Pathein Catholic Diocese Untitled Document
Untitled Document
စိတ်ချရတဲ့ ယုံကြည်ခြင်း။

၂၄ ကြိမ်၊သောကြာနေ့။

စက်တင်ဘာ ၁၆ ရက်။

တရားတော်အတွက်၊အသက်ပေး၊

ဓမ္မ အာဇာနည်များ၊စိန့်ကော်နေလီ

နှင့် စိန့် စီပရီအမ်း တို့၏ ပွဲနေ့။

စိတ်ချရတဲ့ ယုံကြည်ခြင်း။

ရှင်လုကာ ၈၊ ငယ် ၁ မှ ၃

တို့ယုံတဲ့ ယုံကြည်ခြင်းဟာစိတ်ချရပါတယ်လို့ ရှင်ပေါလု အခိုင်အမာပြောတယ်။ အသေအချာ ရှင်းပြ ပါတယ်။ယုံကြည်ထိုက်၊ယုံကြည်ရမဲ့အရာဖြစ်တယ်၊ပြီးခဲ့ရက်များကြားခဲ့ရတဲ့ အတွင်းပိုင်းအခက်ခဲများ ကွဲပြားမှုများ၊ မညီညွတ်ပုံများ၊အပြင်ဖက် အခင်းအကျင်း အနေထားမှာလည်း၊ တစ်ချို့နေရာမှာ၊ဖော်ပြတာ တွေ့ရတယ်၊ အတွင်းနဲ့အပြင် ဘယ်လိုဆက်စပ် နားလည်ရမယ်ကိုလည်း၊ စိန့်ပေါကတစ်ခါတစ်ခါ ဆက်စပ် ပြတယ်။

ကျင့်ဝတ် အကြောင်း၊ ပညတ်တော်အကြောင်း၊ ဝတ်ပြုခြင်းဆိုင်ရာ၊ညွှန်ကြားချက်များ၊ကိုယ်တော်မြတ်၊ အကြောင်း သွန်သင်ချက်၊ ဝိညာဥ်တော်အကြောင်း သင်ပြလာရာမှာ။ကောရင်သီ သြဝါဒ အခန်းကြီး ၁၅ ရောက်လာပြီ။ အရေးကြီးဆုံးတစ်ခု စိန့်ပေါ လုပ်သွားတာက၊ ယုံကြည်ခြင်းမှာပုံသွင်းခြင်းfaith formation, education of faithယုံကြည်ခြင်းကိုသင်ပေးခြင်း၊အကြောင်းကို စိန့်ပေါဒီကနေ့ စတင် ပြုလုပ်နေသည်။

တို့ယုံကြည်တဲ့အရာဟာ၊တို့ယုံကြည်တဲ့ ပုဂ္ဂိုလ်ကြောင့်၊တို့ယုံကြည်ခြင်းဟာတကယ် စိတ်ချရတယ်၊ဆိုတာ စိန့်ပေါ အခိုင်အမာပြေဆိုသင်ပြ၊ အတွေးအခေါ်သက်သက် idea မျှမဟုတ်ပါဘဲ၊ သာသနာတော်က၊ နောက်ပိုင်းကျမှ၊ ဒီအချက်တွေကိုယုံဟု သီကုံး ဖွဲ့ဆိုတာမျိုးမဟုတ်ဘဲ၊သမိုင်းထဲ၊သူတို့အသိုင်းအဝိုင်းထဲ၊ လက်တွေ့ တကယ်နေထိုင် အသက်ရှင်ခဲ့တဲ့ ခရစ်တော်ကြောင့်၊ ဖြစ်ရတယ်လို့ စိန့်ပေါပြောထားတယ်။

တဖန် သခင့် အဖြစ်အပျက်များ၊ထိုအထဲ အထွဋ်ထိပ် ဖြစ်တဲ့၊သခင့်ရှင်ပြန် ထမြောက်ခြင်း၊ကြောင့်တို့ရဲ့ ယုံကြည်ခြင်းက အချည်းနှီးမဟုတ်ဘူးလို့၊ စိန့်ပေါသွန်သင်တယ်ယုံကြည်ရာ အချက်က ခိုင်မြဲတယ်။ ဒါ့ကြောင့် ငါက ဟောပြောနေရပြီးမင်းတို့က ယုံကြည်နေကြရတယ်။ဟောတာရော ယုံတာရော အချည်းနှီးမဖြစ်ပါ၊သခင့်ရဲ့ ထမြောက်ခြင်းကြောင့်ပါဘဲ။စိတ်ချပါလို့ စိန့်ပေါအခိုင်အမာ၊ အတည်ပြုပေးတယ်။

သေခြင်း၌ အိပ်ပျော်သွားကြသူများအထဲ မှာမှ၊ပထမဦးဆုံးအသီးဆိုပြီးသခင် ခရစ်တော်ကို သူဖော်ပြတယ် ဆာလံ မှာလည်း ပျော်ရွှင်ခြင်းနဲ့ပြည့်စုံမဲ့ ရက်ကို ဦးတည်နေတယ်၊တို့ရဲ့ပျော်ရွှင်ခြင်းက ပြည့်ဝစုံလင်ရက်ကို ရောက်မယ်၊ယုံကြည်သူတို့ကြိုပြီးမျှော်လင့်တယ်။ဒီအချက်ပေါ်မူတည်ပြီးမျှော်လင့်တာဖြစ်တယ်။

ဧဝံဂေလိ ကျမ်းမှာ၊ကလပ်စည်းတစ်ခု၊ဗဟိုချက်မတစ်ခု၊အသင်းတော်ရဲ့ ဗဟိုချက်မ စတင်၊တည်ရှိနေပြီ၊ ပထမကျမ်းမှာ ကြားခဲ့ရတဲ့ ခရစ်တော်၊ ကိုဝိုင်းရံပြီး၊တမန်တော် ဆယ့်နှစ်ပါး၊ယုံကြည်ကျသူများ သူ့ထံပါးနောက်လိုက်နေကြတာတွေ့ရတယ်၊ ဂျူးလူမျိုးသာမက၊လူမျိုးခြားတို့ပါ တွေ့ပြီး၊အမျိုးသမီးများပင် ပါဝင်လာတာကိုတွေ့ရတယ်အမျိုးသမီးများပါဝင်လာကြခြင်းကပိုမို မြိုင်ဆိုင်စေတယ်။

အသင်းတော် သက်တာမှာ အမျိုးသမီးများ အခန်းကဏ္ဍ ကလည်းအရေးပါလှတယ်၊သခင်အသက် တော်စွန့်ချိန်မှာလည်း သူတို့ပါဝင်ကြတယ်၊ သဂြိုဟ် ရာမှာပါဝင်တယ်ထမြောက် ချိန်မှာလည်း အဓိကအမာခံ သက်သေတော်များဖြစ်နေကြပါတယ်၊ ဒီနေ့ သခင်ရဲ့ သာသနာလုပ်ငန်းတော်မှာ ပါဝင်ကြရုံသာမကတမန်တော် ဝတ္ထု၊မှာပင်ဆက်ပြီးပါဝင်ဆောင်ရွက်ကြတာမြင်ရတယ်။သမိုင်းတလျှောက် ဒီကနေ့ ဒီချိန်ထိ၊အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုအခန်းက ပျောက်မသွားပါဘူး၊ပိုင်ဆိုင် ပစ္စည်းများ အသုံးပြုကာသခင်နှင့် တမန်တော်၊ နောက်လိုက်များနောက်လိုက်ပါ ပြီး လိုအပ်သည့်အလုပ်ကျွေးပြုကြသည်။ သခင့်ရဲ့အဖွဲ့အစည်း ဗဟိုချက်လေး စတင်ပေါ်လာတာတွေ့ရတယ်။ အမျိုးသမီးများလည်း သခင့်နောက်လိုက် အဖွဲ့စည်းတွင်းပါ ဝင်ကြတာ တွေ့ရတယ်သိလာရတယ်၊ နေရာအတော်များများမှာ၊ တမန်တော်ကြီးများထက်သစ္စာရှိကြတာ၊ဇွဲရှိတာ၊ ခံနိူင်ရည်ရှိကြတာ၊တွေ့ရတယ်၊ ချစ်ခြင်းပိုကြီးတာ၊ သတ္တိပိုရှိတာတွေ့ရတယ်။

သခင့်နောက်လိုက် အဖွဲ့တွင်းအတူလိုက်ပါရာမှာ အမြဲတမ်းပျော်ရွှင်မှုချည်းသာမဟုတ်ပါ၊ ခရုစူး လမ်း၊ ခက်ခဲကြမ်းတမ်းတယ်၊ ပျော်ပွဲစားခရီး၊ လေ့လာရေးခရီးတို့ မဟုတ်ပါအခက်ခဲ မျိုးစုံ၊ပေါင်းစုံ၊ကြားမှ

လိုက်ပါနေကြခြင်း ဖြစ်တယ်။သာသနာတော် တည်ထောင်ခြင်းမှာအစကတည်းရော၊ ယခုထက်ထိတိုင် အမျိုးသမီးတို့ အထူး ကဏ္ဍ အဖြစ်နဲ့ပါဝင်ကြတယ်။သိမှတ်ပြုကာကျေးဇူးတင်ကြရပါမယ်။ရဟန်းမင်းကြီး ဘယ်နဒစ် ၁၆ က အမျိုးသမီးတို့ရဲ့ပါဝင် ပေးဆက်မှုသာ contributionမပါခဲ့ရင်၊သာသနာတော်သမိုင်းဟာ အခုလိုမျိုး ဖြစ်လာမှာ မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ၊ ဖြစ်သွားနိူင်တယ်မှတ်ချက်ပြုတယ်။ဂုဏ်ပြုတယ်။

သာသနာတော်ဆိုတာဒီလိုမျိုး အဖွဲ့အစည်းပါလား၊ကျွန်ပ်တို့ ပိုမိုနားလည်နိူင်တယ်၊ ဒီမြင်ကွင်းလေးထောက်ရှုပြီး၊ ယုံကြည်ခြင်းအပေါ် ခရစ်တော်အပေါ် ထားတဲ့ယုံကြည်ခြင်း ပေါ် အခိုင်မာ အခြေခံတည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပြီး၊ လူတိုင်း သူ့ကဏ္ဍစုံ ပါဝင်စေတယ်၊ပါဝင်ဖို့သခင် ကိုယ်တိုင် ဆွဲခေါ် လျက်ရှိနေတာကို မြင်ကြရမှာဖြစ်တယ်။

ဒီနေ့ ပွဲတော်သတ်မှတ် ကျင်းပတဲ့ ကော်နေလီယုစ်နှင့် စီပရီယန် တို့ကလည်းအသင်းတော် အတွက်၊ယုံကြည်ခြင်းအတွက်၊ အသက်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။သူတို့ကို ဆုတောင်းရင်း ဆုတောင်းပေးခိုင်းရင်း၊ဒီလမ်းခရီးကို အတူတကွ ဆက်လက်လျှောက်လှမ်းစို့။

ခွန်အား၊ အသက်၊ ရစေ။ အသီးကောင်း၊ သီးစေ။

Fr.Florence Aung Kyaw Oo ထောက်ရှုဝေမျှချက်ကို ဝေမျှသည်။

gospel reflection