Pathein Catholic Diocese Untitled Document
Untitled Document
နာကျင်ခြင်း မယ်တော်ပွဲ

၂၄ ကြိမ် ကြာသပတေးနေ့။

စက်တင်ဘာလ ၁၅ ရက်။

နာကျင်ခြင်း မယ်တော်ပွဲ

ဒုက္ခ ဝေဒနါများကို ၊ဘယ်လိုအသုံးချမလဲ။မနေ့က ကားတိုင်တော်ပွဲနှင့်ဆက်စပ်ပြီး၊ထောက်ရှုပါမှ၊ နားလည်ကြရမှာဖြစ်တယ်။လူသားအားလုံးကယ်တင်ခြင်းအတွက်၊သခင်ကိုယ်တိုင်ခံထမ်းခဲ့တဲ့ ဒုက္ခဝေဒနါကို၊ မယ်တော်လည်းသူမတူတဲ့ နည်းနဲ့ သတ္တိရှိစွာ မျှဝေခံထမ်းနေခြင်း ပုံရိပ်ဟာ၊သာသနာတော်တွက် အမြတ်တနိူးထောက်ရှုပြီး သဒ္ဒါကြည်ညိုကြဖို့ ပုံရိပ် တစ်ခုဖြစ်တယ်၊ လူတို့တွက်အလွန်ထင်ရှားစံနမူနာ တစ်ခုဖြစ်တယ်။

သာယာပျော်ရွှင်တဲ့ အချက်တွေ မကဘဲ၊ ဒုက္ခ ဝေဒနါရဲ့ နက်နဲတဲ့ အချက်မှာလည်း ဗဟိုထားပြီး မယ်တော်ကိုသဒ္ဒါကြည်ညို ကြတာ သတိရကြရပါမယ်။ပျော်စရာချည်းဘဲထောက်ရှုလို့မရပါ၊ လူ့ဘဝသက်တာဟာ၊ဒုက္ခဝေဒနါကနေလုံးဝလွတ်ကင်း အောင်လုပ်လို့ရသလားဆိုရင် မရဘူးအားလုံးသိကြတယ်၊ မရအတူတူ ဘာလုပ်ကြမလဲ၊ဒုက္ခနဲ့အတူနေဖို့၊နည်းလမ်းရှာရမယ်၊ ကိုဗစ်ပြီးပေမဲ့ ဗိုင်းရပ်ပိုးအပြီးတိုင် မသတ်နိူင်ရင်၊ ဒီပိုးနဲ့တူဘယ်လိုရှင်သန်ရမလဲ၊ နည်းလမ်းရှာရတော့မယ် ၊ဒုက္ခကိုအပြီးတိုင်မဖယ်ထုတ်နိူင်တော့၊သူတို့နဲ့ ဘယ်လိုနေထိုင်ရမလဲ နည်းလမ်းရှာရမယ်။

ဒုက္ခဝေဒနါ၊ တစ်ချိန်ချိန်၊ ခဏခဏဘဝမှာ ကြုံတွေ့ ရမယ်၊ပထမဆင့်ဘယ်လိုခံထမ်းမလဲ၊စဥ်း စားပြင်ဆင်နောက် ဒုတိယဆင့်၊ဘယ်လိုရင်ဆိုင်၊ပိုအားထုတ်တဲ့သဘော၊တတိယကပိုမြင့်လာ၊ ဘယ်လိုအနိူင်ယူ၊ကိုယ့်အတွက်အသုံးချဖို့၊နည်းရှာရမယ်။မယ်တော်နဲ့ သားတော်က ပြတယ်။သူတို့ဒုက္ခကို ဘယ်လို နားလည်၊ဘယ်လိုခံထမ်း၊ ရင်ဆိုင်ကျော်ဖြတ်သလဲ ဆိုတာတွေက၊ ကျွန်ပ်တို့ တွက်စံနမူနာတွေဘဲ ဖြစ်ပါတယ်။

လူသားတို့ ကယ်တင်ခြင်း နည်းလမ်းအဖြစ် လှလှပပ အသုံးချသွားတယ်။သူတို့နှစ်ပါး ဒုက္ခ ဝေဒနါ ခံထမ်းခြင်းက ကယ်တင်ခြင်းအတွက်ဖြစ်တယ်။သားတော်ရဲ့ ကယ်တင်ခြင်းလုပ်ငန်းမှာ မယ်တော်က သူမတူတဲ့နည်းနဲ့ပါဝင် နေခြင်း ဖြစ်တယ်။မယ်တော်ဘယ်လိုပါဝင်သလဲ၊ဒုက္ခကို ချစ်ခြင်း၌ ရင်ဆိုင်ခံထမ်းခဲ့တယ်၊ အနိူင်ယူခဲ့ပါတယ်၊ ပြန်ပြီးအသုံးချခဲ့တယ်။ယုံကြည်ခြင်း၌ ဒီဒုက္ခတွေကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်၊ မျှော်လင့်ခြင်း၌ ဒီဒုက္ခတွေကို အရောင်အဓိပ္ပါယ်တွေနားလည်ခဲ့တယ်၊ ဒါကြောင့်မယ်တော်ရဲ့ ဒုက္ခဝေဒနါဟာ၊ဒုက္ခဝေဒနါ ဖြစ်ငြားသော်လည်း၊အတွင်းသက် ငြိမ်သက်ခြင်း၊ပျော်ရွှင်ခြင်းနဲ့ပြည့်ဝနေတယ်၊လို့ဆိုပါတယ်။

ယုံကြည်သူ နောက်လိုက်တို့လည်းမယ်တော်ကဲ့သို့ ဒုက္ခဝေဒနါကိုနားလည်လက်ခံ ရင်ဆိုင်ပြီးမိမိတွက်

သူတစ်ပါးတွက်ပါ အသုံးကျမဲ့အရာ၊အကျိုးပြုမဲ့ အရာ၊ ဖြစ်ဖို့ ကြိုးစားနေကြပါတယ်၊ ယုံကြည်ခြင်းသက်တာ ဆိုတာ၊ ဒုက္ခဝေဒနါက လွတ်မြောက် ဖို့ မဟုတ်ဘဲ၊ဒုက္ခဝေဒနါအားဖြင့်ကယ်တင်ခြင်းလွတ်မြောက်ခြင်းရဖို့၊ သာလျှင် ဖြစ်ပါတယ်။ Not liberation FROM suffering,But liberation THROUGH suffering! ဒါကို ကျွန်ပ်တို့ အမြဲတမ်း အမှတ်ရနေကြရမှာ ဖြစ်တယ်။

ဒီအရာတွေက လွတ်မြောက်အောင်ကြိုးစားသည်ထက်၊ ဒီအရာများကိုအသုံးပြုကာ လွတ်မြောက်ရာလမ်း ကယ်တင်ခြင်းရဖို့၊ကြိုးစားနေခြင်းဖြစ်ပါတယ်။ တစ်ချို့ ညည်းတွားကြဘုရားကိုဆုတောင်းလေ၊ဒုက္ခပိုတွေ့ လေ၊ပြောသည်၊သခင်က ဘယ်တုန်းကမှ ဒုက္ခ ကနေလွတ်အောင်လုပ်ပေးမယ်ဂတိမပေးခဲ့ပါ၊ဒုက္ခရောက်သူကို ကူဘဲကူညီတယ်၊မင်းတို့ကိုဒီဟာတွေကလွတ်အောင် လုပ်ပေးမယ်မပြော၊ခရုစူး ထမ်းဘို့သာပြောခဲ့တယ်။ တစ်ခုတော့ဂတိပေးခဲ့တယ်၊ဒုက္ခတွေကြားထဲမှာ မင်းနဲ့အတူ ငါရှိမယ်။ ဂတိလည်းတည်တယ်။

မယ်တော်ရဲ့ ဘဝမှာ ဘုရားတကယ်ရှိတယ်၊ ဒုက္ခ ကြားထဲမှာ သူနဲ့ ဘုရားတကယ်နေတာကို အထင်အရှားမြင်တွေ့ရတယ်။ ဒါကြောင့် သူမ ဒီလိုဒုက္ခကို အသုံးချသွားနိူင်ခြင်းဖြစ်တယ်၊ ရဟန္တာ တွေရဲ့ ဘဝသက်တာအတွေ့အကြုံကလည်း ဒီလိုဘဲ ဖြစ်ပါတယ်၊ အခု ယုံကြည်သူ၊ယုံကြည်ခြင်း နက်ရှိုင်းသူတို့လည်း ဒုက္ခကိုဒီလိုဘဲ မြင်ကြပြီး၊ ပွေ့ပိုက်ကြပြီးနည်းလမ်းတစ်ခုအဖြစ် ပြန်အသုံးချအနိူင်ယူနေကြတာ မြင်ရတယ်။

ဒါ့ကြောင့် ကျွန်ပ်တို့တွေ ဒုက္ခကိုပိုနားလည်ဖို့ ကြိုးစားကြပါစို့။ဒုက္ခ ဖြတ်ပျော်ရချိန်မျိုးမှာ ကျွန်ပ်တို့နှင့်အတူ မယ်တော်ရှိနေဖို့၊သားတော်သခင် တို့နဲ့ အတူတူရှိနေပေးဖို့ မယ်တော်အားဖြင့်ဆုကျေးဇူးများ တောင်းခံကြပါစို့။

ခွန်အား၊ အသက်၊ ရစေ။အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ရဲ့ ထောက်ရှုချက်ကိုမျှဝေသည်။

gospel reflection