်ပြတ်မေးတယ်။ အတိကျအဖြေပေးဖို့ မေးတယ်နှစ်ခုလုံးစား၊နှစ်ခွက်သောက်မရဘူး၊တစ်ခုဆို တစ်ခုကိုဘဲ၊ စွဲမြဲ တည်စေဖို့ ပြောတယ်၊သာသနာတော် ခန္ဓာကိုယ်အတွက်၊အတွင်းနှလုံးသား အဖြစ် ကိုယ်တော်မြတ်ကို ထားပေးတယ်ဆိုတာ၊သူပြညွှန်ပါတယ်။ 

 

ကိုယ်တော်မြတ်ကို ခန္ဓာနှင့်တူတဲ့၊ယအသင်းတော်ထဲမှာ ထည့်သွင်းထားပြီး၊ သာသနာတော် ယန္တရား တစ်ခုလုံး လည်ပတ်စီးဆင်းနေသလိုမျိုးအမြဲ ဖြစ်နေစေဖို့တွက်၊ တည်ထောင်ထားခဲ့ခြင်း ဖြစ်ပါတယ်၊ အဲဒီခေတ်အချိန်ကပင် ယုံကြည်သူတို့ သိမှတ်နားလည်၊တန်ဖိုး ထားခဲ့ကြတယ်။ရှင်ပေါလု၊ဒါကိုထပ်သတိပေးတယ်။

 

ပြီးခဲ့ရက်များက ပထမ ဖတ်ရှုတဲ့ကျမ်းများမှာ ဖတ်ခဲ့သိခဲ့ပြီး ဖြစ်တဲ့၊ရှင်ပေါလုက သူ့ရဲ့ အဖွဲ့အစည်းကိုအပေါ်ယံ အပြင်ပိုင်း ကျင့်ဝတ် စည်းကမ်းများနဲ့ ဘယ်လိုဆက်ဆံရမယ်၊ပြုကျင့်ရမယ်၊သဘောထားရမယ်၊သွန်သင် ခဲ့ပြီး၊ဒီနေ့မှာတော့ အတွင်းသက်ပိုင်ဆိုင်မှု ကိုယ်တော်မြတ်ကိုညွှန်ပြ သွန်သင်တယ်၊တစ်ယောက်ချင်းစီ ဘဝရဲ့ ဗဟို ဖြစ်သလို၊ တစ်ဖွဲ့community လုံးရဲ့ ဗဟိုချက်လည်းဖြစ်လို့နေတယ်၊ community တစ်ခုလုံး တန်ဖိုး အထားရဆုံးသော အရာအဖြစ် သိမှတ်ပြုကြဖို့၊ တိုက်တွန်းလျက် ရှိနေတယ်။

 

ဧဝံဂေလိ ကျမ်းမှာ ရှင်လုကာရဲ့ရည်ရွယ်ချက်က လူမျိုးတော် တည်ထောင်မယ် ဆိုတာ ကျမ်းအစပိုင်းမှာကပင် မသိမသာလေးထည့်သွင်း၊ရေးထားတယ်၊ အဟောင်းနေရာမှာလူမျိုးတော်အသစ် စတင်ဖွဲ့စည်းတည်ထောင်တာတွေ့ရတယ်။ခေါင်းဆေယင်ဟောင်းတို့နေရာမှာခေါင်းဆောင်သစ်တွေ ထည့်တယ်၊ပထမလူမျိုးတော်တွေ မယုံကြည်နိူင်ဖြစ်သွားရတဲ့ အချိန်မှာ အသစ်သောယုံကြည်လာမဲ့ သူတွေနဲ့၊အသစ်သောလူမျိုးတော်၊တစ်ဆင့်ချင်းစီ၊ဖွဲ့စည်းနေတယ်၊ အခန်းကြီး ၆ မှာ တမန်တော်တွေ ခေါ်တယ်၊တမန်တော်ဝတ္ထုမှာလည်းဒီလိုဘဲ တသ်ဆင့်ချင်းပုံဖော် ထုဆစ်တာ တွေ့ရပါတယ်၊သခင်နှင့်တမန်တော်တဆယ့်နှစ်ပါးဂါလိလဲ မှာတရားဟောတယ်၊စသည်ဖြင့် ၊ လူမျိုးတော် သန္ဓေတည်စတင်ဖြစ်ပေါ်လာပြီဖြစ်တယ်။

 

အပြစ်သည် အမျိုးသမီးနဲ့တွေ့သည်မှ စတင်၊နောက်တော်သို့ လူပေါင်းစုံလိုက်ပါလာကြပြီး စုသည်းမိလာပုံ၊ပါဝင်လာကြပုံများ၊လူမျိုးတော်တည်ထောင်ခြင်း လုပ်ငန်းစဥ် တစ်ဆင့်ခြင်းစီ တက်လာတာတွေ့ရတယ်အပြင်ဖက် မြင်နိူင် တွေ့နိူင်တဲ့ အရာတွေကို ပြီးခဲ့တဲ့ ရက်များ ညွှန်ကြားခဲ့တာ မြင်ရတယ်၊ မနေ့ကပင် မြင်ဖို့မကန်းကြဖို့ ဘယ်လိုနေထိုင် စသည်သခင်ပြောခဲ့တယ်။ ဒီနေ့မှာလည်းသာမန်ဖြင့် အပြင်ပိုင်းလိုလို၊မြင်နိူင်တဲ့ အသီးအကြောင်းလိုလို ဖြစ်ပေမဲ့အတွင်းဗဟိုကြတဲ့ နှလုံးသား ကိုထည့်ထားပါတယ်၊ ပထမကျမ်းနဲ့ဆက်စပ် နားလည်ရမယ်ဆိုရင် အရေး အကြီးဆုံး အတွင်းကျဆုံးနှလုံးသားကိုလည်း ဖော်ပြတယ်။

 

အဖွဲ့အစည်းအတွင်းသခင်ကိုယ်တိုင်နှလုံးသားအဖြစ် လာရောက်နေထိုင်လျက်ရှိနေတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူး အားဖြင့် ဗဟို ချက်မအဖြစ် သခင်ကိုယ်တိုင် လာနေပေးပါတယ်။ကိုယ်တော်မြတ် အဖြစ်အနေ အားဖြင့် ကျွန်ပ်တို့ရဲ့ အတွင်းဖက်အကျဆုံး ဗဟို အကျဆုံးနေရာမှာ သခင် ကိုယ်တော်တိုင် ဝင်ရောက်နေထိုင်ပြီးကျွန်ပ်တို့ရဲ့နှလုံးသားများကို ပြုပြင်ပေးနေတယ်၊ကျွန်ပ်တို့ထံမှ ကောင်းသော သီးပွင့်များရလာစေဖို့သူကိုယ်တိုင်အနက်ရှိုင်းဆုံးအတွင်းသက်နေရာမှာ နှလုံးသားကိုပြုပြင်ပွင့်စေ၊ သီးစေ ဆိုတာကို၊ ကျွန်ပ်တို့

ယုံကြည်ကြပါစို့။

 

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

(Fr.Florence Aung Kyaw Oo ရဲထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection