Pathein Catholic Diocese Untitled Document
Untitled Document
ပျောက်သောသိုး၊ငွေဒင်္ဂါး၊သား

၂၄ ကြိမ် တနင်္ဂနွေ နေ့

စက်တင်ဘာ ၁၁ ရက်။

ရှင်လုကာ ၁၅၊ ၁ မှ ၃၂

ပျောက်သောသိုး၊ငွေဒင်္ဂါး၊သား

ကျွန်ပ်တို့ တစ်ဦးစီ၊ငါ့ကိုယ်ငါ၊ပျောက်နေကြသူများ ဖြစ်နေတယ်။စစ်မှန်တဲ့ ငါ့ကိုမတွေ့ဘဲ၊စစ်မှန်တဲ့ငါ့ထံမှ ဝေးကွာနေကြတယ်။ကျွန်ပ်တို့ trueself မှဝေးနေကြတယ်။ကိုယ့်ကိုယ်ကို မသိကြ၊မပိုင်ကြပါ။ကိုယ့်အတွင်းမှာကိုယ် အမြဲတန်းမတည်ရှိနိူင်ကြသေးပါ၊ကျွန်ပ်တို့အားလုံးနီးနီးဟာ၊ကိုယ့်ကိုယ် အပြည့်အဝ မသိကြ၊မပိုင်ကြသေးပါဘူး၊အတွင်းသက်အထဲ၊ ကိုယ်မတည်ရှိ၊ဟိုသည်ရောက်နေတာ၊လူသားတို့တွေ့ကြုံခံစားရတဲ့ ဘဝအတွေ့ကြုံဖြစ်တယ်။

အချို့က ငါ့ကိုယ်ငါ သိတာပေါ့ ၊ပိုင်တာပေါ့၊ငါ့အထဲ ငါမနေလို့ ဘယ်မှာသွားနေမလဲ၊ ပြောကြ၊စောဒကတက်ကြမယ်၊ သို့သော် သေချာဆန်းစစ်ပါငါ့ကိုငါသိ တဲ့အသိဟာ စစ်မှန်တဲ့သိခြင်းမျိုး မဟုတ်သေးပါ၊စစ်မှန်တဲ့ငါ့ကိုလည်း မပိုင်၊ အတွင်းသက်ထဲမှာလည်း မနေထိုင်၊ အဝေးလွှင့်မြောနေကြသူများ ဖြစ်နေတယ်။ ကျွန်ပ်တို့သိထားနေတဲ့ ငါဆိုတဲ့ငါက၊ငါအပြည့်အဝ မဟုတ်၊ တစ်စိပ်တစ်ပိုင်းမျှသာ ဖြစ်တယ်၊ပြောရရင် မိမိကိုယ်တိုင်ကိုမသိ မပိုင် အတွင်းသက်ထဲအမြဲနေထိုင်သူများ မဟုတ်သေး၊စစ်မှန်တဲ့ ကိုယ့်ဆီကနေ အဝေးသို့လွင့်မြော၊ရောက်နေကြတယ်။ဘဝရဲ့ အဓိပ္ပါယ်ကို အမြဲ ရှာဖွေနေကြသူများဖြစ်နေတယ်၊ ဘဝကို ပိုင်ဆိုင်ဖို့ ခရီးနှင်နေကြတယ်၊ဘဝနဲ့ကိုက်ညီတဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုအမြဲ ရှာနေတဲ့ ပုဂ္ဂိုလ်တွေဘဲဖြစ်နေပါတယ်။

ဒီကနေ့ သခင်ပြောပြတဲ့ ပုံ ဥပမာတွေဟာ လူသားအားလုံး တစ်ဦးစီအတွက် အခြေခံကျတဲ့ရှာဖွေနေခြင်းခရီးစဥ်ကို ဖော်ပြနေတယ်၊မျောလွင့်နေခြင်းခရီး၊ အိမ်နဲ့ ဝေးကွာခရီး၊ပြန်လှည့်လာတဲ့ ခရီး၊စတဲ့ ခရီးလမ်းပေါ်က လူသားတစ်ယောက်စီကိုဖော်ပြရည်ညွှန်းပါတယ်။ 

ကျွန်ပ်တို့အားလုံး ဘဝသက်တာဘယ်မှာ ရှိလေမလဲလို့ ဟိုးအဝေး၊ရေမြေခြား ထွက်ခွာ ရှာဖွေ နေကြ၊ဘုရားနယ်မှာမဟုတ်ရဘဲအခြားနယ်မှာ ရှာကြ၊ခမည်းတော်ရဲ့အထဲမှာမဟုတ်၊ အခြားတိုင်းတစ်ပါးမှာအသက်၊ လွတ်လပ်ခြင်း ရှာနေကြ၊ရှာကြရင်းပင် ဝေးသထက်ဝေးကွာလာကြပါတယ်၊ ကိုယ့်ကိုယ်မှ ပိုလို့ဝေးကွာကြတော့တယ်၊ ဘုရားထံပါးမှလည်း ပိုလို့သာဝေးကွာကြပါတယ်ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ဆီကနေ အဝေးရောက်ပါတော့တယ်။လူရဲ့ ဖြစ်အင်ကို ပြန်သုံးသပ်ကြည့်လို့ ရနိူင်တယ်၊ကျွန်ပ်တို့ဟာ၊ကျွန်ပ်တို့ အထဲ အမြဲ မနေနိူင်ကြပါ။

ဒီအဖြစ် အခြေနေကို စဥ်းစားရင်၊အဝေးမှာ ရောက်ရှိနေပြီး သားသမီးအရာမှနိမ့်လျှောကျကာ၊ကျွန်အဆင့်ထက်နိမ့်ကျတဲ့ အခြေနေဆီ ရောက်မှန်းမသိ ရောက်နေကြတယ်။ အယုတ်ညံ့ဆုံးလို့ သတ်မှတ်ခံ၊ဝက်တွေရဲ့အစာ စားရတဲ့အဆင့်၊ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု လှပမှု လုံးဝမရှိ၊ သားသမီးအခြေနေကနေ၊ လျှောကျဆင်းသွားတဲ့ အနေအထားကို သိရပါတယ်။

ဘုရားက ဒီအတိုင်း မထားပါ၊ ကိုယ်တိုင် လိုက်ရှာဖွေနေတယ်၊ ပျောက်နေတဲ့ သိုးတစ်ကောင်တည်းကိုဘဲလိုက်ရှာနေတယ်၊ ပျောက်တဲ့ငွေဒင်္ဂါး တစ်ပြားလေးကိုဘဲ လိုက်ရှာ၊တို့တစ်ဦးစီကို တန်ဖိုးကြီးထား လိုက်ရှာနေတာကို သိစေပါတယ်။တတိယ ပုံပမာ ပျောက်သောသားကိုပြန်လှည့်လာဖို့ အတွင်းသက် ဝင်ပြီးသတိပေးနေတယ်၊ခန်းကြီး ၁၅၊ ငယ်၁၇ မှာ၊ထိုသူသည် အမြင်မှန်ရ၏၊ Came into himself သူ့အထဲမှာပြန်ဝင် ပြန်သိခြင်း၊အော် ငါဟာဒီလိုဒီအခြေနေပါလား၊ ငါ့ရဲ့စစ်မှန်တဲ့ငါ၊ဒီမှာမရှိဘဲ ဟိုးခမည်းတော်ထံ မှာပြန်တွေ့ရမှာပါလား၊စတဲ့ သူ့အထဲကိုသူပြန်ဝင်နိူင်တဲ့ အခြေနေ၊ဖြစ်တယ်၊

အစပိုင်းမှာပြောခဲ့တဲ့ ကိုယ့်ကိုယ်ကိုမသိကြသေး ဆိုတာ အဲ့ဒီ အခြေနေကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ကိုယ့်ရဲ့ အဖြစ်မှန်ကို ကိုယ်ပြန်သိလာပြီ၊စစ်မှန်တဲ့ငါ trueself ကို၊ဘယ်မှာပြန်ရှာရမလဲသဘောပေါက်လာပြီ၊အဲ့ဒီလို သဘောပေါက်စေဖို့၊ဘုရားက အတွင်းသက်ထဲ ဝင်ပြီးနိုးဆော်ပေးလို့ဖြစ်တယ်။သံသြဂုတ်စတင်းက၊You are more inwardsthan mine in mostself.တပည့်တော်ရဲ့ အတွင်းသက် အနက်ရှိုင်းဆုံးနေရာမှာ ကိုယ်တော်တည်ရှိနေပါတယ်၊ တပည့်တော် အထဲမှာတည်ရှိနေနိူင်သည်ထက်၊ကိုယ်တော်ကပို၍ အတွင်းကျစွာ နေထိုင်လျက် ရှိနေပါသည်၊ ပြောချင်တာက ကိုယ့်အထဲမှာကိုယ့်ကိုယ်တိုင်ထက်ဘုရားကအတွင်းကျလာရောက်နေထိုင်တယ်၊မှတ်ယူရမှာ ဖြစ်တယ်။

ဘုရားက ကျွန်ပ်တို့ကို ဘယ်တော့မှအပျောက်မခံပါ၊ ကျွန်ပ်တို့ကိုယ်ကိုလုပ်ဖျောက်လိုက်ကြပေမဲ့ ၊ ကျွန်ပ်တို့ ကိုယ့်ကိုယ်ကို ပျောက်နေပေမဲ့၊ဘုရားက အမြဲတန်း ရှာတယ်၊ ကျွန်ပ်တို့ အထဲမှ ကျွန်ပ်တို့ ဝေးလွင့် နေကြသော်လည်းဘုရားက အထဲမှာနီးကပ်လျက်ရှိတယ်၊ အဝေးသို့ ခြေစုံကန်ထွက်သွားသော်လည်း၊ အမြဲ ပြန်ဆွဲခေါ်လျက် ရှိတယ်၊ ဘုရားမြင်ကွင်းထဲမှာ တို့ မရှိတော့ဘူး၊ဖြစ်လည်း၊သူ့နှလုံးသားထဲမှာအမြဲ ရှိလို့နေတယ်သြဂုတ်စတင်းက lost in sight butalways found in memory. ဘုရားရဲ့ list စာရင်းထဲမှာ ကျွန်ပ်တို့ကိုဘယ်တော့မှမဖျက်ဘူး၊ခေါ်လျက်ရှိနေတာသိပြီး သူ့ထံပါးသို့ ပြန်လှည့်တဲ့ ခရီးစဥ်ကို ပိုပြီးတော့ အဓိပ္ပါယ်ရှိရှိ ပိုတွေ့ကြပါစို့ ဒီခရီးစဥ်မှာ ကိုယ့်ကိုယ်ကိုပြန်တွေ့နိူင်ရအောင်၊ကိုယ့်ရဲ့trueself စစ်မှန်တဲ့ငါကိုတွေ့ရအောင်အိမ်ပြန်ကြပါစို့၊ တို့ရဲ့တကဲ့ စစ်မှန်အိမ်က ဒီမှာမဟုတ်၊ ခမည်းတော်ရဲ့နေရာမှာဆိုတာသိပြီး လိုအပ်ကျေးဇူးတော်များ တောင်းခံကြစို့။

 

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection