Pathein Catholic Diocese Untitled Document
Untitled Document
သာသနာတော်နှင့် ကိုယ်တော်မြတ်၊ အပေါ် ထားရှိသော ယုံကြည်ခြင်း

၂၄ ကြိမ် တနင်္လါနေ့

စက်တင်္ဘါ ၁၂ ရက်။

 

၁ ကော ၁၀၊ ၁၇ ၂၆၊၃၃

ရှင်လုကာ ၇၊ ၁ မှ ၁၀။

သာသနာတော်နှင့် ကိုယ်တော်မြတ်၊

အပေါ် ထားရှိသော ယုံကြည်ခြင်း။

The Church and the faith in the

Eucharist.

ယုံကြည်ခြင်းဆိုတာ၊ မိမိကိုယ်တိုင်ဖော်ပြလာ၍ ပေးအပ်လာသော၊ဘုရားသခင်အား၊လူသားဖက်မှ၊တုံ့ပြန်ခြင်းကို ဆိုလိုသည်။ဤကဲ့သို့ တုံ့ပြန်လိုက်သည်နှင့် ဘဝရဲ့ အမြင့်မားဆုံးသော အဓိပ္ပါယ်ကို ရျာဖွေနေကြတဲ့ လူသားများကိုဘုရားက အတောက်ပဆုံး အလင်းတော်ဆီသို့ ခေါ်ဆောင်သွားခြင်းပါ၊ဘဝရဲ့ အဓိပ္ပါယ်တွေကို အမှန်ပေးတွေ့စေခြင်းပါဘဲ၊ဒါဟာ ယုံကြည်ခြင်းနဲ့ ဆက်စပ် ဖြစ်လာတဲ့အရာ၊အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

သာသနာတော်ဟာ ဒီယုံကြည်ခြင်းပေါ်မှာ အခြေခံပြီး အခိုင်အမာ၊တည်ဆောက်လာခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်၊ အခြေခံ ယုံကြည်ရာတစ်ခုစီကိုလည်းအတိမ်းစောင်းမရှိ၊တန်ဖိုးလျော့နည်းခြင်း၊မရှိအောင် သစ္စာရှိစွာ ထိန်းသိမ်းစောင့်ရှောင့်၊လက်ဆင့်ကမ်းခဲ့ကြတာ၊ အစကတည်းက ရှိခဲ့တဲ့ သာသနာတော်ရဲ့ အစဥ်အလာ၊ tradition တစ်ခု ဖြစ်ပါတယ်။

ကိုယ်တော်မြတ် စက္ကရမင်တူး၌၊ယုံကြည်ခြင်းဟာ၊ အဓိက ယုံကြည်ရာ အချက်များထဲက တစ်ခုဖြစ်ပြီးသာသနာတော် စတည် ကတည်းကအခိုင်အမာ ယုံကြည်လာတဲ့ အချက်ဖြစ်ပါတယ်၊ ဒီနေ့ ပထမ ကျမ်းမှာဖတ်ရှု တွေ့ရသလို၊ ဆာလံမှာလည်းတွေ့ရတယ်၊ ရှင်ပေါလုက ဒီအချက်သခင် ခရစ်တော်အစပြု၊သူ့ကိုယ်တိုင်ရဲ့ အစီအမံ၊ သူ့အမိန့်ပေးချက်၊အဖြစ်ဖော်ပြတယ်။နောက်ပိုင်းမှအသင်းတော်က ထွင်တာ မဟုတ်ဘဲ၊ဒီ ကိုယ်တော်မြတ်ဟာ သခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့တယ် ဆိုတဲ့အချက်ကို ဖော်ပြလျက် ရှိတယ်။

သခင်ကိုယ်တိုင် ကိုယ်တော်မြတ်၊အားဖြင့် လူတို့ အလယ်မှာ တည်ရှိနေတဲ့ အချက်ကို ရှင်ပေါလုက သတိပေးနေတယ်။ဘုရားရဲ့ပေးဆက်ခြင်းဒုက္ခဝေဒနါနဲ့ ဒီကိုယ်တော်မြတ်ရဲ့ဆက်စပ်တဲ့အကြောင်းတွေ့ရတယ်။

ဆာလံမှာ ကိုယ်တော်ရှင်တဖန်ကြွလာသည်တိုင်အောင်၊ အသေခံတော်မူခြင်း၊ကြွေးကြော်ကြမယ်ဆိုတယ်။ဒီအချက်က ကိုယ်တော်မြတ်ပွဲကျင်းပတိုင်း၊မစ္ဆားပူဇော်တိုင်း ဆက်စပ်တဲ့အကြောင်း ဝန်ခံကြတယ်။ဒီ စားပွဲတော်က တစ်ခြား စားပွဲများနဲ့ လုံးဝမတူတာပြောခဲ့ပြီ၊မတူတဲ့အတွက်ဝတ်ပြုကိုးကွယ်ခြင်းရဲ့ အဓိကအဖြစ် ဘုရားနှင့်သာ ဆိုင်တယ်၊ ဘုရားအဆင့်အတန်းအထိ၊ ရှိနေတဲ့အဖြစ်ပျက်မျိုးအဖြစ် လက်ခံတယ်။

ဒီပွဲတော် ဝင်ရောက်ဖို့ စိတ်ဓာတ်အခြေခံ ဖြစ်တဲ့ အချင်းချင်း ကိုယ်ချင်းစာမှု၊ မျှဝေမှုမိမိထက်အားနည်းသူကို ဖေးမ ကူညီမှု အခြေခံစိတ်ထားရှိဖို့ ရှင်ပေါလု ညွှန်ကြားတယ်၊ဒီလို မထားနိူင်ရင် ကိုယ်တော်မြတ်ကို မထိုက်မတန် ပင့်ယူခြင်းမျိုးဖြစ်တယ်၊တိပသေချာပြောထားတယ်။

ဧဝံဂေလိ ကျမ်းမှာ လူတစ်ရာတပ်မှူးရဲ့ယုံကြည်ခြင်း၊တွေ့ရတယ်၊အတွင်းလူတွေ၊ လူမျိုးတွေ ကိုယ်တိုင်က၊လက်ဆောင်တော်ကို ငြင်းပယ်၊ချိန်မှာ အပြင်လူဖြစ်တဲ့၊ အစ္စရေးလူမျိုးမဟုတ်တဲ့ လူတစ်ရာတပ်မှူး၊လက်ခံတာကို သခင် ချီးမွမ်းတယ်။သူရဲ့ယုံကြည်ခြင်းကို ဝန်ခံခြင်းကသခင့်ကို ကြိုဆိုတဲ့ စကားလုံးတွေမှာတွေ့ရတယ်။အိမ်မိုးအောက်သို့ကြွဝင်ခြင်း ခံယူဖို့မထိုက်တန်ပါ၊တစ်ခွန်းမျှသာ အမိန့် ရှိပါ ဆိုတဲ့ စကားများ၊ကျွန်ပ်တို့ ကိုယ်တော်မြတ် မပင့်ယူမီအခါတိုင်းရွတ်ဆို ကြသည့်အတွက်ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။

လူတစ်ရာ တပ်မှူးစကားများအသင်းတော်က ကောက်ယူ ကိုယ်ပိုင်ပြုသုံးစွဲပါသည်၊ ဒီစကားလုံးများရွတ်ဆိုခြင်းဖြင့် ကိုယ်တော်မြတ်စက္ကရမင်တူးမှာ ကြွာလာမဲ့ သခင်ကို ဖိတ်ခေါ်

လိုက်ခြင်းဖြစ်ပါတယ်။

ကျွန်ပ်တို့ ဖိတ်ခေါ်ကြိုဆို လိုသော်လည်း ကျွန်ပ်တို့ရဲ့ မထိုက်တန်မှုကိုသတိပြုမိပြီး၊ စိုးရိမ်စိတ်များ လွှမ်းနေတယ်၊သို့သော် ဝမ်းသာစိတ်ကလည်း လွှမ်းနေပြန်တယ်။ဒါ့ကြောင့်လူတစ်ရာတပ်မှူးကဲ့သို့ ပြန်ပြီး ကိုယ်တော့်ကို ပြောနေတာဖြစ်တယ်၊ဒီစကားလုံးတွေအားဖြင့် ကျွန်ပ်တို့ရဲ့မထိုက်တန်မှုကို ဝန်ခံသလို၊ ဘုရားသခင်ရဲ့ ကြီးမြတ်မှု၊ ကြွာမှုကို ဝမ်းပန်းတသာ၊ ကြိုဆိုရာလည်းရောက်ပါတယ်၊ အကောင်းဆုံးစကားလုံးများအဖြစ် အသင်းတော်က ကောက်ယူပြီး ခေတ်အဆက်ဆက် အသုံးပြုလာတယ်။ 

ဒါ့ကြောင့် အသင်းတော် စတင်တည်ထောင်ကာလမှစတင် ပြီး ကိုယ်တော်မြတ်အပေါ် ယုံကြည်ခြင်းခိုင်မြဲစွာရှိခဲ့ပါတယ်။ 

 

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

 Fr.Florence Aung Kyaw Oo ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection