Pathein Catholic Diocese Untitled Document
Untitled Document
ခရုစူးတိုင် အောင်ပွဲ

၂၄ ကြိမ် ဗုဒ္ဓဟူးနေ့

စက်တင်ဘာ ၁၄ ရက်။

ခရုစူးတိုင် အောင်ပွဲ။

ကယ်တင်ခြင်းလက်နက် ခရုစူးတိုင်ရဲ့ အောင်ပွဲကို အသင်းတော်က၊ကြွေးကြော် အောင်ပွဲခံတဲ့နေ့ဖြစ်ပါ တယ်။ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိကြတော့သူများ၊ရှိနေကြသည်။မျက်မှောက်ခေတ် လူမှုကွန်ယက်များမှာ ပိုလိုပင် မြင်နေရပါတယ်။တစ်ယောက်ကို တစ်ယောက်က မယုံနိူင်ကြ၊ ချစ်ခြင်းမေတ္တာပေါ်သံသယရှိကြတယ်။မချစ်ဝံ့ကြသလို၊ချစ်တာလည်းမခံလိုကြ၊အပြစ်မဆိုသာပါ။

အကြောင်းရှာကြည့်တော့။ဦးစွာစစ်မှန်တဲ့ ချစ်ခြင်း မရခဲ့ မကြုံခဲ့ကြလို့ပါ၊ အတ္တမကင်းတဲ့ ချစ်မေတ္တာ၊ သစ္စာသွေဖည်၊လိမ်ညာဟန်ဆောင်၊ချစ်ခြင်းမျိုးနဲ့ ကြုံတွေ့ခဲ့ကြရတယ်၊ ဒီလိုနဲ့ စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ၊ ရှာမရလောက်တာမျိုးလို့ မှတ်ယူကြပါတယ်၊ ချစ်ခြင်းအပေါ်သံသယဝင်၊ကောက်ချက်ချတာက ချစ်မိရင်တော့ရှုံးပြီလို့သဘောထားတယ်၊ပိုချစ်တဲ့သူက၊ ပိုခံရတယ်၊ဆိုကြပြန်တယ်။ချစ်ခြင်းက ပျော့ညံ့သူတို့အလုပ်၊ချစ်ခြင်းစွမ်းအားကို မယုံကြတော့ပါ။

ဒုတိယ အကြောင်းရင်း၊လိုချင်တဲ့ချစ်ခြင်းက အကန့်သတ်မဲ့၊ရလိုက်တာက အကန့်သတ်ရှိတဲ့ ချစ်ခြင်းဖြစ်နေလို့ပါ၊ လူတို့ခက်နေတာကကိုယ်တိုင်က အကန့်သတ်ရှိကြပြီးလိုချင်တာက အကန့်သတ်မဲ့ ၊ဆုံးစမရှိတာကိုဘဲ လိုချင်တမ်းတတယ်။လူကအတိုင်းဆ ရှိတာကြောင့်၊လူ့ထံမှ အတိုင်းဆ မရှိတာကို မျှော်လင့်မရနိူင်ပါ၊ ဒီတော့ မျှော်လင့်ရင်းနဲ့မောလာပြီး နောက်ဆုံးဘယ်သူ့ကိုမှယုံလို့မရတော့ဘူး၊သံသယပုံစံမျိုးရောက်ပါတော့တယ်၊ ဒီအတွေ့ကြုံအရ လူအားလုံးတူတူပါဘဲ၊လိုချင်တဲ့အတိုင်းတာထိ၊ပေးနိူင်မှာမဟုတ်ဆိုပြီး၊လူသားအားလုံးကို ပြန်ချစ်နိူင်ဖို့ မဖြစ်နိူင်တော့တာတွေ့ရတယ်။မုန်းလာတဲ့အဖြစ်တွေ့ရတယ်၊ လိုချင်တဲ့ ချစ်ခြင်းမျိုး ဘယ်သူ့ဆီမှ မရှိနိူင်ထင်မှတ်ပြီး နောက်ဆုံး ချစ်ခြင်းမေတ္တာကိုပင်၊ အမှန်တကယ် ရှိတဲ့အရာ ဟုတ်ပါရဲ့လား၊ သံသယဝင်လာကြတော့တယ်။ ချစ်ခြင်းမေတ္တာစွမ်းအားကိုလည်းမယုံကြည်တော့။လူသားရဲ့ ချစ်မေတ္တာကိုတွေ့ကြုံရခြင်းဟာ၊ နာကျင်ခြင်းများရောပြွန်းနေတဲ့ အတွေ့အကြုံပါ၊ မယုံကြည်မှုဝင်လာတဲ့ အတွေ့အကြုံပါ။လူတို့ချစ်ခြင်းရှာဖွေလမ်းမှာ၊ အဆုံးတော့ဒဏ်ရာတွေနဲ့၊ပြည့်နေတဲ့ ခရီးလမ်းဖြစ်လာတယ်။ချစ်ခြင်းမေတ္တာကိုရှာဖွေရင်း မောပန်းလာကြတယ်။ 

ချစ်ခြင်းဟာ စွမ်းအားရှိဆုံး၊ အလှပဆုံး၊နွေးထွေး လုံခြုံမှု ပေးနိူင်ဆုံး၊အသက်ကိုပင် ပေးနိူင်တယ် ဆိုတဲ့အရာကို၊ ယုံဖို့ခက်တဲ့ အခြေနေ ဖြစ်လာတယ်။ ဒီအချိန်မှာ ခရုစူးတိုင်ကအဲ့လို ထင်မှတ်ကြတာအားလုံး မှားနေတယ်လို့ ဖော်ပြလိုက်တယ်။ခရုစူးတိုင်က၊ မင်းတို့ လိုချင်ကြတဲ့၊အရည်သွေး အပြည့်ဝဆုံး၊အတ္တအကင်းဆုံး၊စစ်မှန်ဆုံး၊သစ္စာရှိဆုံး၊နူးညံ့ သိမ်မွေ့ လှပဆုံး ချစ်ခြင်းမေတ္တာ ရှိပါသေးတယ် ဆိုတာကိုခရုစူး တိုင်အားဖြင့်၊ ပြသလာခြင်းဖြစ်ပါတယ်။ မင်းတို့ လိုချင်နေတဲ့အတိုင်းဆမရှိတဲ့ ချစ်ခြင်း၊ ထာဝရတည်နေမဲ့ ချစ်ခြင်း၊ အနက်ရှိုင်းဆုံး၊ချစ်ခြင်းဆိုတာ ရှိပါသေးတယ်၊လို့ပြသလိုက်ခြင်းဖြစ်ပါတယ်။ခရုစူးတိုင် အောင်ပွဲက၊ ချစ်ခြင်းမေတ္တာ အောင်ပွဲ ဖြစ်ပါတယ်။ 

ခရုစူး တိုင်ကနေပြီး၊ ချစ်ခြင်းဟာစွမ်းအား အရှိဆုံး၊အရာဖြစ်တယ်ဆိုတာ ပြသနေတယ်။ ချစ်ခြင်းမေတ္တာဟာ ယုံကြည်သင့် ယုံကြည်ထိုက်တယ်ဆိုတာ ခရုစူးတိုင်ကပြောပြနေတယ်။ခရုစူးတိုင်ရဲ့အောင်ပွဲဟာ ချစ်ခြင်းမေတ္တာရဲ့ အောင်ပွဲဖြစ်ပြီး လူသားအားလုံး လိုချင်၊ရှာဖွေနေတဲ့၊ စစ်မှန်တဲ့ ပေးဆက်ခြင်းနဲ့ ပြည့်ဝတဲ့၊ ချစ်ခြင်းကိုဖော်ပြနေသလို၊ပေးအပ်လို့လည်းနေတယ်။

တို့ရှာဖွေနေတဲ့အရာက၊ဒီမှာရှိနေပါလားလို့လူတို့သိလာတယ်၊ခရစ်တော်ရဲ့ ခရုစူးတိုင်ဟာ ယုံကြည်သူများအတွက်ကတော့၊ အရုပ်ဆိုးအကြည့်တန်ဆုံးကနေ၊ အလှပဆုံး ဖြစ်လာခဲ့ပါတယ်၊ အစက်ဆုပ် အရွံရှာရဆုံးအရာအဖြစ်ကနေ၊ နွေးထွေး နူးညံ့၊အလှပဆုံး အရာ ဖြစ်လာတယ်၊ခါးသည်းဆုံး အရာ အဖြစ်မှ၊ ချိုမြိန်ဆုံး အရာ အဖြစ် မှတ်ယူကြတယ်။အန္တရာယ် အရှိဆုံး အရာ လို့ဖြစ်နေပေမဲ့လည်း၊ ခရုစူးတိုင်က သူတို့ဖို့လုံခြုံ စိတ်ချမှုအပေးဆုံးသောနေရာအဖြစ်မှတ်ယူကြတယ်။သစ္စာဖောက်မှု၊ မယုံကြည်ရဆုံးသောနေရာ၊ ဖြစ်နေလည်း၊ အယုံကြည်ရဆုံး၊ နေရာအဖြစ် သူတို့ တွေကြုံ လာရတယ်။သစ္စာဖောက်ခံရတဲ့ အရာမဟုတ်ဘဲသစ္စာပြု ကတိတည်၊ အရာအဖြစ်သူတို့မြင်တွေ့ရကြတယ်။

မျက်နှာလွှဲ၊  ရအောင် မုန်းတီးရမဲ့အရာကနေ၊ အမြဲတန်းစိုက်ကြည့်နေချင်တဲ့ အရာ ဖြစ်လာတယ်၊ အရာအားလုံးနဲ့ ဆန့်ကျင်သလို ဖြစ်နေတဲ့ခရုစူးတိုင်ဟာ တကယ်တော့ အရာအားလုံးကို သူ့ဆီကိုဘဲ ဆွဲခေါ်နေတဲ့အရာ အားလုံးရဲ့ ဗဟို ချက် ဖြစ်လာနေတယ်ဆိုတာကို ယုံကြည်သူတို့မြင်တွေ့ လာရတယ်။ ခရုစူးတိုင်မှာဘဝရဲ့ အဓိပ္ပါယ်တွေ့လာတယ်၊ချစ်ခြင်း စွမ်းအားကို့တွေ့လာတယ်၊သူတို့ လိုချင်တာ အားလုံး ခရုစူးတိုင်မှာ တွေ့လာတယ်၊ လိုအပ်ရာများ အားလုံးက ဒီ ခရုစူးတိုင်မှာရှိနေပါလားလို့ နောက်ဆုံးတော့တွေ့လာကြတယ်။ဘုရားဆိုတာဒီလိုမျိုးပါလားလို့ ခရုစူးတိုင်မှာဘဲကြုံတွေ့လာတယ်။

God is love.ဘုရားသခင်၊ချစ်ခြင်းအတုံးအခဲ ပါလို့ ရှင်ယောဟန် ပြောနိူင်ခြင်းက ခရုစူးတိုင်ပေါ်တွေ့ခဲ့ရအဖြစ်အပျက်ကြောင့်၊ ခရုစူးတိုင်ကြောင့်ဘဲ ဖြစ်ပါတယ်။လူသားကို ပင့်မြှောက်တဲ့အချိန်မှာမင်းတို့တွေ့ရလိမ္မယ်လို့ ဧဝံဂေလိကျမ်းမှာရေးထားတာ ဒီအရာဘဲဖြစ်ပါတယ်။အကုန်လုံးကို တွေ့လာတဲ့အရာ ဒါဘဲ ဖြစ်ပါတယ်။ချစ်ခြင်းဟာ သေခြင်းထက်ပင်စွမ်းအား ကြီးပါလားဆိုတာ၊တွေ့လာရတယ်၊ ပုံပြင် မဟုတ်ပါ၊သီချင်းထဲ၊အနုပညာအလုပ်ထဲ၊လူတို့ သုံးနှုံးပြောဆိုနေတဲ့ အရာမဟုတ်ပါဘဲတကယ့် လက်တွေ့ စွမ်းအားကို မြင်တွေ့ လာကြတယ်။ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ကာ အဆိပ်သင့်နေတဲ့လူသားတွေကို ချစ်ခြင်းမေတ္တာဆေးအစွမ်းနဲ့ ပြန်လည် ကုသပေး ပျောက်ကင်းစေပြီး အသက်ပေးနေတာကို ပထမကျမ်းမှာ ကြားရတယ်၊ ဒါကြောင့် ခရုစူးတိုင်ကို ကျွန်ပ်တို့ဘဝရဲ့ ဗဟို၊ အထွဋ်ထိပ် အဖြစ်အမြဲတမ်း ဦးထိပ်ထားနိူင်ကြပါစေ၊တလောကလုံး ရွံမုန်းကြစေ၊ခရုစူး

တိုင်ကို ကျွန်ပ်တို့ အချစ်ရဆုံး နေရာအဖြစ် မှတ်ယူနိူင်ကြပါစေ။

 

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကိုမျှဝေသည်။

 

gospel reflection